Feb 20, 2012

နှလုံးသားလှတဲ့ မြန်မာ့တပ်မတော်သား ရဲဘော် ဇော်ဇော်


မှတ်မှတ်ရရလေးပေါ့ ။ စုမှူးသင်တန်းက ဆင်းတော့  တပ်ကို အပြန် ရန်ကုန်မှာ ဖြစ်ပျက်ခဲ့ တာလေးပါ….။အဲ့ နေက ကျနော် အိမ်(၁)ရက်ဝင်နေလို့  တပ်ကို ပြန်ဖို့ ရာနည်းနည်း နောက်ကျတာပါဆိုတာ (ပိုင်အိုနီးယား)မှာ ကားခဏရပ်တဲ့  အချိန် တပ်ရင်းမှူး အဘ ကို ဖုန်းနဲ့  သတင်းပို့ တော့  အရာရှိလူပျိုဆောင်က ထမင်းချက် ဇော်ဇော် ခွင့် ပြန်တာ ပြန်မေ၇ာက်သေးလို့  စိတ်ပူလို့  ရန်ကုန်မှာ ၀င်ကြည့် ခဲ့ ပါဦးဆိုတဲ့  နှုတ်မိန့် ကို ရရှိချိန်ပေါ့ …။

ဇော်ဇော်အိပ်ကိုသွားမယ်ဆိုပြီး ရန်ကုန် ကားကွင်းမှာ ဆင်းတယ်ဆိုရုံလေး လူတစ်ယောက်ကို လူအုပ်တွေဝိုင်းရိုက်လို့ ပေါ့  …။ရန်ကုန်ကို ကားဆိုက်ချိန်က စောလွန်းတယ်လေ ။မှောင်ရီပျပျ ဆိုတော့  ဘာအတွက်ရယ်ကြောင့်  ၊ဘယ်သူကို ရိုက်နေတယ်ဆိုတာ ကျနော် မသိဘူး။တခုခုဆိုတဲ့  စိတ်နဲ့  မဆိုင်သလို ခဏပဲလှည့် ကြည့် လိုက်မိတယ် ။

ဒါပေမဲ့  လူလုံးလည်း မကွဲပါဘူးလေ။အောက်က တယောက်ကတော့  ဘာမှ ကို ပြန်မလုပ်နိင်ရှာဘူး..။နောက်တော့  အားရကျေနပ်ဟန်နဲ့  အဲလူတစုက ထိုးနှက်ကန်ကျောက်အပြီး ထွက်သွားတော့  ထိုးခံရတဲ့ သူက ခွေခွေလေး ထတောင်မထနိုင်ရှာဘူး။မိုးကလည်းဖျောက်တောက်တောက်နဲ့  လေ။မိုးရေထဲက သူ့ ကို ဘယ်သူမှ ထူပေးဖို့ စိတ်ကူးမရှိကြဘူး။ရန်ကုန်မြို့ ကြီးပြကြီး က လူတွေ အဲလိုစိတ်နဲ့ လားလို့ တောင် သူတွေးထင်နေမိတယ်။ဒါပေမဲ့  သူကလည်း ဆိုးပေနေလို့ လား ပေါ့ လိုလည်း ပြန်တွေးမိပြန်တယ်။ကားသမားတွေရဲ့ ရှောင်ကွင်းမောင်းနှင်သံကြားမှာ ဆဲဆိုသံတွေကလည်း ညံလို့ ပေါ့ …။
*************************************************************
သွားထူမယ်လုပ်တော့  ထိုးခံရတဲ့ သူက သူဟာသူထနေတယ် …။အမူးသမားဆိုလည်း ခက်ချေရဲ့ ။သူ့ အတွေးပင် မဆုံးလိုက်..။ထိုးခံရတဲ့ သူက တခြားဘက်ကို ပြေးထွက်သွားတာ ကို တွေ့ မြင်လိုက်ရတယ်။အော် ဘာမှတော့  မဆိုင် စိတ်ထဲမှာတော့  ဘာကြောင့် ဖြစ်ရတာလဲ ဆိုတာ တွေးနေမိတယ် ။လူကလည်း ခက်သားလား။မသိချင်နဲ့ ဆိုရင် သိချင်ပြန်ေ၇ာလေ…။ရန်ကုန်မှာလည်း အမျိုး မရှိတာ မို့  ကားကွင်းထဲက တည်းခိုးခန်းမှာပဲ သူအိပ်ရမည်ဖြစ်သည်။ကားပေါ်မှာ အိပ်ရတာ က ဘယ်လိုမှ အဆင်မပြေ။မော်လမြိုင် ကို ကူးဖို့ က ကားက ညနေမှ ၇ှိမှာဆိုတော့  နေ့ တပိုင်းတော့  ကောင်းကောင်း နားလို့ ရသေးသည်။
ဘေးနားက ရွှေမိုး တည်းခိုးခန်းမှာ ခဏ၀င်တည်းသည်။မနက် (၁၀)နာ၇ီလောက်မှ သူပြန်နိုးဖြစ်သည်။မနက်ေ၇ာက်တော့  အောက်က လက်ဘက်ရည်ဆိုင်မှာ မနက်စာစားဖို့  သူသွားတော့  မိုးလင်းတုန်းက အထိုးခံရသည် သူကိုပြန်တွေ့ သည်။သေချာတာပေါ့  သူ့ ရဲဘော် ။ဇော်ဇော်မှ ဇော်ဇော်။

********************************

လက်ဘက်ရည်ဆိုင်ထောင့် နားမှာ ခွက်တလုံးနှင့် ။ဒါဆို သူတောင်းစားနေတာပေါ့ ။
မောင်ဇော် ကျနော်လှမ်းခေါ်တော့  သူ့ က လှမ်းကြည့် သည်။

ဟာ………ဗိုလ်ကြီး …..သူ ကျနော်ထံ ပြေးလာပြီး ဖက်သည်။ ပြီးနောက် ရှိုက်ကြီးတငင်နဲ့  ငိုသည်။မျက်နှာက ဒဏ်ရာဒဏ်ချက်တွေနဲ့  ။
မောင်ဇော် မင်း …မင်း ဒါဆိုရင် မနက်က ထိုးခံရတာ မင်းပေါ့ …။
သူက ခေါင်းညိတ်ပြသည်။မော်ဇော် ရာ ငါ အနားမှာ ရှိရက်နဲ့ ကွာ ….။သူ့ ကျိတ်ခဲမရနိုင်ဖြစ်မိသည်။ဘာဖြစ်လို့ လဲ ငါ့ ကိုပြောစမ်း …မောင်ဇော်လို့ ဆိုတော့  ..။

***************************************

ဗိုလ်ကြီး ကျနော် အမေ နေမကောင်းဘူး..။ကျနော် အင်းဝဘဏ်က စုကြေးငွေက လည်း အမေ့ ဆေးဖိုးနဲ့ ကုန်ပြီ…။ပြန်ဖို့  လမ်းစရိတ်လည်းမရှိတော့ ဘူး။ခုလည်း တပ်က ကျနော်ကို တပ်ပြေးလို့  သတ်မှတ်တော့ မလား မသိဘူး ဗိုလ်ကြီးရာ။ကျနော်ခွင့် လွန်နေပြီ။ခုလည်း ကျနော် အလွန်မဟုတ်ပါဘူး။ခရီးသည်တွေရဲ့ အထုပ် အပိုးတွေကို စက်ဘီးနဲ့  ကားဂိတ်တွေလိုက်ပြောင်းပေးတာလုပ်နေတာ လေ။ခု န က ခရီးသည် တယောက်က ဒီနားလေးတင် သူ့ လိပ်စာက ။TAXI သမားက အဝေးကြီးဆိုပြီး ပိုက်ဆံ လိမ်တောင်းနေတာ ။ကျနော်ကလည်း ပိုက်ဆံ လိုနေတော့  အမရယ် ကျနော် စက်ဘီးနဲ့ လိုက်ပို့ ပါ့ မယ် ၁၅၀၀ ပဲ ပေးပါ။အမသွားချင်တာ ဒီနားလေးတင်ပါလို့ ပြောတာ ကို သူတို့  က ၀ိုင်းထိုးတော့ တာပဲဗိုလ်ကြီးရာ….။။

ကျနော် တော်တော်လေး စိတ်တိုသွားသည်။လုပ်ရက်လိုက်ကျလေခြင်း။မိုးေ၇တွေကလည်းစိုနေပြီ။မောင်ဇော်ကို ကော်ဖီပူပူလေးနဲ့  မုန့် ကျွေးသည်။တကယ်တော့  မောင်ဇော်လို့ ခေါ်တာ ကျနော် အကျင့် တခု ။ရဲဘော်တိုင်းကို ဘယ်တော့ မှ ရဲဘော်ဟု ကျနော် မခေါ်။တပည့် ဟုလည်း မသုံးနှုန်း။သူတို့  နာမည် ရှေ့ မှာ မောင်ထည့် ပြီး ကျနော်ခေါ်သည်။ဆရာများဆိုလျှင်တော့  ရှင်းသည်။ရာထူးနဲ့ ခေါ်ယုံသာ။နောက် ကျနော်တည်းခိုးခန်း ခေါ်သွားပြီး မောင်ဇော်ကိုေ၇ချိုးစေသည်။ကျနော် အ၀တ်တွေပေးဝတ်ပြီး သူ့  အိမ်ကို လိုက်ပို့ ရန်ပြောသောအခါ လိုလိုငှာငှာပင် ဖိတ်ခေါ်သည်။မောင်ဇော်အိမ်က မြောက်ဒဂုံမှာ ။စက်ဘီးတောင် အငှားဟုဆိုသည်။အိမ်လည်းေ၇ာက်တော့  သူ့  အမေ က စောင်လေးခြုံလို့  အဖျားတက်နေသည့်ဟန်။မောင်ဇော် အမ လင်မယားတော့ေ၇ာက်နေကြသည်။ကျနော်လည်း မောင်ဇော် က ခွင့် ရက်စေ့ နေပြီဖြစ်လို့  ပြန်ခေါ်သွားရမှာ ဖြစ်တဲ့ အကြောင်း ပြောပြရသည်။ပြီးနောက် ကျနော်တွင် လက်ကျန်ငွေ ၃ သောင်းခွဲထဲက ၂သောင်းကို ထားခဲ့ သည်။သူ့ အမေကလည်း ကျေးဇူးတွေ တင်လို့ ။မောင်ဇော် မျက်နှာကတော့  ဆိုဖွယ်ရာမရှိတော့ ။
မောင်ဇော် ကိစ္စလုံးပန်းနေသည့် နှင် ကားလက်မှတ်ဝယ်ဖို့  သူ့ မေ့ သွားသည်။ကားကွင်းရောက်တော့ အတော်လေး နောက်ကျလို့ နေပြီ။ဒါပေမဲ့  ဒီဘက်ကားတွေမှာ အမြဲတမ်း VIP ခုံချန်ထားလို့ တော်သေးသည်။သူသွားတော့ေ၇ှ့ ခန်း ၂ ခုံ ကမည်သူ့ မှ မယူသေး။ကားလက်မှတ်ဝယ်ပြီး ကားထွက်ဖို့ စောင့် နေလိုက်သည်။မောင်ဇော် က ဗမာလူမျိုး။ရုပ်ကတော့  အနည်းငယ်ကုလားဆန်သည်။ရှေ့ တန်းမှာ သိပ်အားကိုးရတဲ့ သူပေါ့ ။ကျနော်တပ်ခွဲက ပွိုင့်  မှာ ဆိုရင် အတော်စိတ်ချရတဲ့ သူလေ။ကျနော် သူ့ ကို တခြားရဲဘော်တွေထက် ပိုအားကိုးတယ်။အမြဲတမ်း ကျနော်ခိုင်းသမျှလည်း ဖြစ်အောင်လုပ်ပေးတဲ့ သူလေ။လုပ်ပေးတယ်ဆိုမှ ကျနော် က အုန်းသီး သိပ်ကြိုက်တာ။တပ်က လူပျိုဆောင်ရိပ်သာမှာ ဆို အုန်းပင်တွေ ပေါမှပေါ ။နေလည်ဘက် အုန်းရည် သောက်ချင်ရင်…ဒါမှမဟုတ် အုန်းခြစ်စားချင်ရင်မောင်ဇော်ရေ ဆိုတာ နဲ့  တဗုန်းဗုန်းနဲ့ ပေါ့ ။နောက်တန်းမှာလည်း အဲလို အားကိုးရတာ ။

ကားထွက်ခါနီးကျတော့  ပြသနာတက်သည်။ကောင်မလေးတယောက် လိုက်ဖို့  ကားလက်မှတ်မရတော့  ။သူတို့  အုပ်စု က (၁၅)ယောက်လောက်၇ှိသည်။ပျော်ပွဲစားလား တခုခုဖြစ်မည်။ကားထွက်ခါနီး အပေါ့  ခဏကျနော်သွား၊ ပြန်လာတော့  ဘယ်က ဘယ်လို ဖြစ်သည်မသိ မောင်ဇော်က ကျနော်ဆီလာပြီး

ဗိုလ်ကြီး ကျနော်လက်မှတ်က ယူပြီးသားလို့ ပြောနေတယ် ………..လို့  ကျနော်ကို လာပြောသည်။အာ…ငါကိုယ်တိုင်ဝယ်ထားတာ မင်းကလည်း…..

ဂိတ်မှာ သွားပြောတော့  ကားသမားက နှာ ကျ တဲ့  အဖြစ်။ခရီးသည်ရှားသလားလို့  ။မောင်ဇော်ကလည်း တကယ့်  နုံသည်။စာမတက်ပေမတက်ဆိုတော့ ။ကောင်မလေးတွေဘက်မှ အုပ်ထိန်းသူ အမျိုးသမီး အသက်(၃၅) ခန့်  က သူဆီ လာ အကူအညီတောင်းသည်။သူ ကလည်း ဘုတော ။ခရီးသည်ရှားသလားဗျာ။ဆိုတော့  ကျန်တဲ့ သူတွေက ဦးဇင်းတွေနဲ့ မိသားစုလိုက်ခရီးသည်တွေမို့ ပါတဲ့ ။ခရီးကလည်း မသွားမဖြစ်လို့ ပါဆိုတော့ ။ဘာလုပ်ရမယ် ကျနော်မသိ။နောက်ဆုံးတော့  ဦးဇင်းတပါးကို သူနဲ့  အတူ ထိုင်ပြီး ခုံပေးလိုက်ရသည်။မောင်ဇော်ကိုတော့ ကြားခုံလုပ်ပေးသည်။ကားအတော်လေးသွားမိတော့  ပြသနာက စတက်ပြန်သည်။မောင်ဇော်ကို သူတို့ နားမှာ ကြားခုံပေးထားခြင်းဖြစ်သည်။ကားသမားကို မောင်ဇော် က နံလို့ ဆိုပြီးလာပြောသည်။ဒီကုလားကို နေရာပြောင်းပေးပါဟု မိန်းကလေးတစ်ယောက်က လာပြောသည်။ဒေါသ က ထိန်းမရတော့  ။ခုံလည်းပေးထားရသေးတယ်။အကြောကလည်း မပြင်သေးဘူး။ပိုက်ဆံပေးလိုက်တာတောင် သူ့ ရဲဘော်က အနစ်နာခံထားတာ ကိုမှ မထောက်။စစ်သားဆို ကြည့် မရဘူးဆိုတဲ့  အသံလည်းကြားလိုက်ရသည်။ဘာမို့ လို့  VIP ခုံမှာ နေရာရတာလဲနှင့်  အတင်းအုပ်ခံနေရသည်။သတိတရပဲ။ဆေးရောင်စုံ အညိမ့်  ကားပေါ်မှာပြနေတာ ။တအုပ်လုံး ပွဲကျလို့  အတင်းပြောတဲ့  အသံတွေနဲ့ ။သူတို့  စစ်သားတွေကို စောင်းပြောနေမှန်းတော့ သိသည်။မခံနိုင်တော့  ။ကားလယ်လောက် ကြားမှာ မတ်တပ်ရပ်ပြီး လူမိုက်လုပ်လိုက်သည်။နောက်တော့  ပွစိသံတွေငြိမ်သွားသည်။မတက်နိုင်။လူလူခြင်း နိမ်သလိုလို ပြောတာ ကိုတော့  လက်မခံ။
နောက်တော့ မောင်ဇော်က ရှက်ရှက်နဲ့  ကျနော်နားလာထိုင်သည်။ကားရှေ့ နားလေးမို့  စပယ်ယာနဲ့  ထိုင်ခုံအပိုက မရှိ။အလယ်ကောင်မှာ ငုတ်တုတ်လေး။ဒေါသကထွက်ထွက်လာသည်။ပဲခူးရောက်တော့  ဗိုက်ကြီးသည် လင်မယားတက်လာသည်။မသွားမဖြစ်လို့ ဆိုကာ တောင်းပန်ပြီးလိုက်လာသည်။အလယ်ခုံက ဗိုက်ကြီးသည် မိန်းမ အတွက်ဖြစ်လာတော့ သူ့ ယောက်ျားက လည်း အလယ်ကောင်မှာ ငုတ်တုတ်လေး။ကံဆိုးပြီဟုတွေးလိုက်မိသည်။သူ မနေသာတော့  ။ သူ့ တို့ ထဲက တယောက်ကို ရှေ့ တက်ခိုင်းပြီး အလယ်ခုံနားမှာ အမျိုးသမီးယောက်ျားကို ထိုင်စေသည်။ကျနော်နဲ့ ဇော်ဇော်က ကားအနောက်မှာ ခုံကြားထဲ ၂ ယောက်သား။ကားပေါ်ပါလာတဲ့  (၃၅)ယောက်သော သူများက လုံးဝတုတ်တုတ်မလှုပ်ကြ။အိပ်နေသလိုလို မသိကျေးကျွန်ပြူသည်။

လမ်း မှတ်ပုံတင်စစ်တော့  မိန်းကလေးများအုပ်စုထဲမှ တယောက်က မှတ်ပုံတင်မပါခဲ့ ။မှတ်မှတ်ရရ ဘီးလင်းတံကား ပစ်ခတ်မှု့ အပြီး လုံခြုံရေးတွေ တင်းကျပ်လို့ ။ဂိတ်မှာ စစ်လို့ မပြီးတော့  ချေ။ကားက ဆက်မထွက်နိုင်တော့ ။သူ့ တာဝန်ခံပြောခါမှ အဆင်ပြေတော့ သည်။ဒါတောင် သူ့ လက်မှတ်က အဆစ်ပါကျန်ခဲ့ ရသေးသည်။ဒါနဲ့  ပြသနာက မဆုံးလိုက်။ကျိုက်ထို ကျော်ကျော်လေးကျတော့  ဗိုက်ကြီးသည် အမျိုးသမီးက မွေးချင်ပြန်သည် ဟု အော်နေပြန်သည်။တကားလုံးဆူညံသွားသည်။ကားသမား ဦးလေးကြီးက ဘာလုပ်ရမယ်မသိ။ကားကို လမ်းဘေးထိုးရပ်လိုက်ရသည်။ကျိုက်ထို ကို ပြန်မောင်းဖို့  ပြောတော့  မရတော့ ဆိုကာ အတင်းအော်နေပြန်သည်။နောက်မှ မောင်ဇော်က ကျနော်မွေးပေးမယ်ဟုဆိုကာ ကားလမ်းဘေးက အိမ်လေးမှာ အတင်းခေါ်သွားကြသည်။အဓိက ကတော့  ကျနော်နဲ့ မောင်ဇော် ။သူ့ ယောက်ျားနဲ့ ကားစပယ်ယာ၊နောက်ခရီးသည် ယောက်ျားကြီး (၁)ယောက် ။လမ်းဘေးက အိမ်ကလည်း အိပ်မောကျတုန်း ။တဒုန်းဒုန်းနဲ့ နိုးပြီး အကူအညီတောင်းရသည်။နိုးနေတုန်းမှာပဲ ဗွား ဆိုတဲ့  အသံတခု။ခြေထောက်တခုလုံး စိုရွှဲလို့ ။သွားပြီ။ဒါသူကြားဖူးနေကျစကားလုံး။ေ၇မွှာဆိုတာ တမ်းသိလိုက်ပြီ။အခန်းထဲထည့် ပြီး မကြာ မောင်ဇော်လက်စွမ်းနဲ့  ကလေးတယောက်ထွက်လာသည်။မောင်ဇော်က တပ်မှာ ဆေးခန်းအကူဆိုတာ သူမေ့ သွားခဲ့ သည်။အော် တော်သေးသည်။မောင်ဇော်ရှိလို့  မဟုတ်ရင် ကားပေါ်မှာ ဘယ်သူမှ အားကိုးစ၇ာမပါ။နောက် မောင်ဇော်နဲ့ ကျနော် အဲအိမ်က ရေနဲ့ ခြေထောက်လက်ဆေးသည်။အ၀တ်အစားတော့ လဲချိန်မရ။ထိုလင်မယားကိုလည်း ကားသမားနဲ့ ဘယ်လို ညှိလိုက်သည်မသိ အဲဒီအိမ်မှာပဲထားခဲ့ လိုက်သည်။

ထိုခါကျမှ ကားဆရာနဲ့  ကားပေါ်က တဖွဲ့ လုံး မောင်ဇော် ကို ၀မ်းပန်းတသာနဲ့ ကျေးဇူးတင်ကြသည်။ခေါ်ခေါ်ပြောပြောနဲ့  ဖြစ်လာကြသည်။

စိတ်ထဲကတော့  ဆရာမင်းသုဝဏ် ကဗျာလေးကို ပဲသတိရမိလိုက်သည်။
ကျေးပင် ကျေးရိုး ကျေးမျိုးဆွပ်မှ ကျေးဇူးတင်သည် လူအမျိုးတည်း
တဲ့ လေ………..။


မင်းသန့်   ရေးသားသည်။
Print Friendly and PDF

6 ယောက် ဆွေးနွေးခဲ့တယ်:

တိမ်ကြားမင်းခေါင် said...

အင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးသက်ပျင်းချယုံကလွဲရင်ပြောစရာမရှိတော့ပါဘူးဗျာ။ပြောလို့ကုန်မှာမဟုတ်ပါဘူး။ဒါပေမယ့် ဘယ်လိုပြောပြောသူတို့နားမလည်ဘူးလေ။မပြောတာပဲကောင်းပါတယ် ကိုကျောက်ခဲရယ်။မြန်မာလူမျိုး ဆိုတာကလဲခက်သားကလားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

waitingforyou222 said...

ယာယီတာဝန်နဲ့ မကြာခဏ ခရီးသွားကြရတဲ့ စစ်သည်များမှာ ဒီပြဿနာတွေ အနည်းနဲ့ အများတော့ ရှိတတ်ကြပါတယ်။တခါတလေတော့လည်း တိုက်တိုက်ဆိုင်ဆိုင် ဖြစ်တတ်တာလေးတွေတော့ရှိတာပေါ့ ။ဆောင်းပါးရှင်မင်းသန့် ရေးထားတဲ့ အကြောင်းအရာမှာတိုက်ဆိုင်မှုမျိုးတွေကတော့ နည်းနည်း ရှားပါတယ်။တခုကံကောင်းတာက ၀တ္တုထဲကဇော်ဇော် ကတော့ သားဖွားဆောင်မှာတောင်တာဝန်ကျဖူးတဲ့စစ်သည် ဖြစ်ပါလိမ့်မယ်။ဆိုတော့ကာ ဆိုးတော့မဆိုးဘူး ကလေးမွေးပေးနိုင်တယ်လို့ဆိုရမယ်။ဒီမှာတခုပြော ပြချင်တာက ရဲဘော်ဇော်ဇော်ဟာ ဘာလို့ကလေးမွေးပေးနိုင်တာလဲပေါ့။အရပ်ဖက်မှာလည်း ရှိပါတယ်။ကြက်ခြေနီသင်တန်းတက်ထားကြသူတွေ တော်တော်များများfirst Aid ကောင်းကောင်းရကြတယ်။မွေးခန်း OT ၀င်နိုင်တာကြတော့နည်းနည်းရှားပါတယ်။ဒါက ဒီလိုပါ။ တပ်ထဲမှာလက်ရုံးတပ်/ ခြေလျပ်ခြေမြန် တပ်ရင်တပ်ဖွဲ့တွေမှာ ကျန်းမာရေးဆေးခန်းနဲ့ သားဖွားဆောင်ဆိုတာရှိပါတယ်။တနည်းအားဖြင့်တော့တပ်ရင်းတရင်းရဲ့ဖွဲ့စည်းပုံမှာ ပါပြီးသားဖြစ်လို့ရှိနေတာပါ။စစ်မြေပြင်ဆေးတပ်ရင်း၊စစ်ဆေးရုံတွေနဲ့ အလှမ်းဝေးတဲ့နေရာမှာ ရှိတဲ့ စစ်သည် ရဲမေတွေ မီးဖွားရလွယ်ကူအောင်ဆောင်ရွက်ပေးတဲ့ ၀န်ဆောင်မှု တခုဖြစ်ပါတယ်။ သားဖွားဆောင်တာဝန်ကျဟာလည်း အရပ်ဘက်ကသားဖွားဆရာမတွေဖြစ်ပါတယ်။ အကူသားဖွားဆရာမကိုလည်း တပ်ရင်းတပ်ဖွဲ့ထဲကပြန်ခန့်တတ်ပေ့မယ့် အတွေ့အကြုံ နုနယ်တဲ့ အသစ်ပြောင်းသားဖွားဆရာမတွေနဲ့ဆိုရင် ပြသနာတော့ရှိတတ်ပါတယ်။ဒီနေရာမှာ တပ်ရင်းဆေးခန်းမှာရှိတဲ့ ဆေးအရာခံဗိုလ်MA နဲ့ဆေးတပ်သားတွေဟာအရေးပေါ်အခြေအနေမျိုးမှာ ကူညီကြရပါတယ်။ရဲဘော်ဇော်ဇော်ဟာလည်း ဒီဖြစ်စဉ်မျိုးကပဲတတ်မြောက်လာတာ ဖြစ်နိုင်ပါတယ်။ ဘာပဲပြောပြောပေါ့ သွားရင်းလာရင်းကလေးတစ်ယောက်မွေးပေးနိုင်လိုက်တယ်ဆိုတော့ ခရီးသွားတွေနဲ့ကာယကံရှင်တွေအတွက်တော့အထူးအဆန်းပေါ့
၁)အသက်တချောင်းကို ကယ်ပြီးသားဖြစ်တယ်။
၂)အရေးကြုံတော့မှ စစ်သားတစ်ယောက်မှာတတ်အပ်တဲ့ပညာတွေလည်း မနည်းပါလားဆိုတာ သိရတယ်။
၃)ငွေကြေးမျက်နှာကိုသာကြည့်ပြီး အထက်စီးဆက်ဆံတတ်သူရေပေါ်ဆီလူတန်းစားတွေ အတွက်လည်း သတိထားစရာတခုဖြစ်စေတယ်။
၎)လိုအပ်လာရင် ဘယ်လိုလူမျိုးက စွန့်လွတ်အနစ်နာခံတတ် သလဲဆိုတဲ့ “ စိတ်ဓါတ်”တွေရဲ့ ရင်ကျက်မှုကို တွေ့နိုင်တယ်။

အဲ နောက်ဆုံးတခုသတိပေးချင်တာကတော့ နောက်အပျော်ခရီးသွားကြမယ်ဆိုရင် အဲ့ဒေသ၇ဲ့ လုံခြုံရေးအခြေအနေနဲ့အခါအားလျော်စွာထုတ်ပြန်တတ်တဲ့ ဒေသန္တရအမိန့်ညွန်ကြားချက်တွေနဲ့ သတင်းတွေကို နားစွင်းထားပါ ပြီးတော့ အရေးကြီးဆုံးအချက်ကတော့
မှတ်ပုံတင် ယူလာဖို့မမေ့ပါနဲ့ ဆိုတာပါပဲ ။

Anonymous said...

ဂုဏ်ယူစရာပဲ... စစ်သားလေးသိန်းထဲမှာ ဒီလိုလူ တစ်ယောက်ုကီးများတောင် ရှိတယ်နော်။ သန်းခြောက်ဆယ်ရှိတဲ့ အရပ်သားထဲမှာတော့ သူ့ လိုလူမျိုး တစ်ယောက်မှတောင် မရှိရှာဘူး။ ဒါကြောင့်ဗမာပြည်ကို စစ်ခွေးတွေကပဲ အုပ်ချုပ်သင့်ပါတယ်။ စစ်ခွေးတွေပဲ ဆက်အုပ်ချုပ်ပြီး ခွေးတိုင်းပြည်ကြီး ထူထောင်ုကပါစို့...

ဂွစာ said...

အပေါ်ကငတိလေးမင်းရိုက်ထားတာတွေနားမလည်ဘူးဖြစ်နေတယ်။ဒီတော့လူလိုပြောပါလား။ခွေးလိုတွေနားမလည်ဘူး

Anonymous said...

ခွေးတိုင်း ပြည်ထူထောင်ဖို့ မင်းနဲ့မင်းတို့ အမျိုးတွေလိုနေတယ်ကွ...

Anonymous said...

ခွေးတိုင်းပြည်လို ပြောတဲ့ အကိုရေ ခွေးတိုင်းပြည်ကြီး တိုးတက်အောင် အကို ဘာလုပ်ပြီးပြီလဲ လမ်းဖောက်တာလေးတောင် ကူညီခဲ့လား ကို့ရဲ့ အိမ်က လမ်းကို ပြောတာ မဟုတ်ဘူးနော် အများသုံးလမ်း ...
ကိုပြောတဲ့ စစ်ခွေးတွေက လမ်းတွေကော တံတားတွေပါ ဖောက်နေရတာ။ သူတို့ လစာက အပြင်မှာ ရတဲ့ လစာလောက်တောင် မကောင်းဘူးနော်

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ