Jan 11, 2012

သူတို့ပြောသည့်တော်လှန်ရေးဆိုသည်မှာ.(၁)

state ကျောင်းသားဘဝလွန်ခါစ universityကျောင်းသားဖြစ်ခါစ လူငယ်ဘဝမှာ
လူငယ်အချင်းချင်းနောက်ပြောင်ခဲ့ကြတဲ့ စကားတခွန်းကို မောင်ကျောက်ခဲ သတိရမိတယ်...။

[   တော်လှန်ရေးနော်..တော်လှန်လျှင်လှန်.တော်မလှန်လျှင်   ကျမ လှန်ပလိုက်မယ်..
    ဘာမှတ်နေလဲ... ]

ဆိုတာလေး ကို အခုလက်ရှိ ပြည်ပရောက်ပြည်ပြေးအတိုက်အခံတွေ ပြည်တွင်းဘေးထိုင်ဘုပြောတွေကန့်လန့်တွေ
ကိုမြင်လာတော့ ခဏခဏသတိရတယ်...။
ဒီနေ့တော့ ပြည်ပရောက်မျိုးချစ်ပါတဲ့ အတိုက်အခံတွေကို ပြောပါ့မယ်
အပေါ်ကကျွန်တော်တို့ ပြောနေတဲ့ slang(ဗန်းစကား)နောက်ပြောင်မှူမျိုးကို သူတို့ဆီမှာ အများ
ဆုံးတွေ့လာရလို့ပါပဲ...။ရမ်းသမ်းပြောတယ်မဟုတ်...လက်တွေ့ပြောခြင်းဖြစ်ပါတယ်..။
ယူကေမှာ ၁ နှစ်နေဖူးပါတယ်...။အမေရိကမှာ ၄ လ ရောက်ခဲ့ပါတယ်...။ဂျပန် အလည်ခဏခဏ
ရောက်ပါတယ်...။ဘာတွေတွေ့ခဲ့ရလဲ...။ပြောပါ့မယ်...။
ပြည်ပြေးတွေ ပြည်ပရောက် ဒုက္ခသည်နာမည်ခံတွေ နဲ့  တကယ်အလုပ်ထွက်လုပ်တဲ့ အမျိုးကောင်းသားသမ္မီးများ ဘယ်လိုဆက်ဆံနေထိုင်လဲဆိုတာ ယခု ပြည်ပမှာ အလုပ်ထွက်လုပ်နေတဲ့ ပုဂ္ဂိုလ်များ အသိဆုံးဖြစ်ပါ့မယ်...။
မိမိဘာသာ အလုပ်လုပ်ဖို့ ထွက်လာတဲ့ သူများ ၊ ပညာလာသင်သူများနဲ့  မတူပဲ ပြည်ပြေးများ
ပြည်ပရောက် ဒုက္ခသည်ဗီဇာများ ဟာ အရောတဝင်မနေကြပါဘူး..။အဆိုပါလူများကို
ပြည်ပမှာ အလုပ်လုပ်နေသူများနှင့်ကျောင်းတတ်ပညာသင်နေသူများက သိုးမည်းများလို့တောင် ခေါ်ကြတဲ့အဆင့်မှာ ဖယ်ကြဉ်ထားပါတယ်...။အစိုးရ ကြောင့်မဟုတ်
၎င်းတို့ ရဲ့ ခံယူချက်နဲ့ပဲဖြစ်ပါတယ်...။ကျွန်တော်အခုလိုပြောခြင်းကို ခေတ္တပြည်ပရောက်ရိုးသားကြိုးစား
သော ပုဂ္ဂိုလ်များမှ ထောက်ခံပေးပါလိမ့်မည်..။

ယနေ့ ပြောဆိုလိုသည်မှာ တော်မလှန်တော့ ကျမလှန်သည် ဆိုသည့်အတိုင်း အချင်းချင်း ဖော်ကုန်ကြ ခွက်စောင်းခုတ်ကြ ငယ်ကျိုးငယ်နာ ဖော်ကြ လှန်ကြ တိုက်ခိုက်ကြတော့သည်။ငယ်ငယ်တုန်းကကြား
ဖူးသော ပုံပြင်များ ဇာတ်လမ်းများထဲကလို ဓါးပြများဝေစုခွဲရင်း ထသတ်ကုန်ကြသည်ဆိုခြင်းများ မြင်လာရပြီဖြစ်သည်..။
အောက်မှာဆက်လက် ရှူစားကြကုန်...။

(၁) ၄င်းတို့အချင်းချင်းတည့်ကြသော အခါ သဘောတူဝေစုခွဲပေးလေသည်..။
     ယခု မလိုသောအခါ ပုတ်ခတ်ကြလေပြီ 



သူတို့လုပ်ရပ်များ မည်သည်ကိုရည်ရွှယ်ပါသနည်း
မပြောလိုတော့ပါ..၄င်းတို့စကားနဲ့တင် ၄င်းတို့ လိပ်ပတ်လည်နေကြပါသည်.
တယောက်က လိမ်သည် တယောက်က ခွစားသည် တယောက်က ရှောင်စားသည်
ဤသို့ ဖြင့် သံသရာလည်နေသည်...။ဂျာအေးကိုသူအမေရိုက်နေသည်..။
သူတို့ဘာလုပ်နေသနည်း...။ငွေရမှ တော်လှန်ကြမည် ဟူသော သီအိုရီ ရရှိလာသည်..။
ဗီဒီယို ပါပုဂ္ဂိုလ်ကိုယ်တိုင်လည်း အဘယ့်ကြောင့် သူစကားနဲ့ သူ ရှူပ်နေရသနည်း..။
မိမိကိုယ်တိုင် ပြည်ပ ငွေရှင်တို့ ၏ သြဇာခံဖြစ်နေပြီး ကြိုးဆွဲရာက နေသူကိုယ်တိုင်က
၎င်းတို့ မှန်းချက်များ မကိုက်သော အခါ အရင်ကလောက် ငွေမဝင်တော့ပဲ ၄င်းတို့ကိုယ်တိုင်
ချယ်လှယ်မှဤပြသနာများကင်းမည်ဆိုသော ဆိုသော ဆိုလိုရင်းမျိုးသက်ရောက်လာပါသည်
သေချာသည်ကား ၄င်းကိုယ်တိုင် ပြည်တွင်းမဝင်နိုင်မှတော့ ၄င်းနှင့်သက်ဆိုင်သူများက
အဘယ်မျှဝင်နိုင်တော့မည်နည်း..။ဤသို့ဖြင့် သူ့မယုံကိုယ့်မယုံဇာတ်လမ်းများဖြစ်ပေါ်လာကာ
အချင်းချင်းဖဲ့ကြကိုက်ကြလေတော့သည်။


အပိုင်း(၂) လာမည်    ....

                                                                                                  မောင်ကျောက်ခဲ(မြန်မာပြည်)
                         
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

သူတို့ ပဲ အမျိုးမျိုး

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ