Jun 15, 2013

မလေးရှားမှ ပြန်လာသော မြန်မာအလုပ်သမားများကို Air Bagan မှ ကြိုဆိုခဲ့

မလေးရှားတွင်ဖြစ်ပွါးခဲ့သော လူမျိုးရေး နှိမ်ချ သတ်ဖြတ်မှူမှ ရှောင်တိမ်းထွက်လာနိုင်ခဲ့သော မြန်မာအလုပ်သမားများကို Air Bagan ဝန်ထမ်း မိသားစု များမှ အားပေးကြိုဆိုခဲ့ကြပါသည် ။
ယင်းသို့ အားပေးကြိုဆိုခဲ့ကြပြီးနောက် ယနေ့ ၂ နာရီက ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများကို မိမိတို့နေရပ်အရောက်ပြန်မည်ဆိုပါကလည်း Air Bagan မှ အခမဲ့လေကြောင်းခရီးစဉ်များဖြင့် ချောချောမွေ့မွေ့ ရောက်ရှိသွားစေရန် စီစဉ်ပေးခဲ့ပြီး နောက်နေ့များတွင်လည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် Information Counter ဆက်လက်ထားရှိပြီး ကူညီဆောင်ရွက်ပေးသွားရန် စီစဉ်ထားပါသည် ။ ယခုကဲ့သို့ ကူညီရခြင်းမှာ 
 ပြည်ပနိုင်ငံတစ်ခုတွင် မိမိတို့ မြန်မာနိုင်ငံသားများသည် အခက်အခဲများဖြင့် ရင်ဆိုင်ကြုံနေရသောကြောင့် နိုင်ငံသားချင်း ကူညီရိုင်းပင်းလိုသည့် စိတ်ဓါတ်ဖြင့်  ကူညီနေခြင်းဖြစ်ကြောင်း Air Bagan မှ ပြောကြားခဲ့ပါသည် ။

အောက်ပါပုံများမှာ ယနေ့ 15-6-2013 နေ့လည် 2 နာရီတွင်ပြန်လည်ရောက်ရှိလာသော မလေးရှားပြန် မြန်မာနိုင်ငံသားများကို Air Bagan ဝန်ထမ်းမိသားစုများမှ ကူညီအားပေးကြိုဆိုနေပုံများဖြစ်သည် ။







 (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ