Sep 3, 2013
"သွားဘက်ဆိုင်ရာ ကထိကတစ်ဦး ရန်ကင်း၌ ကြိုးဆွဲချသေဆုံး"
ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်၌ စက်တင်ဘာ ၁ ရက်က သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်မှ ကထိကတစ်ဦးမှာ မိမိကိုယ်မိမိ အဆုံးစီရင်မှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။
စက်တင်ဘာ ၁ ရက် ည ၁၀ နာရီခန့်တွင် ရန်ကင်းမြို့နယ်မှ ဒုရဲအုပ်မျိုးကိုကို တာဝန်မှူးအဖြစ် ဆောင်ရွက်နေစဉ် လူတစ်ဦးကြိုးဆွဲချသေဆုံးနေကြောင်း သတင်းအရ ဒုရဲမှူးဇော်ဇော်နှင့်အတူ သက်သေများပါဝင်သောအဖွဲ့က သွားရောက် စစ်ဆေးခဲ့သည်။
 သေဆုံးသူသည် သင်္ဃန်းကျွန်းမြို့နယ်ရှိ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၏ သွားအတုဆေးပညာဌာနမှ အသက် (၅၂)နှစ် အရွယ်ရှိ ဒေါက်တာဌေးမြင့်ဦးဆိုသူဖြစ်ပြီး အဆိုပါတက္ကသိုလ်တွင် ကထိကအဖြစ် လုပ်ကိုင်နေသူတစ်ဦးလည်းဖြစ်သည်
 ရန်ကင်းမြို့နယ်ရှိ နေအိမ်တိုက်ခန်း၏ ရေချိုးခန်းအတွင်းအမြင့် ရှစ် ပေခန့်ရှိသော ထုပ်တန်းမှ လုံးပတ် ငါးမူးလုံးခန့်ရှိသော အစိမ်းရောင်နိုင်လွန်ကြိုးကို ချည်၍လည်ပင်းတွင် ကွင်းလျှောချည်နှောင်ကာ သေဆုံးနေခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ဝင်များ၏ စစ်ဆေး တွေ့ရှိချက်အရ သိရသည်။
“ဆရာက စိတ်ကျရောဂါဝင်နေတာလို့ ပြောသံကြားရတာကြာပြ။ီ ဟုတ် မဟုတ်မသိပေမယ့် ဒီလောက်အထိလုပ်မယ်လို့ မထင်မိဘူး”ဟု သေဆုံးသူ၏ တပည့်ဟောင်းတစ်ဦးက မှတ်ချက်ပြုသည်။
သေဆုံးသူ၌ ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရသောကြောင့် အလောင်းအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ခဲ့ရာ ပီအာရ် ၀၀၄ ဖြင့်လက်ခံထားရှိပြီး ရန်ကင်းမြို့နယ် ရဲစခန်းက သေမှုသေခင်းဖွင့် င့်လှစ်ကာ စစ်ဆေးလျက်ရှိသည်။
 ဇော်မျိုးဦး(မြစ်မခ) /မြန်မာခရိုနီကယ်
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF
0 ယောက် ဆွေးနွေးခဲ့တယ်:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။
သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ
ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း
Latest Videos
88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ