Jun 15, 2013

ရခိုင်ပါတီကြီးနှစ်ခု ပူးပေါင်းတော့မည်


ရခိုင်ပြည်နယ်မှ ရခိုင်ပါတီများဖြစ်သောရခိုင်ဒီမိုကရေးစီအဖွဲ့ချုပ်(ALD) နှင့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP) ပါတီတို့သည် ပေါင်းစည်းရေးအတွက် ရန်ကုန်မြို့ ရခိုင်သဟာယအသင်းရုံး၌အစည်းအဝေးပြုလုပ်ရာတွင် နှစ်ဖက်ပါတီမှ ပါတီတစ်ခုတည်းသွားမည်ကို

သဘောတူညီမှု ရရှိကြောင်းသတင်းရရှိသည်။

RNDP ပါတီဥက္ကဌဒေါက်တာအေးမောင်က“ ပါတီနှစ်ခုပေါင်းဖို့ဆိုတာတခုတော့ တူပါတယ်။ မူတွေကတော့ ဆွေးနွေးရဦးမယ်။ ” ဟုပြောသည်။



ရခိုင်တိုင်းရင်းသားများမှလိုလိုလားလားတောင်ဆိုနေကြသောရခိုင်ပါတီနှစ်ခုပေါင်းစည်းရေးကိုသဘောတူညီမှုရယူကြပြီးနောက်ပါတီတစ်ခုတည်းဖြစ်သွားမည် ဖြစ်သည့်အတွက် ရှေ့လုပ်ငန်းစဉ်များနှင့် ပါတီအမည်ပေးရေးကိစ္စနှင့်ပါတ်သက်၍ အသေးစိတ် အချက်အလက်များကိုမနက်ဖြန်(ဇွန်လ-၁၆) ရက်နေ့တွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်းသူကဆက်ပြောသည်။

“ ကျနော်တို့က အစကတည်းက ပေါင်းစည်းဖို့ကိုလိုလားနေတာပါ။ ပေါင်းစည်းဖို့အတွက်လည်းအားလုံးနှစ်ဖက်လုံးကလည်းဆောင်ရွက်နေတာပါ။ နှစ်ဖက်ကော်မရှင်တွေကလည်းဆောင်ရွက်ပေးဖို့လိုပါတယ်။ အဓိကမဟုတ်တဲ့အကြောင်းအရာတွေကိုအဓိကမကျတဲ့နေရာတွေမှာမထားမိဖို့လိုပါတယ်။ ” ဟုသူကပြောသည်။

ပါတီနှစ်ခုတစ်ပါတီတည်းသွားမည်ကိုသဘောတူညီချက်ရရှိပြီ ဖြစ်သည့်အတွက် တစ်ပါတီတည်းသွားမည့် ရှေ့လုပ်ငန်းစဉ်များကို  ALD အနေဖြင့် ဘယ်လိုသွားမည့်ဆိုတာကိုဥက္ကဌ ဦးအေးသာအောင်အားအာရ်ကန်တိုင်းမ်စ်မှ ဆက်သွယ်မေးမြန်းခဲ့ရာယခုလိုဖြေကြားခဲ့သည်။

“ ကျနော်တို့ အခုပါတီနှစ်ခုပေါင်းဖို့ ယေဘုယျအားဖြင့် သဘောတူပါတယ်။ ရှေ့လုပ်ငန်စဉ်တွေအပါအ၀င် နောက်ထပ် ဆွေးနွေးစရာတွေအများကြီးကျန်နေသေးတဲ့အတွက်ကြောင့် မနက်ဖြန်မှာလည်းဆွေးနွေးဦးမယ်ဖြစ်တဲ့အတွက် ဒီကိစ္စကို ကြိုတင်ပြီးတော့ ပြောလို့မဖြစ်နိုင်ပါ။ ” ဟုပြောသည်။

အဆိုပါ ပါတီနှစ်ခုပေါင်းစည်းရေးပထမအကြိမ် အကြိုဆိုဆွေးနွေပွဲကိုရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကျောင်းသားထုတစ်ရပ်လုံးကိုယ်စား ၀မ်းမြောက်စွာ ကြိုဆိုကြောင်းအချက်(၆)ချက်ပါသော ၁/၂၀၁၃ ကြေငြာချက်တစ်စောင်ကိုလည်းယနေ့(ဇွန်လ-၁၅)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်းသိရသည်။

မိုးဇော် (သတင်း)
From:[_ http://arakantimes.net/ _]
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ