Feb 19, 2012

နိုင်ငံချစ်ပြသူပြည်ပရောက်အစိုးရမကောင်းဝါဒီတစ်ယောက် က လူထုစိန်ဝင်းပြောချက်ကို သက်သေထူခဲ့ပြီ(ပေးစာ)

အော်.ပြောလိုက်ရင် နိုင်ငံကို သူတို့ လောက်ချစ်တာမရှိဘူး..သူတို့လောက်နိုင်ငံကောင်း
ရာကောင်းကျိုးအတွက်လုပ်နေတာ ထောက်ပြဝေဖန်နေတာ မရှိဘူး..
နောက်ဆုံးတော့လည်း ဇာတိလေးတွေက ဘာလဲဆိုတာ ပြပြလာတာကတော့ ဒေါ်င်း
ကြီး က နေသလိုပဲ..ဖင်လေးကိုပြောင်လို့ ..။
လူထုစိန်ဝင်းက စာတပုဒ်မှာ အောက်ပါအတိုင်းရေးခဲ့ဖူးတယ်..

ဗမာစကားမပီသတဲ့ဗမာတွေ   :  ဂျပန်ရောက်ဗမာတွေရဲ့စကားပြောသံတွေ  ဟာ ဂျပန်သံဝဲ၀ဲ နေကြတာတွေ့ရတယ်။ စကားပြောရင်းနောက်ဆုံး စကားလုံးကျရင် အသံကိုသံရှည်ဆွဲ သွားပြီးမှ ရုတ်တရက် ရပ်ပစ်လိုက်ကြတယ်။ ဂျပန်စကားပြောနေကျမို့ နေမှာပဲလို့မှတ်ထင်နေတယ်။ ဟောအခု တစ်ယောက်ကတော့ ဘာသံမှမ၀ဲဘဲ ဗမာစကားကို ဗမာလိုပဲပီပီသသကြီး ကိုပြောနေလိုက်တာ အံ့သြတောင် သွားရတယ်။ တကယ်တော့ သူက ဗမာတောင်မဟုတ်ပါဘူး။ လားရှိုး ဇာတိ မြန်မာပြည်ပေါက် တရုတ်မလေးပါ။ စက်မှုတက္ကသိုလ်က ဗိသု ကာဘွဲ့ရပြီး ၁၉၈၈ ခုနှစ် မတိုင်မီက တည်းက ဂျပန်ကို ထွက်သွားတာဖြစ် ပါတယ်။ အခုရောက်လာတဲ့ သုံးယောက်စလုံး တရုတ်မလေးတွေပါ။ တိုင်ပေမှာနေသူကလည်း ဟိုမှာ နှစ်ပေါင်းနှစ်ဆယ်ကျော်ပါပြီ။ ဘာသံမှ မ၀ဲပါဘူး။အသံမ၀ဲရုံတင်မဟုတ်ဘူး။ သူ က မြန်မာပြည်ကိုလည်း ချစ်ပါ တယ်။ နှစ်ကူးချိန်ရောက်တိုင်း တစ်နှစ်တစ်ခေါက် ရောက်အောင်ပြန်ပါ တယ်။ ရောက်တာနဲ့သူ့ဇာတိ ဇီးကုန်း ကိုပြန်ပြီး ငယ်စဉ်က ဆရာသမား တွေကိုလိုက်လံ တွေ့ဆုံပြီးကန်တော့ ပါတယ်။ ဘုန်းကြီးကျောင်းတွေ ဘာတွေကိုလည်း လှူဒါန်းမှုတွေ လုပ်ပါတယ်။ သူက တိုင်ပေကအဆင့်မြင့် နိုင်ငံတကာဟိုတယ်ကြီးတစ်ခုမှာ မန်နေဂျာအဆင့် ရာထူးရထားပါတယ်။ ဒါပေမဲ့ သူများတကာတွေလို မိဘဆွေမျိုးတွေပါခေါ်ပြီး ဟိုမှာမနေပါ ဘူး။ တစ်ယောက်တည်းပဲ နေပါတယ်။ သူတို့တစ်တွေလို နှစ်ပေါင်းနှစ်ဆယ်၊ အစိတ်နိုင်ငံခြားသွားနေတဲ့ မြန်မာပြည်ပေါက် တရုတ်မလေးတွေက ဗမာ စကားပီပီသသပြောပြီး မြန်မာပြည် ကို ချစ်နေကြပေမယ့် လွန်ခဲ့တဲ့လေး ငါးနှစ်ကမှ နိုင်ငံခြားရောက်သွားတဲ့ ဗမာစစ်စစ်တွေက ဗမာစကားကိုနိုင်ငံခြားသံဝဲပြီး ပြောနေကြတာကိုတော့ ဘယ်လိုမှနားမလည်နိုင်တာ အမှန်ပါပဲ။

(ဆရာ လူထုစိန်ဝင်း)

ကဲ .... အခုတော့လည်း တကယ်ပဲ ဖြစ်လာနေပါလား..မနေ့က ဖေ့ဘုတ်ကိုသွားပြီး
သတင်းတွေလိုက်ဖတ်နေတုန်း ဒီကွန်မန့်လေးဖတ်လိုက်ရတယ်..သူပြောထားတာတွေ
က အမြင့်ကြီးတွေ ပေ 30000 ကျော်နေလို
့ကျနော့်အရပ် 5 ပေ 10 လက်မနဲံ့ က ဘယ်လိုမှ လိုက်မမှီတာကြောင့် မဖတ်ချင်တော့ပဲ ကျော်ဖတ်ခါမှ ဒီနေရာလေးရောက်
တော့ ဆရာလူထုစိန်ဝင်း ပြောတာကို သွားသတိရလိုက်တယ်...အော် သူက အသံဝဲရုံ
တင်မက ဗမာစာတောင် မရေးတတ်တာ နိုင်ငံခြားရောက်နေလို့ ပါတဲ့...ဘုရားရေ..
လို့ပဲ တိုးတိုးလေး တ မိတယ်...



ကြုံတုန်းလေးပြောလိုက်ပါအုံးမယ်..ကျနော်တို့ Boss အဖေ ရဲ့သူငယ်ချင်းက နိုင်ငံခြားဘာသာ ဌာနက လူမျိုးခြားဒေါက်တာဘွဲ့ ရဆရာကြီး..တချိန်က ရန်ကုန်တက
သိုလ်နဲ့ မန္တလေးတက္ကသိုလ်တို့မှာတောင် လာနေဖူးတဲံ့ လူမျိုးခြားဆရာကြီး...
မြန်မာနိုင်ငံမှာ ၅ နှစ်နီးပါး စာသင်ပြပေးဖူးတယ်လို့ ဆိုပါတယ်
ဗမာစာကိုရေးတာများ ဖြူးနေတာပဲ..တစ်လုံးမှမမှားဘူး..
အခုတော့ မြန်မာမှာမွေးတဲ့ လူက နိုင်ငံခြားရောက်တာကြာလို့ ဗမာစာ မရေးတတ်တော့ဘူးတဲ့..မိတ်ဆွေတို့ ရေ..
အဲဒီလို လူမျိုးတွေရဲ့ စိတ်ဓါတ်က ဘာဆိုတာ ဆရာလူထုစိန်ဝင်းလိုလူကတော့ အကျယ်
တဝင့်ပြောပြနိုင်ပါလိမ့်မယ်.ကျွန်တော်ကတော့ အဲလိုစိတ်ဓါတ်နဲံလူတစ်ယောက်က 
နိုင်ငံချစ်စိတ်တွေပြော..အစိုးရလုပ်သမျှထောက်ပြဝေဖန်နေတာကြီးကိုတော့ အထင်
မကြီးမိပေါင်ဗျာ..ဘယ့်နှယ်..ဗိုလ်ချူပ်အောင်ဆန်း ဆိုတဲ့စာလုံးကိုတောင် မပေါင်းတတ်
တဲ့သူက ဗိုလ်ချူပ်အကြောင်းတွေပြောလိုက် နိုင်ငံကို သူတို့လောက်ချစ်လို့ နိုင်ငံမှာ မ
ကောင်းတာတွေကို ထောက်ပြရတာဖြစ်လိုက်နဲ့ ..တမင်သက်သက် popular ဖြစ်စေဖို့ 
များ လုပ်နေသလားလို့ တောင် တွေးမိပါတယ်ဗျာ..။

အဲလိုလူတွေပါပဲ..နိုင်ငံကဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ ပြော..ပြန်လာကြပါဆိုတော့ 
ဘယ်သူမှ မလာကြတော့ဘူး..မြန်မာနိုင်ငံကြီးနတ်ပြည်လို ဖြစ်မှ ပြန်လာပြီး ငါတို့ကြောင့် ဒီလိုဖြစ်တာဆိုပြီး မဝရေခမ်း ပြောမယ် လူတွေဗျ..သူတို့လောက် နိုင်ငံချစ်ပြတာ...ပြီးရင် သူတို့ဆီကထွက်တဲ့ ပုံတွေသွားကြည့် မြန်မာပြည်ကောင်းကြောင်းတခုတောင်မရှိဘူး..အနည်းဆုံးရွှေရောင်ဝင်း
ပြောင်နေတဲ့ ရွှေတိဂုံပုံတောင် မတင်မိကြဘူးခင်ဗျ..။

နိုင်ငံတော်ကို ချစ်ပါ ..မြတ်နိုးပါဗျာ..ဒါပေမဲ့ နိုင်ငံချစ်စိတ်ကို ဗန်းပြပြီး popular တော့
မလုပ်ပါနဲ့ ဗျာ..တကယ်ချစ်တဲ့လူ တကယ်လုပ်တဲ့လူက စကားအများကြီးမပြောဘူးခင်
ဗျ..သူ့အလုပ်သူလုပ်သွားတယ်...အဲ.ဒေါင်းကြီးကနေသလို ရေ့ကကြည့်ရင် ကျက်သရေ
အပြည့်နဲ့ ပေါ့နောက်ကကြည့်မှ အတွင်းခံဘောင်းဘီလေးတောင် ဝတ်မထားတဲ့ ဒေါင်း
ဖင်ပြောင်ကြီးလို အပြုအမှူမျိုးနဲ့ တော့မလုပ်ပါနဲ့ လို့ 
နိုင်ငံခြားရောက် ပြည်ပအတိုက်အခံတွေရော...အစိုး
ရမကောင်းမြင်ဝါဒီတွေကိုပါ တိုက်တွန်းလိုက်ရပါတယ်ဗျာ..။

[ဟန်စိုးမင်း]
[ပရိဘောဂထုတ်လုပ် ဖြန့်ချီရေး ကိုယ်စားလှယ်]

http://www.mgkyautkhae.com 

*******************************************************
ယမန်နေ့က ဆရာလူထုစိန်ဝင်း ရေးသားမှူကို ဆရာအောင်သင်းဟု ရေးသားမိပါသည်
ဤပေးစာကိုမစီစစ်မိပဲတင်မိလိုက်သည့်အတွက်  အစစအရာရာလွှဲချော်မှူ တောင်းပန်လိုက်ပါသည်။
မောင်ကျောက်ခဲအဖွဲ့ 
*********************************************************
Print Friendly and PDF

5 ယောက် ဆွေးနွေးခဲ့တယ်:

လှိုင်မင်းညို said...

ဆောင်းပါးရှင်ပြောတဲ့ လူမျိုးခြားဆရာကြီးဆိုတာ မော်စကိုက အမ်ဂယ်အူ တက္ကသိုလ်က ဆရာကြီးကိုပြောတာလားမသိဘူး..

Anonymous said...

မင်းအပြာရောင်ကြီးနဲ့လုပ်ထားတဲ့ စာတွေကို ပြောတာ ဦးအောင်သင်းမဟုတ်ပါဘူးကွာ.. လူထုဦးစိန်ဝင်းပါ.. ဒီမှာကြည့်

https://www.facebook.com/notes/%E1%82%8F%E1%80%BD%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%9B%E1%80%9E-%E1%80%85%E1%80%AC%E1%80%85%E1%80%AF%E1%80%99%E1%80%BA%E1%80%AC%E1%80%B8/%E1%81%BF%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%A1%E1%80%B1%E1%80%81%E1%81%9A%E1%80%81%E1%80%B6%E1%80%9B%E1%80%96%E1%80%AF%E1%80%AD%E1%82%94-%E1%80%99%E1%80%91%E1%80%AF%E1%80%AD%E1%80%80%E1%80%B9%E1%80%90%E1%80%94%E1%80%B9%E1%80%90%E1%80%B2%E1%82%94%E1%80%9E%E1%80%B0%E1%80%B1%E1%80%90%E1%80%BC-%E1%80%86%E1%80%9B%E1%80%AC-%E1%80%9C%E1%80%B0%E1%80%91%E1%80%AF%E1%80%85%E1%80%AD%E1%80%94%E1%80%B9%E1%80%9D%E1%80%84%E1%80%B9%E1%80%B8/351144264908525

တိမ်ကြားမင်းခေါင် said...

မော်စကိုမြို့တစ်နေရာမှာ လူတစ်ဦးလမ်းလျှောက်လာသည်။ တိုက်ပေါ်မှ အုတ်ခဲတစ်ချပ် ပြုတ်ကျပြီး ထိုလမ်းလျှောက်သူ ခေါင်းပေါ်တည့်တည့် ပြုတ်ကျ၏။ လမ်းလျှောက်သူ သေသွား၏။ ဝိုင်းဝန်းကြည့်နေ သူများထဲမှ တစ်ယောက်ကပြော၏။
“ကြည့်ကြစမ်း... ဒီအစိုးရလက်ထက်မှာ ဘာကောင်းတာရှိလဲ..။ တိုက်ပေါ်ကအုတ်ခဲ ပြုတ်ကျပြီးတောင် လူသေရသတဲ့။ ဒီအစိုးရလက်ထက်လမ်းတောင် လွတ်လွတ် လပ်လပ် မလျှောက်ရဲတဲ့ဘဝ။”
ထိုစဉ် ကြည့်နေသူများထဲမှ တစ်ယောက်က ဝင်ပြော၏။
“သူ့ကို ကျနော်သိပါတယ်ဗျ။ သူက အစိုးရအဖွဲ့ဝင်လူတစ်ယောက်ဗျ”
ထိုသူ၏ စကားသံအဆုံး.. လူတွေထံမှ အသံများ တညီတည်းထွက်လာ၏။
“ကြည့်ကြစမ်း။ ဒီအစိုးရလက်ထက် ဘာကောင်းတာရှိလဲ။ လမ်းပေါ်ကို အုတ်ခဲတောင် လွတ်လွတ်လပ်လပ် ကျခွင့်မရှိဘူး---

အရိုင်း said...

ရယ်ချင်စိတ်မနည်းထိန်းထားရတယ်ဗျာ....
ဟိုမှာလည်းရေးထားတာလူထုစိန်ဝင်းပါ
ဘယ်နှယ့်......ဦးအောင်သင်းတဲ့
ခင်များလည်းမြန်မာစာမဖတ်တော့ဘူးနဲ့ တူတယ်
သူငယ်တန်းပြန်ဆင်းပါလား

တိမ်ကြားမင်းခေါင် said...

ကိုအရိုင်းရေ အကိုပြောတာမဟုတ်ဘူးဗျ။ယခင်တင်ထားတဲ့ ခေါင်းစဉ်မှာ က ဆရာအောင်သင်လို့ရေးထားတာ။နောက်မှ လူထုစိန်ဝင်းလို့ပြင်လိုက်တာ။ကိုအရိုင်းကအလည်နောက်ကျနေလို့ထင်ပါတယ်။ဟိုအပေါ်ကအကိုကိုကျေးဇူးတင်ပါတယ်။မှားတာထောက်ပြတော့မှန်သွားတာပေါ့။ဒါကအပြစ်ပြောရာမရောက်ပဲ မှားတာကိုအမှန်ပြင်ဖို့ ထောက်ပြရာရောက်တယ်။ဒီလိုသာ စိတ်ထားမျိုးထားနိုင်ကျရင်ကောင်းမယ်ဗျာ။ခက်တာက အမှားတွေကိုအော်နေကျပြီးတော့ကိုယ်တိုင်ကျတော့အမှားကိုဝန်မခံရဲကျဘူးဖြစ်နေကျတယ်။စိတ်ချ။စည်းကမ်းမရှိတဲ့ ပါတီ သာအာဏာရလို့ကတော့ သူတစ်လူငါတစ်မင်းနဲ့ နိုင်ငံပျက်မှာသေချာတယ်။မိန်းမဖျက်လို့ပြည်ပျက်တာ စကားပုံရှိပေမယ့်လဲ သူများရဲ့
ကျွန်နဲ့တင်မဟုတ်၊ကျွန်သပေါက် ဘ၀မှာအနှစ် တစ်ရာကျော် လောက်တောင်နေခဲ့ရရှာ။ပျော့တော့ပျော့ပါရဲ့။ဒါပေမယ့် နံလာမှာစိုးသဗျို့။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ