Sep 20, 2013

လူထု ထောက်ခံမှူလျှော့ကျလာတဲ့ ဒေါ်စုကြည်




၁၉၈၈ ကာလမှစ၍ ဒီမိုကရေစီခေါင်းဆောင်ဟု တင်စားခေါ်ဝေါ်နေသော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ၏ သမီးဖြစ်သူ ဒေါ်စုကြည်သည် ယခုအခါ လူထု ထောက်ခံမှူ တဖြည်းဖြည်း လျှော့ကျ လာသည်  ကို အံသြဖွယ်တွေ့ရှိရပါသည်။အင်တာနက်ဆိုရှယ်နက်ဝပ်အသုံးပြုမှူ များပြားလာသော မြန်မာပြည် သူလူထုအနေဖြင့် ယခင်စစ်အစိုးရအုပ်ချုပ်မှူထက် မျက်စိပွင့် နားပွင့်လာသည့်နှင့်အမျှ ယခင်က တစ်ဖက်တည်းသော မီဒီယာ ထုတ်လွင့်မှူနှင့် ပြည်ပမီဒီယာထုတ်လွှင့်မှူ ကြားတွင်သာ ကြားသိမြင်ခဲ့ရသည်မှ ယခုအခါတွင်မှူ မီဒီယာ အသုံးပြုမှူ များပြားလာခဲ့သောကြောင့် နှိုင်းယှဉ် စဉ်းစာမှူများ ရှိလာခဲ့ရသည်ဟု စာရေးသူ အနေဖြင့်သုံးသပ်မိပါသည်။

ဒေါ်စုကြည် အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲသို့ဝင်ရောက်လာခဲ့ချိန်က အပြောင်းအလဲကိုလိုလားသော မြန်မာလူထုသည် ဗိုလ်ချုပ်အောင်ဆန်း ပန်းချီကားကြီးရှေ့မှ ဒေါ်စုကြည် အား ထောက်ခံခဲ့ကြသည်။ သို့သော် နိုင်ငံရေးနယ်ပယ်အတွင်း ၀င်ရောက်လာချိန်မှစ၍ ဒေါ်စုကြည်နှင့် NLD ပါတီ၏ လုပ်ဆောင်ပုံများသည် မိမိတို့ မျှော်လင့်သလို ဖြစ်မလာသောအခါ ပြည်သူလူထု၏ စွန့်ခွါမှူဒဏ်ကို တဖြည်းဖြည်း ကြုံတွေ့ရတော့သည်။ ဦးသိန်းစိန် သမ္မတအစိုးရတတ်လာသည်နှင့် နိုင်ငံရေးကစားကွက်အား တင်းကျပ်မှူလျှော့ချကာ ဖော်ရွှေစွာ ဖိတ်ခေါ်လက်တွဲခြင်း ၊ စီးပွါးရေးကဏ္ဍအား အားပေးခြင်းနှင့် တိုင်းရင်းသားလက်နက်ကိုင်များအား နေရာပေးလာခြင်းနှင့် ဖြစ်ပွါးခဲ့သော ဘာသာရေးအခြေခံ လူမျိုးရေး ပဋိပက္ခများအတွင်း မြန်မာပြည်သူများ ဘက်မှရပ်တည်ခြင်းတို့ကြောင့် ဦးသိန်းစိန် အစိုးရအား ပြည်သူလူထုတို့ချစ်ခင်ကိုးစားခြင်းများ များပြားလာခဲ့သည်။ ယခုအခါ သမ္မတကြီးဦးသိန်းစိန်အား ပြည်သူလူထုမှ နာမည်အရင်းပင်မခေါ်တော့ပဲ ဘပြောင် ဟူ၍ ချစ်စနိုးခေါ်ဆိုကြပြီး ဦးသိန်းစိန်၏ အမြဲပြုံးရွှင်နေသော မျက်နှာထားသည် ပြည်သူလူထုအား စိတ်ချမ်းသာမှူပေးခဲ့နိုင်လေသည်။သို့သော် အပြောင်းအလဲအားလိုလားစွာဖြင့် အားကိုးခြင်းခံရသော ဒေါ်စုကြည်အနေဖြင့် ဦးသိန်းစိန် အစိုးရအား လူချစ်လူခင်များလာသည်နှင့်အပြိုင် လူထုစိတ်ဝင်စားမှူ လျော့ကျလာသည်ကို စိတ်မကောင်းစွာမြင်နေရသည်။ အထူးသဖြင့် ပြည်သူလူထု အနေဖြင့် ဒေါ်စုကြည်အား ယုံကြည်အားကိုးမှူလျှော့ကျလာရခြင်းမှာ ရခိုင်ပြည်နယ် တွင်ဖြစ်ပွါးခဲ့သော ပဋိပက္ခမှစတင်ခဲ့လေသည်။ ဘာသာခြားများဘက်မှသာ ဒေါ်စုမှ ရပ်တည်ခဲ့ခြင်း ရခိုင်လူမျိုးများအား အပြစ်တင်ခဲ့ခြင်းများဖြင့် ရခိုင်တစ်မျိုးသားလုံး၏ မုန်းတီးခြင်းကိုခံခဲ့ရသလို မြန်မာ ပြည်သူများအနေဖြင့် ဒေါသတကြီးတုံ့ပြန်ခြင်းကိုခံခဲ့ရသည်။



 ယခင်က မိမိအနေဖြင့် လူထုကို စည်းရုံးနိုင်သည်ဟုသော ဒေါ်စုကြည်အနေဖြင့် လက်ပံတောင်းတောင် အရေးတွင် ပြည်သူလူထုနှင့် အချို့နိုင်ငံရေးသမားများ၏ လှည့်ကွက်ကို ကိုယ်တိုင်ခံစား ကြုံတွေ့လိုက်ရခြင်းဖြင့် မိမိထင်သလို မြန်မာနိုင်ငံအား စည်းရုံးရလွယ်သည်ဟု အထင်အမြင်သည် မှားယွင်းကြောင်းသိရှိလိုက်ရသည်ဟု ထင်မြင်မိသည်။၎င်းအပြင် NLD ပါတီအတွင်း ပါတီ ခေါင်းဆောင်များ မကြာခဏ ဆန့်ကျင်မှူများ ဆန္ဒပြမှူများ အပြင် အုပ်စုလိုက် နှုတ်ထွက်ခြင်း များ ဖြစ်လာနေကြသည်။အများစုမှာ ဒီမိုကရေစီနာမည်ခံထားသော်လည်း ဗဟိုချုပ်ကိုင်မှူတင်းကျပ်သော ကြောင့်ဖြစ်သည် ။ယခင်က တိုင်းရင်းသားများအနေဖြင့် ဖက်ဒရယ်တည်ဆောက်ရန် ဒေါ်စုကြည်အား အားကိုးခဲ့သော်လည်း သူ၏ ဒုတိယပင်လုံ ဟူသည် NLD ၏တိုးတတ်ရေးအတွက်လှည့်ကွက်ဟု သိရှိလာပြီးနောက် စွန့်ခွါသွားတော့သည် ။ယခုအခါ အခြေခံဥပဒေကိုပြင်ဆင်မည်ဟူ၍ ကြွေးကြော်ပြီး NLDနှင့် မဟာမိတ်ပါတီများဖြင့် ပြုလုပ်နေသော်လည်း သူပြင်ဆင်မည့် အခြေခံဥပဒေသည် သမ္မတဖြစ်ရေး ပိတ်ပင်ထားသည့် ဥပဒေကို ရည်ရွှယ်နေပြီး တိုင်းရင်းသား အားလုံးအတွက်ရည်ရွှယ်သော ဖက်ဒရယ်ဟူသည်မှာလည်း ကြားကောင်းအောင်သာဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် များလိုချင်သော ဖက်ဒရယ်စနစ်နဲ့ တစ်ခြားစီဖြစ်နေသောကြောင့် လက်နက်ကိုင်အဖွဲ့အစည်းများက စိတ်ပျက်နေကြပေသည်။သို့သော် ဒေါ်စုကြည်အား လက်တွဲနေသေးသည်။အဘယ့်ကြောင့်ဆိုသော် အခြေခံဥပဒေပြင်ဆင်ရေးအတွက် ရည်ရွှယ်ချင်တူသောကြောင့်ဖြစ်သည်။


နယ်စပ်ဒေသများတွင် တိုက်ပွဲများဖြစ်ပွါးနေသော်လည်း ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်စုကြည်အနေဖြင့် လာရောက်ခြင်း အားပေးခြင်းများမရှိသည့်အပြင် မဆိုင်သလို ဆိတ်ဆိတ်နေခြင်းများက လက်နက်ကိုင်အဖွဲ့ အစည်းများ၏ မျက်စိစပါးမွှေးစူးခြင်းကို ခံနေရသည်။မြန်မာလူထုအနေဖြင့် တိုင်းပြည်အား ရှေ့သို့လျှင်မြန်စွာ တိုးတတ် ရေးအား ဂရုပြုနေသော်လည်း ၄င်းတို့အားကိုးသော ဒေါ်စုကြည်သည် အခြေခံဥပဒေ ပုဒ်မ ၅၉ ကိုသာ ပြုပြင်ရေး အာရုံစိုက်နေသောကြောင့် သမ္မတရူး ဟု ဟားတိုက်ခြင်း ခံနေရလေသည်။လက်ရှိအစိုးရအဖွဲ့များ နှင့် ဒေါ်စုကြည် တို့ ပြည်ပခရီးစဉ်များ ထွက်နေသော်လည်း လက်ရှိအစိုးရအဖွဲ့ဝင်များ ပြည်ပခရီးထွက်ရှိလျှင် ကြွေးမြီများ တတ်နိုင်သမျှလျော့ကျရေး နှင့် ရင်းနှီးမြှုပ်နှံမှူတိုးတတ်ရေး အကူအညီများ ရှာဖွေခြင်း ပြုလုပ် သော်လည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကမ္ဘာက မြန်မာကို ကူညီနေသည်မှာ စောလွန်းသေးကြောင်း ၊ ဘာကြောင့် အကောင်းမြင်နေကြတာလဲ ၊ တရားဥပဒေစိုးမိုးရေးမရှိသေးဘူး စသောစကားလုံးများကိုသာ ထပ်ခါထပ်ခါ ပြောနေသဖြင့် ပြည်သူလူထုမှ ချဉ်လာပြီဖြစ်သည်။

လာမည့် စက်တင်ဘာ ၂၂ ရက်နေ့တွင် စင်္ကာပူတွင် ဒေါ်စုကြည်သည် မြန်မာအသိုင်းအ၀ိုင်းနှင့်တွေ့မည်ဖြစ်ပြီး ၄င်းတွေ့ဆုံပွဲကို ကချင် နှင့် ရခိုင် လူမျိုးများ တတ်ရောက်ခြင်း မပြုဟု ကြေငြာခြင်း ခံရသည့်အပြင် ယင်းပွဲသို့ တတ်ရောက်မည့် ကချင်နှင့်ရခိုင် ၀တ်စုံ ၀တ်လာသူများသည် ကချင်နှင့်ရခိုင်ကို ကိုယ်စားမပြုဟု ကြေငြာထားသည် ။ယခင်က အစိုးရ၏ ဟာကွက်များကိုဖော်ထုတ်လာသော သတင်းဌာနများထဲမှ တစ်ခုဖြစ်သော မဇ္ဈိမသတင်းဌာနမှလည်း ဒေါ်စုကြည်အား ယခင်က ကဲ့သို့ ဒီမိုကရေစီခေါင်းဆောင်ဟု သုံးနှုန်းခြင်းမရှိတော့ပဲ အတိုက်အခံ ခေါင်းဆောင်ဟု ပြောင်းလဲသုံးနှုန်းနေပြီဖြစ်သည်။

ဒေါ်စုကြည်၏ နိုင်ငံခြား ခရီးစဉ်မှပြည်တော်ပြန်လာသည့်အခါ ကြိုဆိုမှူများ တဖြည်းဖြည်း လျှော့ကျလာ သည်ကို ထူးခြားစွာမြင်တွေ့ရမည်ဖြစ်ပြီး အရှေ့ဥရောပမှ ပြန်လာသော ဒေါ်စုကြည်အား လူဦးရေ ၅၀ခန့်သာလာရောက်ကြိုဆိုကြပြီး ကြိုဆိုသူ ၃ ပုံ ၂ပုံမှာ သူ၏ ပါတီဝင် များဖြစ်နေခြင်းကို ထောက်ရှူခြင်းဖြင့် ဒေါ်စုကြည်၏ လူထုထောက်ခံမှူသည် တဖြည်းဖြည်း လျှော့ကျလာပြီဟု သုံးသပ်၍ ရနေပါသည်။

From:[_မြင့်မိုးအောင်(ရေနံမြေ) _]
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Sep 5, 2013

ဆီးရီးယားကို စစ်သားမပါတဲ့ စစ်ဆင်ရေး


ဆီးရီးယားကို ဝင်တိုက်ဖို့ ရက် ၉၀ တော့ သတ်မှတ်ပေးဖို့ အဆိုပြုချက်ကို ဆီးနိတ်လွှတ်တော်မှာ အင်္ဂါနေ့က တင်တယ်..... လက်ရှိ အမေရိကားက ရှားရှားပါးပါး ရှိတဲ့ ပါတီကြီး နှစ်ခုကလည်း ထောက်ခံတယ်.... ခြွင်းချက်တော့ ပါတယ် ကြည်းတပ်ကို အသုံးမပြုရတဲ့..... ခေတ်မမှီလောက်တော့ဘူးလို့ သူတို့ ဆုံးဖြတ်ထားတဲ့ ပဲ့ထိမ်းဒုံးတွေ ဖြုန်းဖို့အတွက်တော့ အခွင့်ကောင်းပဲ......။
 


အဲ တစ်ဖက်က ကြည့်ရင်တော့ ရုရှကြီးက တစာစာ အော်နေပေမယ့် တရုတ်ကြီးက ငြိမ်နေတာ သိပ်တော့ မဟုတ်ဘူးလို့ ခံစားမိတာ..... ဟိုနေ့က တရုတ်ကြီးရဲ့ ဂြိုလ်တု ပေါက်ကရတွေ လုပ်နေတယ်ဆိုတဲ့ သတင်းလေး ဖတ်မိတော့မှ သဘောပေါက်တော့တယ်..... ဇူလိုင်လ ၂၉ ရက်နေ့က March-4c ဒုံးကျည်နဲ့ အာကာသကို ပစ်လိုက်တဲ့အထဲမှာ SY-7 ဆိုတဲ့ ဂြိုလ်တု တစ်လုံးလည်း ပါသွားတယ်....

အဲ့ဒိ SY-7 ဆိုတဲ့ ဂြိုလ်တုက ငြိမ်ငြိမ်မနေ သူ့အလုပ် သူမလုပ်ပဲနဲ့ ဟိုလျှောက်သွားလိုက် ဒီလျှောက်သွားလိုက်နဲ့ နေရာတကာ လျှောက်သွားနေတဲ့အပြင် ဟို ဂြိုလ်တုနား ကပ်လိုက် ဒီဂြိုလ်တုနားကပ်လိုက် လုပ်နေတာ အားလုံးက လန့်လာကြတယ်..... အဲ့လို လျှောက်သွားနေတာ တစ်ချို့ ဂြိုလ်တုတွေနဲ့ မီတာ ရာဂဏန်း အကွာလေးအထိ ကပ်လာတဲ့အပေါ် အားလုံးက သံသယ ဖြစ်လာကြတယ်.....

တရုတ်ကြီးရဲ့ ဂြိုလ်တု ဘာလုပ်မှာလည်း...... အနားကပ်ပီး သောက်မြင်ကပ်တဲ့ ဂြိုလ်တုတွေကို ဆော်ထဲ့သွားမှာလား၊ ဒါမှမဟုတ် Sheer Kinetic Force ကို သုံးပီး သူတို့ ဂြိုလ်တုတွေကို ဖျက်ဆီးမှာလား ဒါမှမဟုတ် အနားကပ်ပီး အသေခံ ဗုံးခွဲသမားလို ခွဲပီး သူတို့ဂြိုလ်တုတွေကို ဖျက်ဆီးမှာလားဆိုတာ တွေးတောရင်း အနောက်တိုင်းက လူတွေ ထိတ်လန့်နေပီး စဉ်းစားစရာတွေ ဖြစ်လာနေတယ်......

၂၀၀၇ လောက်က သူ့ရဲ့ မသုံးတော့တဲ့ ဂြိုလ်တုကို မြေပြင်ကနေ ဒုံးကျဉ်နဲ့ ပစ်ပီး ဖျက်ဆီးပြလိုက်လို့ တရုတ်ကြီးရဲ့ အာကာသ ခြေလှမ်းကို လူတွေ စောင့်ကြည့်နေကြချိန် ဒီလိုလုပ်တာဟာ သံသယ ဖြစ်စရာ အကောင်းဆုံး ဖြစ်နေကြတယ်..... အဲ့ဒိတုန်းက သူ့ဂြိုလ်တုအဟောင်းကို ပစ် ဖျက်ဆီးလိုက်တဲ့ အကျိုးရလာဘ်ကတော့ ကမ္ဘာမြေရဲ့ Orbit မှာ ဂြိုလ်တုအပျက်ရဲ့ အမှိုက်သရိုက်တွေ ကြီးမားတဲ့ တိမ်တိုက်ကြီးလို ဖြစ်နေပီးတော့ ကျန်တဲ့ ဂြိုလ်တုတွေကိုပါ အဲ့ဒိ အမှိုက်တွေက အန္တရာယ်ပေးနေတယ်.......

ဒီတော့ကာ အမေရိကန်ရဲ့ ပဲဒိုင်း ဒုံးတွေ၊ UAV လို့ခေါ်တဲ့ မောင်းသူမဲ့ ယဉ်တွေဟာ ဂြိုလ်တုမရှိရင် လုံးဝ မျက်ကမ်းတွေ ဖြစ်သွားပီဆိုတော့ တရုတ်ကြီးရဲ့ ဒီခြေလှမ်းက အန္တရာယ်တော့ အတော်ကြီးသား..... ဆီးရီးယားအရေးမှာ ကြည်းတပ်ကို မသုံးရဘူးဆိုတော့ အဝေးကနေ လှမ်းဆော်ဖို့ အမေရိကန်တို့ သူ့ရဲ့ ပဲ့ထိမ်းဒုံးတွေ သုံးမလား UAV တွေလွှတ်မလား မသိရပေမယ့် ဒီဘက်ကတော့ ဒါတွေ ဒီလိုရှိတယ် ပြနေတာ အတော်တော့ စိတ်ဝင်စားစရာ ကောင်းနေပီ.....

အနာဂါတ် မဟုတ်တော့တဲ့ မဝေးတော့တဲ့ကာလ လက်နက်ပြိုင်ဆိုင်မှုတွေကနေ လက်တည့်စမ်းဖို့မှာ ကိုယ့်နိုင်ငံမှာ လာမဖြစ်တာ တော်သေးတယ်ပဲ ပြောရမယ်..... ဘာပဲပြောပြော ညအိပ်ရင်တော့ ဘုရားရှိခိုးအိပ်မှဖြစ်မယ် မတော် သူတို့ချင်း ဆော်ကြ နှက်ကြနဲ့ အဲ့ဒိ ပဲ့ထိမ်းဒုံးတစ်လုံး လမ်းကြောင်းလွဲပီး ကိုယ့်စီ ရောက်လာရင် မခက်သားကလား..... ဒုံးကျည်တစ်ကမ်းဆိုတာ ဒီဘက်ခေတ်မှာ ကမ္ဘာကြီးရဲ့ ဘယ်နေရာမဆို ရောက်နိုင်တာ ကလား.......

From:[_Voice of James Mint _]
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

မြန်မာနိုင်ငံ တွင် လှေစီးသူနှင့် လားစီးသူ ခေါင်းဆောင်များရှိသဖြင့်

မြန်မာနိုင်ငံ တွင် လှေစီးသူနှင့် လားစီးသူ ခေါင်းဆောင်များ ရှိသဖြင့် ယခုနှစ်တွင် "လ"အက္ခရာ စီးတော်ယာဉ် နံပါတ်များ စလစ်ဈေးတတ်ဖွယ် ရှိကြောင်း က.ည.န ရုံးရှေ့တွင် လက်တွန်းလှည်းထီရောင်းသူ တစ်ဦးထံမှ သိရှိရပါသည် ။




(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

မွတ်ဆလင် မော်လဝီတစ်ဦး၏ အစ္စလာမ်ဘာသာဝင်များ ဓါးကိုင်ပြီး လမ်းပေါ်ထွက်ကြ ဟူ၍ ဆော်သြတဲ့ အသံဖိုင်

 (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

အစ္စလာမ်ဘာသာမဝင်၍ အိမ်တွင်းပိတ်၍ ကြိုးတုပ် ဇောက်ထိုးထားက တစ်အိမ်သားလုံးဝိုင်းဝန်းရိုက်နှက်( ဗီဒီယိုဖိုင်)

(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

ငွေတောင်ဆည်ကမ်းစပ်မှာ ဒုံးပစ် လောင်ချာဒုံးကျည်တစ်လုံးတွေ့


ကယားပြည်နယ် ၊ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာရှိ ငွေတောင်ဆည်ရေကန် ရေခမ်းလာသည့်အချိန်၌ ရေကန်ကမ်းစပ်တွင် RPG ဒုံးပစ်လောင်ချာသီး (အသေး) တလုံး တွေ့ရှိခဲ့သည်ဟု ၎င်းကိုတွေ့ရှိခဲ့သူ ငွေတောင်၊ ဆည်မြောင်းရပ်ကွက်မှ ဒေသခံ ကိုဇော်ဇော်ထွေးက ပြောသည်။
ကိုဇော်ဇော်ထွေးက "ည ၉ နာရီလောက်မှာပါ ပျင်းတာနဲ့ ကန်ထဲမှာငါးသွားခုတ်တာ။ အဲဒါနဲ့ အဲဒါကို သွားတွေ့တယ်။ တွေ့တာနဲ့ အကြောင်းကြားပေးတယ်။ အုပ်ချုပ်ရေးရုံးကနေတဆင့် ဥက္ကဌတွေ ဘာတွေနဲ့ တဆင့် သွားတွေ့တယ်" ဟု ပြောသည်။


လယ်စိုက်ပျိုးသူအတွက် ၎င်းဆည်ရေကို အဆက်မပြတ်လွှတ်ချ ပေးခဲ့သည့်အတွက် ဆည်ရေကျလာချိန်တွင် ၎င်းလောင်ချာသီးကို သြဂုတ်လ ၁၉ ရက်နေ့ညတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
သက်ဆိုင်ရာ ကျေးရွာအုပ်စုဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရဲစခန်းမှူး၊ ခလရ စစ်တပ် ၁၀၂ မှ တဆင့် ဒကစ သို့ သတင်းပို့ အကြောင်းကြားခဲ့ပြီးနောက် ပြီးခဲ့သည့် သြဂုတ်လ ၂၁ ရက်နေ့၌
ငွေတောင်ဆည်အနီးတွင်ပင် ယမ်းပျော့များဖြင့် ဖောက်ခွဲခဲ့ သည်ဟု ငွေတောင်ကျေးရွာအုပ်စုဥက္ကဌ ဦးလှဦးက ပြောသည်။
ငွေတောင်ကျေးရွာအုပ်စုဥက္ကဌ ဦးလှဦးက "ခွဲတဲ့အချိန် စစ်တပ်နဲ့ရဲနဲ့ ခွဲတယ်။ ဗုံးကိုတော့ အများပြည်သူ မထိခိုက်အောင် လုပ်လိုက်နိုင်တာကိုပဲ ဝမ်းသာတယ်။ မဟုတ်ရင်   ပြည်သူတွေအတွက်ပဲ နှစ်နာတယ်။ အရင်တုန်းက ပေါက်ကွဲ ခဲ့ဖူးတာတွေလည်း ရှိတယ်" ဟု ပြောသည်။

ယခုတွေ့ရှိရသည့် လောင်ချာဗုံးသီးမှာ တစ်ဖက်နိုင်ငံမှ အသုံးပြုတတ်သော ဒုံးကျည်ပုံစံဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံတွင်လည်း အတွေ့များရသည်

လွန်ခဲ့သည့် ၂၀၀၀ ခုနှစ် ဇွန်လတွင် ငွေတောင်ကျေးရွာ အောင်သပြေရပ်ကွက်တွင်းသို့ ထို့ကဲ့သို့ ပုံစံတူသည့် ဒုံးပစ်လောင်ချာသီး အကြီး တလုံးကျခဲ့ဖူးပြီး ကျောင်းဆရာမ တဦးသေဆုံးသွားခဲ့သည့် ဖြစ်ရပ်တခု ကြုံတွေ့ခဲ့ ဖူးကြောင်း သိရသည်။
  (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

ပြောကုန်ကြပြီ NLD

(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

ဦးသိန်းစိန် သမ္မတ အိုဘားမားကို ဘာတွေ ပေးထားသလဲ

(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Sep 4, 2013

ဆီးရီးယားကိုဗုံးကြဲဖို့ ဆွေးနွေးချိန်တွင် ဂျွန်မက်ကိန်း သည် အိုင်ဖုန်းဖြင့် ဖဲဆော့နေ

အမေရိကန်ရဲ့  ဒုတိယက သမ္မတ ဖြစ်ခဲ့ဖူးပြီး လက်ရှိ အရီဇိုးနားပြည်နယ်ရဲ့  အထက်လွတ်တော်အမတ် ဂျွန်မက်ကိန်း တစ်ယောက် ဒီလိုလုပ်လိမ့်မယ်လို့ ထင်မထားကြပါဘူး။ ဆီးရီးယားကို ဗုံးကြဲသင့်မကြဲသင့် အရေး တကြီး ဆွေးနွေးနေချိန်မှာ ပိုကာဂိမ်းဆော့နေတော့ ကမ္ဘာကျော်တဲ့ သတင်းတစ်ပုဒ် ဖြစ်လာပါတယ်။



စက်တင်ဘာလ ၃ ရက်နေ့တုန်းက အမေရိကန် လွတ်တော်အစည်းအဝေး တစ်ခုမှာ ဖြစ်ပါတယ်။ သမ္မတ အိုဘားမားနဲ့ အထက်လွတ်တော် အမတ်များ အကြိတ်အနှယ် ဆွေးနွေးတိုင်ပွဲတဲ့ အစည်း အဝေး တစ်ခုမှာ ဖြစ်ပါတယ်။ ယင်းအစည်းအဝေးမှာ အရေးကြီး ပုဂ္ဂိုလ် ဖြစ်တဲ့ ဂျွန်မက်ကိန်းဟာ သူ့ iPhone နဲ့ VIP Poker အမည်ရတဲ့ ဖဲဂိမ်း တစ်ခုကို ဆော့နေပါတယ်။ ဒါကိုလည်း မြင်တဲ့ သတင်းထောက် က မြင်ပြီး ဝဘ်ဆိုဒ်မှ တစ်ဆင့် တင်လိုက်တဲ့ ပုံကြောင့် ပိုပိုလို့ နာမည်ကြီး သွား ပါတယ်။ ဂျွန်မက်ကိန်းအနေနဲ့ ယင်းအတွက် အရှက်ပြေ ဖြေရှင်းချက် Status တစ်ခုကို သူ့ Twitter အကောင့်ကနေ တင်ပြီး ပြောပေမယ့် ဘယ်သူမှ လက်မခံပါဘူး။ ၃ နာရီပဲ ကြာမြင့်တဲ့ အစည်းအဝေးမှာ အရေးကြီး စကားများ ကြားနာခြင်း မပြုပဲ ပိုကာ အိုင်ဖုန်း အွန်လိုင်းဂိမ်း ဆော့နေမှုအပေါ် အားလုံး ရယ်စရာလို ပြန်ပြောနေကြပါပြီ။ ဒီအတွက် အိမ်ဖြူတော် မှ ဂျွန်မက်ကိန်းအပေါ် မည်သို့ တုန့်ပြန်မည်ကို မသိရသေးကြောင်း သိရပါတယ်။
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားရိုက်ကူးရန် လိုအပ်သောဆုံးဖြတ် ချက်များကို ဥက္ကဋ္ဌနှင့်ဘုတ်အဖွဲ့တွေ့ပြီးမှသာ ချမှတ်မည်၊ယခုတိုင် အကောင်အထည်မဖော်ရသေး

ဗိုလ်ချုပ် ရုပ်ရှင်ဇာတ်ကားရိုက်ကူးရန် အတွက် လိုအပ်သောဆုံးဖြတ် ချက်များကို ဗိုလ်ချုပ်ရုပ်ရှင်ဖြစ် မြောက်ရေးဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်နှင့်ဘုတ်အဖွဲ့တွေ့ ဆုံပြီးမှသာလျှင် ဆုံးဖြတ်သွား မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့မှ ပြန်ကြား ရေးတာဝန်ခံ ဦးဇော်သက်ထွေး က ပြောသည်။



ယင်းကဆက်လက်၍''အခု ဥက္ကဋ္ဌက လွှတ်တော်တက်နေတော့ လွှတ်တော်နားချိန်က ဒီလထဲမှာ ဆိုတော့ ဥက္ကဋ္ဌနဲ့ကျွန်တော်တို့ ဘုတ်အဖွဲ့နဲ့တွေ့ဆုံပြီးတော့မှ ပဲ ရွေးချယ်မှုအပိုင်းကိုဆက်ပြီး လုပ်သွားမှာပါ။ အခုကျွန်တော် တို့ ဆုံးဖြတ်ချက်စောင့်နေကြ တာပါ''ဟု ပြောသည်။
ဗိုလ်ချုပ်ဆောင်ဆန်းရုပ် ရှင်ဇာတ်ကားရိုက်ကူးရန်အတွက် အဓိကရွေးချယ်ရန် လိုအပ်နေ သော ဒါရိုက်တာရွေးချယ်ရန် နှင့် နိုင်ငံတကာမှဗိုလ်ချုပ်ဇာတ် ကားအတွက် လိုအပ်သည်များ ကူညီပေးရန်အတွက်ကမ်းလှမ်း လာမှုများအား မည်သည့်နိုင်ငံ ၏အကူအညီယူရန် အစရှိသည့် ဆုံးဖြတ်ချက်များချရန်အတွက် ဥက္ကဋ္ဌ၏ဆုံးဖြတ်ချက်စောင့်ဆိုင်း လျက်ရှိနေကြောင်း သိရသည်။
ဗိုလ်ချုပ်အောင်ဆန်းရုပ် ရှင်ဇာတ်ကားရိုက်ကူးရန်အတွက် လိုအပ်သည့်များပြင်ဆင်ဆောင် ရွက်ရန်အတွက် ဩဂုတ် ၆ရက် တွင် ဩစတြေးလျနိုင်ငံသူ Kate Jame ရောက်ရှိလာပြီး ဗိုလ်ချုပ် ဖြစ်မြောက်ရေးအဖွဲ့မှတာဝန် ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှု များပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဇာတ်ကားရိုက်ကူး ရန်အတွက် ပြီးစီးခဲ့သောလုပ်ငန်း ဆောင်ရွက်ချက်များဖြစ်သည့် သရုပ်ဆောင်ရွေးချယ်ခြင်းကိစ္စ၊ ဇာတ်ညွှန်းရေးသားပြီးစီးခြင်း ကိစ္စတို့အား နေပြည်တော်တွင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့်ဘုတ်အဖွဲ့ဝင်များ ဩဂုတ်လ တွင်တွေ့ဆုံဆွေးနွေးခဲ့ပြီး စက် တင်ဘာတွင် ဇာတ်ကားရိုက်ကူး ရန်အတွက် လိုအပ်သောနိုင်ငံတ ကာ ရုပ်ရှင်ကုမ္ပဏီတို့နှင့် ချိတ် ဆက်၍ ပူးပေါင်းဆောင်ရွက်ခြင်း ကိစ္စရပ်များအား အပြီးသတ်ဆွေး နွေးသွားမည်ဖြစ်ကြောင်း သိရ သည်။
ယခုအချိန်တွင် ဗိုလ်ချုပ် ရုပ်ရှင်ဇာတ်ကားအတွက် အဓိ က ပါဝင်သရုပ်ဆောင်ရန်အ တွက် ရွေးချယ်ထားသော ဗိုလ် ချုပ်နေရာအတွက် တစ်ဦးနှင့် ဒေါ်ခင်ကြည်နေရာအတွက် သရုပ် ဆောင်နှစ်ဦးတို့အား သင်တန်း ပေးခြင်းကိုခေတ္တရပ်နားထားပြီး ၎င်းတို့ နေထိုင်ရာနယ်မြို့များ သို့ပြန်ခိုင်းထားကြောင်းနှင့် ယင်း တို့အား ဗိုလ်ချုပ်ဇာတ်ကားအ တွက် လိုအပ်သည့်ဆုံးဖြတ်ချက် များချမှတ်ပြီးမှသာလျှင် ပြန်လည် ခေါ်မည်ဖြစ်ကြောင်း သိရသည်။
From:[_Yangon media_] (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

မကွေးမြို့ ကုလား-မြန်မာ အဓိကရုဏ်း သတင်း



မကွေးမြို့မှာ သက်ငယ်မိန်းကလေးတစ်ယောက်ကို မူဆလင်ကုလား သက်ကျားအိုကြီးက မုဒိမ်းကျင့်လို့ မကျေနပ်သူတွေ ဟိုတစ်စု ဒီတစ်စု စုစည်းနားစွင့်နေကြပါတယ်။  ကုလားကို ဖမ်းထားပြီး၊ လုံခြုံတဲ့နေရာပို့ထားလို့ ဆူပူအုံကြွမှု မဖြစ်အောင် ထိန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ သတင်းအရင်းအမြစ်ကို ဆက်လက်စုံစမ်းနေပါတယ်။ သတိပေးလိုတာကတော့ ဥပဒေမဲ့ တုန့်ပြန်ခြင်းဖြင့် မူဆလင်ထောင်ချောက်ထဲ တိုးမဝင်မိကြဖို့ပါပဲ။
FROM:[ဦးဝီရသူဖေ့ဘုတ်]
 (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Sep 3, 2013

ဒီကေဘီအေ တပ်ဖွဲ့ဝင်တစ်ဦးကို ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်တွင် အစိုးရစစ်တပ်မှ ထိန်းသိမ်းထား

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် အခြေစိုက်သည့် ဒီမိုကရေစီကရင်အကျိုးပြု တပ်မတော်(ဒီကေဘီအေ)ဌာနချုပ် လက်အောက်ခံ အထူးစစ်ကြောင်းတပ်ဖွဲ့မှ ဒုဗိုလ် အဆင့်ရှိသူတစ်ဦးကို ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်ရှိ အစိုးရစစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဒီကေဘီအေက ယနေ့တွင် ပြောကြားလိုက်သည်။

မအူပင်မြို့နယ် အခြေစိုက် ခြေမြန်တပ်ရင်း(ခမရ-၂၇)မှ ဗိုလ်မှူးဝင်းအောင်က ဒီကေဘီအေမှ ဒုဗိုလ် စောမြစော ဆိုသူကို သြဂုတ်လ ၂၆ရက်နေ့က မအူပင်မြို့နယ်အတွင်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒီကေဘီအေ၏ အထူးစစ်ကြောင်းမှူး ဗိုလ်မှူးစောအေ၀မ်းက ကေအိုင်စီသို့ ပြောသည်။
သြဂုတ်လ ၂၁ရက်က စောမြစောသည် ဘုရားသုံးဆူမြို့မှ ၎င်း၏ ဇာတိ မြောင်းမြသို့ ပြန်သွားပြီးနောက် သြဂုတ်လ ၂၆ရက်နေ့တွင် အဖမ်းဆီးခံရကာ သက်ဆိုင်ရာ အစိုးရအာဏာပိုင် များက ပြန်လည် လွတ်ပေးမည်ဟု ပြောသော်လည်း ယခုထိ ပြန်လွတ်ပေးခြင်းမရှိသေးကြောင်း ဒီကေဘီအေက ဆိုသည်။

ဘုရားသုံးဆူမြို့ရှိ အမည်မဖော်လိုသူ အစိုးရနှင့် နီးစပ်သူတစ်ဦးက “သူ့(စောမြစော)ဆီကနေ ကျည်ဆံ နှစ်ထောင့်တွေ့လို့ အဲလိုထိန်းသိမ်းထားလိုက်တာလို့ ကျနော်တို့ကြားရတယ်။ ပြန်လွတ်ပေးဖို့တော့ အစီအစဉ် ရှိတယ်။ ဘယ်နေ့ဘယ်ရက်မှာ ပြန်လွတ်ပေးမယ်ဆိုတာတော့ ပြောလို့ မရပါဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

ဘုရားသုံးဆူမြို့ရှိ အစိုးရနှင့် ဒီကေဘီအေအကြား နှစ်ဖက်ဆက်သွယ်ရေးကိစ္စအတွက် ထားရှိသည့် စစ်ဖက်ရေး ရာ လုံခြုံရေးအဖွဲ့(စရဖ) တာဝန်ရှိသူနှင့် ယမန်နေ့က တွေ့ဆုံခဲ့သလို ယနေ့နံနက် ၈နာရီခန့်၌ လည်း တွေ့ဆုံပြီး စောမြစော ပြန်လည်လွတ်မြောက်ရေးအတွက် ဆက်သွယ်ပေးရန် ပြောဆိုထားသည်ဟု ဗိုလ်မှူး စောအေ၀မ်းက ပြောဆိုသည်။

ဗိုလ်မှူးစောအေ၀မ်းက “စရဖနဲ့ ကျနော်တွေ့တဲ့အခါ ကျနော့်လူကို လွတ်ပေးဖို့ (ခမရ-၂၇)နဲ့ ဆက်သွယ်ပေး ဖို့ ပြောတယ်။ လွတ်ပေးမယ်ဆိုရင်လည်း အချိန်အတိအကျ ပြောဖို့ပေါ့နော်”ဟု ရှင်းပြသည်။ လက်ရှိ စောမြေစော အဖမ်းခံရခြင်းနှင့် ပတ်သက်၍ ဒီကေဘီအေဌာနချုပ်ရှိ ခေါင်းဆောင်အချို့အပါအ၀င် ဗိုလ်ချုပ် စောလားပွယ်သို့ အသိပေးအကြောင်းကြားထားသည်ဟု ဗိုလ်မှူး စောအေ၀မ်းက ပြောသည်။

From:[_စောခါးစူးညား (ကေအိုင်စီ)_]
 (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

ဘင်္ဂါလီလူမျိုး (၃)ဦးအား AK-47 မောင်းပြန်ရိုင်ဖယ် တစ်လက်၊ ကျည်အတောင့် (၂၀၊ ကျည်ကပ် (၂)ခုနှင့် အတူ ဖမ်းဆီးရမိ

 မြိတ်ဆိပ်ကမ်းမှ ရေကြောင်းပြမီးများ ထွန်းထားခြင်း မရှိဘဲ ပင်လယ်ပြင်ဘက်သို့ စက်တင်ဘာလ (၁) ရက် ည (၁၁း၅၀)နာရီအချိန်ခန့်တွင် မောင်းနှင်လျက်ရှိသော မသင်္ကာဖွယ်လှေတစ်စီးကို တနင်္သာရီရေတပ်စခန်းဌာနချုပ်မှ မြိတ်ရေပြင်တွင် လုံခြုံရေးနှင့် ပိတ်ဆို့ရေးတာဝန်ထမ်းဆောင်လျက် ရှိသော ကမ်းခြေစောင့် တိုက်ရေယာဉ် (၄၀၃)မှ မီးအချက်ပြခေါ်ယူ၍ စစ်ဆေးခဲ့ရာ "ကောင်းမြတ်ဟင်္သာ" အမည်ရှိ တရားမ၀င်ကုန်လှေဖြစ်၍ ရေယာဉ်လိုင်စင်မှာ ၂၀၁၃ခုနှစ် ဧပြီလတွင် သက်တမ်းကုန် ဆုံးလျက် ရှိပြီး ရေယာဉ်စက်မကြီးနှင့် စက်လိုင်စင်ပါအချက်များမှာ ကွဲလွဲလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါလှေအား ကမ်းခြေစောင့်တိုက်ရေယာဉ် (၄၀၃)မှ ဗိုလ်မှူး မျိုးထက်ဝင်းနှင့် တပ်ဖွဲ့ဝင်များက အသေးစိတ်စစ်ဆေးခဲ့ကြရာရေယာဉ်၏ စက်ခန်းအတွင်းပုန်းအောင်းလျက်ရှိ သော ဘင်္ဂါလီလူမျိုး (၃)ဦး အား AK-47 မောင်းပြန်ရိုင်ဖယ်တစ်လက်၊ ကျည်အတောင့် (၂၀)ပါ ကျည်ကပ် (၁)ခုနှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။ တရားခံများ၏ ထွက်ဆိုချက်အရ လှေပိုင်ရှင်မှာ မြိတ်မြို့ ကန်ဖျားရပ်ကွက်နေ ဦးနိုင်စိုက်ချမ်း (မွန်ပြည်သစ် ပါတီခွဲထွက် အလင်းဝင်) ဆိုသူဖြစ်ပြီး ၄င်းမှ ကော့သောင်းမြို့နေ ဦးဆန်းဦး ဆိုသူအား လွန်ခဲ့သော (၅)လခန့် က ငှားရမ်းထားခြင်းဖြစ်ကြောင်း သိရှိရသည်။

၎င်းလှေ၏ ပဲ့နင်းဖြစ်သူ ဦးမောင်ထွန်းနှင့် ဘင်္ဂါလီ (၃)ဦးအား စစ်ဆေးမေးမြန်းရာ ဘင်္ဂါလီလူမျိုးများအား (၁)ဦးလျှင် ထိုင်းဘတ် (၅၀၀၀) ဖြင့် ဘင်္ဂလားဒေရှ့်နိုင်ငံမှ မြန်မာ့ရေပိုင်နက်ကိုဖြတ်သန်း၍ ထိုင်းနိုင်ငံ ရှမ်းကျွန်းမဲသို့ သွားရောက်မည်ဖြစ်ကြောင်း၊ ဦးနိုင်စိုက်ချမ်းမှ AK-47 မောင်းပြန်ရိုင်ဖယ်တစ်လက်၊ ကျည်အတောင့် (၂၀)ပါ ကျည်ကပ် (၂)ခုအား ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ဖမ်းဆီးရမိသော တရားခံများအား စစ်ရေယာဉ် (၄၀၃) တွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ဖမ်းမိလှေအား စစ်ရေယာဉ် အနီး တွင် ကျောက်ချရပ်နားစေကာ အသေးစိတ် စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
မြိတ်ပုလဲမြေ
(မောင်ကျောက်ခဲ အဖွဲ့)

Readmore »

နိုင်ငံတော်သမ္မတညွှန်ကြားချက်ဖြင့် အလုပ်သမားအရေး ဖြေရှင်းရန် မလေးရှားသို့ မြန်မာအထူးကိုယ်စားလှယ် အဖွဲ့ စေလွှတ်မည်

လတ်တလော၌ တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးနေသည့် မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော မြန်မာလုပ်သားများအရေးကို နှစ်နိုင်ငံ ညှိနှိုင်းဖြေရှင်းရန် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်ဖြင့် မြန်မာအထူး ကိုယ်စားလှယ်အဖွဲ့ မလေးရှားနိုင်ငံသို့ ရက်ပိုင်းအတွင်း သွားရောက်မည် ဖြစ်သည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် အဆိုပါအဖွဲ့တွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ ပါဝင်မည် ဖြစ်ကြောင်းနှင့် ယခုလ ၉ ရက်နေ့ ဝန်းကျင်တွင် သွားရောက်ရန် စီစဉ်ထားကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။



သုံးလကြာ စစ်ဆင်ရေး ပြုလုပ်မည့် တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးနှိမ်နင်းရေး အစီအစဉ် Enforcement Operation (မလေးရှားအခေါ် အော်ပရာစီ) ဟု အမည်ပေးထားသည့် ယင်းစစ်ဆင်ရေး တစ်ရပ်ကို စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်နေပြီဖြစ်ပြီး ၂၄ နာရီအတွင်း တရားမဝင် မြန်မာလုပ်သား ၅၅၅ ဦး အပါအဝင် နိုင်ငံခြားသား ၂၄၄၃ ဦးကို ဖမ်းဆီးထားပြီ ဖြစ်ကြောင်း မလေးရှား အခြေစိုက် The Star သတင်းစာက စက်တင်ဘာ ၂ ရက်နေ့တွင် ဖော်ပြထားသည်။

မလေးရှားနိုင်ငံသို့ တရားမဝင် နည်းလမ်းဖြင့် ဝင်ရောက်ကာ မြန်မာနိုင်ငံသား ဟု အမည်ခံထားသူများကိုလည်း သေချာစိစစ်သွားမည်ဖြစ်ပြီး အမှန်တကယ် မြန်မာနိုင်ငံသား ဖြစ်သူများအရေးကို ဖြေရှင်းပေးသွား မည် ဖြစ်ကြောင်း သမ္မတရုံးနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

“အဖမ်းခံထားရတဲ့ သူတိုင်းကို မြန်မာလို့ ပြောလိုက်ရင် နိုင်ငံသားအဖြစ် အသိအမှတ်ပြုရာ ရောက်သွားမယ်” ဟု ၎င်းကဆိုသည်။

မလေးရှားနိုင်ငံတွင် ကွာလာလမ်ပူ မြို့တော်၊ ပီနန်း၊ ဂျိုးဟိုး အစရှိနေရာများရှိ တရားမဝင် အလုပ်သမားအများစု ခိုအောင်းရာ နေရာများ၊ စက်ရုံများကို အဓိကထား စစ်ဆေးဖမ်းဆီးနေကြောင်း၊ အဖမ်းအဆီးများ ပြုလုပ်ရာတွင် မျက်နှာကြက်၊ ကြမ်းပြင်အောက်များတွင် ပုန်းနေသူများကိုပါ ရှာဖွေ ဖမ်းဆီးကြောင်း မလေးရှားရောက် မြန်မာများထံမှ သိရှိရသည်။

မြန်မာ ဈေးဆိုင်များရှိသည့် နေရာတွင် စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နေပြီး တရားဝင် အထောက်အထား ရှိသူများကို ချက်ချင်းပြန်လွှတ်ပေးကြောင်း ပီနန်းမြို့တွင် အလုပ်လုပ်ကိုင်သည့် မြန်မာလုပ်သားတစ်ဦးက ပြောကြားသည်။

“ဖမ်းဆီးတာတော့ မတွေ့ရသေးဘူး။ စာအုပ် (နိုင်ငံကူးလက်မှတ်) မရှိတဲ့ သူတွေကတော့ မအိပ်နိုင် မစားနိုင်ဖြစ်နေကြတယ်” ဟု စလန်ဂေါပြည်နယ် ဓမာဆာရာမြို့တွင် အလုပ်လုပ်ကိုင်နေသူတစ်ဦးက ပြောဆိုသည်။

ယခုနှစ်အကုန်ထိ တရားမဝင် နိုင်ငံခြားသား လေးသိန်းကို ဖမ်းဆီးသွားမည်ဖြစ်ပြီး ယင်းနိုင်ငံခြားသားများကို လက်ခံထားသည့် အလုပ်ရှင် ၄၅၀၀၀ ကို ဖမ်းဆီး အရေးယူနိုင်ရန် ရည်မှန်းထားကြောင်း မလေးရှား သတင်းများတွင် ဖော်ပြသည်။

“မြန်မာတွေ အပြင်မထွက်ရဲတော့ဘူး” ဟု ဆာလာဘန်းမြို့တွင် အလုပ်လုပ်ကိုင်နေသည့် ဦးပြည်ကျော်စိုးက ပြောကြားသည်။

အော်ပရာစီ စစ်ဆင်ရေးကို လူဝင်မှု ကြီးကြပ်ရေးက ဦးဆောင်မည်ဖြစ်ပြီး ရဲ၊ ပြည်သူ့စစ်၊ စစ်တပ်၊ အပါအဝင် အင်အား ၁၃၅,၀၀၀ ဦးဖြင့် ဖမ်းဆီးနှိမ်နင်းမည် မလေးရှားနိုင်ငံ သတင်းများတွင် ဖော်ပြသည်။

တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးနှိမ်နင်းသည့်အပြင် ၎င်းတို့ကို အကာအကွယ်ပေးသူ၊ အကူအညီပေးသူ၊ အလုပ်အကိုင် ပေးထားသူများကို ငွေဒဏ် ရင်းဂစ် ငါးသိန်းနှင့် ထောင်ဒဏ် ငါးနှစ်၊ ကြိမ်ဒဏ် ခြောက်ချက် သိုမဟုတ် ပြစ်မှုအားလုံးကို ချမှတ်နိုင်ကြောင်း The Star သတင်းဌာနတွင် ဖော်ပြထားသည်။
From:[_ _] 
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ