May 14, 2012

ဒီလို ဝန်ထမ်းကောင်းတွေ ရှိသင့်တယ်

ဆရာဝန် တစ်ယောက်သည် အရေးပေါ် ခွဲစိတ်ကုသဖို့  လိုအပ်သဖြင့် ဆေးရုံကို အလျင်အမြန် ရောက်ရှိလာသည်။ သူသည် ဖုန်းကို ရရဖြင်း ဖြေဆို၊ အ၀တ်အစားလဲကာ ခွဲစိတ်ခန်း ကို ဦးတည်လာသည်။ ကလေး အဖေက ဟောတွင် စောင့်နေသည်ကို သူတွေ့  သည်။ သူ့  ကို တွေ့ သည်နှင့်

'ခင်ဗျား ဒီကိုရောက်ရှိလာအောင် ဘာလို့  ဒီလောက် အချိန်ယူရသလည်း။ ကျွန်တော့် သား အသက် က စိုးရိမ်စရာ အခြေအနေ ကို ရောက်ရှိနေတာ မသိဘူးလား။ ခင်ဗျားမှာ တာဝန်ယူလို စိတ် မရှိဘူးလား။' ဆိုပြီး စိတ်ဆိုးစွာ ပြောသည်။

ဆရာဝန်က ပြုံးပြီး အောက်က အတိုင်း ပြန်ပြောသည်။

ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော် ဆေးရုံမှာ မရှိခဲ့ပေမယ့် ဖုန်းရတာနဲ့  အမြန်ဆုံး လာပါတယ်။ ကျွန်တော့် အလုပ် ကျွန်တော် ဆက်လုပ်နိုင်ဖို့  ခင်ဗျား စိတ်အေးအေးထားပါ။”

စိတ်ငြိမ်ငြိမ်ထားရမယ် ဟုတ်လား။ ခင်ဗျားသားက အဲ အရေးပေါ် အခန်းထဲမှာဆိုရင် ခင်ဗျား စိတ်ငြိမ်ငြိမ်ထားနိုင်မလား။ ခင်ဗျားသား သေသွားရင် ခင်ဗျား ဘာလုပ်မှာလည်း။” ဟု လူနာ ဖခင်က စိတ်ဆိုးစွာ ပြန်ပြောသည်။ 



ဆရာဝန်က ထပ်မံ ပြုံးလိုက်ပြီး အောက်က အတိုင်း ထပ်ပြောသည်။

ကျမ်းစာမှာ Job က လူသားတွေဟာ မြေမှုန့် ကနေ လာသလို သေတော့ မြေမှုန့်  ပြန်ဖြစ်သွားပါတယ် ဆိုပြီး ပြောပါတယ်။ ဆရာဝန်တွေက လူနာ အသက့်ကို မရှည်စေနိုင်ပါဘူး။ ခင်ဗျား သားအတွက် ဆုတောင်းပေးပါ။ ကျွန်တော်တို့  ဘုရားရဲ့  ကျေးဇူးတော် နဲ့  အကောင်းဆုံး ကြိုးစားပါ့မယ်။”

ဒီလိုပဲ အကြံဥာဏ်ပေးတာက ခင်ဗျားထင်သလောက် မလွယ်ပါဘူး။” ဟု လူနာရှင်က ရေရွတ်သည်။

ခွဲစိတ်ကုသမှု နာရီပေါင်းများစွာ ကြာမြင့်သွားသည်။ ဆရာဝန် ပြုံးပြုံးရွှင်ရွှင် ဖြင့် ပြန်ထွက်လာကာ

ဘုရားကျေးဇူးတော်ပဲ။ ခင်ဗျားသား အသက်ချမ်းသာရာရသွားပါပြီ။” ဆိုပြီးပြောသည်။

လူနာရှင် ဖခင် ၏ ပြန်ပြောသည့် စကားကို စောင့်ဆိုင်းမနေပဲ အလျင်စလိုဖြင့်

တစ်ကယ်လို့  ခင်ဗျားမှာ မေးခွန်းရှိတယ်ဆိုရင် သူနာပြုကို မေးပါ။” ဟုဆိုကာ ပြေးသွားသည်။

ဆရာဝန်က ဘာလို့  ဒီလောက်တောင် အထက်စီး ဆန်ရတာလည်းဗျာ။ သူက ကျွန်တော့် သား အခြေအနေလေး မေးဖို့  တောင် အချိန်မပေးနိုင်ဘူးလား။” ဟုဆိုပြီး သူနာပြုကို လူနာဖခင် က မေးသည်။

သူနာပြုက မျက်နှာတွင် မျက်ရည်စဖြင့် အောက်ပါ အတိုင်း ပြန်ဖြေသည်။

သူ့ သားက မနေ့ က ကား အက်ဆီးဒန့် မှာ သေသွားပါပြီ။ ခင်ဗျားသား ရဲ့  အရေးပေါ် ခွဲစိတ်ဖို့  အတွက် ကျွန်မတို့  ဖုန်းဆက်တော့ သူဟာ ဈာပနာ အခမ်းအနားမှာ ရှိနေပါတယ်။ အခုတော့ ခင်ဗျား သား အသက်ကို သူကယ်တင်ပြီး သူ့ သား ဈာပနာ ကို ပြီးအောင် သူ ပြန်ပြေးသွားပါပြီ။”


Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

အ၇မ်းကောင်းတဲ့ စာစုပဲ

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ