May 14, 2012

ဘုရားပြီးလို့ ငြမ်းဖျက်တာလား NLD (သို့မဟုတ်) စတုတ္ထမဏ္ဍိုင်၏ ခံစားချက်များ

၂၀၁၂ ခုနှစ်၊ မေလ ၈ ရက်နေ့က ပြုလုပ်သော ရွှေမင်းသားဖောင်ဒေးရှင်းရဲ့ ၄ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဓာတ်ပုံရိုက်ခဲ့တဲ့ မီဒီယာသမား ကိုဟိန်းကိုစိုးကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ယူထားတဲ့ ကျော်စိုးနိုင် (ခေါ်) ဘောကြီးက ဓာတ်ပုံမရိုက်ဖို့ တားမြစ်ခဲ့လို့ ကိုဟိန်းကိုစိုးမှ မရိုက်တော့ပဲ ပြန်လှည့်ထွက်လာပါတယ်။ ဒါပေမယ့် ကျော်စိုးနိုင်နဲ့ နောက် တစ်ယောက်က အိမ်သာခန်းဘက်ခေါ်သွားပြီး လည်ပင်းရှိ အင်္ကျီကော်လံစကိုဆွဲကာ “ မင်းတို့မီဒီယာတွေက ပိုက်ဆံရလို့ လုပ်နေတာ ငါတို့က ဘာစောက်တပြားမှ မရပဲ ထောင်အကျခံပြီး နိုင်ငံရေးလုပ်နေတာကွ ဘယ်ကောင်ကိုမှ စောက်ဂရုမစိုက်ဘူးလို့ မင်းတို့အယ်ဒီတာကိုပြောလိုက် ” လို့ဆိုပြီးပြောဆိုခဲ့ပါတယ်။

ဒီလိုပြုမူတာဟာ ရိုးရိုးလေးကြည့်ရင်တော့ လုံခြုံရေးသမားနဲ့ မီဒီယာသမား ရန်ဖြစ်တာပါပဲ။ ဒါပေမယ့် သေချာ စဉ်းစားလိုက်တော့ လူထုက အားပေးတဲ့ ခေါင်းဆောင်အနေနဲ့ လူထုကို သတင်းတွေထုတ်ပြန်ပေးတဲ့ စတုတ္ထမဏ္ဍိုင်ကို စော်ကားတာပဲ ဖြစ်တယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မတိုင်ခင်ကာလမှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ စည်းရုံးရေး ကာလတစ်လျှောက် မီဒီယာသမားတွေက နေပူမိုးရွာမရှောင်ပဲ လိုက်လံပြီး အချိန်နဲ့ တပြေးညီ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေကို တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တစ်လျောက်မှာ ပြည်သူတွေက လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေတဲ့ပုံတွေ တစ်နိုင်ငံလုံးဝေဆာနေတာ မီဒီယာသမားတွေရဲ့ကျေးဇူးပါ။ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ရဲ့ လှုပ်ရှားမှု မှန်သမျှကို ကိုယ့်စားရိတ်ကိုယ်စားပြီး အပင်ပန်းခံ ပုံဖော်ပေးခဲ့တာကလည်း ဒီမီဒီယာသမားတွေပါပဲ။ ကြားဖြတ် ရွေးကောက်ပွဲဟာ မီဒီယာတွေကြောင့် NLD အောင်မြင်ခဲ့ရတယ်လို့လည်း ဆိုနိုင်ပါတယ်။
ဒီလိုဒေါ်အောင်ဆန်းစုကြည်ကို မီဒီယာတွေက ၀န်းရံပေးခဲ့တာကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနစ်နာခံတဲ့စိတ်၊ ပြည်သူ့အကျိုးကို ဆောင်ရွက်ပေးပါ့မယ်ဆိုတဲ့ ဂတိတွေကြောင့် ၀ိုင်းဝန်းပံ့ပိုးပေးကြတာပါ။

 ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဘေးက လူတွေကတော့ စိန်နားကပ်ရောင်နဲ့ ပါးပြောင်နေတာဖြစ်တယ်။
 ဒေါ်စုကြည်သာမရှိဘူးဆိုရင် ကျော်စိုးနိုင်ကို ဘယ်သူမှ လူရာသွင်းမှာ မဟုတ်ပါဘူး။ ဒီလိုမီဒီယာတွေမှာ ၀ိုင်းဝန်းတင်ပြနေကြပေမယ့် NLD ပါတီက တာဝန်ရှိသူတွေ အနေနဲ့ ဒီကိစ္စကို လက်ရှောင်နေကြပါတယ်။ အရင်က ဒေါ်စန္ဒာမင်းကိစ္စတုန်းကလည်း မသိသလို ဟန်ဆောင်နေခဲ့ပါတယ်။
ခုကျွန်တော်တို့ မီဒီယာသမားတွေ ထင်နေကြတာကတော့ ဘုရားပြီးလို့ ငြမ်းဖျက်တာလား ဆိုတာကိုပဲ။ စည်းရုံးရေးကာလတစ်လျှောက်လုံး မီဒီယာက ပုံဖော်ပေးနေတာတွေကို ရွေးကောက်ပွဲမှာ အနိုင်ရပြီး လွှတ်တော် အမတ်လည်းဖြစ်ရော မီဒီယာတွေကို စတင်ပြီးတော့ စော်ကားတာပဲ ဖြစ်ပါတယ်။ ဒီအခြေအနေဆိုတာ သတင်းယူတာပဲ ရှိပါသေးတယ်။ NLD ပါတီအာဏာများရလာလို့ မှားကွက်လေးများ ထောက်ပြမိရင် လူကိုတောင် သတ်မလားမသိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ဒီလောက်နဲ့ပဲ ရပ်တည်သွားမှာ မဟုတ်ပါဘူး ဒီထက်ကြီးလေးတဲ့ တာဝန်တွေနဲ့ နိုင်ငံတော်အကျိုးကို ဆက်လက်ထမ်းရွက်ရအုံးမှာပါ။ ခုလိုလွှတ်တော်အမတ်လေးဖြစ်ချိန်မှာတောင် ဘေးက လူတွေက ဒီလောက်မာန်တတ်နေရင် နောင်တစ်ချိန်မှာ ပြည်သူတွေကို ဘယ်လောက်မောက်မောက်မာမာ ဆက်ဆံမလဲဆိုတာ တွေးကြည့်ရုံနဲ့ ရင်လေးမိပါတယ်။

ဒါကြောင့်ဆင်ဖြူတော်မှီပြီး ကြံစုပ်နေသူများအနေနဲ့ ကြံကိုကြာကြာဆက်စုပ်နေချင်သေးတယ်ဆိုရင်တော့ စတုတ္ထမဏ္ဍိုင်ကို မစော်ကားပါနဲ့။ မိမိတို့ရဲ့ မောက်မာမှုတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်ကိုပါ ပြည်သူတွေက အထင်သေးသွားနိုင်တယ် ဆိုတာ မီဒီယာသမားများကိုယ်စား ပြောပြလိုက်ချင်ပါတယ်…

အောက်မှာပါတဲ့ စာတွေကတော့ မီဒီယာသမားတွေရဲ့ NLD အပေါ်တုန့်ပြန်မှုဖြစ်ပါတယ်…

ထုတ်ပြန်သည်။ အဘ ဥက္ကာကိုကို - (7 Day Journal သတင်းထောက်) : ဒေါ်စုကို Lobby လုပ်ပေးခဲ့တာ မီဒီယာတွေပါလို့ အပြောအဆိုခံရပြီးပြီ။ အခု ဒေါ်စုကို လုပ်ကြံနေတာ မီဒီယာတွေပါလို့ ပြောလာပြန်ပြီ။ အန်အယ်လ်ဒီဟာ စွမ်းအားရှင်လား။ အာဏာရှင်လား။ ဒီမေးခွန်းကို စိတ်ဆိုးတယ်ဆိုရင် မတတ်နိုင်ဘူး။ အန်အယ်ဒီရဲ့ မီဒီယာနဲ့ ဆက်ဆံရေးဟာ အရင်တုန်းကနဲ့ မတူတော့တာတော့ သေချာတယ်။ ဒေါ်စု ဒေါ်စုဆိုပြီး ချစ်ကြ လေးစားကြတာက ကျုပ်တို့အလုပ်မဟုတ်ဘူး။ ဒေါ်စုကိုလေးစားတယ်။ ရင်ထဲမှာပဲရှိတယ်။ အလုပ်က အလုပ်ပဲ။ ဒေါ်စုဆိုပြီး ဒေါ်စု ဒေါ်စုလုပ်ရမယ့်အထဲမှာ ကျုပ်တို့မပါဘူး။ အခု ဒီမိုဖက်တီးရေးသားနေတာတွေဟာ တစ်ဖက်စောင်းနင်းဆန်လွန်းလာတယ်။ အန်အယ်ဒီနဲ့ ပတ်သက်လာရင် ဆတ်ဆတ်ထိမခံဖြစ်နေတယ်။ စိတ်ဆိုးလွန်ပြီးလည်း သေသွားဦးမယ်။ ဒေါ်စုကိုထိလို့ စိတ်ဆိုးပြီးသေတဲ့မသာဆိုပြီး နာမည်ကျော်နေဦးမယ်။ နည်းနည်းလည်းလျှော့ဦး။

(စိတ်ကြိုက်ဆဲ။ စိတ်ကြိုက်ပုတ်ခတ်။ စိတ်ကြိုက်တုံ့ပြန်။ စိတ်ဆိုးမယ်မထင်နဲ့။)
အဘ ဥက္ကာကိုကို ( 7 Day Journal သတင်းထောက်) : NLD ဖက်က တရားဝင်ထုတ်ဖော်သင့်တယ်။ မီဒီယာဖက်ကမှားရင် တရားစွဲလိုက်။ကိုယ့်ဖက်ကမှားရင်တော့ ၀န်ခံလိုက်။
ရဲဘော် သူရိန် ( TNMM သတင်းထောက် ) : ဒီအတိုင်းသာ တကယ်ဖြစ်ခဲ့ ပြောခဲ့တယ်ဆိုရင်... စိတ်ပျက်စရာပဲ...

ဒေါ်အေးအေးဝင်း ( AP သတင်းဌာန သတင်းထောက် ) : တစ်ဦးနဲ့တစ်ဦး တွန်းထိုးတဲ့ အထိ ဖြစ်ရတာ မကောင်းပါဘူး။ အဲဒါအပြင် မီဒီယာသမားတွေကို နှိမ့် ချပြောသွားတာမကောင်းဘူး၊ တကယ်တမ်းပြောရင် ဒီလိုသိမ်းကြုံး ပြောတယ်ဆိုတာတွေဟာ မီဒီယာ သမားတွေကို စော်ကားသလိုပါပဲ။ တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိအောင် ဖြေရှင်းသင့်တယ်
Ei Khin Thandar Kyaw : ငါးခုံးမတွေက ဘယ်အဖွဲ့ အစည်းမှာဖြစ်ဖြစ် ရှိတယ်..ခုအချိန်မှာ... ငါနဲ့မတူလို့ငါ့ရန်သူဆိုတဲ့သဘောထားက ခေတ်မမှီတော့ပါဘူး... ဘယ်သူ့ကျေးဇူးကြောင့်မှလဲ ဒီလို...မြင်သာ ပွင့်လင်းလာတာမဟုတ်ပါဘူး။ ကျမတို့တွေ..တာဝန်ကျေကျေ vote လုပ်ခဲ့လို့...ဒီအခြေနေရောက်လာတာပါ။ ပါတီတွေက ပြည်သူတွေရဲ့ ကျေးဇူးရှင်မဟုတ်ပါ။ သူရဲကောင်းလုပ်ချင်...လုပ်ကြပါ။ ကျေးဇူးရှင်တော့ ဟုတ်မယ်မထင်ပါ။....မူကိုးကွယ်တဲ့ ၀ါဒကို welcome ပါ။ လူကိုးကွယ်တဲ့ဝါဒကိုတော့ sorry ပါ..။
ဦးဟိန်းကိုစိုး ( Express Times ဂျာနယ် သတင်းထောက် ) : အိမ်သာထဲကို ခေါ်ပြီး ကျွန်တော့်ရင်ဘတ်ကို စောင့် တွန်းတယ်။ ပြီးတော့ မင်းကဘာကောင်လဲ၊ ငါတို့က နိုင်ငံရေးကို ထောင်ကျခံပြီးလုပ်တာ၊ မင်းတို့ ဂျာ နယ်လစ်တွေဆိုတာ ပိုက်ဆံရဖို့လုပ်နေတာ၊ မင်းတို့ အယ်ဒီတာချုပ်ကို ဒီအတိုင်းပြောလိုက်လို့ပြောပြီး ကျွန် တော့်ကို ဆဲဆိုကြိမ်းမောင်းဓာတ်ပုံ ရိုက်သွားတယ်
ရဲရင့် လှိုင်း ( Public Modern Media ) : ``မင်းတို့က ပိုက်ဆံလိုချင်လို့ မီဒီယာလုပ်ငန်း လုပ်နေတာကွ၊ ငါတို့က ထောင်ကျခံပြီး နိုင်ငံရေးလုပ်နေတာ´´ထောင်ထဲသွားပြီး စာဖတ်ခိုင်းတာကို ဥာဏ်ရည်က တက်မလာရှာဘူး ထင်တယ်.. :(
Yangon Press International : ယခု အဖြစ်အပျက်သည် သတင်းမီဒီယာနှင့် အန်အယ်လ်ဒီပါတီတို့ အကြားဖြစ်ပွားသည့် အဖြစ်အပျက်မဟုတ်ပဲ သတင်းထောက် တဦး၏ အခွင့်အရေးနှင့် သတင်းမီဒီယာများအပေါ် ဆက်ဆံပြုမူပုံ ကိစ္စ၊ ပြဿနာတရပ်အဖြစ်ရှုမြင်ပါသည်။
Messenger News Journal : သတင်းထောက်နှစ်ဦးအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ ပါတီဝင်တစ်ဦးက ဥပဒေမဲ့ ရိုင်းပြစွာ ပြုမူဆက်ဆံခဲ့ခြင်း၊ ``မင်းတို့က ပိုက်ဆံလိုချင်လို့ မီဒီယာလုပ်ငန်း လုပ်နေတာကွ၊ ငါတို့က ထောင်ကျခံပြီး နိုင်ငံရေးလုပ်နေတာ´´ ဟူသော မီဒီယာသမား များအပေါ် ဂုဏ်သိက္ခာညှိုးနွမ်းစေရန် တစ်ဖက်သတ် ပုတ်ခတ်စော်ကားသည့်စကားများ ပြောဆိုခဲ့ခြင်းအပေါ် The Messenger ဂျာနယ်မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်သည်။
Weekly Express Times Journal : "မင်းတို့ မီဒီယာသမားတွေက ပိုက်ဆံရလို့ အလုပ်လုပ်နေတာ ငါတို့က ဘာစောက်တစ်ပြားမှမရဘဲ ထောင်အကျခံပြီး နိုင်ငံရေးလုပ်နေတာကွ ဘယ်ကောင့်ကိုမှ စောက်ဂရုမစိုက်ဘူးလို့ မင်းတို့အယ်ဒီတာတွေကိုပြောလိုက် ငါ -ိုး မှ သားရဲ့.." ဟုတ် ပြောဆိုကာ လက်ရောက် ကျူးလွန်စောက်ကားသော NLD အား လုံးဝ ကန့်ကွက်ရှုတ်ချပါကြောင်း။
Myanmar Journalist Network : NLD ၏ လုပ်ဆောင်ချက်အပေါ် များစွာ စိတ်ပျက်ရပါကြောင်း လေးနက်စွာ


 ပြည်တွင်းသတင်းထောက်တစ်ဦး
_________________________________________________________________
Print Friendly and PDF

2 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ပါတီတွေက အာဏာမရခင်ကတော့ ကျမကိုခိုင်းပါတဲ့
အာဏာရလာတော့ လီးလားတဲ့
သတင်းထောက်တွေကတော့ ပါပါရာဇီ အဆင့် ကျသွားတယ်
နိုင်ငံမှာ တိုးတတ်လာကတာက စောက်ကျင့်တွေ
ဝါးလုံးခေါင်းထဲ လသာ တတ်တဲ့ စောက်ကျင့်တွေ တိုးတတ်လာတယ်

PwaG said...

အမေစုလည်းဒီလိုကောင်တွေဘဲအနားမှာဝိုင်းနေတာ။ နောက်ဆိုရင်ကြံ့ဖွတ်တဲ့ဆိုးမဲ့ကောင်တွေ။ အမေစုရေ အနားမှာရှိတဲ့သူတော်တော်များများကို နိုင်ငုံခြားလွတ်ပြီးလေ့လာခိုင်းသလို၊ ဘုန်းကြီးကျောင်းလည်း အလှည့်ျကျလွှတ်ပြီး ယဉ်ကျေးမှုသင်တန်း လည်းပို့ဖို့မမေ့နဲ့နော်။ ဒီကောင်တွေကြောင့်အမေစုအတွက်နာ မည်ပျက်မှာစိုးရိမ်လို့။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ