Mar 21, 2012

NLD၏ ဖန်တီးမှူကြောင့် NLD အလံတွေ ခရီးစဉ်တိုင်း များနေရခြင်း

အော်..သွားလေရာ အလံတရမ်းရမ်းနဲ့ တခေတ်တခါက ဟစ်တလာ ကြီးတောင် ထိုင်ငိုလောက်ရဲ့
တွေ့ရာ ဈေးဗန်းကောက်ထိုးမှတော့ ဈေးသည်ကတော့ ဘာပြောမှာလဲ ရောင်းရပြီးရောပေါ့
လဖ္ဘက်ရည်ဆိုင် ဝိုင်းတိုင်းလိုက်စိုက်.. ဆိုင်ရှင်က ဘာပြောမှာလဲ..ရောင်းရပြီးရောပေါ့...
ဆိုက္ကားဆရာ ဆိုင်ကယ် ကယ်ရီ တွေမှာတွေ့...ဘာပြောမှာလဲ..ခရီးသည်ရ ပြီးရောပေါ့.
မသိလိုက်တာက မီဒီယာတွေမှာ သူတို့ပုံတွေနဲ့ ကြေငြာခံရမှာကိုပဲ မသိလိုက်တာ..။


လူမစည် စည်အောင် မလာခင် တမနက်လုံး တညနေလုံး အော်လိုက်ရတာ...
ဗိုလ်ချူပ်သမီး ဆိုပြီး..အဖေ နာမည်နဲ့ လုပ်မစားလို့ မရဘူးလား...
သမီးမို့ အဖေနာမည်နဲ့ ပြောတာ မတားပါဘူး..ပြောပါ..တားပါ..သူ့အဖေ သူပြောတာ မင်းစောက်ပူပါလား
လို့ မေးလာရင်လည်း ဟုတ်သားပဲ လို့ ပြန်ပြောရမှာပဲ...
အခုဟာက ဗိုလ်ချုပ်အောင်ဆန်းကပဲ NLD ထောင်ခဲ့သလိုလို
ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ ဗိုလ်ချုပ်ကဗျာထဲက စာကြောင်းကိုလည်း
" NLD လမ်းစဉ်များ ဗိုလ်ချူပ် ချမှတ်သွား " လို့များ ပြင် ပြောတော့မလိုလို

မသိရင် အားလုံးက အသိစိတ်လိုလိုနဲ့
အေးလေ..ဒီပုံတွေ ဒီဆိုဒ်ဝါးတွေနဲ့မှ ဆက်ထောက်ပံကြေးရမကိုး
ဂျာနယ် ရောင်းကောင်းတော့မကိုး
ဒေါ်စု ခရီးစဉ်များ ပြောနေရင် ငါးမင်းဆွေရဲ့ လှူပ်ရှားမှူ တွေပါမှ ကြည့်ကောင်းမကိုး
အခုဟာက တယောက်တည်း က နေသလိုပဲ..အေးလေ..ကြောက်ရှာတာကိုး..
ကိုယ့်ခရီး ကိုယ့်ငွေထုတ်..ကိုယ့် ခံယူချက်နဲ့ လိုက်ပြောနေတဲ့ ငါးမင်းဆွေ အကြောင်းကျတော့ ဘယ်မီဒီယာ
ကမှ လည်း မဖော်ပြ..ဘယ်သူ မှ သတင်းပြန်မဖြန့်..အေးလေ..ကြောက်တာကိုး..အမှန်တွေ ပြောတော့လေ။

ပြောရင်းနဲ့တောင် စကားလမ်းလွှဲသွားပြီး
သွားလေရာတိုင်း အို..ပေါလိုက်တဲ့ အလံတွေ..ပေါမှာပေါ့
လိုက်ဝေတာကိုး..ပြည်သူတွေကလည်း NLD ကလိုက်ဝေတာဟဲ့..ဒေါ်စုကို ကြိုရင် ဒီပုံနဲ့ ကြိုရမယ်ထင်..ယူတာပေါ့..အလကားရတာကိုး။

ယူသွားပါခင်ဗျာ ..အမေက ဒီလိုကြိုမှ ကြိုက်တာပါဗျာ

အလံဝေ ရန် စောင့်ဆိုင်းနေကြစဉ်

အစ်မ..ရော့ရော..ယူသွား..အလကားဝေတာ

ယူသွားပါဟာ..သူများတွေ ကိုင်ပြီး နင်မကိုင်ရင် ခေတ်မမှီဘူး..အလကားပေးတာ..အမေက အဲလို ကြိုရင် ကြိုက်တယ်တဲ့




အေးပေါ့..မြန်မာလူမျိုးဆိုတာကလည်း အရမ်းအားနာတတ်တဲ့ လူစားမျိုးမဟုတ်လား
အတင်းလိုက်ပေး..မျက်နှာငယ်လေးနဲ့လိုက်ပေးတော့လည်း ယူရတာပေါ့..
အဲဒါကို အသုံးချတာက သူတို့..လိုချင်တဲ့ ရှူထောင့်ကနေ ရိုက်..ဘယ်လောက်ချစ်တယ်ပေါ့...
အင်း..ဟစ်တလာကြီး အစည်းအဝေးတို့..ဟောပြောပွဲတွေလုပ်တော့မယ်ဆိုရင် တနိုင်ငံလုံး အလံတွေထွက်စိုက် ကိုယ့်အလံ ကိုယ်ယူလာတာကမှ သက်သာသေးတယ်..။
ဒေါ်အဝှာကတော့ မသိရှာဘူး..သူကို ဒီလို ကြိုတယ် ဆိုပြီး..
အေးလေ ဘယ်သိပါ့မလဲ..အမေနေမကောင်းလို့ ပြန်လာပြီးမှ ဘေးနားက ဗကပ တစ်စု မြှောက်ပေး
လို့ နိုင်ငံရေး အော်လာတာဆိုတော့ အောက်က ဘေးက တီးကွက်တွေနဲ့ ကနေကြ ဆိုတော့
သူလည်း မသိရှာတာ အပြစ်မဟုတ်ပါဘူးလို့ ဆိုရမလားနော်..။
________________________________________________________________________________
မောင်ကျောက်ခဲ အဖွဲ့ ဝိုင်းတော်သားများ
Readmore »

ဝါဝါမြင်တိုင်း ရွှေအစစ်လို့မထင်ပါနဲ့




တနေ့ကပေါ့..ဒေါ်စု ခရီးစဉ် ပုံတွေ လိုက်ကြည့်နေတုန်းလေးမှာ ဘေးနှစ်အိမ်ကျော်က
သီချင်းဖွင့်ထားတာ ကြားလိုက်ရတယ်။
" ဝါဝါ မြင်တိုင်း ရွှေအစစ်လို့မထင်လိုက်ပါနဲ့.မေ့ချစ်သူရယ်.." တဲ့
 အင်း..သိပ်လည်း ကျေနပ်ပြမနေပါနဲ့.ဟိုဟာတို့ရယ်...
ကျူပ်တို့ ရွှာမှာလည်း ရဲတွေ လူဆိုးတွေလာဖမ်းတုန်းကလည်း ရွှာလုံးကျွတ်ထွက်ကြည့်ဖူးတယ်
ကျောင်းသား ဘဝ တုန်းကလည်း +18 ဆိုဒ် တွေမှာ ပါလာတဲ့ လိုးရှင်း လိမ်းပြတဲ့ မင်းသမီး ကျောင်းနားမှာ
တွေ့တုန်းကလည်း အော်..သူလေးကိုး ဆိုပြီး ထွက်ကြည့်ဖူးတယ်..

(မင်းအောင်)
________________________________________________________________

မောင်ကျောက်ခဲ အဖွဲ့ ဝိုင်းတော်သားများ


Readmore »

တိုးတက်လာမည့်ခရီးသွားဦးရေ နှင့်အညီ တည်းခိုမှူအဆင်ပြေစေရန် ဗီယက်နမ်ထိပ်တန်း ခရီးသွားလုပ်ငန်းစု မှ ကူညီ

မြန်မာနိုင်ငံ၏ ခရီးသည်ဝင်ရောက် တည်းခိုနိုင်မည့် အဆောက်အအုံ လိုအပ်ချက်ကို ကူညီရန်နှင့် ခရီးသွား လုပ်ငန်းဆိုင်ရာများတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ဗီယက်နမ် ထိပ်တန်းဟိုတယ်နှင့် ခရီးသွား လုပ်ငန်းစုကြီးဖြစ်သော SAIGONTOURIST Holding ကုမ္ပဏီက ပြည်တွင်းကုမ္ပဏီနှင့် ဖက်စပ် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
  ဗီယက်နမ်၏ ထိပ်တန်း စီးပွားရေးလုပ်ငန်းများ လာရောက်ခဲ့သော ဗီယက်နမ်-မြန်မာ စီးပွားရေးလုပ်ငန်းစုအလိုက် တွေ့ဆုံဆွေးနွေးပွဲတွင် ယင်းကဲ့သို့ ဖက်စပ်လုပ်ကိုင်သွားရန် နားလည်မှု စာချွန်လွှာ(MOU) ရေးထိုးခဲ့ကြခြင်းဖြစ်ကာ လုပ်ငန်းစတင် လည်ပတ်ရန် နေရာရှာဖွေခြင်းများ ပြုလုပ်သွားတော့မည်ဖြစ်ကြောင်း သိရသည်။ “ဒီမှာ ဟိုတယ်တွေ ဆောက်ဖို့ရှိပါတယ်။ ကြယ်သုံးပွင့် အဆင့်ကနေ ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ဟိုတယ်တွေ ဆောက်သွားမှာပါ။ ပြီးတော့ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်တဲ့ စားသောက်ဆိုင်တွေ အပါအဝင် ခရီးသွား လုပ်ငန်းတစ်ခုလုံးအတွက် ရင်းနှီးမြှုပ်နှံချင်တာပါ” ဟု Saigon-tourist မှ အထွေထွေညွှန်ကြားရေးမှူး Mr.Tran Hung Vief ကပြောကြားသည်။  

အဆိုပါ အဖွဲ့အနေဖြင့် ၎င်း၏ လက်အောက်တွင် ခရီးသွားနှင့် ဆက်စပ်သော လုပ်ငန်းမျိုးစုံ လည်ပတ်လုပ်ကိုင်လျှက်ရှိနေသည်ဟု သိရသည်။ 


“သူတို့နဲ့ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ အပါအဝင် ဆက်စပ်လုပ်ငန်း တစ်ခုလုံး လုပ်ကိုင်သွားကြဖို့ MOU ထိုးလိုက်ပါပြီ။ ကျွန်တော်တို့နဲ့ J.V ပုံစံမျိုးလုပ်ကြမှာပါ” ဟု ၎င်းတို့နှင့် MOU ထိုးခဲ့သည့် Myanmar Tourism Service မှ M.D ကိုလင်းထိန်က ပြောကြားသည်။ 

၎င်းတို့သည် လွန်ခဲ့သော နှစ်များအတွင်းကပင် လုပ်ငန်းချင်း ချိတ်ဆက်လည်ပတ် လုပ်ကိုင်မှုကို နားလည်မှုအရ လုပ်ကိုင်နေကြသော်လည်း ယခုနှစ်တွင် MOU ရေးထိုးနိုင်ခဲ့ပြီဖြစ်ကာ မကြာမီ လုပ်ငန်းစတင်ကြတော့မည်ဖြစ်သည်။

 ပြည်မြန်မာ ဂျာနယ် ( ၂၂-၃-၂၀၁၂ )
Readmore »

မြန်မာ့ကျန်းမာရေးစောင့်ရှောက်မှု အာဆီယံနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရန် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းမည်

မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအား ၂၀၁၅ ခုနှစ်တွင် အာဆီယံနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရန် အစိုးရဆေးရုံနှင့် ပုဂ္ဂလိကဆေးရုံများက ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ “ပုဂ္ဂလိက ဆေးရုံလုပ်ငန်းဟာ စီးပွားရေးလုပ်ငန်းသို့ ပြောပေမယ့် ကျန်းမာရေး ကိစ္စတွေမှာ လုပ်ရတာဖြစ်တဲ့အတွက် လူနာတွေအပေါ်မှာ အဓိက အာရုံထားရတဲ့ လုပ်ငန်းတစ်ခုပါ။ လူနာတွေ စိတ်ချမ်းသာပြီး အဆင်ပြေသွားဖို့ ရည်ရွယ်တာပါပဲ။ 

အခမဲ့ ဆေးကုသတယ်ဆိုတဲ့ဟာကို ပေါ်လစီချလုပ်တာမျိုး မရှိသေးပေမယ့် အစတည်းက ဒီရည်ရွယ်ချက်မျိုး ပါပြီးသားပါ။ ဆေးရုံရက်ရှည်တက်တဲ့သူတွေကို အခန်းခ လျှော့ပေးတာမျိုး၊ လူနာက ကုနေရင်းနဲ့ အခက်အခဲရှိလို့ ကျွန်တော်တို့နဲ့ ပွင့်ပွင့်လင်းလင်း လာဆွေးနွေးရင် စမ်းသပ်ခ လျှော့ပေးတာမျိုးတွေ အရင်တည်းက လုပ်နေတာပါ။ တစ်ခါတစ်လေ အရေးပေါ်လာကုလို့ ပိုက်ဆံပါမလာလဲ ကုပေးတာမျိုး ရှိပါတယ်။ နောက်မှ ရှင်းပေါ့။ ကျိန်းသေတာကတော့ အထူးကုဆေးရုံကို လာကုရင်တော့ ပိုက်ဆံတော့ ပေးရမှာပဲ။ ဆေးဝယ်ရတဲ့ စရိတ်တွေ၊ အထူးကုဆရာဝန်ကြီး တွေကို ပေးရတဲ့စရိတ်တွေ၊ တခြား စရိတ်တွေလဲရှိတယ်” ဟု ပုဂ္ဂလိက ဆေးရုံတစ်ရုံမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ 

ထို့ပြင် ယခုလက်ရှိ အခြေအနေတွင် နိုင်ငံတော်မှ အကုန်အကျခံ လေ့ကျင့်သင်တန်း ရရှိထားသည့် အထူးကုဆရာဝန်ကြီးများနှင့် ဆရာဝန်များ၊ သူနာပြုများအား ပုဂ္ဂလိကဆေးရုံကြီးများက အရန်သင့် အသုံးပြုရရှိနေကြောင်း၊ ပုဂ္ဂလိကဆေးရုံများအနေဖြင့် ဆရာဝန်များ၊ သူနာပြုများ၊ ဓာတ်မှန်၊ ဓာတ်ခွဲကျွမ်းကျင်သူများအား ပညာရပ်ဆိုင်ရာ အဆင့်မြင့်မားစေရေးအတွက် တစ်စိတ်တစ်ပိုင်း ရင်းနှီးမြှုပ်နှံ လေ့ကျင့်ဆောင်ရွက် ပေးစေလိုကြောင်း၊ ပုဂ္ဂလိက ဆေးရုံများအနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်သည့် စဉ်းမျဉ်းစည်းကမ်း ဥပဒေများကိုလိုက်နာရန် လိုအပ်ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို SOP နဲ့ အညီ Guide Line များအတိုင်း ပြုစုဆောင်ရွက်သွားစေလိုကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က မြန်မာနိုင်ငံပုဂ္ဂလိက ဆေးရုံများအသင်း အထွေထွေမျက်နှာစုံညီ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။ စင်ကာပူ၊ မလေးရှားစသော အရှေ့တောင်အာရှ နိုင်ငံများရှိ ပုဂ္ဂလိက ဆေးရုံများသည် ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးရာတွင် ဆင်းရဲသူများအား အခမဲ့ကုသပေးသည့် လူမှုရေးဆောင်ရွက်မှုများ ရှိသည်။
Flower News journal
Readmore »

Mar 20, 2012

ဇာဂနာ ပြောတဲ့ သာကူး အနုပညာ


ကဲ..ဇာဂနာကတော့ ပြောပြန်ပြီ..
ဒီတခါ ဇာဂနာ လျှာပေါ်ရောက်လာတာကတော့ အစိုးရမဟုတ်ဘူးဟ...
အနုပညာ သမား တွေ တဲ့...
ကဲ ကဲ..ဗီဒီယိုဖိုင်လေးထဲမှာ  ဇာဂနာ ပြောတာတွေ ဆုံးအောင်သာ နားထောင်ကြည့်တော့ဗျို့
သူပြောတာလည်း မှန်တယ်ဟ...
ကျူပ်တို့လည်း အဲလိုကို ထင်တာ...။
Readmore »

Mar 19, 2012

မြန်မာ့သယံဇာတ ရောင်းရငွေတွေ ဘယ်ရောက်သွားလဲ ?

အထက်ပါမေးခွန်းသည် NLD အပါအ၀င် ပြည်ပမီဒီယာများက မကြာခဏမေးခွန်းထုတ်

တိုက်ခိုက် နေကြသည့် အပြင် ၄င်း ငွေများကို နိုင်ငံတော်အကြီးအကဲနှင့် အစိုးရနှင့်နီးစပ်သူ

စီးပွားရေးလုပ်ငန်းရှင် များကခွဲဝေ ယူသွား ကြသယောင်ယောင်

ထုတ်လွှင့်ရေးသားနေကြပါသည်။ထိုသို့ ပြည်ပမှ ထုတ်လွှင့်ရေးသားနေချိန် နှင့်တစ်ချိန်

တည်းမှာပင် ပြည်တွင်းမီဒီယာအချို့ ကလည်း ကမ်းလွန်သဘာဓါတ်ငွေ့များ

ထိုင်းနိုင်ငံသို့တင်ပို့ရောင်းချ တော့မည် ဘာညာဆိုပြီးခေါင်းစဉ်အမျိုးမျိုး တပ်ကာ

သူ့လူကိုယ့်ဘက်သားလုပ်ပြီး သံယောင်လိုက် ရေသား နေမှုများလည်း ရှိပါသည်။ထိုအထဲတွင် ELEVEN

MEDIA GROUP သည် အဆိုးဆုံးဖြစ် ပါသည် ။ထိုငွေတွေ ဘယ်ရောက်သွားသလဲ ဆိုတဲ့မေးခွန်းအတွက်

သာဓက အမြောက်အများအကြားမှ ထင်ရှားသော သာဓက (၂) ခုကိုထုတ်နှုတ် တင်ပြလိုပါသည်။

စွမ်းအင် ၀န်ကြီးဌာန နှင့် မြန်မာ့ ထုတ်ကုန်သွင်းကုန်လုပ်ငန်း၏ စာရင်းဇယားများအရ ၂၀၀၉-၂၀၁၀

ဘဏ္ဍာရေး နှစ် တွင် ပြည်ပမှ စက်သုံးဆီအမျိုးမျိုး တင်သွင်းမှု တန်ဘိုးမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ

သန်း ၆၇၀ ကျော်ဘိုး ရှိပါသည် ။ ပြည်တွင်းထုတ်လုပ်မှုနှင့် မလုံလောက်သဖြင့် ပြည်ပမှ မှာယူတင်သွင်းရမှု

 မှာ ဤမျှ များပြာလှပါသည်။ ထိုသို့ ပြည်ပမှ အမေရိကန်ဒေါ်လာနှင့်ဝယ်လာသော

စက်သုံးဆီများကို ပြည်တွင်းသုံး

ကျပ် ငွေဖြင့် ပြန်လည်ရောင်းချပေးလိုက်သဖြင့် နိုင်ငံတော်အစိုးရထံသို့ ပြည်တွင်းသုံး ကျပ်ငွေများ သာ ပြန်

ဝင်လာပါသည် ။ ထိုဝင်လာသောကျပ်ငွေများဖြင့် နောက်တစ်နှစ်အတွက် စက်သုံးဆီများတင်သွင်း၍ မရပါ

၊နောက်နှစ် တင်သွင်းရန်အတွက် စီးပွားရေးအမျိုးမျိုး ပိတ်ဆို့ထားသည့် ကြားမှ နိုင်ငံခြားသုံး ငွေ ထပ်၍

ရှာရ ပြန်ပါသည် ။ သဘာဝ ဓါတ်ငွေ့ရောင်းချရမှုအပါ အ၀င် အခြားသော ကုန်သွယ်မှုအမျိုးမျိုးမှ

ဝင်လာသော နိုင်ငံခြားသုံးငွေများဖြင့် သာဝယ်ယူနေရပါသည် ။

နောက်သာဓကတစ်ခု တင်ပြလိုပါသည် မြန်မာနိုင်ငံတွင် ဆန်စပါး ၊ ငရုပ်၊ ကြက်သွန်၊ အစရှိသော အခြေခံ

စားသုံးကုန်များ ထွက်သော်လည်း စားသုံးဆီမှာ မလုံလောက်ပါ ပြည်ပမှ မှာယူတင်သွင်းရပါသည် ။ ၂၀၀၉-

၂၀၁၀ ဘဏ္ဍာနှစ်တွင် အစိုးရတစ်ပိုင်းဖြစ်သော မြန်မာ့စီးပွားရေးဦးပိုင် လီမိတက် အပါအ၀င် ဦးပိုင်နှင့်

အကျိုးတူ တင်သွင်းနေသော ပုဂ္ဂလိက လုပ်ငန်းရှင် များ၏ စားသုံးဆီ စုစုပေါင်းတင် သွင်းမှုပမာဏမှာ

အမေရိကန် ဒေါ်လာ သန်း ၄၀၀ ကျော်ဘိုး တင်သွင်းခဲ့ရပါသည် ။ထိုစားသုံးဆီများ

ကိုလည်းပြည်တွင်းဈေးကွက်တွင် ကျပ်ငွေဖြင့် ပြန်လည်ရောင်းချ ပေးလိုက်သဖြင့် ပြည်တွင်းသုံးကျပ်ငွေများ

သာ ဦးပိုင် သို့ပြန်ဝင်လာပါတော့ သည် ။ နောက်တစ်နှစ်စာဝယ်ယူရန် အခြားကုန်သွယ်မှု

များမှရသောနိုင်ငံခြား သုံးငွေ ပြန်ရှာရပြန်ပါသည် ။ စီးပွားရေး ပိတ်ဆို့မှုများ အတိုက်အခံတို့၏ ဦးပိုင်က

ဘာဖြစ်တယ်ညာဖြစ်တယ် အပြောအဆိုများ ကြားမှ ရှာဖွေရသမျှသော နိုင်ငံခြားသုံးငွေတို့ ဖြင့်

ဝယ်ယူဖြန့်ဖြူးနိုင်ရေး ကြိုးပမ်းခဲ့ရသည်။

အခုတင်ပြတာ နိုင်ငံခြားငွေသုံးရသော သွင်းကုန်အမယ် အမြောက်အများကြားမှ ဥပမာလေး ၂ ခုကို

တင်ပြတာ ဖြစ်ပါတယ် အလားတူ ၀ယ်ယူနေရမှုတွေ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆို အများကြီးပေါ့ဗျာ..ဒီ

ဥပမာ ၂ ခုမှာတင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်နေပါပြီ ...

ကဲ..ဒီနေရာမှာမေးစရာရှိလာပြီ NLD အပါအ၀င် အတိုက်အခံတွေပြောသလို သဘာဝ

ဓါတ်ငွေ့ ရောင်းရ ငွေ

အပါအ၀င် အခြားလုပ်ငန်းတွေကရတာတွေကို ဗိုလ်ချုပ်မှူးကြီး ကယူသွားတယ်ဆိုပါစို့ ဒါမှမဟုတ်

သူတို့တို့ ပြောပြောနေသလို စစ်လက်နက်တွေပဲဝယ်လိုက်တယ် ဆိုပါစို့ ပထမ ဥပမာမှာ ပါတဲ့

စက်သုံးဆီ တွေ မ၀ယ်နိုင်တော့ဘူး ဆိုရင် ပြည်သူတွေပိုက်ဆံဘယ်လောက်ရှိရှိ

စက်သုံးဆီဝယ်လို့မရတော့ဘူး ပြည်တွင်း ကထွက်တဲ့ ၁ရက် စည် ၂ သောင်းလောက်နဲ့ သုံးရတော့မယ် ဒါဆို

ခုဆိုင်ကယ်နဲ့ သွားနေတာ လမ်း လျှောက်ရမယ် သယ်ယူစရိတ်တွေ ကြီးမယ် ကုန်ထုတ်လုပ်မှု

စရိတ်ကြီးမယ် ကုန်ဈေးနှုန်းတက်မယ် စတဲ့ အကျိုးဆက်တွေအများကြီးဖြစ်မယ် ပြည်သူတွေဒုက္ခရောက်မယ်

 ဒုတိယဥပမာက စားသုံးဆီတွေ မ၀ယ် ဘူးဆိုရင်လဲ ဒီလိုအကျိုးဆက်တွေအများကြီးဖြစ်မှာပဲ ခုဒီငွေတွေနဲ့

ဒီလိုဝယ်နေလို့သာ ပြည်သူတွေ သုံးသင့် သလောက်သုံးနေရတယ် သူဌေးသုံး

မသုံးနိုင်ပေမယ့် လောက်ငှရုံတော့သုံးနေရတယ် .....ဒါဘယ်လိုမှ မငြင်းနိုင်တဲ့ အချက်တွေဖြစ်တယ်..

ဒါဆိုရင် ပြည်တွင်းကသယံဇာတတွေနဲ့ ကုန်သွယ်မှုတွေကရတဲ့ငွေတွေဟာ ပြည်သူတွေ အကျိုးမပြုလို့

ဘယ်သူ့ အကျိုးပြုနေလဲ ပြည်သူတွေမရလို့ဘယ်သူရနေလဲ ..လွယ်လွယ်လေး

စဉ်းစားလို့ရပါတယ်..ပြောင်း ပြန် ပြန်စဉ်းစားကြည့်ရင် အစိုးရကိုဒီလိုဝင်ငွေ တွေမရအောင် နည်းအမျိုးမျိုးနဲ့

စီးပွားရေးအရ ပိတ်ဆို့ထားလိုက်လို့ အစိုးရမှာ ၀င်ငွေမရှိလို့ လိုအပ်ချက်တွေ

မ၀ယ်နိုင်တော့ဘူးဆိုရင် ပြည်သူတွေ မနစ်နာလို့ ဘယ်သူတွေနစ်နာမလဲ ...ဒါကိုပဲ စီးပွားရေးပိတ်ဆို့မှုဟာ

အစိုးရကိုပဲထိမယ် ပြည်သူကို မထိဘူး ဘာညာ ပြောနေကြတဲ့ ဥာဏ်ကြီးရှင်များ

ကိုလည်း လေးစားမိပါကြောင်း။
 
Readmore »

ဒီလို ရှိတယ် ဒီလို တွေးတယ် ဒီလို မြင်တယ်

ဦးမြတ်ခိုင်။ ။ ဒေါ်အောင်ဆန်းစုကြည်က ကြားဖြတ်ရွှေးကောက်ပွဲအတွက် နေရာအနှံ့ လိုက်ပြီး မဲဆွယ်နေတဲ့အချိန်မှာ အဘတို့ဘက်က ငြိမ်နေတာ ဘာကြောင့်လဲ ?

ဦးအောင်သောင်း။ ။ မငြိမ်ပါဘူး။ သူလို့ အုံးအုံးကျွတ်ကျွတ် မလုပ်တာ တစ်ခုပါပဲ။ အရှေ့အလယ်ပိုင်းပုံ သဏ္ဍန်တွေဖမ်းနေတာပေါ့။ ရှိလည်းရှိမှာပေါ့။ လူထုတွေ တအားထောက်ခံတယ် ဆိုတဲ့ ပုံပန်းကို သုက ပြနေတာ ဒါကတော့ နိုင်ငံရေးအရ Image ကောင်းအောင်ပေါ့ဗျာ။
ဒါက လူထုတွေ တအား ထောက်ခံတယ်။ ကြိုဆိုတယ်ပေါ့ဗျာ။ ဒါက လုပ်လိုလွယ်တဲ့ ကိစ္စပါ။ အခုလည်းပဲ ဟိုက ဒီက ခေါ်ထားရင်ရပါတယ်။ မြို့ခံတွေ ဘယ်လောက် ပေါတယ်။ နယ်ခံတွေ ဘယ်လောက်ပေါ တယ်ပေါ့။ အဲ့လိုနဲ့ သူကို မဲပေးမယ်လို့ ပြောလို့မရပါဘူး။
ဟုတ်လား။ ဘယ်သူ့မဲပေးမယ်လို့လည်း ဒီမှာ သိပ်ဆုံးဖြတ်လို့မရပါဘူး။ တကယ်တမ်းကျတော့ ဘာမှမပေးနိုင်ဘူး ဘာမှမလုပ်နိုင်ဘူးဆိုတာတွေက ဘာကတိမှလည်းမပေးနိုင်ဘူးဆိုတာတွေက ကတိပေးထားတဲ့သူတွေကိုသရော်တာ။ ပြည်သူ့အကျိုးလုပ်နေတဲ့သူတွေကိုကိုယ် မလုပ် နိုင် လိုဝေဖန်တဲ့သဘောလေးလည်းဆောင်တယ်
တကယ်တမ်းကတော့ ဒါကမလုပ်သင့်ပါဘူး။ ပြည်သူ့အကျိုးပြုလုပ်တာကောင်းတယ် လို့ပြောရမှာပေါ့။ ဟုတ်လား။ ပြည်သူတွေအတွက်လုပ်ပေးတာ ကောင်းတယ်ဆိုတာမျိုးပဲပြောရမှာ။ ပြည်သူ့ အတွက်
လုပ်ပေးတာမကောင်းဘူးလို့ပြောလာတာတွေက ဒီနိုင်ငံရေးအဓိပ္ပာယ်ကို ကျွန်တော်လည်း နားမလည်ပါ ဘူး။
ဘာဖြစ်လို့ပြောတာလည်းဆိုတာ ကျွန်တော်တို့လည်းမသိဘူး။ ကျွန်တော်တို့ အဲ့ဒီအဆင့်မမီဘူး။ ဒီတော့ ဒီမိုကရေစီလိုလားတယ်။ နောက်ပြီတော့မှ တရားဥပဒေစိုးမိုးရေးလိုလားတယ်လို့ အကြိမ်ကြိမ် နေရာတိုင်း မှာပြောတယ်။
တကယ့် လက်တွေ့မှာ သူတို့သွားတာ လာတာတွေ အားလုံးက တကယ်လက်တွေ့မှာ တရားဥပဒေကို တကယ်လိုက်နာလား။ မလိုက်နာဘူးလားဆိုတာ ကိုယ့်ဘာသာ ပြန်ဆန်းစစ်လိုက်ရင်သိတယ်။
တိတိကျကျတော့ မပြောလိုပါဘူး။

(လျှပ်တစ်ပြက် သတင်းဂျာနယ် အတွဲ ၃ အမှတ် ၈၀ မှ ကောက်နုတ်သည်)
Readmore »

Mar 18, 2012

မင်းသား ပီပီ အိုဗာတင်း သိပ်လုပ်တဲ့ ငရဲတိုက် (ပေးစာ)

  


ဒီမင်းသား အိုဗာတင်းတွေ လုပ်လွန်းလို့ အမြင်ကတ်နေတာ ကြာပြီ
------
ပေးပို့သူ=မောင်မိုးဆွေ(ပခုက္ကူ)
-----
_____________________________________________________________________________
Readmore »

လာရှိုးမြို့ခံများ ဗိုလ်ချူပ်အောင်ဆန်းကို စော်ကားလိုက်ခြင်း

မြန်မာနိုင်ငံ ရဲ့ သမိုင်းအဆက်ဆက် ကို ပြန်ပြောင်းကြည့်သော အခါ
ပထမမြန်မာနိုင်ငံတော် ကို တည်ထောင်သူ အနော်ရထာ
ဒုတိယမြန်မာနိုင်ငံတော် ကို တည်ထောင်သူ ဘုရင့်နောင်
တတိယ မြန်မာနိုင်ငံတော် ကို တည်ထောင်သူ အလောင်းဘုရား(အောင်ဇယျ)
လို့ပဲ ရှိခဲ့ပါတယ်။
အစိတ်စိတ် အမွှာအမွှာ ကွဲထွက်နေသော ပြည်နယ်ဒေသ တွေ အပြင် စုစည်းလို့ရခဲ့သမျှ လက်နက်နိုင်ငံတော်
အင်ပါယာ ထူထောင်ခဲ့သမျှ နဲ့ မြန်မာ ဟူသော တိုင်းပြည်တစ်ပြည် အဖြစ် ပုံဖော် ထုစစ်ခဲ့သူ ၃ ဦးပါ။

အဲ..ဗြိတိသျှတွေ ရဲ့ နေမဝသ် အင်ပါယာ ထဲကို တတိတိနဲ့ ဖြည်းဖြည်းချင်း ဝါးမျိုခံလိုက်ရတဲ့ အပြီးမှာတော့ 
မြန်မာဟာ ကိုလိုနီ ဖြစ်ခဲ့ရတယ် ။ ဂျပန် နဲ့ ပေါင်းတိုက်လိုက် . ဗြိတိသျှ နဲ့ ပေါင်းတိုက်လိုက်နဲ့ လွပ်လပ်ရေးအတွက် ရသမျှ အကူအညီမှန်သမျှနဲ့  သူ့တပါး လက်အောက် ရောက်နေတဲ့ နေရာကနေ 
မူလ မြန်မာ ဆိုတာကို ပြန်လည် ပုံသွင်းထုဆစ်သူက ဗိုလ်ချုပ်အောင်ဆန်း ပါ ။

ဒါကို တမျိုးသားလုံး သိပါတယ်။ ဗိုလ်ချူပ်ပြန်ယူပေးခဲ့တဲ့ ပြန်လည် အသက်သွင်းပေးခဲ့လို့ အသက်ပြန်ရှင်ခဲ့
ရတဲ့ မြန်မာ ဟာ တကယ်တမ်း ပြောရရင် စတုတ္တ မြောက် မြန်မာ နိုင်ငံတော် ပါပဲ ။
ဒါကိုမှ အဖေတစ်ယောက်လုံးကို မေ့ပြီး သမီးက စတုတ္တနိုင်ငံကို တည်ထောင်မဲ့ မင်းလောင်းလိုလို နဲ့ ပြောနေတာဟာ ဗိုလ်ချူပ်ဟာ အားလုံးရဲ့ပါးစပ်ထဲမှာ အသုံးချခံ ရုပ်ဝတ္ထု ဖြစ်သွားရရှာတယ် ဆိုတာ ယုံမှားသင်္ကာမကင်း စရာ မရှိဘူး ။

တကယ်ဆို စတုတ္တနိုင်ငံတော်ကို ပြန်လည် ထူထောင်ခဲ့တာ ဗိုလ်ချူပ်သာ လျှင်ဖြစ်တယ်။
ဘယ်ကလဲ ဆိုတော့ ဗိုလ်ချူပ်သမီးရဲ့လင်ယောကျာင်္း အမျိုးတွေဆီက ဖြစ်တယ်။
ဒေါ်စု ဟာ ဘယ်တော့မှ မင်းလောင်းမဟုတ်ခဲ့ဘူး
သူဟာ တည်ထောင်သူ ဖြစ်လာမှာလား ။ လက်ရှိတော့ ခွဲမယ် ပြင်မယ် ပဲ တွေ့နေရတယ် ။
လားရှိုး မြို့သားတို့  ခင်ဗျား...။
တကွဲတပြားနဲ့ ပြိုကွဲလာတဲ့ တတိယ နိုင်ငံတော် ကို အင်္ဂလိပ်ကနေ သိမ်းယူ ဂျပန်က ဝင်ဆွဲ နဲ့ တစစီ ခေတ်ပျက်နေတဲ့ အချိန်မှာ ခင်ဗျားတို့ တိုင်းရင်းသားတွေနဲ့ ပူးပေါင်းပြီး ပင်လုံ တာထွက်နေ
စတုတ္တနိုင်ငံကို ပြန်လည် အသက်သွင်းခဲ့တာ ဖြစ်တယ်။ ဒါကို မေ့ပစ်ချင်ယောင်ဆောင်ပြီး ဘုန်းတော်ဘွဲ့
တစ်စောင်ကြောင့် စုံလုံးမကန်းသင့်ပါ။


မောင်ကျောက်ခဲ အဖွဲ့ ဝိုင်းတော်သားများ
_______________________________________________________________________________
Readmore »

Mar 17, 2012

ဘဝင်တွေး လက်တွေ့မြင် နောက်ကွယ်ကိုကြည့်တော့ NLD သည်.???????



မောင်ကျောက်ခဲ အဖွဲ့ ဝိုင်းတော်သားများ
Readmore »

လူငယ်များ ယဉ်ကျေး လိမ္မာစေရန် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်း ဖွင့်လှစ်

ဘာသာခြားလွမ်းမိုးမှုမှ ကာကွယ်ပေးသောဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်း
မျိုးဆက်သစ် ကျောင်းသားလူငယ်များ ယဉ်ကျေးလိမ္မာ စေဖို့အတွက် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းကို မတ်လ ၁၆ ရက်နေ့က ရန်ကုန်မြို့ ဗဟန် ၂ လမ်းမှာရှိတဲ့ ပြည်ထောင်စု ရှေ့နေချုပ်ရုံး ဓမ္မာရုံမှာ ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီလို သင်တန်းတက်ရတဲ့ အကျိုးကျေးဇူးတွေမှာ ကလေးတွေအတွက် အသိလိမ္မာ တိုးပွားလာနိုင်ခြင်း ၊ ပါဋ္ဌိစာပေ အရေး ၊ အဖတ် တတ်မြောက်လာနိုင်ခြင်း ၊ ဘာသာရေး ကိုင်းရှိုင်းတတ်ပြီး လူမှုဆက်ဆံရေး အတတ်ပညာများ တိုးပွားလာနိုင်ခြင်း အစရှိတဲ့ အကျိုးကျေးဇူး တွေရရှိမှာ ဖြစ်ပါတယ်။

အဆိုပါ သင်တန်း ကိုတော့ မတ်လ ၁၆ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဖွင့်လှစ်သွားမှာဖြစ်ပြီး သင်တန်းမှာ သင်တန်းသား ၅၀ ဦး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ သင်တန်းကို တော့ ပြည်ထောင်စု ရှေ့နေချုပ်ရုံး ၊ ဥပဒေရုံးများဆိုင်ရာ ဗုဒ္ဓသာသနာ့ နုဂ္ဂဟ အသင်းမှ ကြီးမှူး ဖွင့်လှစ်တာဖြစ်ပြီး ၁၁ ကြိမ်မြောက် ဖွင့်လှစ်တဲ့သင်တန်း ဖြစ်တယ်လို့ သတင်းရရှိပါတယ်။
Readmore »

မီဒီယာတွေ ဘက်လိုက်တယ်

မရှင်းလို့မေးပါရစေဦးဗျာ
မြန်မာနိုင်ငံမှာ ကြံခိုင်ရေးနဲ့ NLD ပါတီနှစ်ခုပဲရှိတာလား
ဒေါ်စု သွားလေရာ ဖော်ပြမှ သတင်းလား ပြည်သူအကျိုးပြုသတင်းလား။

ဒါဆိုရင်လည်းဗျာ ဝန်ကြီးဌာနတွေ လာဘ်စားတာတောင် သက်သေရှိတယ် ဆိုပြီး ဖော်ပြောရဲသေးတာပဲ
ဒေါ်စု နဲ့ဒေးဗစ် လှမြင့်တို့ရဲ့ မရှင်းမရှင်း ဇာတ်လမ်းတွေ ဘာလို့ မရေးကြတာလဲ။
The Lady ဇာတ်ကားမှာ ဒေါ်စု အကျယ်ချူပ်ကာလမှာ အမျိုးသမီးတွေကို ညဘက် စုပြီး Safe Sex ဆိုပြီး
ကင်းဆေး အစီရင်ခံစာ(အမေရိကန် အမျိုးသား/အမျိုးသမီးတို့ ဘယ်လို လိင်ဆက်ဆံကြတယ်။ဘယ်နည်းနဲ့ က ကောင်းတယ် စသည်ဖြင့် အပြာစာအုပ်ကဲ့သို့ ရေးထားသော အစီရင်ခံစာ) နဲ့ လေဒီချက်ဒလီလပ်ဗ်ဗာ စာအုပ်တွေ ညတိုင်း ဆွေးနွေးနေခဲ့တယ်ဆိုတာ လေးတွေလည်း ကျန်ခဲ့တယ် ထောက်မပြကြပါလား ။

ဒေါ်စု ရုပ်မြင်သံကြားက နေ စကားပြောတဲ့ အစီအစဉ်က ဘာလို့ ကြိုထွက်လာရတာလဲ။
အဲလို ကြိုထွက်လို့ ရကြေးဆိုရင် တခြားပါတီတွေက ရော ဘာလို့ မထွက်ရတာလဲ။
ဘာလို့ ဒေါ်စု သတင်းတွေချည်းကိုပဲ ဖော်ပြနေရတာလဲ။ဂျာနယ်ရောင်းကောင်းအောင်လား။
မိမိသတင်းဌာန လူကြည့်များအောင် လုပ်နေတာလား။
ဘာလဲ...ဒေါ်စုမှ လူရာသွင်းတာလား ။ ခင်ဗျားတို့မှ မဟုတ်ဘူး။ လက်ရှိ အစိုးရက လူရာသွင်းလို့ လွှတ်တော်
ထဲတောင် တစ်ခေါက် လေ့လာခွင့်ရခဲ့တယ် မလား ။ စိတ်ချ လူရာ မဝင် ဝင်အောင် သွင်းပေးပါလိမ့်မယ်။
အဲလောက် မြောက်ပင့်နေစရာမလိုပါဘူး ။

မြန်မာ့အလင်းဖတ်မိခါမှ အော်..ဒေါ်စုတင် စကားပြောခွင့်ရတာ မဟုတ်ပဲ ..ကျန်တဲ့ပါတီတွေလည်း ပြောခွင့်
ရတာပါပဲလား..အားလံး အတူတူတန်းတူ သဘောထားပါလား..လို့တွေးမိတယ်..။မဟုတ်ရင် ဒေါ်စုကိုပဲ အစိုး
ရက ကြောက်လွန်းလို့  အထူးအခွင့်အရေးတွေ ပေးနေပါတယ် သဘောပေါက်အောင်  ခင်ဗျားတို့ တမင် ငြိမ်
ပေးနေကြတာမလား ။
တကယ် အကျိုးပြူလား ။မပြူလား ။တစ်ခုထောက်ပြမယ်။
ဒေါ်စု ခရီးစဥင်္တွေ အားရဝမ်းသာ ဖော်ပြကြနဲ့ ..။ မော်တော်ပီကယ် ဖမ်းတော့ သောက်ကျင့်ယုတ်တယ် ပြောအုံးမယ် ။ လမ်းစည်းကမ်း မလိုက်နာလို့  ဘယ် ဂျာနယ် ဘယ်သတင်းဌာန ထောက်ပြခဲ့လဲ ။ ထောက်ပြတဲ့ လူကျတော့ နေရင်းထိုင်ရင်း စစ်ခွေးလို့ ကင်ပွန်းတပ်ကြ
ကြံဖွတ်လက်ကိုင်ဒုတ် ဖြစ်လိုက်နဲ့..မီဒီယာတွေ နားကန်းနေကြတယ် သောက်လုံးတွေ ကန်းနေကြတယ်။
ဒေါ်စု တစ်ယောက်တည်း ပြောတတ်တာ မဟုတ်ဘူး




သူတို့တွေလည်း နိုင်ငံအတွက် ကိုယ့်ပေါ်လစီနဲ့ကိုယ်သွားနေတဲ့ ပါတီတွေ
မော်တော်ပီကယ်တချို့ စည်းမျဉ်းမဲ့တော့ လာဘ်စားတယ် ထိပ်ဆုံးကအော်တယ် ။
ဒေါ်စု ခရီးစဉ်ထဲက ပေါက်လွှတ်ပဲစား ခွေးဝဲစားတွေ အလှူအိမ်မှာ ထမင်းကျန်လွှင့်လို့ ပြေးကောက်သလို
အုပ်စုကြီး စည်းမဲ့ကမ်းမဲ့ ဖြတ်မောင်းသွားတာ ကို ဘာမှ မလုပ်ရပဲ ရပ်ကြည့်နေရတဲ့ ရဲသားတွေဘက်က
ဘယ် မီဒီယာက ထောက်ပြခဲ့လဲ။

ဘုန်းကြီးတွေ စည်းကမ်းမရှိတာ ဝိနည်းနဲ့မညီတာကျတော့ မထောက်ပြဘူး ။ ဝိနည်းမညီတဲ့ ဘုန်းကြိးကို
အရေးယူတော့ သတင်းဖြစ်တယ်တဲ့လား ။

အခုဘင်္ဂလားဒေ့ရှ် ကိစ္စဖြစ်တယ် ။ ဘယ် ဂျာနယ် တွေကများ ကိုယ့်အာဘော်နဲ့ကိုယ် သုံးသပ်ချက်နဲ့ ဆောင်းပါးတစ်ပုဒ် ရေးနိုင်လဲ ။ ဘယ်ရေးနိုင်ပါ့မလဲ ။ ရေပြင်ပိုင်နက် သဘောတရားတောင်မှ နားမလည်တာ။ ။ဒေါ်စု ဝိုင်းကြိး ပတ်ပတ် ဒူဝေဝေ ခုန်ပြီး
ချိုမိုင်မိုင် ဒီမို ချိုချဉ်စုပ်တာ ပဲ ကြည့်နေတာကိုး။


မြန်မာနိုင်ငံ ပြည်တွင်းရော ပြည်ပရော စတုတ္တမဏ္ဍိုင်ဆိုသူတွေကို မောင်ကျောက်ခဲဝိုင်းတော်သားများ က
အထင်ကို မကြီးတာဗျာ။ လုံးဝ ကိုမလေးစားတာ ။ ခင်ဗျားတို့ အားလုံးက ငွေမျက်နှာပဲ ကြည့်နေတာ။
ဒီသတင်းလေး တင်ရင် ဂျာနယ် ရောင်းကောင်းတယ် ။ငါတို့ သတင်းဌာန လူကြည့်များတယ် ။ဒါပဲ ခင်ဗျားတို့
သိတယ်။အလကား လေတလုံး မိုးတလုံးတွေ။တကယ်တော့ ခင်ဗျားတို့ အတွင်းသဘောကတော့ မီဒီယာကို သုံးပြီး ငွေရသလောက် ကျူံးထည့်တာပဲ သိတာပါ။နိင်ငံကို အထောက်အကူပြုလို့ သာ အော်နေတာ ဘယ်နားသွား အကျိုးပြုတာလည်းတော့ မသိဘူး ။မြန်မာ နိုင်ငံက စတုတ္တမဏ္ဍိုင်တွေ သေရင်တောင် နောင်ဘဝမှာ ဂဏာန်းတို့ပုစွန်လုံးတို့ ဖြစ်မယ် ။ဘက်လိုက်တာများသွားလို့လေ။
_____________________________________________________________________________
မောင်ကျောက်ခဲ အဖွဲ့ ဝိုင်းတော်သားများ
Readmore »

Mar 16, 2012

အတိတ်ကို ပြည်ဖုံးကား ချလို့ ရရင် ကောင်းမယ်

Readmore »

သန့်ရှင်းသော အစိုးရ ဖြစ်စေဖို့ တက္ကစီသမား အသတ်ခံရမှူကို မျှတအောင် ဆုံးဖြတ်ပေးပါ

၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၃ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်တွင် စမ်းချောင်းမြို့နယ် အာရှတော်ဝင် အထူးကုဆေးရုံရှေ့ရှိ ထမင်းဆိုင်တွင်ထမင်းစားနေသည့် တက္ကစီ ယာဉ်မောင်းဖြစ်သူ ကိုတင်မောင်ဆွေ (အသက် ၃၆ နှစ်) ကို တုတ်များဖြင့် ၀ိုင်းဝန်းရိုက်နှက်ခဲ့သဖြင့် ကိုတင်မောင်ဆွေမှာ အခင်းဖြစ်သည့် နေရာ၌ပင် ပါးစပ်နှင့်ဦးခေါင်းမှ သွေးများ ထွက်ရှိကာ သတိမရတော့ဘဲ  ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် သုံးနာရီခွဲအချိန်တွင် သေဆုံးသွားခဲ့ကြောင်း ၎င်း၏အစ်ကို ဖြစ်သူ ဦးမောင်မောင်လွင်က ပြောပြ ခဲ့သည်။

အဆိုပါ သေဆုံးသွားသည့်ဖြစ်စဉ်ကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံး၊ ဒုတိယခရိုင် တရားသူကြီး (၃) မှ ပြစ်ဒဏ်ချမှတ် လိုက်သည့်အပေါ် မမျှတမှုဟု ယူဆရသဖြင့် တရားလို မိသားစုဝင်များမှ တိုင်းတရားရုံးသို့ ပြစ်ဒဏ်တိုးမြှင့်စေရေးအတွက် ပြင် ဆင်မှုကို ၂၀၁၂ ခုနှစ် မတ်လ ၉ ရက်နေ့က လျှောက်ထားခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်ကို ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် တရားရုံး ဒု-ခရိုင် (၃)တွင် ဦးမောင် မောင်လွင်မှ ၂၀၁၁ ခုနှစ် ပြစ်မှုကြီးမှု အမှတ် ၁၀၃/၂၀၁၀ ဖြင့် တရားလို ပြုလုပ်၍ ကျူးလွန်သူများဖြစ်သည့် ကိုကိုဝင်း၊ သော်ဇင်၊ ညီညီဇော်နှင့် ကျော်ထွေးတို့အပေါ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မကြီး ၃၀၂ (၂)ဖြင့် တရား စွဲဆိုခဲ့သည်။ ထိုသို့ စွဲဆိုပြီးနောက် တရားလိုနှင့် ကျူးလွန်သူများ အပါအ၀င် သက်သေအသီးသီးအား စစ်ဆေးပြီး ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက် နေ့တွင် ရုံးတော်မှညီညီဇော်နှင့် သော်ဇင်တို့အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၅ ဖြင့် ထောင်ဒဏ်ငါးနှစ်ချမှတ် ခဲ့ပြီး ကိုကိုဝင်းနှင့် ကျော်ထွေးတို့ အား ပုဒ်မ ၃၂၅/ ၁၁၄ အရ ထောင် ဒဏ်တစ်နှစ်နှင့် သုံးလချမှတ်ခဲ့ကြောင်း သိရှိရသည်။


“၀ိုင်းဝန်း၍ ရိုက်နှက်ခြင်း၊ ထိုးခုတ်ခြင်း၊ အန္တရာယ်ပြုခြင်းစသည်တို့ ပြုလုပ်ကြရာတွင် မည်သူ့လက် ချက်ဖြင့် ထိုသူသေဆုံးရသည်ဟူ၍ သက်သေအထင်အရှား မတွေ့ရှိလျှင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ မဟုတ် ဘဲ ၃၂၆ အရ ပြင်းထန်စွာ အနာတရ ဖြစ်စေမှုကို ကျူးလွန်သည်ဟု တွေ့ရှိလျှင် ပိုမိုမျှတမှန်ကန်သည်ဟု မောင်စံတင်နှင့် နိုင်ငံတော်အမှုနှင့် သောင်းခိုင်နှင့် နိုင်ငံတော်အမှုတို့တွင် ညွှန်ပြထားသည်။ ကိုမြင့်အောင်နှင့် နိုင်ငံတော်အမှုတွင်လည်း အထက်ပါစီရင်ထုံး အမှုများအတိုင်း ညွှန်ပြထားသည်။ ဤအမှုတွင် သေသူ ကိုညီညီဇော်နှင့် သော်ဇင်တို့က ခုတ်ဖြတ်ရန် ကိရိယာဖြစ်သည့် ထက်မြက်သော လက်နက်ဖြစ်သော ဓားလှံအစရှိသော လက်နက်တို့ဖြင့် ပြုလုပ်ခြင်း မဟုတ်ဘဲ တုတ်ဖြင့်သာ အသုံးပြုခဲ့ကြောင်း ပေါ်ပေါက်သဖြင့် အထက် ပါ စီရင်ထုံးများ၏ ညွှန်ပြချက်များ နှင့်အညီ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၅ အရ အပြင်းအထန် နာကျင်စေမှုဖြင့် (၂) တရားခံညီညီဇော်နှင့် (၃) တရားခံသော်ဇင်တို့အား သုံးသပ်ရပေသည်။ (၁) တရားခံကိုကိုဝင်းနှင့် (၄) တရားခံ ကျော်ထွေးတို့သည် တုတ်များကိုယ်စီ ကိုင်ဆောင်လျက် ညီညီဇော်၊ သော်ဇင်တို့က ပြစ်မှုကျူး လွန်ရာတွင် အားပေးကူညီသူများ ဖြစ်ကြောင်း ပေါ်ပေါက်နေသဖြင့် ၎င်းင်းတို့နှစ်ဦးအား အားပေးကူညီသူ အဖြစ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၅/၁၁၄ အရအပြစ်ပေးသင့်ကြောင်း သုံးသပ်ရရှိပေသည်။ တရားခံအသီးသီးအပေါ် ကျူးလွန်သောပြစ်မှုနှင့် လျော်ညီစွာ ပြစ်ဒဏ်ချမှတ်သင့်ကြောင်း သုံးသပ်ရရှိ၍ အောက်ပါ အမိန့်ကို ချမှတ်လိုက်သည်။ အဖ ဦးခင်မောင်ဝင်း၏ သားဖြစ်သူ (၂) တရားခံ ညီညီဇော်၊ အဖဦးသန်း အောင်၏သားဖြစ်သူ (၃) တရားခံ သော်ဇင်တို့သည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၅အရပြစ်မှုရှိကြောင်း တွေ့ရှိရသဖြင့် ယင်းပုဒ်မအရအလုပ် နှင့် ထောင်ဒဏ်ငါးနှစ် တိတိကျခံစေ။  အဖ ဦးအေးမြင့်၏ သားဖြစ်သူ (၁) တရားခံကိုကိုဝင်း၊ အဖ ဦးကျော်ဌေး ၏သားဖြစ်သူ (၄) တရားခံကျော် ထွေးတို့သည် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၅/၁၁၄ အရ အပြစ်ရှိကြောင်း တွေ့ရှိရသဖြင့် ယင်းပုဒ်မ အရ အလုပ်နှင့်ထောင်ဒဏ်တစ်နှစ် နှင့် သုံးလတိတိကျခံစေ။ တရားခံများ အချုပ်ခံရသော (၄.၁၂.၂၀၁၀) နေ့မှစ၍ချုပ်ရက်များကိုထောင်ဒဏ် မှ ထုတ်နုတ်ကျခံစေ” ဟူ၍ စီရင်ချက်တွင် ထည့်သွင်းထားသည်ကို တွေ့ရပါသည်။ တရားရုံးတွင် အမှုရင်ဆိုင်ခဲ့ရသည့်ကာလမှာ တစ်နှစ် နှင့်သုံးလရှိခဲ့သဖြင့် တရားရုံးမှ အမိန့်ချအပြီးတွင် တရားခံ(၁)နှင့် တရားခံ  (၄) တို့မှာ ထောင်မှလွတ်မြောက် သွားပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ဖြစ်ပွားကာစ၌လည်း ယင်းဖြစ်စဉ်သည် လူစည်ကားရာနေရာ၌ တရားဥပဒေမဲ့စွာ မင်းမဲ့စရိုက်ဆန်ဆန် ပြုမူသည့် ရာဇ၀တ်မှုမျိုးဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် အနီးပတ်ဝန်းကျင်ရှိ လူအချို့ပင် ထိတ်လန့်ခဲ့ရကြောင်း၊ ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ထိရောက်ပြစ်ဒဏ်များ ချမှတ်ခြင်း ဖြင့် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးကို လက်ရှိအစိုးရသစ်၏ တရားစီရင်ရေး မဏ္ဍိုင်က သက်သေ ပြနိုင်လိမ့်မည်ဟု ယင်းဖြစ်စဉ်အား စိတ်ဝင်စားသူ ပြည်သူများက မျှော်လင့်ခဲ့ကြကြောင်းလည်း သိရသည်။
သေစေခြင်းဖြစ်တန်ရာသော ကိုယ်အင်္ဂါ နာကျင်မှုကို ဖြစ်စေရန် အကြံဖြင့် မည်သူမဆို ပြုလုပ်မှု တစ်ခု ခုကိုပြု၍ လူကိုသေစေလျှင် ထိုသူသည် လူသတ်မှုမမြောက်သည့် ရာဇ၀တ် ပြစ်ဒဏ်ကို ထိုက်သော လူသေမှုကို ကျူးလွန်သည် မည်ကြောင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၉ တွင် ပြဋ္ဌာန်းထားချက်အရသိရသည်။
မည်သူမဆို လူသတ်မှုမမြောက်သည့် ရာဇ၀တ်ပြစ်ဒဏ်ထိုက်သော လူသေမှုကို ကျူးလွန်လျှင် ထိုသူကို တစ်သက်တစ်ကျွန်း ဒဏ်ဖြစ်စေ၊ ဆယ်နှစ်ထိထောင်ဒဏ် တစ်မျိုးမျိုး ဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ရာဇသတ် ကြီးပုဒ်မ ၃၀၄ တွင် ဆိုထားပါသည်။
ထို့အတူ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၀ တွင် ပြဋ္ဌာန်းထားသည်မှာ “ ပြုလုပ်မှုကို လူသတ်မှုမမြောက် သည့် လူသေမှုဖြစ်အောင်ပြုသော ပတ်ဝန်းကျင်အကြောင်းခြင်းရာ မရှိ ခဲ့သော်မည်သူမဆို သေစေရန် အကြံ ဖြင့်ဖြစ်စေ၊ ဖြစ်တတ်သောသဘော အရ အမှန်အားဖြင့် သေစေလောက် သော ကိုယ်အင်္ဂါနာကျင်မှုကိုဖြစ်စေ ရန်အကြံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုတစ် ခုခုကို ပြု၍ လူကိုသေစေလျှင် ထိုသူသည် လူသတ်မှု ကျူးလွန်သည် မည်၏”ဟု ပြဋ္ဌာန်းထားပါသည်။
ထို့ပြင် မည်သူမဆို တစ်သက် တစ်ကျွန်းဒဏ် စီရင်ခြင်းခံရသည့် အတွင်း၊ သို့တည်းမဟုတ် တင်ကူး ကြံရွယ်ချက်ဖြင့် သို့တည်းမဟုတ် ရာဇသတ်ကြီးအရ ခုနစ်နှစ်အထိ ထောင်ဒဏ်ချမှတ်ခြင်း ခံထိုက်သော ပြစ်မှုကို ကျူးလွန်နေစဉ်လူသတ်မှုကို ကျူးလွန်လျှင် ထိုသူကို သေဒဏ်ချ မှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁) အရ သိရသည်။
အလားတူ မည်သူမဆို အခြားအချက်မျိုး၌ လူသတ်မှုကျူးလွန်လျှင် ထိုသူကို တစ်သက်တစ်ကျွန်း ဒဏ်ဖြစ်စေ၊ ဆယ်နှစ်ထိ အလုပ်ကြမ်းနှင့် ထောင်ဒဏ်ဖြစ်စေ ချမှတ် ရမည့်အပြင် ငွေဒဏ်လည်း ချမှတ် နိုင်ကြောင်း ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၂) တွင် ပြဋ္ဌာန်းထားပြီး ပြုလုပ်မှု တစ်ခုသည် တင်ကူးကြံရွယ်သော ပြုလုပ်မှုဖြစ်သည်၊ မဖြစ်သည်ဆိုသော အချက်မှာ အကြောင်းချင်းရာ ပြဿနာဖြစ်သည်ဟုလည်း ရှင်းလင်းချက်တွင် ဖော်ပြထားပါသည်။
“အထက်က အမှုမှာ တရားသူကြီးက တရားခံနှစ်ဦးကို ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၂၅ နဲ့ အလုပ် နဲ့ ထောင်ဒဏ် ငါးနှစ်ချမှတ်ပြီး ကျန်နှစ်ဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၅/၁၁၄ နဲ့ အလုပ်နဲ့ ထောင်ဒဏ် တစ်နှစ်နဲ့ သုံးလ ချမှတ်ခဲ့ပါတယ်။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၅ နဲ့ ထောင်ဒဏ် ငါးနှစ်ချမှတ်တယ်ဆို တာတောင်ဒီပုဒ်မရဲ့အမြင့်ဆုံး ထောင်ဒဏ် မဟုတ်သေးပါဘူး။ ပုဒ်မ ၃၂၅ ကတုံးသော လက်နက်နဲ့ အပြင်းအထန် နာကျင်စေမှုမျိုးမှာ ကျူးလွန်သူကို အရေးယူတဲ့ပုဒ်မဖြစ်ပြီး ထောင်ဒဏ် ခုနစ်နှစ်အထိ ချမှတ်လို့ရတယ်ဆို တာကို ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် အမှုတစ်မှုမှာ တရားခံဟာ တရားသူကြီးရဲ့ ဆင်ခြင်သုံးသပ်မှုပေါ်မှာ မူတည်ပြီး ထောင်ဒဏ်အမြင့်ဆုံးဖြစ်တဲ့ ထိရောက်တဲ့ပြစ်ဒဏ် ချမှတ်ခံရနိုင်သလို လျှော့ပေါ့တဲ့ပြစ်ဒဏ်လည်း ချမှတ်ခံရနိုင်ပါတယ်” ဟု ရှေ့နေ တစ်ဦးက ဆိုပါသည်။
တရားစီရင်ထုံးများနှင့် ပတ်သက်၍ ဥပဒေပညာရှင် တစ်ဦးက သုံးသပ်ပြောကြားခဲ့ရာ “အကြောင်း အရာနောက်ကို စီရင်ထုံးမလိုက်ရဘဲ စီရင်ထုံးနောက်ကိုသာ အကြောင်းအရာက လိုက်ရမယ်ဆိုတဲ့ ဥပဒေသ ရှိပါတယ်။ စီရင်ထုံးကို ကိုးကားတဲ့ နေရာမှာ အမှုအကြောင်းခြင်းရာချင်း တူဖို့လိုပါတယ်။ ကိုးကားပြီး ဆုံးဖြတ်ရမယ့်အမှုပါ အကြောင်းအရာဟာ ယခင်ချမှတ်ခဲ့တဲ့ စီရင်ထုံးပါ အကြောင်းအရာနဲ့ ကိုက်ညီမှုရှိဖို့တော့ လိုပါတယ်။ ဥပဒေပြဋ္ဌာန်း ချက်မှာ အတိအကျ အဓိပ္ပာယ်ဖွင့်ဆို ထားတာရှင်းလင်းစွာ ကောက်ယူနိုင်တဲ့ အချက်အလက်မျိုး မပေါ်ပေါက်ရင် အမှုတစ်ခုချင်းရဲ့ ဖြစ်ရပ်ပေါ်မူ တည်ပြီးတော့ တရားရုံးက ဆင်ခြင်တုံတရားနဲ့ သုံးသပ်ပြီးယခင်အဆက် ဆက်ချမှတ်ခဲ့တဲ့ စီရင်ထုံးကို ကိုးကားပြီးတော့ ဆုံးဖြတ်ပေးရပါ တယ်။ ဒါဟာ စီရင်ထုံးကို ဘယ်လိုနေရာမှာ သုံးရတယ်ဆိုတာကို ရှင်းပြတာပါ။ ဥပဒေပြဋ္ဌာန်းချက်မှာ အတိအကျ အဓိပ္ပာယ်ဖွင့်ဆိုထားတာ ရှိတယ်ဆိုရင်တော့ ဥပဒေပြဋ္ဌာန်းချက်နဲ့ စီရင်ထုံးယှဉ်လာရင် စီရင်ထုံး က ဥပဒေပြဋ္ဌာန်းချက်ကို လွှမ်းမိုးလို့ မရပါဘူး” ဟု ရှင်းပြခဲ့ပါသည်။
“ဖြစ်နိုင်မယ်ဆိုရင်တော့ တရားရုံးတစ်ခုက ချမှတ်လိုက်တဲ့ စီရင်ချက်တစ်ခုဟာ ဘယ်အဆင့်ကိုမှ ထပ်တက်စရာမလိုဘဲ အဖက်ဖက် က ကျေနပ်လက်ခံနိုင်တဲ့၊ တရား မျှတတဲ့ အဖြေမျိုးထွက်မယ်ဆိုရင် တော့ အကောင်းဆုံးပါပဲ။ ဒါဆိုရင် ပြည်သူအများက ယုံကြည်အားကိုး ရတဲ့ တတိယမဏ္ဍိုင် ပိုပီပြင်လာမှာ ဖြစ်ပါတယ်” တရားစီရင်ရေးမဏ္ဍိုင် အား လေ့လာနေသူတစ်ဦးက အကြံ ပြုပါသည်။
“လူမြင်ကွင်းမှာ အုပ်စုလိုက် ၀ိုင်းရိုက်လို့ သေဆုံးခဲ့ရတဲ့ဖြစ်စဉ် အပေါ် မူလက ပြစ်မှုဆိုင်ရာပုဒ်မ ကြီး ၃၀၂ (၂) လူသတ်မှုပုဒ်မနဲ့ တရားစွဲတာကို သက်ဆိုင်ရာ တရား သူကြီးက ပုဒ်မ ၃၂၅ အပြင်းအထန် နာကျင်စေမှု ပုဒ်မနဲ့ပြောင်းပြီး အမိန့် ချခဲ့ပါတယ်။ ဒီအမှုဖြစ်စဉ်မှာ ဥပဒေ ရှုထောင့်အရ ဘယ်လိုအနေအထား တွေရှိနေတယ် ဆိုတာထက် အများပြည်သူအမြင်၊ မီဒီယာရှုထောင့်က အမြင်အရတော့ ဒါဟာ မဖြစ်သင့် ဘူးလို့ထင်တယ်။ လူမြင်ကွင်းမှာ လူအများ ထိတ်လန့်တကြားဖြစ်စေနိုင်တဲ့ မင်းမဲ့စရိုက်ဆန်တဲ့ ရမ်းကားမှုတွေ ကို စနစ်တကျ တားဆီးနိုင်ဖို့ တရား ဥပဒေစိုးမိုးမှုက အဓိကကျပါတယ်။ အခုလိုအမိန့်ချတဲ့အပေါ် ပြည်သူတွေအနေနဲ့ ဥပဒေရဲ့ အကာအကွယ် ဟာ လုံခြုံမှုမရှိဘူးလို့ ခံစားရစေပါ တယ်။ ဒါကြောင့် ဒီဖြစ်စဉ်ဟာ မှားယွင်းစွာ ဆုံးဖြတ်တာဟုတ်၊ မဟုတ် ဒါမှမဟုတ် တရားစီရင်ရေးမှာ ပါဝင်ပတ်သက်သူတွေရဲ့အဂတိ လိုက်စားမှုကြောင့်လား၊ တရားစီရင်ရေး နောက်ကွယ်က ဘယ်လိုပါဝင်ပတ်သက်မှု ဖိအားတွေ ရှိနေလို့လဲဆိုတာ တွေကိုတော့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး သေချာစစ်ဆေး အဖြေရှာသင့် ပါတယ်။ လူသိရှင်ကြား ရှင်းလင်းမှုမျိုးတွေ လုပ်သင့်ပါတယ်။ နိုင်ငံတော် သမ္မတကြီးကလည်း  Rule of Law နဲ့ ပတ်သက်ပြီး ပြောထားတာဆိုတော့ ဒီလိုကိစ္စမျိုးတွေကို စနစ်တကျ စုံစမ်းစစ်ဆေး ပေးသင့်ပါတယ်” ဟု Weekly Eleven Journal ၏ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောကြားခဲ့ပါသည်။



 မောင်ကျောက်ခဲအဖွဲ့ ဝိုင်းတော်သားများ
Readmore »


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ