Jan 11, 2012

သူတို့ပြောသည့်တော်လှန်ရေးဆိုသည်မှာ.(၂)

[ အပိုင်း(၁) ပြန်ဖတ်မည်ဆိုပါက ]

ယခုဆက်လက်ပြောလိုသည်မှာ တပ်မတော်အား မီဒီယာတိုက်ခိုက်မှူဖြစ်စဉ်ဖြစ်သည်။
စာဖတ်သူမိတ်ဆွေသည် အွန်လိုင်းတွင် နိုင်ငံရေးရာသတင်းဖတ်ရှူသူ တစ်ဦး(သို့) ပြည်တွင်း၌
BBC နားထောင်သူ /DVB ကြည့်ရျူသူဖြစ်လျှင်
တပ်မတော်စစ်ကြောင်းကတော့ ရွှာကိုမီးရှို့ လို့  မုဒိန်းကျင့်လို့  ကျောင်းတွေကို လက်နက်ကြီးနှင့်
ပစ်လို့ ဟူသော သတင်းများအား နေ့စဉ် ကြားနေကျ အသံသဖွယ် ကြားကောင်းကြားနေမည်
ဖြစ်သည်...။

 အဘယ့်ကြောင့် ဤ သို့ အော်နေပါသနည်း ။မောင်ကျောက်ခဲထောက်ပြဝေဖန်ပါမည်။
အောက်ပါ ဗီဒီယိုကလစ်အား အထပ်ထပ်အခါအခါ နားထောင်ကြည့်ပါ...ထို့နောက် စဉ်းစား
ဝေဖန်ပါ..။



မည်သို့တွေ့ရသနည်း...။သူတို့ တွေလုပ်အားနှင့် တော်လှန်ရေးဟူသော တောတွင်းလက်နက်ကိုင်
များ အား ၊ ဒုက္ခသည်ရွှာများအား ထောက်ပံ့သည်ဟု ပြောထားပါသည်။ဥပမာ.ဂျပန် ဟု ရွှေးချယ်ပါစို့ ။ဂျပန်တွင်ရောက်ရှိနေသော ဒုက္ခသည်များ ပြည်ပြေးများ၏ စုစုပေါင်းဝင်ငွေ
အားလုံးမှ ၄င်းတို့တတ်အားသရွှေ့ ဟူသော အချိုးကျထည့်ဝင်သော ငွေများအား စဉ်းစားတွက်
ချက်ပါ။ထို့နောက် လစဉ်လတိုင်း ၄င်းတို့ နယ်စပ်သို့ ပုံမှန်ပေးပို့နေသော ငွေများနှင့်နိုင်းယှဉ်ပါ.။
အလှူရှင်များ၏ ငွေအားကများပါသည်။၎င်းငွေများနယ်စပ်သို့ရောက်ရှိသွားသောအခါ
ရွှာသားကောင်းမှူ သူကြီး ဘုရား ဖြစ်သွားပါသည်။ထို့ နောက် ဤဗီဒီယိုဖိုင်တွင်ပြောဆိုသကဲ့
သို့  ပေးလိုက်ပြန်သည်။ဆုံးရှူံးသွားသည်။ပလိုင်းပေါက်ထဲ ဖားအရှင်များအား လတိုင်းလတိုင်း
သိသိကြီးနှင့်အဘယ့်ကြောင့် ကောက်ကောက်ထည့်နေပါသနည်း။နှစ်ပေါင်းများစွာ ဤအပေါက်အပြဲပလိုင်းထဲမှ ဖားအရှင်များ ခုန်ထွက်နေသည်ကို သိရက်ကယ်နှင့ အဘယ့်အတွက် ယခုမှ ထအော်ကြပါသနည်း..။
မိုက်ရိုင်းစွာ ပြောလျှင် သူတောင်းစား ထမင်းဝတော့ ***** ဖြစ်သည် ဟူသော စကားရပ်
ကို သတိရသင့်သည်။

နယ်စပ်ဒေသတွင် ကျောင်းဆောက်သည်ဟု ပြောလေသည်။ယင်းကျောင်းအား အစိုးရစစ်တပ်
မှ လက်နက်ကြီးနှင့်ပစ်သည်ဟု ဆိုလေသည်။ကျောင်းတစ်ကျောင်းဆောက်တိုင်း လက်နက်ကြီးတစ်ခါပစ်ရမည်ဟုဆိုလျှင် မြန်မာနိုင်ငံသည် ကျောင်းမရှိသော နိုင်ငံဖြစ်နေသည်မှာ ကြာလေပြီတကား.။ဤသို့အကြာင်းပြချက်ဖြင့် ငွေထပ်တောင်းလေသည်။
ထပ်ပေးရလေသည်။ထပ်ပစ်ပြန်သည်။ထပ်ပေးရလေသည်။
ရှင်းပါသည်။အထောက်အထားသက်သေတုများသာဖြစ်လေသည်။
ထူးဆန်းသည်မှာ စစ်တပ်က ၄င်းတို့ စခန်းထိုင်ရာ နယ်မြေအတွင်း လက်လှမ်းမှီရာ ဒေသများတိုင်း လက်နက်ကြိးများဖြင့် ပစ်ခတ်သည်ဆိုသော အပြော၌ မည်သည့်ဓါတ်ပုံ သတင်းများ သက်သေမစုံလင်ပါတကား..။ပြည်တွင်း၌ မုဒိန်းကျင့်ခံရပါသည်
ဟုဆိုသော အမျိုးသမီးများ မျက်မှာများအား ဆင်ဆာမလုပ် effect မကာကွယ်ပဲတင်တတ်သော သတင်းဌာနများက
အဘယ့်ကြောင့် အစိုးရ အုပ်ချူပ်ရေးလက်လှမ်းမမှီသော နယ်စပ်ဒေသများ ဒုက္ခသည်များ၏ သက်သေခံ ဗီဒီယိုများတွင် လုံခြုံရေး ဟူသော အကြောင်းပြချက်ဖြင့် သက်သေများ၏ မျက်နှာများအား
effect ထည့်ကာ ကွယ်ထားပါသနည်း။

အလှူငွေများဖြင့်ကျောင်းဆောက်သည်ဟုဆိုပါသည်။
ယင်းတို့ လုပ်ရိုးလုပ်စဉ်ကိုပြောပြပါမည်။
အလှူငွေများအား လက်နက်ကိုင်သောင်းကျန်းသူတို့အားပေးလိုက်ပါသည်။ထို့နောက်ယင်းအဖွဲ့တို့ ၏ မှောင်ခို
သစ်များဖြင့် ကျောင်းဆောက်ပါသည်။ယင်းကျောင်းအား ဆောက်လျှင် ဒေါ်လာ 2000 ခန့် အနည်းဆုံးကုန်ကျမည်ဆိုပါက တောတွင်းအဖွဲတို့၏ သစ်မှောင်ခိုများထဲက သစ်များအခမဲ့ယူ၍ ဖြစ်သလိုဆောက်လိုက်ပါသည်။ထို့အတွက်ကြောင့် တောတွင်းအဖွဲ့ များအတွက်
ဒေါ်လာ 2000 ပိုလာပါသည်။ယင်းတို့ အခြေတည်ရာ နယ်စပ်တွင် အေကေ ၄၇ မောင်းပြန်ရိုင်ဖယ်တလက် တပတ်ရစ် တလက် မှောင်ခိုဈေးသည် ဒေါ်လာ ၁၅၀ သာဖြစ်ပါသည်။RPG တပတ်ရစ် ဈေးနူန်းသည် ဒေါ်လာ 400 - 500 သာဖြစ်ပါသည်။စဉ်းစားကြကုန်။
ပထမကျောင်းပြိုကျသော် ယခင်ကထက်ကောင်းမွန်အောင် ဆောက်လုပ်ရန် ပထမအလှူငွေထက် များပြားသော ငွေဝင်လာပြန်သည်။အစိုးရက ပစ်သည်ဟုအော်ပြန်သည်။
(စစ်တပ်က ကျည်များသည် စစ်တပ်အခြေတည်ရာ ရွှာနီးသို့မကျပဲ သောင်းကျန်သု အခြေပြုရာ ဒုက္ခသည်စခန်းများသို့သာ ကျော်လွန်ကျနေသည်မှာ ထူးဆန်းလှသည်။)

ယင်းကျောင်း၌ ခန့် သည်ဟူ၍ ဆရာများဆရာမများအား ဒုက္ခသည်အချင်းချင်းထဲမှ ခန့်လေသည်။လစာဟူ၍ စာရင်းတင်လေသည်။အမှန်မှာ မည်သည့်အတွက် လစာမှမဟုတ်ချေ။ဒုက္ခသည်များ အတွက် 100 သတ်မှတ်လျှင် 70 သာပေးပြီး ယင်းသို့ ဆရာများဟုဆိုသော သူများအား 90 ပေးခြင်းဖြင့် ကလိမ်ကျခဲ့ကြခြင်းဖြစ်သည်။

ဒုက္ခသည်စခန်းများ ဆောက်လုပ်ရန်ဟု ခေါင်းစဉ်တပ်ကြလေသည်။
အမှန်မှာ ကိုယ့်အိမ်ကိုယ့်တဲ မိမိဘာသာ ဝါးခုတ်မြောခုတ်ဖြင့်ဆောက်လုပ်နေသည်မှာ ယင်းတို့  ဒုက္ခသည်စခန်း တွင် နေထိုင်လာသူများ အသိပင်ဖြစ်သော်လည်း ခေါင်းစဉ်တစ်ခုပို
တပ်ထားကြလေသည်။

အဆိုပါဗီဒီယို၌ ပြောလေသည်။ပြည်သူတွေက ပြည်သူတွေကနှင့်ဖြစ်လေသည်။
ပြည်တွင်း၌ ရှိကြကုန်သော မည်သည့်ပြည်သူများက ၄င်းတို့ အား တောင့်တနေပါသနည်း။
ကိုးကွယ်နေပါသနည်း။မသိလို့ မေးတာလား မဟုတ်ပါ။သိလို့ မေးခြင်းဖြစ်ပါသည်။
တချို့ ပြည်သူများ စစ်သားများအား စစ်ခွေးဟု ပြောကြပါသည်.။
သို့သော်..................
ယင်းစစ်သားများတိုက်နေသောသူများသည် ၄င်းတို့၏ ကယ်တင်ရှင်များဟု မတွေးကြ ၊
သူပုန်များရန်သူများဟုသတ်မှတ်ထားနေကြောင်း က ပြည်တွင်းနေ တိုင်းရင်းသားအပေါင်းစိတ်တွင် ရှိသည်ကို ပြောစရာမလိုပေ။။
ဟိုမှာကြည့် စစ်သားတွေ(မိုက်ရိုင်းသူများကတော့ စစ်ခွေးတွေဟုခေါ်ကြသည်) ငါတို့ကယ်တင်ရှင်တွေ မျိုးချစ်တွေကို တိုက်ဖို့ ရှေ့တန်းသွားကြပြီ.ဟုတစ်ယာက်မှမပြောကြပေ.။
သူပုန်တွေတိုက်ဖို့ သွားတာလို့ပဲပြောကြပါသည်။အဆိုပါ ရိုးရှင်းသော အကြောင်းအရာများကို
မတွေးမိပဲ ၄င်းတို့ ဘာသာ သူရဲကောင်းများဟုထင်နေကြသည်မှာ သနားစရာကောင်းလှသည်။

စကားကြုံ ၍ ပြောပါမည်..
ယခင်လက hot new ဖြစ်ခဲ့သော ABSDF ၏ အတွင်းရေးများအား ဖော်ထုတ်ပေးပါရန်
တာဝန်အား စစ်တပ်ထောက်လှန်းရေးအား လွဲချကြလေသည်.။
ABSDF သည် အယုတ်ဆွဆုံး ပြည်သူ့စစ်မဟုတ် နယ်ခြားစောင့်တပ်မဟုတ် သူပုန်သာဖြစ်သည်။စုံစမ်းဖော်ထုတ်စရာမလိုပေ..။တဖွဲ့ လုံးအားအရေးယူတိုက်ခိုက်ပစ်ရမည်သာဖြစ်သည်။
အောင်နိုင်တွေ့ရင်အောင်နိုင် သံချောင်းတွေ့ရင်သံချောင်း မိုးသီးဇွန်တွေ့လျှင် မိုးသီးဇွန်ဖမ်းဆီးအရေးယူရမှာပဲ..ဘာမှအထွေအထူး တသီးတခြားအရေးယူစရာမလိုဘူး.
သူပုန်တပ်ဟာသူပုန်တပ်ပဲ...။ကျောင်းသားတပ်ဖွဲ့ တွေဘာတွေမလုပ်နဲ့ ။ကျောင်းသားအဖိုးအရွှယ်
တွေရောက်ကုန်ပြီ။
 ပြည်ပရောက် အတိုက်အခံတို့အား အားကိုးနေသည်ဟု မည်သူထင်ပါသနည်း။
ထိုအတိုက်အခံတို့  ဆောင်ရွှက်ချက်ကြောင့် ပြည်တွင်း၌ ကောင်းကျိုးတစ်စုံတရာရဖူးပါသလား။
မြန်မာပြည်သူတို့ လက်မထောင်ဖူးပါသလား။
မည်သူမျှလည်း သင်တို့ လုပ်ရပ် စိတ်ဝင်မစားပါ။
္မဤသို့ ထောက်ပြပြေရခြင်းမှာ မီဒီယာ အခြေပြုသော သင်တို့ ဆိုဒ်ဝါးများအား နားယောင်မိမှာ
စိုးသော လူငယ်များ အတွက်ရည်ရွှယ်သောကြောင့်ဖြစ်ပါသည်။

အပိုင်း(၃) လာဦးမည်.....။

                                                                              မောင်ကျောက်ခဲ(မြန်မာပြည်)




Print Friendly and PDF

5 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ဟိုမှာကြည့် စစ်သားတွေ(မိုက်ရိုင်းသူများကတော့ စစ်ခွေးတွေဟုခေါ်ကြသည်) ငါတို့ကယ်တင်ရှင်တွေ မျိုးချစ်တွေကို တိုက်ဖို့ ရှေ့တန်းသွားကြပြီ.ဟုတစ်ယာက်မှမပြောကြပေ.။
...............
လုံးဝမှန်၏..

Anonymous said...

သူပုန်တွေတိုက်ဖို့ သွားတာ

Anonymous said...

မြန်မာနိုင်ငံကို သူ့ကျွန်ဘ၀ပြန်ရောက်စေချင်တယ် ဒါမှ ကို့နိုင်ငံကို ပြန်ချစ်တတ်လာကြမှာ ...စောက်သုံးမကျတဲ့ တောင်းဆိုမူတွေတောင်းပြီးနိုင်ငံကို ခေတ်နောက်ပြန်ဆွဲနေကြတာ... ဘာပညာမှမတတ်သူများအော်တိုင်းလိုက်အော် တတ်တဲ့စောက် သုံးမကျတဲ့ မြန်မာတွေကတော့.... နိုင်ငံရေးဗန်းပြပြီး တိုင်းပြည်ကို နိမ့်ပါးအောင်လုပ်နေကျတာ....မင်းတို့နိုင်ငံရေးလုပ်လို့ မြန်မာနိုင်ငံကြီးဘာများ ကောင်းစားသွားတာရှိလဲ... ဒီလိုလူတွေပြောသမျှနား ရောင်ပြီး ဂလေရိုက်နေတဲ့ မြန်မာနိုင်ငံသား များကတော့ အခွင့်ရေးတောင်းတာကလွဲပြီး ဘာမှမလုပ်တတ်လို့ ..ဒီလိုစောက်သုံးမကျတဲ့လူတွေများနေလို့...မြန်မာနိုင်ငံတော်ကြီးဘယ်တော့မှ.... တိုးတက်လာမှာမဟုတ်ဘူး....ဒီတိုင်းဆက်သွားနောက် ၅နစ်ကြာရင် လာအိုနိုင်ငံကိုပါ အဖေခေါ်ရတော့မယ်။။။။ စောက်သုံးမကျတဲ့ အောင်ဆန်းစုကြည်ကိုပါ...ပြောမယ်...မင်းလို့ တိုင်းတပါးနောက်ခံအားကိုးတဲ့ လုပ်နေတဲ့ ... အလှူတွေ..ပွဲတွေ..ကို...လုပ်မှ အထင်ကြီးပြီး အမေစုလို့ခေါ်နေကြတဲ့... မင်းထက်မကတဲ့ ဘာအရောင်ဆောင်မူမှမပါတဲ့ ပြည်ပရောက်မြန်မာလူငယ်လေးတွေတောင် နစ်စဉ်လိုလို အလှူတွေလုပ် လတိုင်းလိုအလှူတွေလုပ်နေကြတာ…မင်းထက်အပြောအဆို အတွေးမခေါ်တွေသာနေကြတာ ရိုက်သက်လို့မကုန်ဘူး … ခင်များတို့လိုလူတွေသာနိုင်ငံတော်အုပ်ချုပ်ရင်တော့......စစ်အစိုးရအုပ်ခုပ်တာထက် ၁၀ စ ပိုပျက်စီးမယ်....: ဒီလိုပွဲတွေ ကို လူတိုင်းလုပ်တက်တယ် မင်းအတွေးအခေါ်လောက်နဲ့ နိုဘယ်စုရတယ်ဆိုတော့ ...အန့်သြ ဖို့ကောင်းတယ်..... နိုဘယ်စုရတာနဲ့ တန်တဲ့.....အတွေးအခေါ်စကားလုံး မျိုး အောင်ဆန်းစုကြည် ပြောတာ တစ်ခါမှ မကြားဘူသေးပါဘူး
ဘယ်အစိုးရမှာမှ ထောင်ထွက်နိုင်ငံတော်အုပ်ချုပ်တာမရှိဘူး ထောင်ထွက်တွေ နိုင်ငံတော်ဝန်ထမ်းလုပ်တာမရှိဘူး မင်းတို့လုပ်သမျှ ထောက်ခံနေကြတာ..အင်အားကြီးနိုင်ငံတွေလေ မြန်မာနိုင်ငံကို ဘယ်နိုင်ငံကမှလာပြီး အလကားမကူညီဘူး မင်းတို့အဖေ US ပိုစိုးတယ်…..
မင်းတို့နိုင်ငံရေးလုပ်နေတာနဲ့မတူဘူး ပြည်ဖျက်နေကြတာ… အစိုးရထဲကလူတွေ လဘ်စားတယ်ဆိုတာကို ဗန်းပြပြီး… ပြည်ဖျက်နေကြတာ…မင်းတို့ နိုင်ငံရေးသမားတွေကို ပြန်ကြည့်လိုက် အောင်ဆန်းစုကြည်ကစလို့ ဘယ်သူများ သမိုင်းကြောင်းကောင်းတဲ့သူပါလဲ…ပြောကြပါ…ပြောကြလေ… ဘယ်သူပါလဲ…
ငါပြောလို့မနာနဲ့…မင်းတို့ပြောပြောနေတဲ့ စည်းမရှိ ၀ါးမရှိတဲ့လူ့အခွင့်ရေးက ငါ့ကိုသင်ပေးလို့ ငါလဲရိုင်းတက် လာတာလေ… ငါ့အခွင့်အရေးနဲ့ငါပြောတာလေ… မအေလိုးနိုင်ငံရေးသမားတွေ..
ငါ့အခွင့်အရေးနဲ့ငါဆဲတာနော်….. မင်းတို့သင်ပေးတာ..

လာသေးတယ် စောက်သုံးမကျတဲ့ အနုပညာရှင်တွေ. နိုင်ငံမကောင်း ကြောင်း လေး ပြောမှ...အစိုးရမကောင်းကြောင်းပြောမှ....ကိုယ့်နိုင်ငံအစိုးရကို ဘုပြောပြောလိုက်မှ အနုပညာတဲ့လား... ဘယ်နေရာမှာများ အနုပညာမြောက်တဲ့ပျက်လုံးပါပါသလဲ...... လမ်းဘေးကသတောင်းစားတောင် မင်းတို့ပြောတဲ့စကားလုံးတွေပြောတက်တယ်.... ဒါရိုက်တာ ၀ိုင်းဆိုတဲ့ကောင်...မင်းကရော... အရင်ကဖဲရိုက်..အရက်သောက် ..မိန်းမလိုက်စားနေတဲ့ကောင်က အခု အောင်ဆန်းစုကြည်နဲ့တွဲလို့ပါလားးးး တန်ရာတန်ရာ...သွားကြတာ ဒါမျိုးလား ဒီအခန်းဖြတ် ဆိုတဲ့ အထဲက.... ဘယ်မှာလဲ ခင်များတို့ရဲတွေဆိုတာ.... မင်းတို့အဖေတော်ထားတဲ့ USA မှာ... အချိန်တိုင်း လူသက်မူတွေရှိနေတာ... အကတိလိုက်စားမူတွေရှိနေတာ.မြန်မာပြည်ျမှာ ရှိတဲ့...ဖာသည်မ တွေထက်များနေတာ. ရဲတွေလက်ပေးလက်.ယူလုပ်နေတာ..... သွားပြောလေ.... ပြောသေးတယ်ဘာတဲ့ ဘယ်မှာလဲ ခင်များတို့ရဲတွေဆိုတာ..ဘယ်သူမှရဲရှိတဲ့နေရာမှာ လူမသက်ဘူးးးး ဒါလားအနပညာ..... ကိုရီးယားချီးသွားစားကြ...မင်းတို့အနုပညာသာကောင်းနေရင် ကိုရီးကားတွေမြန်မာပြည်ရောက်မလာဘူး မသိရင် KBSW လိုင်းကိုကြည့် Korea တွေ နိုင်ငံရေးစကားလုံး တစ်လုံးမှ မပါပဲအနုပညာမြောက်စွာပြောနေတာ ပရိတ်သတ်တွေမပြောနဲ့ လူမျိုးခြားတွေတောင် ရီရတယ်…. ခင်များတို့ လုပ်နိုင်လားး..ပြောကြလေ…ပြောကြပါ..
စောက်သုံးမကျတဲ့မြန်မာတွေရဲ့ ထက်ပြောချင်သေးတယ်….. ပညာမတက်လူတန်းစားများတဲ့ မြန်မာနိုင်ငံမှာ မင်းတို့လုပ်သမျှကိုတော့ လက်ခုပ်တီးနေကြမှာ ပါပဲ…. နဖူးပေါ်လက်တင်ပြီး စဉ်းစားကြည့်လိုက်ပါ….ဘာတွေအကျိုးရှိသွားလဲလို့
တိုင်းပြည်ကောင်းစားအောင် လုပ်တဲ့ အလုပ်မှန်သမျှ မင်းတို့တွေ လိုက်ကန့်ကွက်နေတာ… အောင်ဆန်းစုကြည်ကြောင့် ပါပဲ…. လက်ရှိ အောင်ဆန်းစုကြည် အာဏာရ ခဲ့ပါက… ထားဝယ် စီမံကိန်း အား US ကပဲစလုပ်မှာပါ…. အဲ့ဒီအချိန်ရောင်ရင် စောက်သုံးမကျတဲ့ မြန်မာများ…ဘယ်လိုလာကြ အုန်းမလဲဆိုတာ… ဒီလိုပဲ…ဧရာဝတီ စီမံကိန်းကို… US လာလုပ်မယ်ဆိုရင်လဲ နိုင်ငံရေးသမားတွေ ဖင်ပိတ်ပြီးနေကြမည်သာ…

အတိုက်အခံများ ရဲ့ခေါင်းဆောင်များ
၁။ အောင်ဆန်းစုကြည် (ဗိုလ်ချုပ်အောင်ဆန်းဧ။်သမီး English’s မိန်းမ မိမိအာဏာ ရရေးအတွက်အစိုးရလုပ်သမျှဆန့်ကျင်သူ )
၂။ မိုးသီးဇွန် (ကြာကူလီ .. လူသတ်သမား.ပြည်ပရောက်အချောင်စား.. လေးစားစရာဂုဏ်ပုဒ်မရှိ)



စောက်သုံးမကျသော မြန်မာ များသို့

ပုံ
အောင်ကြီး (ခ)

Anonymous said...

ပြန်စဉ်းစားကြပါ အရင်ကပြောကြတယ် နေပြည်တော်မြို့စတည်စက …မင်းတို့နိုင်ငံရေးသမားတွေ အော်ကြတာ ကန့်ကွက်ကြတာ… ပြီးလဲပြီးရေား မင်းတို့အမေ က လေဆိပ်အသစ်မှာ အစဉ်သင့်ပဲများ သွားသေးတယ်…မင်းတို့နိုင်ငံရေးသမားတွေရဲ အားနဲ့ တည်ဆောက်ထားတာ ဘာတစ်ခုမှမရှိပါဘူး
မင်းတို့တွေပြောနေတဲ့ ငါတို့ပြည်ပရောက်တွေစီကနေ အခွန်ကောက်တာတွေဆိုတာ ပြောချင်သေးတယ် မင်းတို့စီကရတဲ့ money ဆိုတာလမ်းတစ်လမ်းခင်းစာပဲရှိတယ် အေးဒါတောင် မင်းတို့စီကရတဲ့ ငွေတွေမဟုတ်ပါဘူးးမင်းတို့လို နိုင်ငံရေးသမားတွေ သံရုံးသွားပြီး ဘယ်တုန်းက အခွန်ဆောင်ဘူးလဲ…. ပြောကြလေ… ပြောလိုက်ရင်နိုင်ငံနဲ့ချီလို့…. လုပ်နေတာက စားပွဲထိုး..

ကိုရင်ငချမ်း said...

စစ်တပ်ကပစ်တဲ့ကျည်ကလည်း လှူထားတဲ့ ကျောင်းတွေပေါ်တို့ အဆောက်အဥိတို့ပဲကျနိုင်လွန်းတယ်
ဟဟ စစ်တပ်က သတင်းရထားလို့လား ဒါမှမဟုတ် စစ်တပ်ကျည်တွေကပဲ
အော်တိုကို အဲဒီကျောင်းတွေကိုပဲ ခနခနကျတတ်တာလား
ထူးဆန်းတယ်နော် နှစ်တိုင်းဖြစ်နေတာတော့ ဟဟ လံကြုတ်မှန်းသိသာလိုက်တာဗျာ

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ