Feb 21, 2012

ကေအိုင်အေစစ်သည်များ ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးအား အသက်အန္တရာယ်ပြု

၁၈-၂-၂၀၁၁ နေ့ ညနေ- (၆း၀၀)နာရီ ကျော် (၇း၀၀)နာရီခန့် တွင် ကေအိုင်အေ
အယောက်(၂၀)ခန့်သည်
တာလောကြီး ရွာထဲရှိ တာလောကြီးအောက်ကျောင်း(ဒက္ခိဏာရာမကျောင်းတိုက်)သို့
တိတ်တဆိတ် ၀င်ရောက်ပြီး။ ကျောင်းထိုင်ဘုန်းတော်ကြီးအား လုပ်ကြံသတ်ဖြတ်ရန်
ဝင်ရောက်ခဲ့ကြသည်။ ကျောင်းအတွင်း နေရာအနံ့ ဘုန်းတော်ကြီးအား
ရှာဖွေအမိန့်ပေးစဉ် တွေ့လျှင် သတ်ပစ်ဟု အမိန့်ပေးသည်ကို ကချင်စကား တတ်သူ
ဦးဇင်း တစ်ပါးမှ ကြားသိသည်။



အဲလို ဗုဒ္ဓဘာသာ သာသနာ၏ ဦးသျှောင်ဖြစ်သော သံဃာတော်အား
လာရောက်လုပ်ကြံသတ်ဖြတ်မည့်ကိစ္စသည် အလွန်လျှင် ဆိုးရွားလှသည်။
ယင်းဘုန်းတော်ကြီးမှာလည်း ယနေ့ချိန်ထိ နိုင်ငံရေး၊ စီးပွားရေး၊
လုပ်ဆောင်ခြင်းမရှိသော ပုဂ္ဂိုလ်တစ်ပါး ဖြစ်ပါသည်။ လွန်ခဲ့သည့် ၃၀-၁၁-၂၀၁၁
နေ့က ကေအိုင်အေ မှ ခုတုံးလုပ် ပစ်ခတ်သွားသဖြင့် တပ်မတော်၏ လက်နက်ကြီး
ထိမှန်ခံခဲ့ရသော ကျောင်းတိုက်ဖြစ်သည်။ နောက် ၂-၂-၂၀၁၂ နေ့က
တာလောကြီးရွာမှ ကျောင်းသူအရွယ် ယာခင်းထဲမှ အပြန် ကေအိုင်အေ ၏
အဖမ်းအဆီးခံခဲ့ရသော ကောင်မလေး(၄)ယောက်နှင့် ကောင်လေး(၇)ယောက် တွင်
ကောင်မလေး (၄)ယောက်မှာ မုဒိန်းကျင့်ခံကြရပြီး ထွက်ပြေးလာခဲ့သည်။
ယင်းသို့ထွက်ပြေးလာသူများသည် ကေအိုင်အေ၏ နောက်ရန်ကိုကြောက်ရွံ့သဖြင့်
မြစ်ကြီးနားသို့ ရှောင်တိမ်ရန် သွားလိုကြသည်။ မသွားရဲဖြစ်နေခဲ့ကြသည်ကို
ဘုန်းတော်ကြီးမှ ကူညီဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။ ယင်းကိစ္စများ အတွက်
ကေအိုင်အေမှ မကျေမနပ် ဖြစ်ကာ ဘုန်းတော်ကြီးအား လုပ်ကြံရန်
လာကြခြင်းနိုင်ဖြစ်သည်။
တာလောဘုန်းကြီးကြောင့် သူတို့ ကေအိုင်အေ သတင်း နိုင်ငံတကာ ကသိသည်- သူတို့
သတင်းကို ပေးသည် နောက်ပြီး တပ်မတော်လည်း တာလောကြီးကျေးရွာတွင်
တပ်စခန်းချနေကြသည် စသည်များမှာ ဘုန်းကြီးကြောင့်ဟု ထင်မြင်ကာ
လုပ်ကြံသတ်ဖြတ်ရန် လာကြခြင်း ဖြစ်နိုင်သည်ဟု ထင်သည်။
ကေအိုင်အေ သည် ဒီလို သံဃာတော် တစ်ပါးအား အနိုင်အထက် လုပ်ကြံသတ်ဖြတ်ရန်
လာသည်ကို နိုင်ငံတကာ သိအောင် ကြိုးစားပေးကြပါဟု ဆန္ဒပြုရင်း ဒီစာကို
ပို့လိုက်ပါသည်-။

ဒီသတင်းသည် အမှန်အကန် ဖြစ်သည်ကို အကျွနုပ် သစ္စာဆို ရေးလိုက်ပါသည်။
ကာယကံကိုယ်တိုင် ပြောပြချက် ဖြစ်ပါသည်။
အာကြီး ကိုကို (Facebook)
Print Friendly and PDF

2 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

MR stone ,,you are LIE,,fuck you

Anonymous said...

ANTI KIA FASTER

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ