Sep 3, 2013

ဘင်္ဂါလီလူမျိုး (၃)ဦးအား AK-47 မောင်းပြန်ရိုင်ဖယ် တစ်လက်၊ ကျည်အတောင့် (၂၀၊ ကျည်ကပ် (၂)ခုနှင့် အတူ ဖမ်းဆီးရမိ

 မြိတ်ဆိပ်ကမ်းမှ ရေကြောင်းပြမီးများ ထွန်းထားခြင်း မရှိဘဲ ပင်လယ်ပြင်ဘက်သို့ စက်တင်ဘာလ (၁) ရက် ည (၁၁း၅၀)နာရီအချိန်ခန့်တွင် မောင်းနှင်လျက်ရှိသော မသင်္ကာဖွယ်လှေတစ်စီးကို တနင်္သာရီရေတပ်စခန်းဌာနချုပ်မှ မြိတ်ရေပြင်တွင် လုံခြုံရေးနှင့် ပိတ်ဆို့ရေးတာဝန်ထမ်းဆောင်လျက် ရှိသော ကမ်းခြေစောင့် တိုက်ရေယာဉ် (၄၀၃)မှ မီးအချက်ပြခေါ်ယူ၍ စစ်ဆေးခဲ့ရာ "ကောင်းမြတ်ဟင်္သာ" အမည်ရှိ တရားမ၀င်ကုန်လှေဖြစ်၍ ရေယာဉ်လိုင်စင်မှာ ၂၀၁၃ခုနှစ် ဧပြီလတွင် သက်တမ်းကုန် ဆုံးလျက် ရှိပြီး ရေယာဉ်စက်မကြီးနှင့် စက်လိုင်စင်ပါအချက်များမှာ ကွဲလွဲလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါလှေအား ကမ်းခြေစောင့်တိုက်ရေယာဉ် (၄၀၃)မှ ဗိုလ်မှူး မျိုးထက်ဝင်းနှင့် တပ်ဖွဲ့ဝင်များက အသေးစိတ်စစ်ဆေးခဲ့ကြရာရေယာဉ်၏ စက်ခန်းအတွင်းပုန်းအောင်းလျက်ရှိ သော ဘင်္ဂါလီလူမျိုး (၃)ဦး အား AK-47 မောင်းပြန်ရိုင်ဖယ်တစ်လက်၊ ကျည်အတောင့် (၂၀)ပါ ကျည်ကပ် (၁)ခုနှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။ တရားခံများ၏ ထွက်ဆိုချက်အရ လှေပိုင်ရှင်မှာ မြိတ်မြို့ ကန်ဖျားရပ်ကွက်နေ ဦးနိုင်စိုက်ချမ်း (မွန်ပြည်သစ် ပါတီခွဲထွက် အလင်းဝင်) ဆိုသူဖြစ်ပြီး ၄င်းမှ ကော့သောင်းမြို့နေ ဦးဆန်းဦး ဆိုသူအား လွန်ခဲ့သော (၅)လခန့် က ငှားရမ်းထားခြင်းဖြစ်ကြောင်း သိရှိရသည်။

၎င်းလှေ၏ ပဲ့နင်းဖြစ်သူ ဦးမောင်ထွန်းနှင့် ဘင်္ဂါလီ (၃)ဦးအား စစ်ဆေးမေးမြန်းရာ ဘင်္ဂါလီလူမျိုးများအား (၁)ဦးလျှင် ထိုင်းဘတ် (၅၀၀၀) ဖြင့် ဘင်္ဂလားဒေရှ့်နိုင်ငံမှ မြန်မာ့ရေပိုင်နက်ကိုဖြတ်သန်း၍ ထိုင်းနိုင်ငံ ရှမ်းကျွန်းမဲသို့ သွားရောက်မည်ဖြစ်ကြောင်း၊ ဦးနိုင်စိုက်ချမ်းမှ AK-47 မောင်းပြန်ရိုင်ဖယ်တစ်လက်၊ ကျည်အတောင့် (၂၀)ပါ ကျည်ကပ် (၂)ခုအား ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ဖမ်းဆီးရမိသော တရားခံများအား စစ်ရေယာဉ် (၄၀၃) တွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ဖမ်းမိလှေအား စစ်ရေယာဉ် အနီး တွင် ကျောက်ချရပ်နားစေကာ အသေးစိတ် စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
မြိတ်ပုလဲမြေ
(မောင်ကျောက်ခဲ အဖွဲ့)

Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ