May 15, 2012
မြန်မာကို မြန်မာသာ စင်ပေါ်တင်နိုင်မည်.တရုတ်မလို.အဖြူမလို
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
6:57 PM
0
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ဆင်ခြင်နိုင်ကြစေ
စစ်ပွဲတစ်ပွဲအပြီး ယမ်းခိုးဝေသော ကန့်လန့်ကာ နောက်တွင် အိမ်မက် မက်ခြင်း
မနေ့က ညနေခင်းတောင် ကျနော် ဒီနေရာကို လမ်းလျှောက်ဖြစ်ခဲ့တယ်...။ ဒီလယ်ကန်သင်းပေါ်မှာတောင် ကျနော်မတ်တပ်ရပ်ပြီး နေဝင်ချိန်
ဆည်းဆာကို ကင်မရာနဲ့ မှတ်တမ်းတင်ခဲ့သေးတယ် ...။ အခုတော့...
အတွေးမဆုံးခင်."
ဝုန်း" ဘေးနားက မြေကြီးဖွာထွက်သွားတယ်..နားတွေလည်း အူပြီး မျက်လုံးထဲကို
သဲတွေ ဝင်လာလို့ အမြန်မှိတ်လိုက်ရတယ်..။လခွီး..၄၀ မမ ဗုံးသီးပြုတ်ကျတာဟ...။ချက်ချင်းပဲ ဘယ်ဘက်ကို ၃ ပတ်လောက် လှိမ့်ပြီး
ခမ်းလှမ်းလှမ်းမှာ ရှိနေတဲ့ ရေဗွက်ထဲကို ဆင်းလိုက်တယ်..။ပြီးတာနဲ့
ရှေ့ကို သေနတ်ပြောင်းလှည့်မိတယ်..။
ဘာဖြစ်တာလဲ..သူကစပစ်တာလား..ကိုယ်က စပစ်တာလားတောင် မသိလိုက်ဘူး..။သေနတ်သံတွေ
ဆူညံပြီး တဝီဝီနဲ့ ကျည်ဆံတွေ ဖြတ်လာတယ်...ရုပ်ရှင်တွေထဲကလို တော့
တကယ့်စစ်မြေပြင်မှာ သေနတ်ခါးပိုက် ရင်ကော့ပြီး ပစ်တာတော့
မတွေ့ဖူးဘူး..။ကျည်ဆံဖြတ်လာသံ တွေ အတွဲလိုက်ဆွဲတဲ့ ရိုင်ဖယ်သံကြားတာနဲ့
အကာအကွယ်ရှိတဲံ့နေရာကို ဒိုင်ဗင်ထိုးဝပ်လိုက်တာပဲ..။
ငယ်ငယ်တုန်းက သေနတ်ပစ်တမ်းကစားတုန်းကတောင် ၁ -နေရာယူ ကနေ စခဲ့တာပဲလေ.ကျနော်လည်း သွေးနဲ့ကိုယ် သားနဲ့ကိုယ်။
ဘာလုပ်မလဲ
ဘာလုပ်မလဲ..
ခေါင်းထဲဝင်လာတဲ့ အတွေးများ..။ဟုတ်ပြီ..ငါ့ကောင်တွေ ဘာဖြစ်နေသလဲ..။ဘယ်ညာရမ်းကြည့်တော့ မဆိုးပါဘူး..။
ဟိုဘက်ကို သူဟာနဲ့သူ ပြန်ပစ်နေပြီ..။တပ်ကြပ်ကြီးကလှမ်းအော်နေတယ်.."ဗိုလ်လုံ..ဗိုလ်လုံ."
"ကျုပ်..ဒီမှာ.".လှမ်းအော်လိုက်တယ်..သူနေရာကနေ ခါးလေးကုန်းလို့ပြေးလာတယ်.." ဗိုလ်လုံ ..အခြေအနေ..ဘာဖြစ်သေးလဲ."
အမေးကို
ကျနော် သူမျက်နှာ မကြည့်ပဲ ဖြေလိုက်တယ်.ပြီးတော့" ဘာမှ မဖြစ်ဘူး..ခင်ဗျား
အခု ညာဘက် ၁၂ နာရီခွဲက တောင်စောင်းအခြေ လမ်းအကွေ့ကို တွေ့လား " .."
တွေ့ပြီ..တရုတ်စက်လက် "..ကျုပ်အဲဒါကြောင့် ဒီဆရာကြီးကို
သဘောကျတာ..အရိပ်ပြရင် အကောင်မြင်တယ်..။ " အဲဒီကို 40 m နဲ့
ပြန်ထုဗျာ.ပြီးရင် ဆရာလှဆောင်တို့ကိုသွားခေါ်..ကျုပ် ဆီကိုလာပေါင်း " လို့
ပြောအပြီးမှာ ဘာမှပြန်မဖြေပဲ အမ်အေ၄ ကို ဗုံးသီးထည့်ပြီး
နှစ်လုံးဆက်တိုက်ခုနကကျနော်ပြတဲ့နေရာကို ပစ်ပြီး လယ်ကန်သင်းမှာ
တန်ပြန်ပစ်နေတဲ့ ဆရာလှဆောင်နဲ့ရဲဘော်တွေဆီ လှိမ့်ထွက်သွားတယ်..။
ကျနော်လည်း
ခပ်လှမ်းလှမ်းက ကားလမ်းအစပ်ကို ပြေးတတ်သွားတယ်..ကားလမ်း ညာဘက်က
လယ်ကွင်းနဲ့ချောင်း..ဘယ်ဘက်က တောင်စောင်းဆိုတော့ ကားလမ်းအပေါ်တောင်စောင်းဆီ
ပြေးတတ်သွားတဲ့ အဖွဲ့တွေနဲ့ သွားပေါင်းလိုက်တယ်..ကြည့်ရတာ ဒင်းတို့လည်း
အလာ..ကျုပ်တို့လည်း ချောင်းကိုဖြတ်.လယ်ကွင်းကနေကားလမ်းကို အတတ်မှာ
ဗြုန်းဆို တွေ့တာကိုးဗျ..။
ဟုတ်ပြီ..ဆက်သွယ်ရေးရဲဘော်..ဘာဖြစ်နေလဲ..လိုက်ရှာ..လိုက်ရှာ..ဟိုက်သောက်ကြိုးနဲ..ကျုပ်ဝပ်နေတဲ့
ပထမနေရာကို ကျတဲ့ 40m နဲ့ တစစီဖြစ်ကျန်ခဲ့တာပါလား.ဆက်သွယ်ရေးစက်ကလေးကတော့
လယ်ကွင်းထဲမှာ..တစောင်းလေးပေါ်လို့..။
ခွီးထဲမှပဲ...မိုးကလည်းကျလာသေးတယ်..ဆိုးလိုက်တဲ့ကံ..လယ်ကွင်းကနေ
တတ်လာမဲ့အဖွဲ့ကို ကာပစ် နေရင်း သေနတ်သံတွေ ကြားက လွင့်နေတဲ့ ဆဲသံက
အိမ်ကအမေနဲ့နှမတွေကြားရင် ဖင်ကြိမ်းလိမ့်မယ်..။ဟူး..
ပုခုံးသိုင်းကြိုးမှာကပ်ချုပ်ထားတဲ့
အိတ်လေးထဲကနေ စကုပ်(သေနတ်မှန်ပြောင်း)ကို ထုတ်လိုက်ပြီး သေနတ်မှာ
တပ်လိုက်တယ်.ပြီးတာနဲ့ ဘယ်ဘက်က သစ်ငုတ်တိုတွေကြား မိကျောင်းတွားသွားလိုက်တယ်..။
အိုကေ..အသက်မှန်မှန်ရှူ..စိတ်ကို ငြိမ်အောင်ထား...ကိုယ့်ဘာသာ
သတိပေးရင်း ပစ်မှတ်ကို ရှာလိုက်တယ်..တွေ့ပြီ..ဆရာသမားက ငုတ်တုတ်ထိုင်ပြီး
ကောင်းကောင်းဆွဲနေတာ..လည်ပင်းနားချိန်ပြီး
မောင်းခလုတ်ဖြုတ်လိုက်တယ်..သွားပေရော့တစ်ယောက်..နောက်တစ်ယာက်
ထပ်ရှာ..လှဲနေတဲ့ သစ်ပင်ကို အကာအကွယ်ယူပြီး ပစ်နေတာ..ခြေထောက်လေးထွက်နေတာ တွေ့တော့..ရော့..နောက်တစ်ယောက်.။
*
ကျနော် ပစ်လိုက်တဲ့ လူမှာ သားသမီးများရှိမလား.ကိုယ်ဝန်ကြီးနဲ့ မိန်းမက
အိမ်ပြန်ချိန်စောင့်နေမလား..ကျနော် မသိဘူး..ကျနော်သူကို
မမုန်းပါဘူး..ရန်ငြိုးလည်း မရှိဘူး..ဒါပေမဲ့ ပစ်နေရတယ်.အသေပစ်နေရတယ်..*
လူတစ်ယောက်တိုင်း တစ်ယောက်ပြီးတိုင်းကို
ပစ်ပြီးတိုင်း ပစ်ပြီးတိုင်းမှာ
ငါကိုယ်တိုင် သူတို့နဲ့ အတူတူ
လိုက်ပြိး သေနေသလို ခံစားရတယ်
state ကျောင်းသားဘဝက ဖတ်ခဲ့တဲ့ စာကြောင်းတစ်ကြောင်း..ဘာလို့ ကျနော်ကိုယတိုင် ဖြစ်နေတာလဲ..
နောက်ထပ်
ထပ်ရှာတော့ ရိပ်ခနဲ မတ်တပ်ရပ်လိုက်တာ တွေ့တယ်..ချိန်နေတုန်းပဲရှိသေး
မောင်မင်းကြီးသား တကိုယ်လုံး မီးခိုးတွေ ထွက်ပြီး မှန်ပြောင်းထဲကို
အရိပ်ဖြူကြီး ဝင်လာတယ်..
"ဟိုက်..RPG" သောက်ကျိုးနည်း..ကုန်းထပြီး
လှည့်အထွက်..ခန္ဒာကိုယ်တခုလုံးမြောက်တတ်သွားတယ်..ခွေးကျ ကျတယ်ဆိုတာ
ဒါမျိုးထင်တယ်..ကျောကုံးတစ်ခုလုံး အက်ဆစ်နဲ့ ပက်ခံထားရသလိုပဲ..။
ပြေးဝင်လာတဲ့ ရဲဘော် နှစ်ယောက်..ကြားတစ်ချက်..မကြားတစ်ချက်
အသံတွေ..မျက်လုံးထဲမှာ အဖြူရောင်ကလွှဲလို့..ဘာမှ မမြင်တော့..။။
**************************
******************
********
ဘယ်လောက်တောင်
အိပ်ပျော်သွားတယ် မသိဘူး..။ မျက်လုံးအဖွင့်မှာ ကျနော်နူးညံတဲ့ နေရာကို
ရောက်နေတယ်.ပတ်ဝန်းကျင်တစ်ခုလုံး အဖြုပဲ.ဘယ်နားကြည့်ကြည့်
အဖြူပဲ..ဝူခုန်းကားက နတ်ပြည်လိုပဲ..။
ရုတ်တရက် ဘေးနားကို
ပြောက်ကျားဝတ်စုံနဲ့ လူတစ်ယောက် ရောက်လာတယ်..ကျနော်ကို
ငုံကြည့်တယ်..ပြိးတော့..သူကအော်လိုက်တယ်..
"
ဟေ့..လူသစ်ရောက်တယ်ဟေ့"..ချက်ချင်း ဘေးနားမှာ လူတွေဝိုင်းအုံလာကြတယ်
အားလုံး
စစ်ယူနီဖောင်းတွေနဲ့..သေသေချာချာကြည့်လိုက်တယ်.အားလုံး လက်မောင်းတံဆိပ်တွေ
မပါဘူးရာထူးအဆင့်အတန်းတွေ မပါဘူး..ကျနော်ကိုယ်ကျနော်
ပြန်ကြည့်မိတယ်.ကျနော်ပုခုံးပေါ်က အပွင့်တွေလည်း မရှိဘူး.လက်မောင်းက
တံဆိပ်တွေလည်း မရှိဘူး..။ဇဝေဇဝါဖြစ်နေတဲ့ ကျနော့်ကို ကျနော်လို
စစ်ယူနီဖောင်းနဲ့ လူတစ်ယောက်က လက်ဆွဲနှူတ်ဆက်ပြီး ပြောတယ်..
" ကိုတို့
ငြိမ်းချမ်းသော နယ်မြေက ကြိုဆိုပါတယ် ညီလေး.."တဲ့
"ဗျာ.ဘယ်လို
ငြိမ်းချမ်းသောနယ်မြေ.ဟုတ်လား".ကျနော်ပြန်မေးမိတယ်..
ညာဘက်အစွန်က လူက
ထပြောတယ်
"ဒီနေရာမှာ ဝါဒစွဲတွေမရှိဘူး.ပုဂ္ဂိုလ်ရေး ကင်းတယ်.အားလုံးက
လူတွေ.အထူးသဖြင့် မြန်မာနိုင်ငံသားတွေ စုစည်းနေတဲ့ နေရာပဲ".ဒီလူကြီး
ယူနီဖောင်းကိုတွေ့ဖူးပါတယ်..ဟိုက် ဒီဘဲကြီး ဗကပ ကပဲ..
"ဟုတ်တယ် ဒီနေရာမှာ
အမုန်းတွေ ကင်းသွားတယ် အငြိုးတွေလည်း ပျောက်သွားတယ်".ပြောတဲ့လူက ကေအန်ယူ
ပျောက်ကျားကြီးနဲ့.
"ဒီနေရာမှာ စစ်ပွဲတွေမရှိတော့ဘူး."
လို့ ခုနက
စစ်ယူနီဖောင်းနဲ့လူက ပြောတယ်."
"နောက်တစ်ခုက
ငါတို့သေသွားပြီးပြီ"..လူအုပိထဲက ထွက်လာတဲ့ အသံပိုင်ရှင်ကို
ကြည့်လိုက်တော့..လား လား..ခုနလေးတင် ကျနော် လည်ပင်းကိုချိန် ပစ်လိုက်တဲ့
ကချင်လေး.နဲ့ ကျနော်နေရာကို အာပီဂျေနဲ့ ပစ်တဲ့
ရှမ်းလေး.သူတို့အပြုံးတွေမှာ အမုန်းတွေမပါဘူး..။
ကျနော် သိလိုက်ပါပြီ..ခုနက
အာပီဂျေဗုံးဆံနဲ့ ကျနော်သေသွားခဲ့တယ်.ပြီးတော့ ဒီနေရာကို
ရောက်လာတယ်.ဒီနေရာမှာ ငြိမ်းချမ်းရေး
အပြည့်ရှိတယ်.ကျနော်ပြူံးမိတယ်..ပြီးတော့ ရီလိုက်မိတယ်.အားလုံးလည်း
ရီကြပြီး ထွက်သွားကြတယ်.ကျနော်လည်း ချက်ချင်း ထလိုက်တယ်..အားလုံးမှာ
အပြုံးကိုယ်စီနဲ့..အမုန်းတွေမရှိဘူး..လမ်းလျှောက်ရင်း အားလုံးကို
လိုက်ကြည့်မိနေတယ်..ခံတွင်းချဉ်လာတာနဲ့ ဘောင်းဘီအိတ်ထဲ လက်နှိုက်စမ်းမိတော့
ဖက်ကြမ်းအတိုလေးထွက်လာတယ်.ပါးစပ်မှာ ခဲပြီး မီးခြစ်ခြစ်မယ် လုပ်တော့
မီးခြစ်မပါလာဘူး..ဖျောက်ခနဲ အသံကြားပြီး မျက်နှာရှေ့မှာ
မီးပွင့်လေးထွက်လာတယ်.ကျနော်ဆေးလိပ်ကို မီးညိပြီး ကျေးဇူး
ပြန်ပြောလိုက်တယ်.ssa ယူနီဖောင်းနဲ့ ကောင်လေးတစ်ယောက်
မီးခြစ်လာခြစ်ပေးတာကိုး..ပြီးတော့ သူက အနားနားကပ်ပြောသွားတယ်.".အောက်တော့
ငုံမကြည့်မိစေနဲ့.".တဲ့..ပြီးတော့ သူလှည့်ထွက်သွားတယ်..လူဆိုတာကလည်း
မလုပ်နဲ့ပြောရင်တယ်လုပ်ချင်သကိုး..အောက်ကို
ခိုးကြည့်လိုက်တယ်..။
ဟာ..မီးခိုးလုံးတွေ..ခြေပြတ်လက်ပြတ်အလောင်းတွေ.ရုပ်မပေါ်တော့တဲ့
အလောင်းတွေ.ကိုယ့်အသက်ရှင်ဖို့ ပုံးပြီး သူများကို ပစ်သတ်နေရတဲ့ ဘဝတွေ.အဖေ
အမေ တနေတဲ့ သွေးရဲရဲ နဲ့ နှစ်ဘက်သော
တိုက်ပွဲဝင်သူတွေ..ကလေးငိုသံတွေ..ကျနော်
ချက်ချင်းမျက်စိမှိတ်လိုက်ရတယ်..ပြီးတော့ ခပ်လေးလေး ခြေထောက်တွေကို
ဆွဲမပြီး ဆက်လမ်းလျှောက်ခဲ့တယ်..အော်.စစ် စစ်..။
ရှေ့မှာ လူနှစ်ယောက်
ချက်စ်ထိုးရင်း ရီနေကြတယ်..တစ်ယောက်က မွန်..တစ်ယောက်က ရခိုင်..ကျနော်လည်း
ချက်ချင်း စချင်စိတ်လေး ဝင်သွားတာနဲ့.အနားကပ်ပြီး သီချင်းဆိုလိုက်တယ်."
မင်းလေးသော့ ရခိုင် ရခိုင်သားဝေ.ငါလည်းသော့ ရခိုင် .ဇာကွာခြားလီလေ.."လို့
ဆိုတော့ ချက်စ်ထိုးနေတဲ့ ရခိုင်စစ်သားက မော့ကြည့်တယ်.ပြုံးပြပြီး
သက်ပြင်းအရှည်ကြီး ချတယ်.ပြီးတော့ ချက်စ် ပြန်ထိုးနေတယ်.ကျနော်
လှည့်ထွက်လိုက်တယ်..သူ့ပါးစပ်က ကျနော်ဆိုတဲ့ သီချင်းကို
ဆက်ဆိုသံကြားလိုက်ရတယ်." ဒေပိုင်
အဖြိုက်ဆိုး အသည်းကွဲဖူးစော် နားလည်
"..တဲ့..ဟုတ်ပါတယ်.သူအသံမှာ ငိုသံပါနေတယ်ဆိုတာ ကျနော်သိတာပေါ့.။ဘာလို့များ
ဒီအချိန်မှာ ဒီလိုအဖြစ်နဲ့တွေ့တာလဲ ကို သူအသည်းနာနေမှာပါ..။ဒီနေရာမှာ
ယူနီဖောင်းမျိုးစုံနဲ့ တိုင်ရင်းသား အစုံရှိတယ်(ရိုဟင်ဂျာတော့
မပါဘူး).ဘယ်သူကိုမှ မမုန်းကြဘူး.အားလုံး အပြုံးကိုယ်စီနဲ့.ပုခုံးဖက်
လမ်းလျှောက်နေကြလေရဲ့..ဝါဒတွေ အမုန်းတွေ သမိုင်းတွေ အငြိုးတွေ တင်းမာမှူတွေ ဘာဆိုဘာမှ
မရှိဘူး..အားလုံး ညီအကိုရင်းတွေလို
နေနေကြတယ်..ယူနီဖောင်းမျိုးစုံရှိတယ်.စိတ်ကတော့ တစ်စိတ်ထဲပဲ.ဒီအုပ်စုလေးထဲ
လမ်းလျှောက်နေဆဲမှပဲ ကျနော်တကိုယ်လုံး
ပေါ့ပါးနေတယ်.ပျော်နေတယ်.ဘာကြောင့်ပျော်တာလဲဆိုတာတော့
မပြောတတ်ဘူး.တစ်ယောက်ယောက်မျက်နှာပေါ်က နှူတ်ခမ်းအပြုံးတစ်ချက်ကို
မြင်တိုင်း ကျနော်ပါလိုက်ပြုံးမိ.ဖက်လှဲတကင်းနှူတ်ဆက်မိတာ ဒီနေရာရဲ့
ထူးခြားချက်လား..ယမ်းနဲ့ မရှိတဲ့နေမြေ.မိုင်းမခင်းတဲ့နေမြေ.အမုန်းနဲ့ဝါဒစွဲ
မရှိတဲ့နယ်မြေ..ဒီမှာ ကျနော် ငှက်တစ်ကောင်လို ပေါ့ပါးနေတယ်..။
ညီအကိုတွေ
သီတင်းကျွတ်မှာ ပြန်ဆုံသလို အားလုံးတွေ့တဲ့လူကို နှူတ်ဆက်ကြ
ဖက်ကြ..လက်ဆွဲနှူတ်ဆက်ပြီး စကားစမြည်ပြောဆိုကြ.ဘယ်လောက်
ပျော်ဖို့ကောင်းလဲဗျ..။
ဒီအချိန်မှာ..မနက်တိုက်ပွဲမှာ ကျနော်ကလည်း
ပစ်..ကျနော်ကိုလည်း ပစ်ထားတဲ့ ကေအိုင်အေက ကောင်လေးနှစ်ယောက်က ပြေးလာပြီး
လက်တဖက် တစ်ချက်စီ ဆွဲပြီး သွားမယ်..သီချင်းသွားဆိုကြမယ် ဆိုပြီး
ဆွဲခေါ်သွားပါရောဗျာ..ရှေ့မှာ လူအုပ်ကြီးတစ်အုပ်..ဂီတာတီးနေတဲံ့
လူတစ်ယောက်ကို ဝိုင်းပြီး သီချင်းတွေ ဆိုနေကြတယ်.
လူအုပ်ကြီးထဲ အတင်းတို့းဝှေ့ပြီး ကြည့်မိတော့..အိုး..ဂီတာတီးနေတာ ကိုစိုင်းထီးဆိုင် ကြီးပဲ..ကျနော်သဘောပေါက်လိုက်ပါတယ်
အားလုံးနဲ့အတူတူ လက်ခုပ်တီးပြီး သီချင်းလိုက်ဆိုလိုက်ပါတယ်..သီချင်းခေါင်းစဉ်က
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
2:00 AM
1 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ပန်ကြားပါရစေ, ပေးစာကဏ္ဍ
May 14, 2012
ဘုရားပြီးလို့ ငြမ်းဖျက်တာလား NLD (သို့မဟုတ်) စတုတ္ထမဏ္ဍိုင်၏ ခံစားချက်များ
၂၀၁၂
ခုနှစ်၊ မေလ ၈ ရက်နေ့က ပြုလုပ်သော ရွှေမင်းသားဖောင်ဒေးရှင်းရဲ့ ၄ နှစ်မြောက် နှစ်ပတ်လည်
အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဓာတ်ပုံရိုက်ခဲ့တဲ့ မီဒီယာသမား ကိုဟိန်းကိုစိုးကို
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ယူထားတဲ့ ကျော်စိုးနိုင် (ခေါ်) ဘောကြီးက ဓာတ်ပုံမရိုက်ဖို့
တားမြစ်ခဲ့လို့ ကိုဟိန်းကိုစိုးမှ မရိုက်တော့ပဲ ပြန်လှည့်ထွက်လာပါတယ်။ ဒါပေမယ့် ကျော်စိုးနိုင်နဲ့
နောက် တစ်ယောက်က အိမ်သာခန်းဘက်ခေါ်သွားပြီး လည်ပင်းရှိ အင်္ကျီကော်လံစကိုဆွဲကာ “ မင်းတို့မီဒီယာတွေက
ပိုက်ဆံရလို့ လုပ်နေတာ ငါတို့က ဘာစောက်တပြားမှ မရပဲ ထောင်အကျခံပြီး နိုင်ငံရေးလုပ်နေတာကွ
ဘယ်ကောင်ကိုမှ စောက်ဂရုမစိုက်ဘူးလို့ မင်းတို့အယ်ဒီတာကိုပြောလိုက် ” လို့ဆိုပြီးပြောဆိုခဲ့ပါတယ်။
ဒီလိုပြုမူတာဟာ ရိုးရိုးလေးကြည့်ရင်တော့
လုံခြုံရေးသမားနဲ့ မီဒီယာသမား ရန်ဖြစ်တာပါပဲ။ ဒါပေမယ့် သေချာ စဉ်းစားလိုက်တော့ လူထုက
အားပေးတဲ့ ခေါင်းဆောင်အနေနဲ့ လူထုကို သတင်းတွေထုတ်ပြန်ပေးတဲ့ စတုတ္ထမဏ္ဍိုင်ကို စော်ကားတာပဲ
ဖြစ်တယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မတိုင်ခင်ကာလမှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ စည်းရုံးရေး
ကာလတစ်လျှောက် မီဒီယာသမားတွေက နေပူမိုးရွာမရှောင်ပဲ လိုက်လံပြီး အချိန်နဲ့ တပြေးညီ
တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေကို တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့
ခရီးစဉ်တစ်လျောက်မှာ ပြည်သူတွေက လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေတဲ့ပုံတွေ တစ်နိုင်ငံလုံးဝေဆာနေတာ
မီဒီယာသမားတွေရဲ့ကျေးဇူးပါ။ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ရဲ့ လှုပ်ရှားမှု မှန်သမျှကို
ကိုယ့်စားရိတ်ကိုယ်စားပြီး အပင်ပန်းခံ ပုံဖော်ပေးခဲ့တာကလည်း ဒီမီဒီယာသမားတွေပါပဲ။ ကြားဖြတ်
ရွေးကောက်ပွဲဟာ မီဒီယာတွေကြောင့် NLD အောင်မြင်ခဲ့ရတယ်လို့လည်း ဆိုနိုင်ပါတယ်။
ဒီလိုဒေါ်အောင်ဆန်းစုကြည်ကို
မီဒီယာတွေက ၀န်းရံပေးခဲ့တာကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနစ်နာခံတဲ့စိတ်၊ ပြည်သူ့အကျိုးကို
ဆောင်ရွက်ပေးပါ့မယ်ဆိုတဲ့ ဂတိတွေကြောင့် ၀ိုင်းဝန်းပံ့ပိုးပေးကြတာပါ။
ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဘေးက
လူတွေကတော့ စိန်နားကပ်ရောင်နဲ့ ပါးပြောင်နေတာဖြစ်တယ်။
ဒေါ်စုကြည်သာမရှိဘူးဆိုရင် ကျော်စိုးနိုင်ကို
ဘယ်သူမှ လူရာသွင်းမှာ မဟုတ်ပါဘူး။ ဒီလိုမီဒီယာတွေမှာ ၀ိုင်းဝန်းတင်ပြနေကြပေမယ့်
NLD ပါတီက တာဝန်ရှိသူတွေ အနေနဲ့ ဒီကိစ္စကို လက်ရှောင်နေကြပါတယ်။ အရင်က ဒေါ်စန္ဒာမင်းကိစ္စတုန်းကလည်း
မသိသလို ဟန်ဆောင်နေခဲ့ပါတယ်။
ခုကျွန်တော်တို့ မီဒီယာသမားတွေ ထင်နေကြတာကတော့
ဘုရားပြီးလို့ ငြမ်းဖျက်တာလား ဆိုတာကိုပဲ။ စည်းရုံးရေးကာလတစ်လျှောက်လုံး မီဒီယာက ပုံဖော်ပေးနေတာတွေကို
ရွေးကောက်ပွဲမှာ အနိုင်ရပြီး လွှတ်တော် အမတ်လည်းဖြစ်ရော မီဒီယာတွေကို စတင်ပြီးတော့ စော်ကားတာပဲ
ဖြစ်ပါတယ်။ ဒီအခြေအနေဆိုတာ သတင်းယူတာပဲ ရှိပါသေးတယ်။ NLD ပါတီအာဏာများရလာလို့ မှားကွက်လေးများ
ထောက်ပြမိရင် လူကိုတောင် သတ်မလားမသိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ဒီလောက်နဲ့ပဲ ရပ်တည်သွားမှာ
မဟုတ်ပါဘူး ဒီထက်ကြီးလေးတဲ့ တာဝန်တွေနဲ့ နိုင်ငံတော်အကျိုးကို ဆက်လက်ထမ်းရွက်ရအုံးမှာပါ။
ခုလိုလွှတ်တော်အမတ်လေးဖြစ်ချိန်မှာတောင် ဘေးက လူတွေက ဒီလောက်မာန်တတ်နေရင် နောင်တစ်ချိန်မှာ
ပြည်သူတွေကို ဘယ်လောက်မောက်မောက်မာမာ ဆက်ဆံမလဲဆိုတာ တွေးကြည့်ရုံနဲ့ ရင်လေးမိပါတယ်။
ဒါကြောင့်ဆင်ဖြူတော်မှီပြီး
ကြံစုပ်နေသူများအနေနဲ့ ကြံကိုကြာကြာဆက်စုပ်နေချင်သေးတယ်ဆိုရင်တော့ စတုတ္ထမဏ္ဍိုင်ကို မစော်ကားပါနဲ့။
မိမိတို့ရဲ့ မောက်မာမှုတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်ကိုပါ ပြည်သူတွေက အထင်သေးသွားနိုင်တယ်
ဆိုတာ မီဒီယာသမားများကိုယ်စား ပြောပြလိုက်ချင်ပါတယ်…
အောက်မှာပါတဲ့
စာတွေကတော့ မီဒီယာသမားတွေရဲ့ NLD အပေါ်တုန့်ပြန်မှုဖြစ်ပါတယ်…
ထုတ်ပြန်သည်။ အဘ ဥက္ကာကိုကို - (7 Day Journal သတင်းထောက်) :
ဒေါ်စုကို Lobby လုပ်ပေးခဲ့တာ မီဒီယာတွေပါလို့ အပြောအဆိုခံရပြီးပြီ။ အခု ဒေါ်စုကို
လုပ်ကြံနေတာ မီဒီယာတွေပါလို့ ပြောလာပြန်ပြီ။ အန်အယ်လ်ဒီဟာ စွမ်းအားရှင်လား။
အာဏာရှင်လား။ ဒီမေးခွန်းကို စိတ်ဆိုးတယ်ဆိုရင် မတတ်နိုင်ဘူး။ အန်အယ်ဒီရဲ့
မီဒီယာနဲ့ ဆက်ဆံရေးဟာ အရင်တုန်းကနဲ့ မတူတော့တာတော့ သေချာတယ်။ ဒေါ်စု ဒေါ်စုဆိုပြီး
ချစ်ကြ လေးစားကြတာက ကျုပ်တို့အလုပ်မဟုတ်ဘူး။ ဒေါ်စုကိုလေးစားတယ်။ ရင်ထဲမှာပဲရှိတယ်။
အလုပ်က အလုပ်ပဲ။ ဒေါ်စုဆိုပြီး ဒေါ်စု ဒေါ်စုလုပ်ရမယ့်အထဲမှာ ကျုပ်တို့မပါဘူး။ အခု
ဒီမိုဖက်တီးရေးသားနေတာတွေဟာ တစ်ဖက်စောင်းနင်းဆန်လွန်းလာတယ်။ အန်အယ်ဒီနဲ့
ပတ်သက်လာရင် ဆတ်ဆတ်ထိမခံဖြစ်နေတယ်။ စိတ်ဆိုးလွန်ပြီးလည်း သေသွားဦးမယ်။
ဒေါ်စုကိုထိလို့ စိတ်ဆိုးပြီးသေတဲ့မသာဆိုပြီး နာမည်ကျော်နေဦးမယ်။
နည်းနည်းလည်းလျှော့ဦး။
(စိတ်ကြိုက်ဆဲ။ စိတ်ကြိုက်ပုတ်ခတ်။ စိတ်ကြိုက်တုံ့ပြန်။ စိတ်ဆိုးမယ်မထင်နဲ့။)
(စိတ်ကြိုက်ဆဲ။ စိတ်ကြိုက်ပုတ်ခတ်။ စိတ်ကြိုက်တုံ့ပြန်။ စိတ်ဆိုးမယ်မထင်နဲ့။)
အဘ ဥက္ကာကိုကို ( 7 Day
Journal သတင်းထောက်) :
NLD ဖက်က တရားဝင်ထုတ်ဖော်သင့်တယ်။ မီဒီယာဖက်ကမှားရင်
တရားစွဲလိုက်။ကိုယ့်ဖက်ကမှားရင်တော့ ၀န်ခံလိုက်။
ရဲဘော် သူရိန် ( TNMM သတင်းထောက် ) : ဒီအတိုင်းသာ တကယ်ဖြစ်ခဲ့
ပြောခဲ့တယ်ဆိုရင်... စိတ်ပျက်စရာပဲ...
ဒေါ်အေးအေးဝင်း ( AP သတင်းဌာန သတင်းထောက် ) : တစ်ဦးနဲ့တစ်ဦး တွန်းထိုးတဲ့ အထိ ဖြစ်ရတာ မကောင်းပါဘူး။ အဲဒါအပြင် မီဒီယာသမားတွေကို နှိမ့် ချပြောသွားတာမကောင်းဘူး၊ တကယ်တမ်းပြောရင် ဒီလိုသိမ်းကြုံး ပြောတယ်ဆိုတာတွေဟာ မီဒီယာ သမားတွေကို စော်ကားသလိုပါပဲ။ တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိအောင် ဖြေရှင်းသင့်တယ်
ဒေါ်အေးအေးဝင်း ( AP သတင်းဌာန သတင်းထောက် ) : တစ်ဦးနဲ့တစ်ဦး တွန်းထိုးတဲ့ အထိ ဖြစ်ရတာ မကောင်းပါဘူး။ အဲဒါအပြင် မီဒီယာသမားတွေကို နှိမ့် ချပြောသွားတာမကောင်းဘူး၊ တကယ်တမ်းပြောရင် ဒီလိုသိမ်းကြုံး ပြောတယ်ဆိုတာတွေဟာ မီဒီယာ သမားတွေကို စော်ကားသလိုပါပဲ။ တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိအောင် ဖြေရှင်းသင့်တယ်
Ei Khin Thandar Kyaw : ငါးခုံးမတွေက ဘယ်အဖွဲ့
အစည်းမှာဖြစ်ဖြစ် ရှိတယ်..ခုအချိန်မှာ... ငါနဲ့မတူလို့ငါ့ရန်သူဆိုတဲ့သဘောထားက
ခေတ်မမှီတော့ပါဘူး... ဘယ်သူ့ကျေးဇူးကြောင့်မှလဲ ဒီလို...မြင်သာ ပွင့်လင်းလာတာမဟုတ်ပါဘူး။
ကျမတို့တွေ..တာဝန်ကျေကျေ vote လုပ်ခဲ့လို့...ဒီအခြေနေရောက်လာတာပါ။ ပါတီတွေက
ပြည်သူတွေရဲ့ ကျေးဇူးရှင်မဟုတ်ပါ။ သူရဲကောင်းလုပ်ချင်...လုပ်ကြပါ။ ကျေးဇူးရှင်တော့
ဟုတ်မယ်မထင်ပါ။....မူကိုးကွယ်တဲ့ ၀ါဒကို welcome ပါ။ လူကိုးကွယ်တဲ့ဝါဒကိုတော့
sorry ပါ..။
ဦးဟိန်းကိုစိုး ( Express
Times ဂျာနယ် သတင်းထောက် )
: အိမ်သာထဲကို ခေါ်ပြီး ကျွန်တော့်ရင်ဘတ်ကို စောင့် တွန်းတယ်။ ပြီးတော့
မင်းကဘာကောင်လဲ၊ ငါတို့က နိုင်ငံရေးကို ထောင်ကျခံပြီးလုပ်တာ၊ မင်းတို့ ဂျာ
နယ်လစ်တွေဆိုတာ ပိုက်ဆံရဖို့လုပ်နေတာ၊ မင်းတို့ အယ်ဒီတာချုပ်ကို
ဒီအတိုင်းပြောလိုက်လို့ပြောပြီး ကျွန် တော့်ကို ဆဲဆိုကြိမ်းမောင်းဓာတ်ပုံ
ရိုက်သွားတယ်
ရဲရင့် လှိုင်း ( Public
Modern Media ) :
``မင်းတို့က ပိုက်ဆံလိုချင်လို့ မီဒီယာလုပ်ငန်း လုပ်နေတာကွ၊ ငါတို့က ထောင်ကျခံပြီး
နိုင်ငံရေးလုပ်နေတာ´´ထောင်ထဲသွားပြီး စာဖတ်ခိုင်းတာကို ဥာဏ်ရည်က တက်မလာရှာဘူး
ထင်တယ်.. :(
Yangon Press International : ယခု အဖြစ်အပျက်သည်
သတင်းမီဒီယာနှင့် အန်အယ်လ်ဒီပါတီတို့ အကြားဖြစ်ပွားသည့် အဖြစ်အပျက်မဟုတ်ပဲ
သတင်းထောက် တဦး၏ အခွင့်အရေးနှင့် သတင်းမီဒီယာများအပေါ် ဆက်ဆံပြုမူပုံ ကိစ္စ၊
ပြဿနာတရပ်အဖြစ်ရှုမြင်ပါသည်။
Messenger News Journal : သတင်းထောက်နှစ်ဦးအား
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ ပါတီဝင်တစ်ဦးက ဥပဒေမဲ့ ရိုင်းပြစွာ
ပြုမူဆက်ဆံခဲ့ခြင်း၊ ``မင်းတို့က ပိုက်ဆံလိုချင်လို့ မီဒီယာလုပ်ငန်း လုပ်နေတာကွ၊
ငါတို့က ထောင်ကျခံပြီး နိုင်ငံရေးလုပ်နေတာ´´ ဟူသော မီဒီယာသမား များအပေါ်
ဂုဏ်သိက္ခာညှိုးနွမ်းစေရန် တစ်ဖက်သတ် ပုတ်ခတ်စော်ကားသည့်စကားများ
ပြောဆိုခဲ့ခြင်းအပေါ် The Messenger ဂျာနယ်မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်သည်။
Weekly Express Times Journal : "မင်းတို့ မီဒီယာသမားတွေက
ပိုက်ဆံရလို့ အလုပ်လုပ်နေတာ ငါတို့က ဘာစောက်တစ်ပြားမှမရဘဲ ထောင်အကျခံပြီး
နိုင်ငံရေးလုပ်နေတာကွ ဘယ်ကောင့်ကိုမှ စောက်ဂရုမစိုက်ဘူးလို့
မင်းတို့အယ်ဒီတာတွေကိုပြောလိုက် ငါ -ိုး မှ သားရဲ့.." ဟုတ် ပြောဆိုကာ
လက်ရောက် ကျူးလွန်စောက်ကားသော NLD အား လုံးဝ ကန့်ကွက်ရှုတ်ချပါကြောင်း။
Myanmar Journalist Network : NLD ၏ လုပ်ဆောင်ချက်အပေါ် များစွာ
စိတ်ပျက်ရပါကြောင်း လေးနက်စွာ
ပြည်တွင်းသတင်းထောက်တစ်ဦး
_________________________________________________________________
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
11:20 PM
2
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ပေးစာကဏ္ဍ
ဒီလို ဝန်ထမ်းတွေ ဒို့နိုင်ငံမှာလိုတယ်
ရထားကလာနေပြီ
သားက ရထားဖြတ်တဲ့ တံတားအောက်မှာ ညှပ်နေပြီ..
တံတားကို ဆွဲမလိုက်ရင် သားသေမယ်..မလုပ်ရင် ရထားမှောက်မယ်..။
ဒီလိုနဲ့...အဲဒီ ရထားလမ်းပြောင်းဝန်ထမ်းဟာ
သားက ရထားဖြတ်တဲ့ တံတားအောက်မှာ ညှပ်နေပြီ..
တံတားကို ဆွဲမလိုက်ရင် သားသေမယ်..မလုပ်ရင် ရထားမှောက်မယ်..။
ဒီလိုနဲ့...အဲဒီ ရထားလမ်းပြောင်းဝန်ထမ်းဟာ
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
5:08 PM
2
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = Video ဖိုင်
ဒီလို ဝန်ထမ်းကောင်းတွေ ရှိသင့်တယ်
ဆရာဝန် တစ်ယောက်သည် အရေးပေါ် ခွဲစိတ်ကုသဖို့  လိုအပ်သဖြင့် ဆေးရုံကို အလျင်အမြန် ရောက်ရှိလာသည်။
သူသည် ဖုန်းကို ရရဖြင်း ဖြေဆို၊ အ၀တ်အစားလဲကာ ခွဲစိတ်ခန်း ကို
ဦးတည်လာသည်။ ကလေး အဖေက ဟောတွင် စောင့်နေသည်ကို သူတွေ့  သည်။ သူ့  ကို တွေ
့သည်နှင့်
'ခင်ဗျား ဒီကိုရောက်ရှိလာအောင် ဘာလို့  ဒီလောက် အချိန်ယူရသလည်း။ ကျွန်တော့် သား အသက် က စိုးရိမ်စရာ အခြေအနေ ကို ရောက်ရှိနေတာ မသိဘူးလား။ ခင်ဗျားမှာ တာဝန်ယူလို စိတ် မရှိဘူးလား။' ဆိုပြီး စိတ်ဆိုးစွာ ပြောသည်။
ဆရာဝန်က ပြုံးပြီး အောက်က အတိုင်း ပြန်ပြောသည်။
“ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော် ဆေးရုံမှာ မရှိခဲ့ပေမယ့် ဖုန်းရတာနဲ့  အမြန်ဆုံး လာပါတယ်။ ကျွန်တော့် အလုပ် ကျွန်တော် ဆက်လုပ်နိုင်ဖို့  ခင်ဗျား စိတ်အေးအေးထားပါ။”
“စိတ်ငြိမ်ငြိမ်ထားရမယ် ဟုတ်လား။ ခင်ဗျားသားက အဲ အရေးပေါ် အခန်းထဲမှာဆိုရင် ခင်ဗျား စိတ်ငြိမ်ငြိမ်ထားနိုင်မလား။ ခင်ဗျားသား သေသွားရင် ခင်ဗျား ဘာလုပ်မှာလည်း။” ဟု လူနာ ဖခင်က စိတ်ဆိုးစွာ ပြန်ပြောသည်။
ဆရာဝန်က ထပ်မံ ပြုံးလိုက်ပြီး အောက်က အတိုင်း ထပ်ပြောသည်။
“ကျမ်းစာမှာ Job က လူသားတွေဟာ မြေမှုန့် ကနေ လာသလို သေတော့ မြေမှုန့်  ပြန်ဖြစ်သွားပါတယ် ဆိုပြီး ပြောပါတယ်။ ဆရာဝန်တွေက လူနာ အသက့်ကို မရှည်စေနိုင်ပါဘူး။ ခင်ဗျား သားအတွက် ဆုတောင်းပေးပါ။ ကျွန်တော်တို့  ဘုရားရဲ့  ကျေးဇူးတော် နဲ့  အကောင်းဆုံး ကြိုးစားပါ့မယ်။”
“ဒီလိုပဲ အကြံဥာဏ်ပေးတာက ခင်ဗျားထင်သလောက် မလွယ်ပါဘူး။” ဟု လူနာရှင်က ရေရွတ်သည်။
ခွဲစိတ်ကုသမှု နာရီပေါင်းများစွာ ကြာမြင့်သွားသည်။ ဆရာဝန် ပြုံးပြုံးရွှင်ရွှင် ဖြင့် ပြန်ထွက်လာကာ
“ဘုရားကျေးဇူးတော်ပဲ။ ခင်ဗျားသား အသက်ချမ်းသာရာရသွားပါပြီ။” ဆိုပြီးပြောသည်။
လူနာရှင် ဖခင် ၏ ပြန်ပြောသည့် စကားကို စောင့်ဆိုင်းမနေပဲ အလျင်စလိုဖြင့်
“တစ်ကယ်လို့  ခင်ဗျားမှာ မေးခွန်းရှိတယ်ဆိုရင် သူနာပြုကို မေးပါ။” ဟုဆိုကာ ပြေးသွားသည်။
“ဆရာဝန်က ဘာလို့  ဒီလောက်တောင် အထက်စီး ဆန်ရတာလည်းဗျာ။ သူက ကျွန်တော့် သား အခြေအနေလေး မေးဖို့  တောင် အချိန်မပေးနိုင်ဘူးလား။” ဟုဆိုပြီး သူနာပြုကို လူနာဖခင် က မေးသည်။
သူနာပြုက မျက်နှာတွင် မျက်ရည်စဖြင့် အောက်ပါ အတိုင်း ပြန်ဖြေသည်။
“သူ့ သားက မနေ့ က ကား အက်ဆီးဒန့် မှာ သေသွားပါပြီ။ ခင်ဗျားသား ရဲ့  အရေးပေါ် ခွဲစိတ်ဖို့  အတွက် ကျွန်မတို့  ဖုန်းဆက်တော့ သူဟာ ဈာပနာ အခမ်းအနားမှာ ရှိနေပါတယ်။ အခုတော့ ခင်ဗျား သား အသက်ကို သူကယ်တင်ပြီး သူ့ သား ဈာပနာ ကို ပြီးအောင် သူ ပြန်ပြေးသွားပါပြီ။”
'ခင်ဗျား ဒီကိုရောက်ရှိလာအောင် ဘာလို့  ဒီလောက် အချိန်ယူရသလည်း။ ကျွန်တော့် သား အသက် က စိုးရိမ်စရာ အခြေအနေ ကို ရောက်ရှိနေတာ မသိဘူးလား။ ခင်ဗျားမှာ တာဝန်ယူလို စိတ် မရှိဘူးလား။' ဆိုပြီး စိတ်ဆိုးစွာ ပြောသည်။
ဆရာဝန်က ပြုံးပြီး အောက်က အတိုင်း ပြန်ပြောသည်။
“ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော် ဆေးရုံမှာ မရှိခဲ့ပေမယ့် ဖုန်းရတာနဲ့  အမြန်ဆုံး လာပါတယ်။ ကျွန်တော့် အလုပ် ကျွန်တော် ဆက်လုပ်နိုင်ဖို့  ခင်ဗျား စိတ်အေးအေးထားပါ။”
“စိတ်ငြိမ်ငြိမ်ထားရမယ် ဟုတ်လား။ ခင်ဗျားသားက အဲ အရေးပေါ် အခန်းထဲမှာဆိုရင် ခင်ဗျား စိတ်ငြိမ်ငြိမ်ထားနိုင်မလား။ ခင်ဗျားသား သေသွားရင် ခင်ဗျား ဘာလုပ်မှာလည်း။” ဟု လူနာ ဖခင်က စိတ်ဆိုးစွာ ပြန်ပြောသည်။
ဆရာဝန်က ထပ်မံ ပြုံးလိုက်ပြီး အောက်က အတိုင်း ထပ်ပြောသည်။
“ကျမ်းစာမှာ Job က လူသားတွေဟာ မြေမှုန့် ကနေ လာသလို သေတော့ မြေမှုန့်  ပြန်ဖြစ်သွားပါတယ် ဆိုပြီး ပြောပါတယ်။ ဆရာဝန်တွေက လူနာ အသက့်ကို မရှည်စေနိုင်ပါဘူး။ ခင်ဗျား သားအတွက် ဆုတောင်းပေးပါ။ ကျွန်တော်တို့  ဘုရားရဲ့  ကျေးဇူးတော် နဲ့  အကောင်းဆုံး ကြိုးစားပါ့မယ်။”
“ဒီလိုပဲ အကြံဥာဏ်ပေးတာက ခင်ဗျားထင်သလောက် မလွယ်ပါဘူး။” ဟု လူနာရှင်က ရေရွတ်သည်။
ခွဲစိတ်ကုသမှု နာရီပေါင်းများစွာ ကြာမြင့်သွားသည်။ ဆရာဝန် ပြုံးပြုံးရွှင်ရွှင် ဖြင့် ပြန်ထွက်လာကာ
“ဘုရားကျေးဇူးတော်ပဲ။ ခင်ဗျားသား အသက်ချမ်းသာရာရသွားပါပြီ။” ဆိုပြီးပြောသည်။
လူနာရှင် ဖခင် ၏ ပြန်ပြောသည့် စကားကို စောင့်ဆိုင်းမနေပဲ အလျင်စလိုဖြင့်
“တစ်ကယ်လို့  ခင်ဗျားမှာ မေးခွန်းရှိတယ်ဆိုရင် သူနာပြုကို မေးပါ။” ဟုဆိုကာ ပြေးသွားသည်။
“ဆရာဝန်က ဘာလို့  ဒီလောက်တောင် အထက်စီး ဆန်ရတာလည်းဗျာ။ သူက ကျွန်တော့် သား အခြေအနေလေး မေးဖို့  တောင် အချိန်မပေးနိုင်ဘူးလား။” ဟုဆိုပြီး သူနာပြုကို လူနာဖခင် က မေးသည်။
သူနာပြုက မျက်နှာတွင် မျက်ရည်စဖြင့် အောက်ပါ အတိုင်း ပြန်ဖြေသည်။
“သူ့ သားက မနေ့ က ကား အက်ဆီးဒန့် မှာ သေသွားပါပြီ။ ခင်ဗျားသား ရဲ့  အရေးပေါ် ခွဲစိတ်ဖို့  အတွက် ကျွန်မတို့  ဖုန်းဆက်တော့ သူဟာ ဈာပနာ အခမ်းအနားမှာ ရှိနေပါတယ်။ အခုတော့ ခင်ဗျား သား အသက်ကို သူကယ်တင်ပြီး သူ့ သား ဈာပနာ ကို ပြီးအောင် သူ ပြန်ပြေးသွားပါပြီ။”
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
9:30 AM
1 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = သုတကဏ္ဍ
မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ မီးသတ်ကားတွေကို လက်ပစ်ဗုံးနဲ့ပစ်ပြန်ပြီ
မိုးမောက်မြို့နယ်
ကျောက်တိုင်လမ်းဆုံအနီး ဗန်းမော်လွယ်ဂျယ်ကားလမ်း ဘယ်ဘက် တွင်ရှိသော
မိုးမောက်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်စခန်းအားမနေ့ည ၈ နာရီလောက်က KIA
အဖွဲ့ဝင် ၂ယောက်မှ ဆိုင်ကယ် ဖြင့်လာပြီး လက်ပစ်ဗုံးပစ်သွင်းခဲ့သဖြင့်
အတွင်းမှ လူ၃ဦး ထိခိုက်ဒဏ်ရာ ရရှိမှုဖြစ်ပွားခဲ့ပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေဟာ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးနဲ့ မီးသတ်တပ်ဖွဲ့ဝင် ဇနီး(၂)
ယောက် ဖြစ်တယ်။ ဒဏ်ရာရတဲ့သူတွေကို မိုးမောက်ဆေးရုံသို့ပို့ဆောင်ကု သခဲ့ရသည်။
မိုးမောက်မြို့ကလူတွေပြောကြားချ က်အရ KIA က စစ်တပ်နဲ့မဆိုင်တာတွေကိုလုပ်တာ များနေပါပြီး မီးလောက်ရင်လာရောက်ကူညီမီးငြိမ်းသတ်ပေးတဲ့ မီးသတ်တပ်ဖွဲ့ကို ဘာအကြောင်း ကိစ္စကြောင့် ဒီလိုလုပ်တာလဲ။ သူတို့လုပ်ရက ကချင်ပြည်သူတွေရဲ့အသက်အိုးအိမ်စ ည်းစိမ်တွေ ကိုထိခိုက်မှုတွေဖြစ်ပေါ်နေပါတယ်။ သူတို့ရဲ့ လုပ်ရပ်တွေက အကြမ်းဖက်သမားလုပ်ရပ်တွေလုပ် နေတယ်လို့ မိုးမောက်မြို့ကလူတွေကပြောနေကြပါတယ်။
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
2:07 AM
1 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = သတင်း
သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ
| ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ | ကြိုဆိုသူများနဲ့ အင်တာဗျူး |
| တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ | ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ |
| အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ | မြန်မာ့သိုင်းအစွမ်း |
Latest Videos
| 88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် | ပြောင်ကြီးဘာလို့ထောင်ကျ |






