Sep 3, 2013

ဒီကေဘီအေ တပ်ဖွဲ့ဝင်တစ်ဦးကို ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်တွင် အစိုးရစစ်တပ်မှ ထိန်းသိမ်းထား

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် အခြေစိုက်သည့် ဒီမိုကရေစီကရင်အကျိုးပြု တပ်မတော်(ဒီကေဘီအေ)ဌာနချုပ် လက်အောက်ခံ အထူးစစ်ကြောင်းတပ်ဖွဲ့မှ ဒုဗိုလ် အဆင့်ရှိသူတစ်ဦးကို ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်ရှိ အစိုးရစစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဒီကေဘီအေက ယနေ့တွင် ပြောကြားလိုက်သည်။

မအူပင်မြို့နယ် အခြေစိုက် ခြေမြန်တပ်ရင်း(ခမရ-၂၇)မှ ဗိုလ်မှူးဝင်းအောင်က ဒီကေဘီအေမှ ဒုဗိုလ် စောမြစော ဆိုသူကို သြဂုတ်လ ၂၆ရက်နေ့က မအူပင်မြို့နယ်အတွင်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒီကေဘီအေ၏ အထူးစစ်ကြောင်းမှူး ဗိုလ်မှူးစောအေ၀မ်းက ကေအိုင်စီသို့ ပြောသည်။
သြဂုတ်လ ၂၁ရက်က စောမြစောသည် ဘုရားသုံးဆူမြို့မှ ၎င်း၏ ဇာတိ မြောင်းမြသို့ ပြန်သွားပြီးနောက် သြဂုတ်လ ၂၆ရက်နေ့တွင် အဖမ်းဆီးခံရကာ သက်ဆိုင်ရာ အစိုးရအာဏာပိုင် များက ပြန်လည် လွတ်ပေးမည်ဟု ပြောသော်လည်း ယခုထိ ပြန်လွတ်ပေးခြင်းမရှိသေးကြောင်း ဒီကေဘီအေက ဆိုသည်။

ဘုရားသုံးဆူမြို့ရှိ အမည်မဖော်လိုသူ အစိုးရနှင့် နီးစပ်သူတစ်ဦးက “သူ့(စောမြစော)ဆီကနေ ကျည်ဆံ နှစ်ထောင့်တွေ့လို့ အဲလိုထိန်းသိမ်းထားလိုက်တာလို့ ကျနော်တို့ကြားရတယ်။ ပြန်လွတ်ပေးဖို့တော့ အစီအစဉ် ရှိတယ်။ ဘယ်နေ့ဘယ်ရက်မှာ ပြန်လွတ်ပေးမယ်ဆိုတာတော့ ပြောလို့ မရပါဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

ဘုရားသုံးဆူမြို့ရှိ အစိုးရနှင့် ဒီကေဘီအေအကြား နှစ်ဖက်ဆက်သွယ်ရေးကိစ္စအတွက် ထားရှိသည့် စစ်ဖက်ရေး ရာ လုံခြုံရေးအဖွဲ့(စရဖ) တာဝန်ရှိသူနှင့် ယမန်နေ့က တွေ့ဆုံခဲ့သလို ယနေ့နံနက် ၈နာရီခန့်၌ လည်း တွေ့ဆုံပြီး စောမြစော ပြန်လည်လွတ်မြောက်ရေးအတွက် ဆက်သွယ်ပေးရန် ပြောဆိုထားသည်ဟု ဗိုလ်မှူး စောအေ၀မ်းက ပြောဆိုသည်။

ဗိုလ်မှူးစောအေ၀မ်းက “စရဖနဲ့ ကျနော်တွေ့တဲ့အခါ ကျနော့်လူကို လွတ်ပေးဖို့ (ခမရ-၂၇)နဲ့ ဆက်သွယ်ပေး ဖို့ ပြောတယ်။ လွတ်ပေးမယ်ဆိုရင်လည်း အချိန်အတိအကျ ပြောဖို့ပေါ့နော်”ဟု ရှင်းပြသည်။ လက်ရှိ စောမြေစော အဖမ်းခံရခြင်းနှင့် ပတ်သက်၍ ဒီကေဘီအေဌာနချုပ်ရှိ ခေါင်းဆောင်အချို့အပါအ၀င် ဗိုလ်ချုပ် စောလားပွယ်သို့ အသိပေးအကြောင်းကြားထားသည်ဟု ဗိုလ်မှူး စောအေ၀မ်းက ပြောသည်။

From:[_စောခါးစူးညား (ကေအိုင်စီ)_]
 (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ