Sep 2, 2013

အစိုးရက ပြည်သူတွေကို တကယ်ရော စေတနာထား နေပါသလား

သြစတျေးလျမှာ အလုပ်ရှိရင် အိမ်ဝယ်လို့ ရတယ်။အလုပ် (၆) လပဲလုပ်။ ဘဏ်ကငွေချေး၊စပေါ်ငွေက တစ်သောင်းခွဲလောက်ရှိရင်လစာပေါ်မှုတည်ပြီး အိမ်ဝယ်လို့ ရပြီ။နှစ်ပေါင်း ၂၅-နှစ် သုံးဆယ်လောက် လစဉ်ပုံမှန်ဆပ်ရင် အိမ်ပိုင်ယာပိုင်ဖြစ်ပြီ။လင်မယားနှစ်ယောက်အလုပ်လုပ်ရင် အိမ်ကောင်းကောင်းရမယ်။
အလုပ်သမားတိုင်း ဒေါ်လာသုံးသိန်းတန်အိမ်တော့ ၀ယ်နိုင်အောင်လုပ်ထားတယ်။

သြစတျေးလျပုံစံလိုအမေရိကန်နိုင်ငံ၊ နော်ဝေ စတဲ့နိုင်ငံတွေအပြင်အာရှတိုက်က နိုင်ငံအချို့ မှာလည်း ဒီပုံစံအတိုင်းအလုပ်သမားတိုင်း၊ ၀န်ထမ်းတိုင်း အိမ်ပိုင်ယာပိုင်ဖြစ်ပါတယ်။ကျနော်တို့ နိုင်ငံမှာတော့ ဒီစနစ်မရှိသေးဘူး။ဘာဖြစ်လို့ မရှိတာလဲမသိဘူး။စက်ရုံဝန်ထမ်းကစလို့ ၊ စစ်သားအဆုံး အလုပ်ပုံမှန်ရှိရင် အိမ်ကိုအကြွေးနဲ့ ဝယ်လို့ ရအောင် အစိုးရက လုပ်ပေးလို့ နိုင်ရဲ့ သားနဲ့ မလုပ်တာက အစိုးရရဲ့ အပြစ်ပါ။

လူမှာ နေစရာ၊ စားစရာနဲ့ အ၀တ်အစား က အဓိကကြတယ်။ဒီတော့ အိမ်ပိုင်ယာပိုင်ဖြစ်အောင်အလုပ်သမားတိုင်း၊၀န်ထမ်းတိုင်းမတောင်းဆိုသင့်ဘူးလား။ဆန္ဒပြမပြသင့်ဘူးလား။မြန်မာနိုင်ငံမှာ မြေလွတ်တွေအများကြီးရှိတယ်၊ ဈေးတော်တဲ့
အိမ်ယာစီမံကိန်းတွေဆောက်ပြီး ၀န်ထမ်းတွေနဲ့ အောက်ခြေအလုပ်သမားတွေအတွက် လုပ်ပေးနိုင်မယ်ဆိုရင် ဆင်းရဲမှု့ တိုက်ဖျက်ရေး က တစ်စိတ်တစ်ပိုင်းအောင်မြင်လိမ့်မယ်လို့ ထင်တယ်။

လက်ပံတောင်းတောင်၊ မြေသိမ်းယာသိမ်း၊အလုပ်သမားအခွင့်အရေးစတဲ့ဟာတွေကို ဆန္ဒထုတ်ဖော်တာထက်အလုပ်ရှိတဲ့လူတိုင်း အိမ်ကိုအကြွေးနဲ့ ဝယ်ခွင့်ရှိရေးကိုလည်း တောင်းဆိုသင့်တယ်ထင်တယ်။

(Tawwat Wat)

  (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

4 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ပြသနာက အစိုးရက လူထုကိုမယုံဘူးလေ။ ယုံကြည်စရာလည်းသိပ်မရှိပါဘူး။
အစိုးရက ဆင်းရဲမွဲတေမှုပပျောက်အောင် ဆိုပြီး ငွေချေးတာ ။ လူတွေရဲ့
စိတ်က အချောင်၇တုန်းယူထားမှ နောက်အစိုးရကလျှော်ပြစ်၇င် ငါတို့အချောင်၇မှာဆိုတဲ့စိတ်ရှိတဲ့သူတွေ၊ ပြီးတော့ ငါတော့အစိုးရဆီကချေးပြီးပြီ။ ငါဆီမှာပြန်လာတောင်းလို့ကတော့ တောင်းတဲ့သူသေဖို့သာပြင်ထားဆိုတဲ့သူတွေအများကြီးဘဲရှိတယ်လေ။ တချို့လည်း ပြန်ပေးချင်တဲ့စိတ်ရှိတဲ့သူတွေ
လည်းရှိမှာပါ။ နည်းတော့နည်းတယ်။ဒါကြောင့်လည်း အစိုးရက ဒီအစီအစဉ်ကိုမလုပ်သေးတာနေမှာပေါ့။

Anonymous said...

ဒီမှာကအလောင်းကစားသမားသိပ်များတယ်စည်းကမ်းမရှိလောင်ကြတယ်
သူများနိုင်ငံတွေကဝင်ငွေနဲ့တွက်ပြီးမှလောင်းခွင့်ပြုတယ်ဒီမှကအဲဒါမျိုးမရှိဘူး
တစ်ချို့ကြွေးယူပြီးလောင်းတယ်အစိုးရကငွေချေးပေးတာတွေရှိတယ်ဒါပေမဲ့
လူနည်းစုပဲကောင်းကောင်းအလုပ်လုပ်ပြီးကြွေးပြန်ဆပ်နိုင်တယ်လူများစုကတော့
အလောင်းကစားထဲမှာပဲနစ်နေတော့ကြွေးပြန်မဆပ်နိုင်ဘူးအဲဒီတော့အစိုးရရောမှာ
ကိုယ်ဆိုရင်ဒီလူတွေကိုဘယ်လိုဆက်ဆံမလဲကိုယ်ချင်းစာကြည့်ပေါ့
အခုကိုကျောက်ခဲတို့ပြောထားတာကကောင်းပါတယ်တော်ကြာအလောင်းအစားနွံနစ်ပြီး
သတ်မှတ်ငွေကိုမှန်မှန်မပေးတဲ့သူတွေအိမ်ပေါ်ကဆွဲချရင်တော့ဖြစ်မလား
လူ့အခွင့်အရေးအကြောင်းပြပြီးအော်ချင်တဲ့သူတွေကအများသားနဲ့
ပြည်သူသာတစ်ကယ်ရိုးသားရင်အစိုးရကလဲတစ်ကယ်ကူညီမယ်ဆိုတာယုံကြည်ပါ
ဝင်ငွေနဲ့ထွက်ငွေကိုတွက်ချက်ပြီးမှလောင်းကစားတတ်သောအကျင့်ကိုအရင်မွေးမြူ
ရမည် ကိုယ့်အပစ်ကိုမြင်အောင်မကြည့်တတ်သောသူများ
သည်အမြဲတမ်းကယ်တင်ရှင်ကိုရှာနေတတ်ပြီးမည်သည့်အစိုးရတက်သည်ဖြစ်စေထိုင်ဆဲ
နေတတ်ကြသည် အမှန်ရှိသောကယ်တင်ရှင်မှာမိမိတို့ကိုယ်တိုင်ပင်
ဖြစ်သည် အမျိုးသားရေးကိုဦးစားပေးသောမျိုးချစ်စိတ်ပြင်းသူများ
သည်သာမြန်မာနိုင်ငံ၏သမ္မတနေရာကိုရနိုင်ကြပါစေ

Anonymous said...

Have you ever been to USA? Do you really know how to pay mortgage for 30 years. Do you believe that you will own the house ? It is nothing concern with government. Do not blame on government. It is only deal with bank. Have you ever heard the word foreclosure. Do you know what is the credit score? Do you know what is the credit score to eligible for mortgage? Do you know what is the interest of mortgage? You are only kid. You know nothing.

Anonymous said...

နောက်ထပ်နှစ်၅၀ ထပ်စောင့်ပါ။စစ်သားမိန်းမမုဆိုးမ တွေ

တောင် ခံစားခွင့် မရတာ။ ပြည်သူအတွက်ဆို ဦးနှောက်

ထဲရှိမှာ မဟုတ်။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ