Dec 23, 2012

ဗုဒ္ဓသာသနာတော် သန့်ရှင်းစင်ကြယ်စွာ တည်တံ့နိုင်ရေးအတွက်၊ “ရဟန်းသံဃာစောင့်ကြည့်လေ့လာရေးနှင့် ဝိနည်းတော်များကိုက်ညီမှုရှိ/မရှိ စိစစ်ဆောင်ရွက်ရေးအဖွဲ့” ဖွဲ့စည်း

လက်ပံတောင်းတောင်ကိစ္စနဲ့ပတ်သက်ပြီး သံဃာတွေနဲ့ နိုင်ငံရေးလှုပ်ရှားသူတွေက မြို့ကြီးအချို့မှာ ဆန္ဒပြမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ အစိုးရတာဝန်ရှိသူတွေက နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများကို တရားဝင်တောင်းပန်ခဲ့ပြီးဖြစ်သလို ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပြီးလည်း စစ်ဆေးစေလျက်ရှိနေပါတယ်။

 ဒီလိုအခြေအနေမျိုးမှာ ပြည်တွင်း ကသံဃာအချို့နဲ့ နိုင်ငံရေးသမား တွေရဲ့ အတောမသတ်နိုင်တဲ့ လှုပ်ရှားမှုတွေ၊ အစိုးရရဲ့တောင်းပန်မှု အပေါ် ဆင့်ကဲအခွင့်အရေးရယူလိုတဲ့ အခြေအနေ တွေ ဖန်တီးလာတာကိုလည်း တွေ့နေ ရပါတယ်။ပြည်သူတွေ အနေနဲ့ကတော့ ဆန္ဒပြမှုတွေမှာပါတဲ့ သံဃာတွေအပေါ် သဘောထားအမျိုးမျိုး နဲ့ ဝေဖန်ပြောဆိုနေကြသလို သိက္ခာတော်ရဆရာတော်ကြီးများကလည်း ဆန္ဒပြသံဃာတွေအပေါ် အမြင်အမျိုးမျိုးရှိနေကြပါတယ်။


ဆရာတော်ကြီးများနဲ့ ပြည်သူ့အများစုရဲ့ဆန္ဒကတော့ သံဃာတော်တွေ အခုလို လမ်းပေါ်ထွက် အော်ဟစ်နေတာ၊ လမ်းဘေးကသပိတ်စခန်းဆိုတဲ့ ခနော်နီခနော်နဲ့ ယာယီ တဲလေးတွေမှာ သီတင်းသုံး နေကြတာကို လုံးဝမနှစ်မြို့လှပါဘူး။နိုင်ငံရေးသမားတွေရဲ့မြှောက်ပင့်ပေးမှုကြောင့် အုတ်တိုက်ကျောင်းအဆောက်အဦပေါ်ကနေ လမ်းဘေးတဲစုတ် ထဲကို ရောက်နေရတာဟာ သာသနာတော်အတွက် မကောင်းလှတဲ့မြင်ကွင်းပါ။ အဲဒီအထဲမှာလည်း ချက်ချင်းလက်ငင်း အရေးပေါ်ထပြီး သင်္ကန်းဝတ်လိုက်သူတွေပါသလို ဝိနည်းတော် ဆိုတာဘာမှန်းမသိ၊ ဥပဇ္ဈာယ်ဆရာတော်မရှိဘဲ ကိုယ့်သဘောကိုယ်ဆောင် သင်္ကန်းစည်းလိုက်တဲ့သူတွေ လဲပါနေပါတယ်။

ဗုဒ္ဓမြတ်စွာသာသနာ ရောင်ဝါနေသို့လင်းဖို့၊ သာသနာတော်သန့်ရှင်းစွာ တည်တံ့ဖို့ဆိုရာမှာ မသန့်ရှင်းတဲ့ သံဃာတော်များ၊ သာသနာတော်ကို အရောင်ဆိုးမယ့် အတုအယောင်များကိုဖယ်ရှားဖို့ အထူးလိုအပ်ပါတယ်။ လက်ရှိ အခြေအနေမှာ ဒီကိစ္စဟာ အရေးတကြီးဆောင်ရွက်ရမယ့်အရာဖြစ်ပါတယ်။ ဒါကြောင့် ပြည်တွင်းပြည်ပမှာရှိတဲ့ သိက္ခာတော်ရဆရာတော်ကြီးတွေ၊ ဓမ္မကထိကဆရာတော်ကြီးတွေ၊ ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးတွေ၊သာသနာရေးဆိုင်ရာနှံ့စပ်သူတွေ၊ နိုင်ငံတကာအတွေ့အကြုံရှိသူတွေ၊ အငြိမ်းစားကျောင်းဆရာ၊ ဆရာမကြီးတွေ၊ ဥပဒေရေးရာ ကျွမ်းကျင်သူတွေ၊ နှစ်ပေါင်းများစွာသာသနာ့တာဝန်ထမ်းရွက်ခဲ့သူတွေ၊ နိုင်ငံရေးသမားတွေနဲ့ ဗုဒ္ဓဘာသာကိုလေးစားပြီး စိတ်ဝင်တစားလေ့ လာနေသူ နိုင်ငံခြားသားတွေပါဝင်တဲ့ “ရဟန်းသံဃာ စောင့်ကြည့်လေ့လာရေးနှင့် ဝိနည်းတော်များ ကိုက်ညီမှုရှိ/မရှိ စိစစ်ဆောင်ရွက်ရေးအဖွဲ့”ကို ရန်ကုန်မြို့မှာ မနေ့က ဖွဲ့စည်းလိုက်ကြောင်းသိရပါတယ်။
ဒီအဖွဲ့ကြီးရဲ့ ရည်ရွယ်ချက်က သာသနာတော်သန့်ရှင်းစွာ အရှည်တည်မြဲရေး ထိန်းသိမ်းကြပ်မတ်ရန်ဖြစ်ပြီး လုပ်ငန်းတာဝန်တွေကိုတော့ အောက်ပါအတိုင်း ချမှတ်ခဲ့ကြောင်း သိရှိရပါ တယ်-


(က) ဝိနည်းသိက္ခာပုဒ်တော်များကို သံဃာတော်များအားလုံး နားလည်သိရှိမှု ရှိ/မရှိနှင့် အာဂုံဆောင် မှတ်သားနိုင်စေရေးဆောင်ရွက်သွားရန်။
( ခ) ကိုရင်ဝတ်ခြင်း၊ သင်္ကန်းစည်းခြင်း၊ ရဟန်းတက်ခြင်း စသည်တို့တွင် ပြည့်စုံရမည့် အရည်အချင်းများ သတ်မှတ်ပြီး ယင်းအရည်အချင်းကိုက်ညီမှု ရှိ/မရှိ စိစစ်ပြီးမှ သာခွင့်ပြု ရန်။
( ဂ ) သီလရှင်၊ ရှင်သာမဏေ၊ ရဟန်းစသည်တို့အား သာသနာဝင်ကဒ်များ စနစ်တကျ ထုတ်ပေးထားရန်။
(ဃ) သီလရှင်၊ ရှင်သာမဏေနှင့် ရဟန်းသံဃာများအားလုံး ဝိနည်းသိက္ခာပုဒ်တော်များနှင့် ညီညွတ်မှုရှိ/မရှိ အမြဲမပြတ်စောင့်ကြည့်စစ်ဆေးသွားရန်။
( င) သံဃာများစုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်းအပါအဝင် နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်မှုအပေါ် ဝိနည်းတော်များနှင့် ညီညွတ်မှု ရှိ/မရှိ လေ့လာ၍ ကြပ်မတ်တားမြစ်သွားရန်။
( စ ) သံဃာများသို့ ဒါယကာ၊ ဒါယိကာမများ လှူဒါန်းထားသည့် ဝတ္ထုငွေနှင့် ပစ္စည်းများအား သာသနာတော် အတွက် အမှန်တစ်ကယ် အသုံးပြုခြင်းရှိ/မရှိ စိစစ်သွားရန်။
(ဆ) တရားဟောကြားခွင့်အတွက် ပြည့်စုံရမည့် စည်းကမ်းသတ်မှတ်ချက်များ ပြဋ္ဌာန်း၍ ယင်းအချက်များ ကိုက်ညီမှသာ ဟောကြားခွင့် ခွင့်ပြုချက်လက်မှတ်ထုတ်ပေးရန်။
( ဇ ) ဟောကြားသည့်တရားတော်ပါ အကြောင်းအရာများသည် ဝိနည်း၊ သိက္ခာများဖြင့် ညီညွတ်မှုရှိ/မရှိ သာသနာတော်အတွက် ထိခိုက်စေမှုရှိ/မရှိ စိစစ်ပြီးမှသာ ဟောကြား ခွင့်ပြု ရန်။
(ဈ) ဝိနည်းတော်များ၊ သတ်မှတ်ချက်များဖောက်ဖျက်ပါက လူဝတ်လဲစေခြင်းအပြင် လိုအပ်ပါက တရားဥပဒေအရပါ အရေးယူသွားရန်။
(ည) သာသနာတော်သန့်ရှင်းတည်တံ့ရေး ရံပုံငွေတစ်ရပ်ထူထောင်သွားရန်။

From:[_ အမေ့အိမ်_]
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

အနာဂတ်သာသနာအတွက်သာသနာတော်သန့် ရှင်းရေးလုပ်သင့်
ပါတယ်။ဘုရားသာသနာဖျက်မှာဘုရားသားတော်တွေထဲကသံယာင်္
အတုတွေပဲ။ဝိနည်းတော်အတိုင်းမနေနိုင်ရင်ဘုန်းကြီးဝတ်ပြီးအ
ချောင်မစားစေချင်ဘူး။
ထေရ၀ါဒသာသနာပြန့်ပွားလိုသူ

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ