Mar 3, 2012

ရင်ထဲကို စူးနင့်စေသော ဓါတ်ပုံတစ်ပုံ


ရေခဲကမ္ဘာတဲ့..မြန်မာနိုင်ငံလို နေရာအတွက် ထူးဆန်းတယ်..ရှိသင့်တယ်..ဒီထက်ကြီးကျယ်သင့်တယ်..အားပေးတယ်ဗျာ..။

ဒီဓါတ်ပုံလေးကို ကြည့်ပြီး အတွေးတွေဝင်လာတယ်..မပြောပြတတ်ဘူး..ပြောစရာ စကားလုံး
တွေ ထွက်မလာဘူး..ဘာရယ်တော့ မသိဘူး..
ဒီသီလရှင်လေးတွေ ကြည့်ရတာ ရင်ထဲမှာ တကယ်မကောင်းဘူး..ဆို့နင့်လာတယ်..။
သူတို့ မျက်လုံးတွေက ဘာကိုကြည့်နေတာလဲ..။
သူတို့ ဘာကို .....
သူတို့ ဘာဖြစ်ချင်နေကြတာလဲ..။
သူတို့ ဘာကိုတောင့်တနေတာလဲ..။
သူတို့အရွှယ်လေးတွေနဲ့ သာသနာ့ဘောင်ထဲရောက်ပေမဲ့ ကလေးစိတ်မကုန်သေးဘူးဆိုတာ
သိနေတယ်..သူတို့လည်း လောကီဘုံသားကလေးတွေလို အဲဒီအဆောက်အအုံထဲကို
ဝင်ပြီး စူးစမ်းချင်တာလား..
သူတို့လည်း ဝင်ချင်နေတာလား..ဝင်ချင်နေတာတော့ သေချာတယ်..
ဝင်ကြေးမြင့်တယ်..မြင့်မှာပေါ့..ဆောက်လုပ်မှူ တက္ကနစ်နဲ့တော့ ဈေးချိန်ညှိထားတာပဲ..
သူတန်ရာပြန်ယူတာပဲ..ဈေးသင့်ပါတယ်..
ကျွန်တော်တို့ ဒီ ပုံလေးတွေ့တော့ ရင်ထဲမှာ ဘာဖြစ်သွားမှန်းမသိဘူး..အားလုံးရင်ထဲမှာ
မတိုင်ပင်ထားတဲ့ နာမည်တပ်လို့မရတဲ့ ခံစားမှူတစ်ခု တစ်ဖွဲ့လုံးဆီ ကူးစက်လာတယ်..
ခေါင်းစဉ်မရှိဘူး..နိဒါန်း စာကိုယ် နိဂုံး တစ်ခုမှ မရှိဘူး...စကားလုံးဝေါဟာရတွေနဲ့
သဒ္ဒ့ါကျကျ စီစဉ်ထားတဲ့ ရေးသားနိုင်မှူ ပေါ်မလာဘူး...
ဘာလဲ...
ဘာလို့ လဲ..
သူတို့ ဘာဖြစ်နေတာလဲ..
သူတို့ ဘာကိုတောင့်တနေတာလဲ..
သူတို့ ဘာတွေပြောချင်နေတာလဲ..
သူတို့ ဘာကြောင့် ဒီလို ရပ်နေတာလဲ..
ဒီဓါတ်ပုံတစ်ခုထဲနဲ့ ကျွန်တော်တို့ ရက်ပေါင်းများစွာ ခံစားခဲ့ရတယ်..
အခုထိလည်း နင့်နေအောင် ခံစားနေရတုန်းပဲ..
ပြန်ကြည့်တိုင်း ရင်ထဲမှာဆို့နင့်မှူတစ်ခုကလွှဲလို့ ...သူတို့ရဲ့ အဲဒီနေရာမှာ မတ်တပ်ရပ်ပြီးငေး
မောမှူနဲ့ သူတို့ရဲ့ဆိုလိုရင်းတွေကို အဖြေမထုတ်တတ်ဘူး..
ကျွန်တော်တို့ ရင်ထဲ အလိုလိုရောက်လာတဲ့ ဆို့နင့်မှူခံစားချက် က ဘာကြောင့်အဲလိုဖြစ်တာလဲ...
ဘာကြောင့်...ဘာကြောင့်...ဘာကြောင့်...ဆိုတဲ့မေးခွန်းနဲ့ ကျွန်တော်တို့ ၅ ရက်လုံးလုံး အဖြေ
ရှာမတွေ့ခဲ့ဘူး..။
ခုလည်း ကြည့်တိုင်း ရင်ထဲ ဆို့တတ်လာဆဲပါပဲ..။

မောင်ကျောက်ခဲအဖွဲ့ဝိုင်းတော်သားများ
Readmore »

Feb 27, 2012

မဲလိမ်ရင် ထောင်ဒဏ် ငွေဒဏ် ချမယ်

ရွေးကောက်ပွဲ မဲပေးပိုင်ခွင့်တို့တွင် မလျှော်သြဇာသုံးခြင်း မပြုနိုင်ရန် လိမ်လည်ခြင်း ပြုလုပ်ပါက ထောင်ဒဏ် ငွေဒဏ် ချခံရနိုင်

မည်သူမဆို ရွေးကောက်ပွဲများတွင် ပုဂ္ဂိုလ်တစ်ဦး၏ ဆန္ဒမဲပေးပိုင် ခွင့်နှင့် ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်တို့ကို ကျင့်သုံးခြင်း မပြုနိုင်စေရန် အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မလျော်သြဇာ သုံးခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ လာဘ်ပေးခြင်း သို့မဟုတ် လာဘ်ယူခြင်းကို ပြုလုပ်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်း ခံရပါက ထောင်ဒဏ်၊ ငွေဒဏ်ချမှတ် ခံရနိုင်ကြောင်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများတွင် ပြဋ္ဌာန်းထားချက်အရ သိရသည်။



မည်သူမဆို ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးကို မတရားသဖြင့် ရရှိစေရန်သော် လည်းကောင်း၊ ယင်းအခွင့်အရေးကို ရရှိခဲ့ခြင်းအတွက် ကျေးဇူးတုံ့ပြန်သည့် အနေဖြင့် သော်လည်းကောင်း ငွေ၊ ပစ္စည်း၊ အစားအသောက်၊ ရာထူး၊ အလုပ်အကိုင် နေရာပြောင်းရွှေ့မှု သို့မဟုတ် အခြားအခွင့်အရေး တစ်ခုခုကို အသုံးပြုလျက် လာဘ်ပေးခြင်း သို့မဟုတ် လာဘ်ယူခြင်း၊ ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးကို လွတ်လပ်စွာ မကျင့်သုံးနိုင်စေရန်
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း (၁၃) ရွေးကောက်ပွဲ ဆိုင်ရာပြစ်မှုများနှင့် ပြစ်ဒဏ်များပါ ပုဒ်မ ၅၇ တွင် “မည်သူမဆို ရွေးကောက်ပွဲများတွင် ပုဂ္ဂိုလ်တစ်ဦး၏ ဆန္ဒမဲ ပေးပိုင်ခွင့်နှင့် ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်တို့ကို ကျင့်သုံးခြင်း မပြုနိုင်စေရန် အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မလျော်သြဇာသုံးခြင်း၊ လိမ်လည်လှည့်ဖျားခြင်း၊ လာဘ်ပေးခြင်း သို့မဟုတ် လာဘ်ယူခြင်းကို ပြုလုပ်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်” ဟူ၍ပြဋ္ဌာန်းထားသည်။


ထို့ပြင် ပုဒ်မ ၅၈(က)(ခ)တွင် “မည်သူမဆို ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးကို မတရားသဖြင့် ရရှိစေရန်သော် လည်းကောင်း၊ ယင်း အခွင့်အရေးကို ရရှိခဲ့ခြင်းအတွက် ကျေးဇူးတုံ့ပြန်သည့် အနေဖြင့် သော်လည်းကောင်း ငွေ၊ ပစ္စည်း၊ အစားအသောက်၊ ရာထူး၊ အလုပ်အကိုင် နေရာပြောင်းရွှေ့မှု သို့မဟုတ် အခြားအခွင့်အရေးတစ်ခုခုကို အသုံးပြုလျက် လာဘ်ပေးခြင်း သို့မဟုတ် လာဘ်ယူခြင်း၊ ရွေးကောက်မှု ဆိုင်ရာအခွင့်အရေးကို လွတ်လပ်စွာ မကျင့်သုံးနိုင်စေရန် လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးဦးကို သော်လည်းကောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တစ်ဦးဦးကို သော်လည်းကောင်း ခြိမ်းခြောက်ခြင်း ပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း သို့မဟုတ် ကျူးလွန်ရန် အားပေးကူညီကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူအား တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်” ဟူ၍ ပြဋ္ဌာန်းထားသည်။

အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေနှင့် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲ ဥပဒေတို့တွင် ပါဝင်သော ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် ပြစ်ဒဏ်များ အခန်း၌ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေတွင် ပြဋ္ဌာန်း ထားသော ပြစ်မှုများ နှင့် ပြစ်ဒဏ်များ ကဲ့သို့ပင် ပြဋ္ဌာန်းထားသည်။
________________________________________________________________
 မောင်ကျောက်ခဲအဖွဲ့ ဝိုင်းတော်သားများ
Readmore »

DKBA သို့ သိမ်းယူထားသော လက်နက်များ အစိုးရမှတဆင့် ပြန်လည် အပ်နှံလိုက်ပြီ

ယခင် ရက်သတ္တပတ်က ဖြစ်ပွါးသော မြိုင်ကြီးငူဒေသ အခြေစိုက် BGF တပ်ရင်းတစ်ခုသည် DKBA မှ လက်နက်များ သိမ်းယူမှူကြောင့် အစိုးရ နှင့် ချူပ်ဆိုထားသော အပစ်အခတ်ရပ်ဆဲရေး
စာချူပ်အပေါ် သံသယ ဝင်လာပြီး ၄င်းတို့ ဘက်က ဖျက်သိမ်းကြောင်း DKBA မှ ကြေငြာခဲ့ပါတယ်။
ယခု အခါ အစိုးရ၏  ပြည်တွင်းငြိမ်းချမ်းရေးကို တကယ်လက်တွေ့ ဖော်ဆောင် နေသော စေတနာဖြင့်
ကြီးထွားလာမည့် ထိုပြဿနာအား ကြားဝင်စေ့စပ်ပြီး လက်နက်များ ပြန်လည်ပေးခြင်းဖြင့် DKBA အား
အစိုးရသည် ငြိမ်းချမ်းရေးကို တကယ်လိုလားနေကြောင်း သက်သေ ပြသလိုက်ပြီ ဖြစ်ပါတယ်။

နယ်ခြားစောင့်တပ်များနှင့် DKBA တပ်များ အကြားဖြစ်ပွါးသော လက်နက်သိမ်းယူမှူ ကိစ္စရပ်အား
ယခုအခါ အစိုးရ ကြားဝင်စေ့စပ်မှူနှင့် BGF မှ သိမ်းယူထားသော DKBA ၏ လက်နက် ၃၂ လက်ကို
သောကြာနေ့ မွန်းလွှဲပိုင်းက ပြန်လည် ပေးအပ်လိုက်ပြီ ဖြစ်ပါတယ်။

ထို့ကြောင့် DKBA အနေဖြင့် ချူပ်ဆိုထားသော စာချူပ်အား အသက်ဝင်နေသေးတယ် ဟူသော အပြောဖြင့်သာ မဟုတ်ပဲ ယခင်ရက်သတ္တပတ်က စာချူပ်ကို ဖျက်သိမ်း
သည်ဟု ကြေငြာစဉ်ကလို ပြန်လည် ကြေငြာပေးလျှင် ပိုကောင်းမွန်မည်ဟု ထင်မိပါသည်။



အစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေး အစီအစဉ်အတိုင်းဖော်ဆောင်ရာတွင် KIA နှင့် အပြီးသတ်အထိ ညှိနှိုင်း
ရန် ကျန်ရှိနေပါသေးသည်။
ပြည်တွင်းငြိမ်းချမ်းမှူ မရှိခြင်းသည် ရှေ့ဆက်ရမည့်လမ်းအတွက် ကြီးမားသော ခလုတ်ကန်သင်း ဖြစ်သည်
ကို အားလုံး သိရှိလင့်ပေသော်ငြားလည်း  ငြိမ်းချမ်းရေး ဟူသော စကားရပ်အောက်သို့ အဘယ့်ကြောင့် အ
လုံးစုံ ဝင်ရောက်ရန် ရှောင်ဖယ်နေကြပါသနည်း။တိုင်းရင်းသား လက်နက်ကိုင်များအကြား စွဲမှတ်နေသော
ဗမာ ဆန့်ကျင်ရေး ဗမာ မုန်းတီးရေး သည် အဘယ့်ကြောင့် ယခုအချိန်ထိ လက်စွဲထားပါသေးသနည်း။
တိုင်းရင်းသား ဟူသော စကားရပ်တွင် ဗမာသည်လည်း တိုင်းရင်းသား ပင်ဖြစ်သည်။မိမိတို့သည် ညီအကိုချင်း
ပြန်လည်တိုက်ခိုက်နေကြပါသည်။ထိုသို့တိုက်ခိုက်မှူ နောက်ဝယ်တွင် မည်သူများ အမြတ်ရရှိနေပါသနည်း။
ထိုအချင်းအရာကို တိုင်းရင်းသား လက်နက်ကိုင်များ ပိုမိုသိရှိပါသည်။
တိုင်းရင်းသားများ အမြန်ဆုံး ငြိမ်းချမ်းရေး ရရှိစေလိုပါသည်။ပူးပေါင်းဆောင်ရွှက်ကြစေလိုပါသည်။


ကျွန်ုပ်တို့ ကိုယ်တွင်းမှ သွေးများသည် ညီအကိုချင်း ဖြန်းပက်ရန် ဖောက်ထုတ်ရန် မဟုတ်စေလိုပါ
ထိုသွေးများဖြင့် အနာဂတ်ပြည်ပရန်တံတိုင်းများကို ခိုင်မာစေရန် သွန်းလောင်းစေချင်ပါသည်.
ကျွန်ုပ်တို့ ညီအကိုချင်း မတည့်မှူကြောင့် ကျခဲ့သောသွေးများ ကျဆုံးခဲ့သော နှစ်ဘက် စစ်သည်များ၏ 
 ခန္ဓာကိုယ်မှ ဖြစ်သော မြေသြဇာများကို အနာဂတ် နိုင်ငံတော်အတွက် အသုံးဝင်သော ကောက်ပင်သီးနှံ
များဖြင့် ကြွယ်ဝစေလိုပါသည်။

ညီအကိုများ ညီညွှတ်စွာဖြင့် ငြိမ်းချမ်းရေးဟူသော အရိပ်အောက်သို့ အားလုံး လက်တွဲညီစွာ ရောက်ရှိစေလိုကြောင်း ပန်ကြားအပ်ပါသည်။

Readmore »

Feb 25, 2012

အမြင်နဲ့ လက်တွေ့ ဘယ်လိုကွာခြားသလဲ မိဒေါင်းရယ်

Readmore »

မြန်မာနိုင်ငံဝယ် အသားမဲသူတိုင်း ဆင်းရဲကြသည်(ပေးစာ)

မြန်မာနိုင်ငံရဲ့ ဆင်းရဲချမ်းသာ ကွာဟမှူ စံနှူန်းကို သိချင်ပါသလား ။
ဖေ့ဘုတ်ရှိ ပြင်ညာယှိ တစ်ဦးမှ အောက်ပါအတိုင်း ခွဲခြားလိုက်လေသည် ။
အသားဖြူသော သူများ ချမ်းသာပြီး အသားမည်း သော သူများ ဆင်းရဲကြလေသည် ။
အိုဘယ့်  -  သုံးသပ်သူမိတ်ဆွေရယ် ။
ဘာကြောင့်များ ဒီကလို မှတ်ချက်ချ လိုက်ပါဘိနှယ် ။
အသားမည်း တဲ့ မြန်မာတွေ ချမ်းသာ နေတာ မတွေ့ဖူးရောလား ၊။
ကျူပ်တို့ရွှာ  အညာ က ဦးမဲကြီး ဆိုရင် ဆီစက် ၃လုံး ဒိုင်နာ ၂စီး လယ်တွေကိုမှနည်းတာ မဟုတ်
ဘူး။ မဲတာကမှ ကုလားတောင် အဘ ခေါ်ရသေးသဗျ။
အော် စာများများဖတ်ပြီး အတွေးအခေါ် သုံးသပ်မှူကောင်းအောင် လေ့ကျင့်လိုက်ပါဗျာ လို့ 
အဆိုပါ ပြင်ယှာရှိ ကို ပြောလိုက်ပါရစေ ။




( ဝင်းအောင် )
 ____________________________________________________________________
ကဲ..စာဖတ်သူတွေရေ
အဲဒီလို အတွေးအခေါ်နဲ့ လူတွေပဲ တယောက်သော သူကြီးကို ခယ ဝိုင်းနေတာတော့
ဟင်း..............လို့သာ သက်ပြင်းရှည်သာ ချလိုက်ပါတော့သည်..။
မောင်ကျောက်ခဲအဖွဲ့ဝိုင်းတော်သားများ
___________________________________________________________________
Readmore »

Feb 23, 2012

ဒေါ်စုနဲ့ စည်းကမ်းမရှိတဲ့ NLD တွေ သတိထားစေဖို့ ရေးလိုက်တယ်

ဖေဖော်ဝါရီ ၁၇ ရက်နေ့က စည်းကမ်းမရှိတဲ့ NLD အတွက် သတိပေးစာ
အော်..လေတစ်လုံး မိုးတစ်လုံးနဲ့  ထင်ရာ စိုင်းနေတဲ့ NLD တွေ စည်းမရှိ ကမ်းမရှိ လုပ်နေတော့လည်း ရွေးကောက်ပွဲ ကော်မရှင်ကတောင်
သတိပေးစာ တစ်စောင် ထုတ်ပြန်ရတဲ့ အထိကို ပါပဲလားနော်...။
ပြောရရင်ဖြင့် အဘက်ဘက်က NLD ကို ပိတ်ပင်နေတယ် နှောင့်ယှက်နေပါတယ် ဆိုတဲ့ အသံတွေ နဲ့ကြားကောင်းအောင် အော်တတ်တဲ့
လုပ်စား ပြစား တွေအတွက် သတိေ ပးစာလေးကို ScreenShot ယူပြီး တင်ပေး လိုက်ပြီနော်..။
ထမင်းစားပြီး ကြီးတာ ဆိုရင်တော့ အကျိုးသင့် အကြောင်းသင့် ပြောနေတာကို လူလို သဘောပေါက်ဖို့ ကောင်းတယ်နော်..။


ကဲ..ပြောစမ်းပါအုံး ရှင်းစမ်းပါအုံး..
ဘယ့်နှယ် .. ပြည်ထောင်စုနေ့ အကြောင်းပြပြီး ဆီထမင်းရောင်းလို့  ပါတီ စတေကာတွေ ရင်ထိုးတွေကို ပါတီ ရံပုံငွေ ဆိုပြီး လုပ်ရောင်း
သေးတယ်..ဖေဖေက ပြောတယ်နဲ့ မိုက်ခဲ တပည့်တွေက ပြည်ထောင်စုနေ့ အကြောင်းပြလို့ ပါတီရံပုံငွေ နာမည်တပ် လုပ်စားသေးတယ်
။ပြောလိုက်ရင်တော့ ..သူတို့ ပါတီလောက် ကမ္ဘာပေါ်မှာ အနစ်နာခံတာ အလုပ်လုပ်ပြတာ မရှိဘူး..။
ဈေးရောင်း ရုံနဲ့တောင် မဟုတ်သေးဘူး..လက်ကမ်း စာစောင်တွေကို ဖြစ်သလိုထုတ်ပြီး လိုက်ဝေ သေးသတဲ့..။စည်းကမ်း ရှိဖို့  ဥပဒေ ရှိ
ဖို့ ပြောပြောနေတဲ့  အန်တီ သားသမီးတွေ ရဲ့ တရားဝင်ပါတီ တစ်ခုဖြစ်ပြီး စည်းမရှိ ကမ်းမရှိ လုပ်နေ တာလည်း လှည့်ကြည့်အုံးနော်..ပါတီ
တံဆိပ် ထဲကလို ရှေ့ပဲ မဲ မဲ ဆိုပြီး က မနေနဲ့..နောက်က ဖင်ပြောင် နေတယ်..။
ဥပဒေ အရေးကြီး ကြောင်းပြော ဟိုဟာ ပြင်မယ် ဒီဟာ ပြင်မယ်တော့ လူကြား ကောင်းအောင် အော်မနေနဲ့ ..။
ကိုယ့်ပါတီ ကိုယ်နိုင်အောင် ထိန်းအုံးခင်ဗျ..။
ရှေ့ကနေ ကိုယ့်ဘာသာ ခန့်
Readmore »

မိုဘိုင်းဖုန်းတစ်လုံးရဲ့ လျှို့ဝှက်ချက်များ

 မြန်မာ နိုင်ငံမှာ ရှိတဲ့ လူအများ စုဟာ မိုဘိုင်းဖုန်းတစ်လုံးရဲ့ အသုံးဝင်မှု လျှိုဝှက်တွေကို သိရှိသူတွေ အလွန် နည်းပါးနေ
  ပါတယ်။
ကိုင်နေ တဲ့ လူအများစုဟာ ဖုန်း တစ်လုံးရဲ့ အသုံးဝင်မှုကို အများ အားဖြင့်
Camera, Music, Bluetooth, FM, Radio. Alarm နဲ့ Game အစရှိတာတွေ လောက်သာ
အသုံးပြုနေကြတာများပါတယ်။
ဒါကြောင့် ဒီထက်ပိုပြီး
အသုံးဝင်မှုနဲ့ လျှို့ချက် အနည်း ငယ်ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အရေးပေါ် ကွန်ရက်ရှာရန်
Keypad ကို Locked လုပ်ထား ရင်တောင် မိုဘိုင်းဖုန်းတွေဟာ ၁၂၂ ဆိုတဲ့
နံပါတ်ကိုနှိပ်လို့ရတာ တွေ့ရ ပါတယ်။ ဒီနံပါတ်ဟာ တစ်ကမ္ဘာလုံး
ဆိုင်ရာနိုင်ငံတကာ အရေးပေါ်ဖုန်းနံ ပါတ်ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းတွေရဲ့
ဆက်သွယ်မှု ဧရိယာထဲ မှာရှိရင် ဒီနံပါတ် ကို နှိပ်လိုက်တာနဲ့
ဖုန်းဟာအနီးဆုံး ဆက်သွယ်မှုကွန်ရက်ကို အလိုလျောက် ရှာမှာဖြစ် ပါတယ်။
ဒီနံပါတ်ဟာမိုဘိုင်း ဖုန်းရဲ့ခလုတ်တွေကို ပိတ်ထားရင်
တောင်နှိပ်လို့ရနေမှာဖြစ်ပါတယ်။

(၂) ဘက်ထရီ အရေးပေါ် အားကုန်ရင်
မိုဘိုင်းဖုန်းတွေမှာ ဖုန်းအသုံး ပြုရင်း ဘက်ထရီအားနည်းလာပြီဆို ရင်
*3370# ကိုနှိပ်လိုက်တာနဲ့ ဖုန်း တွေမှာအရေးပေါ်သုံးဖို့ချန်ထားတဲ့ 
ဓာတ်အားကို ပြန်ဖွင့်ပေးမှာဖြစ်လို့ ဖုန်းမှာ ဘက်ထရီထက်ဝက်အားပြန်
ပြည့်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ နောက်တစ်ကြိမ်မိုဘိုင်းဖုန်းဘက်
ထရီ အားပြန်ဖြည့်တဲ့အခါမှာ သာမာန်နဲ့ အရေးပေါ်သုံး နှစ်မျိုးစလုံးအတွက်
ဘက်ထရီအားကို အလိုလျောက်အား ပြန်ဖြည့်မှာဖြစ်ပါတယ်။ ဒီနည်းဟာ
လူအများစုအတွက် အသုံးဝင်စေမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။
Readmore »

Feb 22, 2012

ရုရှားရောက် ပညာတော်သင်တွေ ရုရှားမှာ ဘယ်လိုနေထိုင်နေကြသလဲ


ရုရှားသတင်းစာက ပြောသော ရုရှားပညာတော်သင်များအကြောင်း
ရုရှားရောက်ပညာတော်သင်အရာရှိများ၏ နေထိုင်မှူပုံစံကို ရုရှားနိုင်ငံသတင်းစာတစ်စောင်မှ
အောက်ပါအတိုင်းရေးသားဖြန့်ချီထားခဲ့ပါသည်။ယမန်နှစ်က ပျံနှံခဲ့သော သံအမတ်ကြီး၏ သတိပေးစာတုအတုပြုလုပ်ချက်များအတွင်း၌ ဖော်ပြသကဲ့သို့နေထိုင်ခြင်းလည်းမရှိ ကျောင်းမှ နှင်
ထုတ်ခြင်းများလည်းမဟုတ်ပဲ မြန်မာပြည်မှလာသာ ပညာတော်သင်ကျောင်းသားများ အကြောင်း
ကို အောက်ပါအတိုင်း ရေးသားခဲ့ပါသည်။
///////////////////////////////////////////////////////////////////////////////////////////

Readmore »

Feb 21, 2012

ကေအိုင်အေစစ်သည်များ ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးအား အသက်အန္တရာယ်ပြု

၁၈-၂-၂၀၁၁ နေ့ ညနေ- (၆း၀၀)နာရီ ကျော် (၇း၀၀)နာရီခန့် တွင် ကေအိုင်အေ
အယောက်(၂၀)ခန့်သည်
တာလောကြီး ရွာထဲရှိ တာလောကြီးအောက်ကျောင်း(ဒက္ခိဏာရာမကျောင်းတိုက်)သို့
တိတ်တဆိတ် ၀င်ရောက်ပြီး။ ကျောင်းထိုင်ဘုန်းတော်ကြီးအား လုပ်ကြံသတ်ဖြတ်ရန်
ဝင်ရောက်ခဲ့ကြသည်။ ကျောင်းအတွင်း နေရာအနံ့ ဘုန်းတော်ကြီးအား
ရှာဖွေအမိန့်ပေးစဉ် တွေ့လျှင် သတ်ပစ်ဟု အမိန့်ပေးသည်ကို ကချင်စကား တတ်သူ
ဦးဇင်း တစ်ပါးမှ ကြားသိသည်။


Readmore »

Feb 20, 2012

ဘောလုံးဥက္ကဌ ဦးဇော်ဇော်အား ပွဲစဉ်များအတွက် ဆေးရုံကား အခက်အခဲကြောင့် ဝေဖန်ခြင်းခံရ

မော်ရ၀တီနှင့် ကမ္ဘောဇ အသင်းတို့၏ ပဒုမ္မာကွင်း ပွဲစဉ် ဒုတိယပိုင်းတွင် မော်ရ၀တီ ကစားသမား အောင်ဌေးဦးသည် ဒူးဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ရာ ဆေးရုံကား မရှိခဲ့၍ ၁၅မိနစ်ကြာခန့် စောင့်ဆိုင်းခဲ့ရကာ အဆုံးတွင် ကြုံသလို ဆေးရုံသို့ ပို့ဆောင် ခဲ့ရသည်ဟု သိရသည်။
Readmore »

နှလုံးသားလှတဲ့ မြန်မာ့တပ်မတော်သား ရဲဘော် ဇော်ဇော်


မှတ်မှတ်ရရလေးပေါ့ ။ စုမှူးသင်တန်းက ဆင်းတော့  တပ်ကို အပြန် ရန်ကုန်မှာ ဖြစ်ပျက်ခဲ့ တာလေးပါ….။အဲ့ နေက ကျနော် အိမ်(၁)ရက်ဝင်နေလို့  တပ်ကို ပြန်ဖို့ ရာနည်းနည်း နောက်ကျတာပါဆိုတာ (ပိုင်အိုနီးယား)မှာ ကားခဏရပ်တဲ့  အချိန် တပ်ရင်းမှူး အဘ ကို ဖုန်းနဲ့  သတင်းပို့ တော့  အရာရှိလူပျိုဆောင်က ထမင်းချက် ဇော်ဇော် ခွင့် ပြန်တာ ပြန်မေ၇ာက်သေးလို့  စိတ်ပူလို့  ရန်ကုန်မှာ ၀င်ကြည့် ခဲ့ ပါဦးဆိုတဲ့  နှုတ်မိန့် ကို ရရှိချိန်ပေါ့ …။

ဇော်ဇော်အိပ်ကိုသွားမယ်ဆိုပြီး ရန်ကုန် ကားကွင်းမှာ ဆင်းတယ်ဆိုရုံလေး လူတစ်ယောက်ကို လူအုပ်တွေဝိုင်းရိုက်လို့ ပေါ့  …။ရန်ကုန်ကို ကားဆိုက်ချိန်က စောလွန်းတယ်လေ ။မှောင်ရီပျပျ ဆိုတော့  ဘာအတွက်ရယ်ကြောင့်  ၊ဘယ်သူကို ရိုက်နေတယ်ဆိုတာ ကျနော် မသိဘူး။တခုခုဆိုတဲ့  စိတ်နဲ့  မဆိုင်သလို ခဏပဲလှည့် ကြည့် လိုက်မိတယ် ။

Readmore »

Feb 19, 2012

သူတို့ရင်တွေထဲမှာ ၊ မျက်ဝန်းတွေထဲမှာ မိုးတွေရွာနေတယ်



ဒီမနက် သတင်းတွေဖတ်လိုက်တော့ ဒီအပေါ်ကစာလေး သွားဖတ်မိတယ် ၊ ချိုတူးဇော်ရေးထားပြီး ဆရာကို အော်ပီကျယ်က များများဖတ်ဖြစ်ကြအောင် ကူညီကြပါဆိုပြီး share လုပ်ထားတာကိုတွေ့ရပါတယ် သူရေးထားတဲ့စာကို မမြင်ရမှာစိုးလို့ အောက်မှာထပ်ပြီး ဖေါ်ပြလိုက်တယ် ။

တိုင်ရီ စက်ရုံရှေ့မှာ ဒိုင်းတွေ လွှားတွေနဲ့ စောင့်နေတဲ့ ညီအကိုရဲဘော်တို့ရေ.
Readmore »


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ