Jan 10, 2012

ပြောတော့သားသ္မီးချင်း ကိုယ်ချင်းစာတတ်တဲ့မြန်မာတွေတဲ့..အခုတော့

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် သောင်ဇင်ကျေးရွှာအုပ်စု နတ်စင်ကုန်းကျေးရွှာတွင်
ဒီဇင်ဘာ ၂၁ ရက် ညနေ ၅ နာရီခွဲ အချိန်ခန့် က မိခင်ဖြစ်သူ ဒေါ်ကြည်ဆင် အလုပ်သွားနေခိုက် မကျော့ကျော့ခိုင်(၈)နှစ် ၊ ညီမ မခင်မျိုးကျော် (၄)နှစ် ၊ မောင်ဖြစ်သူ မောင်ဇော်မင်းထွေး (၂)နှစ်တို့ သုံးဦးသညိ နေအိမ်ရှေ့လမ်းမပေါ်တွင် အမည်မသိသူတစ်ဦး ကျကျန်ခဲ့သော ကော်ဖီမစ်တစ်ထုပ်ကို နေအိမ်တွင်းသို့ယူဆောင်လာခဲ့ပြီး ကော်ဖီမစ်အတွင်းမှ ကော်ဖီ
မှူန့် အနည်းငယ်စီကို မကျော့ကျော့ခိုင်မှ ညီမနှင့်မောင်ဖြစ်သူအားကျွေးပြီးကျန်ရှိအမှုန့်များအား
ကော်ဖီအဖြစ်ဖျော်သောက်လိုက်ရာမှ အစ်မဖြစ်သူ မကျော့ကျောခိုင်သေဆုံးသွားလေသည်။
ညီမ ခင်မျိုးကျော် နှင့် မောင်ဖြစ်သူ တို့ နှစ်ဦးမှာလည်း မူးဝေအော့အန်ခြင်းများဖြစ်နေခြင်းကြောင့် ကျေးရွှာသူ/သား များမှ ခတ္တိယတိုက်နယ်
ဆေးရုံသို့ တင်ပို့ခဲ့ကြသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍  မအူပင်မြို့နယ် သောင်ဇင်ကျေးရွှာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစံမြင့်အောင်က လေးအိမ်စု ရဲကင်းမှူး ဒုရဲအုပ်ကြည်လှိုင်ထံ ဖုန်းဖြင့်အကြောင်းကြားသဖြင့်
အခင်းဖြစ်ပွါးရာသို့  သက်သေများဖြင့် သွားရောက်စစ်ဆေးရာ
ကော်ဖီမစ်ထုတ်မှာ မူရင်းမဟုတ်ပဲ အသုံးပြုပြီးသား အိတ်ခွံအတွင်း အန္တရာယ်ဖြစ်စေသော ဆေးမှူန့်များ ထည့်သွင်းပြီး အိတ်ခွံကို မီးများဖြင့် ပြန်ပိတ်ထားခြင်းဖြစ်ကြောင်း
စစ်ဆေးတွေ့ရှိရသည်။ထို့ကြောင့် ဒုရဲအုပ် ကြည်လှိုင်က မအုပင်ရဲစခန်း၌ အမှူဖွင့် တိုင်တန်းသဖြင့် သေမှူသေခင်း အမှတ်(၁၁-၂၀၁၁)ဖြင့် အရေးယူ ဆောင်ရွှက်လျက်ရှိသည်။



ကလေးသုံးဦး၏ ဖခင် ဦးထွန်းမြင့် မှာ လွန်ခဲ့သော တစ်နှစ်ခန့်က ကွယ်လွန်ခဲ့ပြီး မိခင်ဖြစ်သူမှာလည်း အခင်းဖြစ်ပွါးနေစဉ်က တွံတေးရိုးမြောင်းကျောင်းရွှာသို့ ကောက်စိုက်သွား
နေချိန် အဆိုပါ ဖြစ်ရပ်ကြီးဖြစ်ပွားကြောင်းသိရှိရပါသည်။မည်သို့ သော ရည်ရွှယ်ချက်ဖြင့်  ဤဖြစ်စဉ်ဖြစ်ပွားခဲ့ရခြင်းကို ဆက်လက်စုံစမ်းဖော်ထုတ်နေသည်ဖြစ်ကြောင်း သတင်းစဉ်များအရ သိရှိရပါသည်။
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ