Dec 24, 2012

ဒေါ်စုမှ ၂၀၁၅ တွင် သမ္မတ လုပ်လိုကြောင်း ပြောသည်နှင့် ရွှေတိဂုံစေတီပေါ်တွင် ဠင်းတ များ လာရောက်နားပြသည့်နမိတ်ဖြစ်ပွါး

ဒေါ်အောင်ဆန်းစုကြည်သည် တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့တွင် မိမိ အနေနှင့် ၂၀၁၅ တွင် သမ္မတ လုပ်လိုကြောင်း ပြောကြားခဲ့ပါသည် ။ထို့အတွက်လည်း ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ရေးသားခဲ့သော တိုင်းတပါးနိုင်ငံသားနှင့် ပတ်သတ်ဖူးသူ သြဇာခံယူထားသူ အထောက်အပံ့ရှိသူ သမ္မတဖြစ်ခွင့်မရှိဟုသော ဥပဒေကို မိမိရအောင်ဖျက်ဖို့ ယခုကတည်းပင် လုပ်ဆောင်နေခဲ့ပါသည် ။အဘယ့်ကြောင့်ဆိုသော် ထိုဥပဒေ ရှိနေမည်ဆိုပါက သူမသည် သမ္မတ ဖြစ်ခွင့် မျှော်တော်ယောင် အိမ်မက်ကြီး ဖြစ်လာမည် မဟုတ်သောကြောင့် ဖြစ်ပါသည်။ယခင်ကလည်း မြန်မာနိုင်ငံ၏အာဏာကိုလိုချင်ကြောင်းပြောကြားထားသေးသည်လည်း ရှိခဲ့ဖူးသည် ။

 သို့သော်..သို့သော်အားဖြင့် ဒေါ်အောင်ဆန်းစုကြည်မှ အဆိုပါကဲ့သို့ပြောဆိုလိုက်သည်တွင် ရန်ကုန်မြို့ရှိ မြန်မာ့သင်္ကတ တန်ခိုးအကြီးဆုံး ရွှေတိဂုံကုန်းတော်ပေါ်တွင် ဠင်းတများ လာရောက်နားခိုခြင်းဖြစ်ပွါးခဲ့သည် ။ ဘုရားဖူးပြည်သူများမှ "ဒေါင်း"မှတ်၍ အံသြတကြီး ဝိုင်းဝန်းကြည့်ရှူနေကြစဉ် ကင်မရာများဖြင့် အနီးကပ် ဆွဲယူကြည့်ရှူမိမှ ဠင်းတ များဖြစ်နေကြောင်း တွေ့ရှိရသဖြင့် စိတ်ပျက်သွားကြကြောင်း သိရှိရပါသည် ။အများအထင် "ဒေါင်း"ဟု ထင်မှတ်ကာ ရန်ကုန်မြို့တွင်းမှ ပြည်သူအများ အားရဝမ်းသာ ကြည့်ရှူကြသော်လည်း အနီးကပ်ကြည့်မှ ဠင်းတ များဖြစ်နေသည်ကို တွေ့လိုက်ရသည် ။


ထိုနမိတ် အရ ဘုရားပေါ်နားတာ ဒေါင်းမှတ်လို့ အားပေးမှ ဠင်းတ ဖြစ်နေသည်ဆိုသည်မှာ မကောင်းကြောင်း သိုးရေခြုံထားသော ဝံပုလွေများ ရှိနေကြောင်း ။ လောလောဆယ် နိုင်ငံအခြေအနေ အရဆိုလျှင် ဒေါင်းသင်္ကတနှင့် ထင်ရှားသည်မှာ ဒေါ်စု၏ တစစ ပြိုကွဲပြီး ပါတီအတွင်း ခွဲထွက်လိုက် ရန်ဖြစ်လိုက်ဖြစ်နေသော NLD ပါတီနှင့် ဒေါင်းတံဆိပ်တပ်ဆင်ခဲ့သူ 88 ကျောင်းသားဟောင်းများနှင့် မိုးသီးဇွန်၏ ABSDF တို့ဖြစ်ကြောင်း အဝေးက ကြည့်ပြီး ဒေါင်းများဟု မသတ်မှတ်သင့်ကြောင်း ထဲထဲဝင်ဝင်လေ့လာပါမှ ဠင်းတများ ဖြစ်နေမည်ဖြစ်ကြောင်း ဟု သက်ကြီးရွှယ်အို များမှ ပြောကြားခဲ့ပါသည် ။

ယခင်ကလည်း လက်ပံတောင်းတောင်ကိစ္စနှင့် ပတ်သတ်ပြီး သမ္မတဦးသိန်းစိန်နှင့် ဝန်ကြီး ဦးအောင်မင်း အားနှုတ်ထွက်ခိုင်းရန် နိုင်ငံရေးအုပ်စုများက တွန်းအားပေးခဲ့ကြစဉ်ကလည်း ရွှေစက်တော်ဘုရားတည်ရှိရာ အရပ်ဝန်းကျင်ရွှာငယ်များဆီမှနေပြီး  
သိန်းငှက်မင်းကြီး ခေါင်းပြောင်ပြောင်
  အပင်အောက်က ခွေးတွေဟောင်
  ရထားကြီးစီးလို့ အသိုက်ကထွက်
  ငါတို့ ပြည်ထောင်ပျက်
ဆိုသော ဦးသိန်းစိန်နှင့် ဦးအောင်မင်း မရှိလျှင် ပြည်ပျက်မည်ဖြစ်ကြောင်း ဆိုလိုသော တဘောင်များ ထွက်ပေါ်ခဲ့ပြီးဖြစ်ပါသည် ။(ဤနေရာတွင်ပြန်လည်ဖတ်ရှူပါ။http://www.mgkyautkhae.com/2012/11/blog-post_7169.html)။ထို့ကြောင့် ယခုအခါတွင်လည်း ပြည်သူများအနေဖြင့် ဘုရားပေါ်နားတာ ဒေါင်း မှတ်ကာ အနားကပ်ကြည့်မှ ဠင်းတဖြစ်နေသည် ဆိုသည်မှာ ဒေါင်းသင်္ကတများစွာဖြင့်ထင်ပေါ်နေသော ပါတီများ အဖွဲ့အစည်းများအတွက်ဖြစ်နိုင်သည်ဟု ရန်ကုန်မြို့အတွင်း တီးတိုးဝေဖန်သံများထွက်ပေါ်နေခဲ့ပြီ။

ဒေါင်းတွေနဲ့ ကျောင်းသားတွေ ဘုန်းဘုန်းတွေ
ပြည်ထောင်စုနေ့ဟုဆိုကာ ကျောင်းသား/သူ 50 ကျော်ကို ခေါင်းဖြတ်သတ်တဲ့ ABSDF ကျောင်းသားသူပုန်အဖွဲ့
NLD အကျိုးလိုလားသူ မွတ်ဆလင် ကုလားမတစ်ဦး

ဒေါ်စုနှင့်ပါတီဆိုင်းဘုတ်အား ဖြူတ်ချ မီးရှို့ခြင်း အခမ်းအနား
၈၈၈၈ ဒေါင်းများ ပုံပါနေ့စွဲတွင် အားရပါးရ ထ၍ က ခဲ့ကြသည်

လက်ပံတောင်းတောင် သပိတ်စစဉ်က ၈၈ ကျောင်းသားများလာရောက်မြှောက်ပင့်ပေးခဲ့စဉ်.သို့သော်ယခုတိုင် လက်ပံတောင်းတောင် သပိတ်စခန်းဖြိုခွဲခံရပြီးကတည်းက ခြေဦးပင်မလှည့်လာတော့ပေ

(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

13 ယောက် ဆွေးနွေးခဲ့တယ်:

Maymyochit said...

ဒီလိုအချိန်မှာတောင် ကုလားတွေထောင်လွှားနေကြတာ
အမေစုသာသမ္မတဖြစ်လို့ ကတော့ ကုလားတွေကိုထိုင်ကတော့နေကြရမယ်နော်
လက်ရှိရာထူးနဲ့ တောင်အရေးအကြောင်းဆိုဘာတခုမှမပြတ်သားဘူး။

MEG said...

Myanmar Express
From : ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားများ

ကျောင်းသား သတ်သမား မိုးသီးဇွန် နှင့် နိုင်အောင် တို့အား အရေးယူပေးပါရန် ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားများ တောင်းဆို
(ပေးစာ - ၁၆၇)

လူသတ်သမား နိုင်အောင် နှင့် လူသတ်သမား မိုးသီးဇွန် ဆိုတဲ့ သိုးရေခြုံထားသော ဝံပုလွေများကို အသိအမှတ်ပြုပြီး မဆက်ဆံဘို့ တိုက်တွန်းချင်ပါတယ်

အဝေးကကြည့်လျှင် ဒေါင်းဟုထင်ရသော်လည်း ထဲထဲဝင်ဝင်လေ့လာကြည့်လျှင် ဠင်းတ ဖြစ်နေသည့် လူသတ်သမား နိုင်အောင် နှင့် လူသတ်သမား မိုးသီးဇွန်

၁၉၈၈ ဒီမိုကရေစီ အရေးအခင်းကြီး အပြီး ကျောင်းသားတွေ နယ်စပ်ဒေသများကို ထွက်ခဲ့စဉ်က အများစုဟာ အသက် ၁၉-၂၀ ပတ်ဝန်းကျင်တွေ များပါတယ်။ တချို့ ၁၄-၁၅ နှစ် အရွယ် ငယ်ရွယ်သူတွေ ပါသလို၊ မိုးသီးနှင့် နိုင်အောင်တို့လို ၂၆-၂၇ နှစ် အရွယ်ရောက်ပြီးသူများလဲ ပါခဲ့ကြပါတယ်။

စစ်တပ်ကို လက်နှက်ကိုင်ပြီး ပြန်တိုက်မယ် ဆိုပြီး ထွက်ခဲ့ကြတာပါ။ အဓိကကတော့ ယုံကြည်ချက် နဲ့ အပေါင်းအသင်းတွေကြောင့်ဆို မမှားပါဘူး။ စာသင်ခန်းတွေ၊ မိသားစုတွေ၊ မိဘရင်ခွင်တွေကို စွန့်ပြီး ထွက်ခွာခဲ့ကြတဲ့ သူတွေပါ။

စဉ်းစားကြည့်ပါ၊ တရားဥပဒေ စိုးမိုးမူ မရှိတဲ့ နယ်စပ် လက်နက်ကိုင်ဒေသမှာ မိဘရင်ခွင်ထဲမှ ရုတ်တရက် ခွဲထွက်လာခဲ့တဲ့ ငယ်ရွယ်သူများအတွက် အဓိက မှီခိုအားထားစရာ အဖြစ် သူတို့မိသားစု နေရာမှာ ဘယ်သူကို အစားထိုးမလဲ။ သူတို့ရဲ့ တော်လှန်ရေး အဖွဲ့အစည်း၊ သူတို့ရဲ့ ခေါင်းဆောင်ဆိုသူများနဲ့ သူတို့ရဲ့ အပေါင်းအသင်း အချင်းချင်း တွေဟာ သူတို့ရဲ့ မိသားစုပဲပေါ့။

နယ်စပ်မှာ ကျောင်းသားအချို့ ရန်သူ့လူဟု စွပ်စွဲ ခံရပြီး လူမျိုးစု အဖွဲ့အစည်းများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ အကျည်းတန်ဆုံးနဲ့ ရင်နာစရာ အကောင်းဆုံးက "ကျောင်းသား" ဆိုတဲ့ အမည်ခံထားတဲ့ ခေါင်းဆောင် ဆိုသူအချို့က အုပ်စုဖွဲ့ပြီး ကျောင်းသားတွေကို ရန်သူ့လူအဖြစ် စွတ်စွဲပြီး ညှင်းပန်းနိုပ်စက် သတ်ဖြတ်ခဲ့ခြင်းပါဘဲ။

မိမိကိုယ်ကျိုးအတွက် တခုမှမပါဘဲ တိုင်းပြည်အတွက် ဆိုပြီး မိဘတွေကို စွန့်ပြီး ထွက်လာကြတဲ့ ကျောင်းသားလူငယ်တွေဟာ လပေါင်းများစွာ လူမဆန်စွာ ညှင်းပန်းနိုပ်စက်ခံပြီးမှ သတ်ဖြတ်ခံခဲ့ကြရတာပါ။ တစ်ရက် မဟုတ်ဘူး၊ တစ်ပတ် မဟုတ်ဘူး၊ တစ်လ မဟုတ်ဘူး၊ လပေါင်းများစွာ ရက်ရက်စက်စက် ညှင်းဆဲပြီးမှ တရိစ္ဆန်တွေလို သတ်ခဲ့ကြတာပါ။

· မိုးသီးဇွန်က ကိုဌေးနိုင် (၁၉၈၈ တွင် သင်္ချာံ နောက်ဆုံးနှစ်ကျောင်းသား၊ လက်ရွေးစဉ် ဘောလီဘောသမား၊ ရန်ကုန် တက္ကသိုလ်) ကို စစ်တပ်သူသျှို အဖြစ် စွပ်စွဲပြီး ဖမ်းဆီးခဲ့ပါတယ်။

· နည်းပေါင်းစုံနဲ့ တရိစ္ဆန်တကောင် လို ရက်ရက်စက်စက် စစ်ဆေးခဲ့တယ်။

· ထိုင်လို့ ထလို့ မရတဲ့ မြေကြီးကျွင်းထဲ မှာ လပေါင်းများစွာ ထားခဲ့တဲ့အတွက် ကိုဌေးနိုင် တကိုယ်လုံး ခေါင်းမှအစ ခြေထောက်ထိ ပွေးများစွဲပြီး တကိုယ်လုံး နူခဲ့ရပါတယ်။

· ကိုဌေးနိုင်ကို ထဲ့ထားတဲ့ အချုပ်ကျွင်း ကိုစောင့်ရတဲ့ ABSDF ကျောင်းသားလေး က "ကိုဌေးနိုင်က မျက်ရည်တွေ ကျပြီး သူကို သတ်ပြစ်ပေးဘို့ သူ့ကို တောင်းပန်ခဲ့တယ်" လို့ ပြန်ပြောပြခဲ့ဘူးပါတယ်။

· မိုးသီးဇွန်က ဌေးနိုင်ကို လွယ်လွယ်ဖြင့် သေခွင့် မပေးခဲ့ပါဘူး။ အချိန်ကြာမြင့်စွာ အားရအောင် ညှင်းဆဲပြီး နောက်ဆုံး စခန်းပြောင်းရသည့် အချိန်ကြမှ သတ်ပစ်ခဲ့ပါတယ်။

ဌေးနိုင်ကို သိကြတဲ့ သူများအားလုံး ဌေးနိုင်ဟာ တော်တော် သတ္တိကောင်းပြီး စိတ်ခိုင်မာတဲ့သူ ဖြစ်တယ် ဆိုတာကို သိကြပါတယ်။ ကိုဌေးနိုင်ရဲ့ ညီအကို မောင်နှမ အားလုံးဟာ ၁၉၈၈ အရေးအခင်းကြီးမှာ တက်ကြွစွာ ပါဝင်ခဲ့ကြသူတွေပါ။

· နိုင်အောင် (ယခု မြန်မာပြည်ရောက်နေသူ) နှင့် အောင်နိုင် (ထိုင်းနိုင်ငံ) တို့ ခေါင်းဆောင်ပြီး ကျောင်းသား ကျောင်းသူ ၁၀၀ ခန့် ကို အစိုးရသူသျှိုများ အဖြစ် စွတ်စွဲပြီး ဖမ်းဆီးခဲ့ပါတယ်။

· လပေါင်းများစွာ တော်ရုံလူ မကြားဝံ့ရဲလောက်အောင် ရုပ်မာရက်စက်သော နည်းလမ်း များဖြင့် ညှင်းပန်းနိုပ်စက်ပြီး ၃၈ ယောက်ကို သတ်ဖြတ်ခဲ့ပါတယ်။

· အများစုဟာ ခေါင်းဖြတ်သတ်ခြင်း ခံရပါတယ်။

· အသက် ၁၉ နှစ်အရွယ်တွင် တောခိုခဲ့သော ကျောင်းသူ မခင်ချိုဦးအား မသတ်ခင် ညှင်းပန်းသော ကာလများ အတွင်း သတ်ဖြတ်ခံရသော ကျောင်းသားတဦး၏ ရုပ်လောင်းအား လူအများရှေ့တွင် ကာမ စပ်ရှက်ခိုင်းခြင်း၊

· မခင်ချိုဦး၏ မိန်းမ အင်္ဂါံအတွင်း ဒုတ်ဖြင့်ထိုးကာ ရှာဖွေခြင်း၊ ပါးစပ်အတွင်း ဒါးမြောင်ဖြင့် ထိုးမွှေကာ စစ်ဆေးခဲ့ပါသည်။

· ဖမ်းဆီးခံ ကျောင်းသားများ၏ ခြေ လက်များတွင် မိုင်းဗုံးများ ချီနှောင်၍ ပြေးခိုင်းခြင်း။

· လက်ချောင်းများဖြတ်၍ လည်ပင်းတွင် ပြန်ဆွဲခိုင်းထားခြင်း၊ လက်ကို ခုတ်ဖြတ်၍ ပါးစပ်တွင် ပြန်ကိုက်ခိုင်းခြင်း။

· ခေါင်းဖြတ်၍သတ်ခံရသည့် သူ၏ လည်ပင်းပြတ်မှ ထွက်သော သွေးကို တခြားဖမ်းဆီးခံ ကျောင်းသားတစ်ယောက်အား သောက်ခိုင်းခြင်း။ တို့အပြင် အခြားနည်းလမ်းပေါင်းစုံဖြင့် မသတ်ခင် လပေါင်းများစွာ ညှင်းဆဲနှိပ်စက်ခဲ့ပါတယ်။

MEG said...

မိဘအရွယ် ရောက်လာကြပြီ ဖြစ်တဲ့၊ ကိုယ်ကိုယ်တိုင် မိဘဖြစ်လာပြီ ဖြစ်တဲ့ ကျနော်တို့တတွေ မိဘမေတ္တာ နှင့် သံယောဇဉ်ကို ပိုနားလည်လာကြပါပြီ။ ခုလိုအချိန်မှာ အပြောင်းအလဲတွေဖြစ်ပြီး ကျောင်းသားတွေ မြန်မာပြည် ပြန်လာကြပြီ ဆိုတော့ သက်ရှိထင်ရှား ရှိသေးတဲ့ မိဘတိုင်း သူတို့ရဲ့ သားသမီးတွေကို မျော်ကြမှာပါ။ ညီတွေ ညီမတွေက အကိုတွေ အမတွေကို မျော်ကြမှာပါ။

နိုင်အောင် နှင့် မိုးသီးဇွန် တို့ သတ်ဖြတ်ခဲ့တဲ့ ကျောင်းသားလေးတွေရဲ့ မိဘတွေ ညီအကိုမောင်နှမတွေ နေရာမှာ ကိုယ်ချင်းစာကြည့်ကြပါ။ သူတို့လဲ အခြားမိသားစုတွေလို မျော်ချင်ကြမှာပါ။ အခြားမိသားစုတွေ ပြန်လည် ဆုံစည်းလို့ ပျော်ရွှင်နေချိန်မှာ သူတို့ သားသမီးတွေ ဘယ်တော့မှ ပြန်မလာတော့ဘူး ဆိုတဲ့ အသိက သူတို့ကို ဘယ်လောက် ကြေကွဲစေမယ်ဆိုတာ စဉ်းစားစရာ မလိုပါဘူး။

အဆိုးဆုံးက သူတို့ သားသမီးတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ မိုးသီးဇွန် နှင့် နိုင်အောင်တို့ က သူရဲကောင်းတွေလို မြန်မာပြည် ပြန်ရောက်လာကာ ဒီမိုကရေစီ နှင့် လူအခွင့်ရေး အကြောင်းတွေ ပြောနေကြပြီး အစိုးရကိုယ်တိုင် အပြင် မီဒီယာတွေ နဲ့ ဒီမိုကရေစီသမား ဆိုသူတွေက ချီးမြောက် ဆက်ဆံနေတာကို တွေတဲ့အခါမှာ သူတို့ ဘယ်လောက် အားငယ်မလဲ။

ဒီမိုကရေစီ အတွက် ဆိုပြီး သူတို့ရင်ခွင်က ထွက်သွားခဲ့တဲ့ သတ်ဖြတ်ခံခဲ့ရတဲ့ သူတို့သားသမီးတွေ အတွက် ဘယ်လောက် ယူကြုံးမရ ဖြစ်ကြမလဲ၊ ဘယ်လောက် ခံစားကြရမလဲ။

အဲဒီတော့ ပြည်တွင်းမှာ ရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များအားလုံး အနေဖြင့် သတ်ခံခဲ့ရတဲ့ ကျောင်းသား ကျောင်းသူ အားလုံး၊ သူတို့မိဘများ၊ မိသားစုများ နှင့် ကျနော်တို့အားလုံး အဖြူစင်ဆုံး ပါဝင်ခဲ့ကြတဲ့ ၈၈၈၈ အရေးတော်ပုံကြီး မျက်နှာထောက်ပြီး ဒီ နိုင်အောင် နှင့် မိုးသီးဇွန် ဆိုတဲ့ လူသတ်သမားများကို အသိအမှတ်ပြုပြီး မဆက်ဆံဘို့ တိုက်တွန်းချင်ပါတယ်။

အဲဒီနေရာမှာ______________
ဒါတွေဟာ တောထဲမှာ ဖြစ်ခဲ့တာ၊ ပြီးခဲ့တာ ပြီးခဲ့ပြီ၊
ငါတို့နဲ့ဘာမှမဆိုင်ဘူး၊ ငါတို့ဟာ နာမည်ကြီးတွေဘဲ၊ ဆင်သွားရင် လမ်းဖြစ်တယ်၊
မိုးသီးဇွန်ဟာ ငါတို့ ဗကသ ကလူ၊
နိုင်အောင်ဟာ ခင်ဥမ္မာ ယောင်္ကျား၊ ငါတို့ မကသ ကလူ၊
ငါတို့ကို အများကြီးထောက်ပံ့ ခဲ့တဲ့သူ၊ ____________
ဆိုတဲ့ အတွေးမျိုးတွေနဲ့ အသိအမှတ်ပြု ဆက်ဆံခဲ့မယ် ဆိုလျှင်
သတ်ခံခဲ့ရတဲ့ ကျောင်းသားကျောင်းသူများနှင့် သူတို့ရဲ့ မိသားစုများသာမက ခင်များတို့အားလုံးကို လူအခွင့်အရေး နှင့် တရားမျှတမူ တိုက်ပွဲရဲ့ ခေါင်းဆောင်များအဖြစ် အသိအမှတ်ပြုထားတဲ့သူ အားလုံးနှင့်တကွ ဒီမိုကရေစီရေးတခုလုံးကို စော်ကားလိုက်တာပဲ ဖြစ်မယ်။

တချိန်တည်းမှာ သမ္မတကြီး ဦးသိန်းစိန် နှင့် ဝန်ကြီး ဦးအောင်မင်း တို့အနေဖြင့်လည်း ခုလို အပြောင်းအလဲကာလမှာ အတိုက်အခံအုပ်စုများ အားလုံးနှင့် ညှိ့နှိုင်းဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ အမျိုးသားညီညွတ်ရေးအတွက် ကြိုးပမ်းခြင်းများ အပေါ် အားလုံးက ထောက်ခံအားပေးကြတယ် ဆိုတာကို သိစေချင်ပါတယ်။ ဒါပေမဲ့ ဒီသတ်ဖြတ်မူတွေဟာ ငါတို့ တပ်မတော်ကို တိုက်ခိုက်တော်လှန်နေခဲ့တဲ့ အချိန်မှာ သူတို့အချင်းချင်း ဖြစ်ခဲ့တာ၊ ငါတို့ အုပ်ချုပ်မူ မရှိတဲ့ ဒေသမှာဖြစ်ခဲ့တာ ငါတို့နှင့်မဆိုင်ဘူး ဆိုပြီး မိုးသီးဇွန် နှင့် နိုင်အောင် တို့ကို အသိအမှတ်ပြု ဆက်ဆံမည် ဆိုလျှင် ခင်ဗျားတို့ ကြိုးစားခဲ့တဲ့၊ စေတနာထားခဲ့တဲ့ အမျိုးသားညီညွတ်ရေး လုပ်ငန်းစဉ်များကို ထိခိုက်ရုံသာမက ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး ချစ်မြတ်နိုးသူ အားလုံးကို စော်ကား မထီမဲ့မြင် ပြုလိုက်ခြင်း ဖြစ်ပါလိမ့်မယ်။ သမ္မတကြီးတို့အနေဖြင့် မြန်မာသမိုင်းမှာ ဒီလို အရုပ်ဆိုး အကျည်းတန်လှတဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့ သတ်ဖြတ်မူကြီးမှာ ဘယ်လို ရပ်တည်ခဲ့တယ်၊ ဘယ်လို တာဝန်ယူ ဖြေရှင်းပေးခဲ့တယ်၊ ကျန်ရစ်သူမိသားစုတွေကို ဘယ်လိုနှစ်သိမ့်မူမျိုး ပေးနိုင်ခဲ့တယ် ဆိုတာ သမိုင်းမှာ မှတ်တမ်းတင် ကျန်ရစ်ခဲ့မှာပါ။ အဓိကကတော့ သမ္မတကြီးတို့အနေနဲ့ မိဘချင်း ကိုယ်ချင်းစာနိုင်မယ်လို့ ယုံကြည်ပါတယ်။

ပြည်တွင်းမှာရှိတဲ့ ကျောင်းသားအားလုံး နှင့်တကွ လူ့အခွင့်အရေး မြတ်နိုးသူ အားလုံးအနေဖြင့် ကျောင်းသား သတ်သမား မိုးသီးဇွန် နှင့် နိုင်အောင် နှစ်ယောက်စလုံးအား သူတို့ ကျုးလွန်ခဲ့သော လူမဆန်သည့် ရာဇဝတ်မူများအတွက် ပြန်လည်ပေးဆပ်ရမယ် ဆိုတာကို သူတို့ သဘောပေါက်ရန် ဝိုင်းဝန်း ဆောင်ရွက်ကြဘို့ တိုက်တွန်းလိုက်ပါတယ်။ နောက်ဆုံးအနေနဲ့ ကျနော်တို့အားလုံး ကိုယ်ချင်းစာ နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။

နိုင်အောင် နှင့် မိုးသီးဇွန် ဟာ အဝေးကကြည့်လျှင် ဒေါင်းဟုထင်ရသော်လည်း ထဲထဲဝင်ဝင် လေ့လာကြည့်လျှင် ဠင်းတ ဖြစ်နေသည့် လူသတ်သမားများ ဖြစ်ပါတယ်။

လူသတ်သမား နိုင်အောင် နှင့် လူသတ်သမား မိုးသီးဇွန် ဆိုတဲ့ သိုးရေခြုံထားသော ဝံပုလွေများ၊ ဒေါင်းယောင်ဆောင်ထားသော ဠင်းတများကို အသိအမှတ်ပြုပြီး မဆက်ဆံဘို့ တိုက်တွန်းချင်ပါတယ်။

From : ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားများ

MEG said...

လူသတ်သမား နိုင်အောင် နှင့် လူသတ်သမား မိုးသီးဇွန် ဆိုတဲ့ သိုးရေခြုံထားသော ဝံပုလွေများ၊ ဒေါင်းယောင်ဆောင်ထားသော ဠင်းတများကို အသိအမှတ်ပြုပြီး မဆက်ဆံဘို့ တိုက်တွန်းချင်ပါတယ်။

နိုင်အောင် နှင့် မိုးသီးဇွန် ဟာ အဝေးကကြည့်လျှင် ဒေါင်းဟုထင်ရသော်လည်း ထဲထဲဝင်ဝင် လေ့လာကြည့်လျှင် ဠင်းတ ဖြစ်နေသည့် လူသတ်သမားများ ဖြစ်ပါတယ်။

(မြန်မာ့သင်္ကတ တန်ခိုးအကြီးဆုံး ရွှေတိဂုံစေတီပေါ်မှာ လာနားသွားတဲ့ ငှက်ကြီးတွေကိုအဝေးကကြည့်ပြီး ဒေါင်းလို့ထင်နေရာက ကင်မရာများဖြင့်အနီးကပ် ဆွဲယူကြည့်ရှုမိမှ ဠင်းတများ ဖြစ်နေသဖြင့် ပြည်သူအများစိတ်ပျက်သွားကြရသည့်အဖြစ်အပျက်မှာ ဠင်းတများသည် ဒေါင်းယောင်ဆောင်ပြီး မြန်မာ့အထွတ်အမြတ်နေရာကိုတက်လာသည့် နိမိတ်ကိုပြခြင်းဖြစ်ပေသည်။ လူသတ်သမား နိုင်အောင် နှင့် လူသတ်သမား မိုးသီးဇွန်လို မြန်မာ့နိုင်ငံရေးစင်မြင့်ပေါ်ကိုတက်လာသည့် ဒေါင်းယောင်ဆောင်ထားသော ဠင်းတများကို သတိထားပြီးရှောင်ရှားကြရန် နိမိတ်ကိုပြခြင်းလည်းဖြစ်ပေသည်။)

Anonymous said...

လွတ်တော်ထဲမှာ ကုလားတွေရောက်နေပါလား ဘယ်ပါတီကလဲ --

Yan Linn said...

ဂွေးသီးဇွန်တို့နဲ့ ကေအိုင်အေက လူယုတ်မာတွေ မြန်မြန်သေပါစေ

Ithelper said...

မင်းတို့.မင်းတို့တွေ..မြန်မာလူမျိုးတွေဖြစ်လျက်နဲ့..မြန်မာအချင်းချင်းသွေးခွဲနေကြသလားကွာ..ပါတီခေါင်းဆောင်တွေ အချင်းချင်း ပူးပေါင်းပြီး နိုင်ငံတော်အတွက် အလုပ်လုပ်ရင် ငါတို့နိုင်ငံဘယ်လောက်တောင်တိုးတက်သွားမလဲ...မင်းတို့စာတွေက ရန်တိုက်တဲ့စာတွေဖြစ်နေတယ်...သူများမပြောနဲ့မင်းတို့ကိုယ်တိုင် ခေါင်းဆောင်လုပ်ကြည့်ကြပါဦး..ဘယ်လောက်တောင် အစွမ်းတွေပြနိုင်မှာမလို့လဲ..အေး..ဒီလိုဘဲ..ငါတို့ပြည်သူတွေလဲခေါင်းဆောင်ကောင်းကို တမ်းတတာဘဲ..အခု သိန်းစိန်လက်ထပ်မှာရော.ငါတို့ပြည်သူတွေ..ဘာတွေများချောင်လည်လာကြလို့လဲ..အဓိကသော့ချက်က အမျိုးသားရင်းကြားစေ့ရေးမစေ့ရေးနဲ့ဆိုင်တယ်.ထားပါ..ဖြစ်စေချင်တာက မြန်မာအချင်းချင်းစည်းလုံးမယ့် စာတွေများများရေးကြပါ..လူဆိုတာ လောဘနဲ့မကင်းဘူးလေကွာ..မင်းတို့လဲလိုချင်တယ်..ငါလဲရရင်လိုချင်တာပေါ့ကွ..ဒါပေမယ့်..မြန်မာအချင်းချင်းသွေးမခွဲကြပါနဲ့ကွာ.အချိန်တန်ရင်တော့ သူ့အလိုလို အဖြေကထွက်လာမှာပါ..အခုလဲ..သူ့ဟာသူ လဒလာနားချင်လို့နားတာ..လျောက်ပြောမနေကြပါနဲ့..ဖြစ်ပြီးရင်ပျက်မှာဘဲ..ကဲ...စဉ်းစားတွေးခေါ်ကြပါ..။

Anonymous said...

သြော် လူတွေ လူတွေ

Anonymous said...

ရွှေတိဂုံလို အထွတ်အမြတ် နေရာမှာမှ လဒ လာနားတာ

ကိုအယူသည်းပြီး ကြည့်ွှရင်တော့ မကောင်းဘူးလို့ဘဲပြော

ရမှာပေါ့။ တည်မိတဲ့ ဘုရား လဒ ပဲနားနားဆိုတဲ့စကားပုံ

အတိုင်းဆိုရင်တော့ ဖြစ်တတ်တဲ့သဘောလို့ ဆိုနိုင်ကောင်းမယ် ။ ၃၁ ဘုံသားစာရင်း ဝင် လဒ လည်းဘုရားဖူး ချင်တဲ့ သူတော်ကောင်းစိတ်ဖြစ်ကောင်းဖြစ်လာနိုင်တာပဲ ။ လဒ ထက် မိုက်တဲ့ကောင်တွေ ဇာတ်တူသားစားတဲ့ မိုးသီးဇွန်
လို ကောင်မျိုးတွေတောင် သူကောင်းပြုခံနေရတဲ့ခေတ်

ကြီးမ ဟုတ်လား။ အုပ်စုဖွဲ့ အော်နိုင်ရင် အနိုင်ရတဲ့ခေတ်
လူဆိုး လူမ်ုက်တွေ မကောင်းစားရင် ဘယ်သူကောင်းစား
မလဲ။ အကျိုးအကြောင်း မဆင်ခြင် က်ုယ်ထင်ရာပြည်သူ့
ဆန္ဒ ထထ လုပ်တတ်တဲ့ သူတွေကလည်း လွှတ်တော်ထဲ
ကနေ စွတ်အော် တာတွေ ရှိနေသေးတယ် ။ နိုင်ငံရေးခေတ် နဲ့ နိုင်ငံရေး သမားအမည်ခံ အချောင်သမား

တွေဘာလဲ ဘယ်လဲ ဆိုတာ ဆက်ပြီးစောင့်ကြည့်လိုက်

ကြပါဦး။ မကောင်းမှု ဆိုတာ မကောင်းကျိုးမပေးသေးသရွေ့ ကောင်းမှု လို့ လူမိုက်တွေ
ထင်တတ်တာမျိုးပဲ။ ထမိန်နားခို ထမိန်ခြုံ ချင်တဲ့နောက်

လိုက်ကောင်တွေ နဲ့ ကြီးမိုက်ကြီးတစ်သိုက်လည်း လဒတွေမဖြစ်ခင် ထမိန်အောက်ကရုန်းထွက်နိုင်အောင်လုပ်ထား။အနောက်
တိုင်း ပဉ္စလက် ဆရာတွေရဲ့ လျပ်တစ်ပြက် ပြကွက်တွေ

ကြားမှာ လူ ဖြစ်လိုက် လဒဖြစ်လိုက်နဲ့ အသုံးတော်ခံရမယ့်

ခင်ဗျားကြီးတို့တစ်တွေအတွက်တော့ သနားတယ်။

Unknown said...

K I A ကိုမှ မျိုးပြုတ်အောင် မဖြုတ်နိုင်ရင်
ငါတို့ လစာမစားနဲ့ ။
တရုတ် ထောက်ပို့လမ်းတွေ ပိတ်ထား
တရုတ် ငါတို့ နောက်ကျော ဓါးနဲ့ထိုးနေတာ
တရုတ်နဲ့ စီးပွါးရေး မလုပ်ဖို့ ကြိုးစားပါ
တပ် မ တော် ကို အားကိုး ချင်တယ်။

မောင်မှန် said...

ထောက်ခံတယ်ဗျို့။ဥပဒေရဲ့အထက်မှာမည်သူမျှမရှိရလို့ဆိုသဗျ။

Unknown said...

ဒေါ်အောင်စုက သမ္မတ ဖြစ်ခြင်းတာလား ဒေါ်စုအသက်ကြီးနေပါပြီ...ဒေါ်စုတော်ကောင်းတော်ပါလိမ့်မယ် ဒေါ်စုက တိုင်းတပါးသားနဲ့ရတာလေ ဒေါ်စု မြန်မာဝတ်စုံဝတ်ထားပေမယ့် ဒေါ်စုရဲ့ အယူဝါဒ နဲ့ မြန်မာလူမျိုးတွေရဲ့အယူဝါဒ မတူနိုင်ပါဘူး ...လူတွေဒေါ်စုကို သဘောကျကောင်းကျနိုင်ပါလိမ့်မယ်.. ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်နေလို့ပါ.. ဒေါ်စုဖွဲ့ထားတဲ့ NLD အဖွဲ့ကို သဘောမကျဘူး ..အဖွဲ့ ဖွဲ့မယ်ဆိုရင်တော့ စည်းမျဉ်းစည်းကမ်းတော့ရှိသင့် NLD နဲ့ပတ်သတ်ပြီး မကောင်းတဲ့သတင်းတွေ့ကတော့ ထွက်နေတယ် ဒေါ်စုနားနဲ့ နားထောင်နိုင်အောင်ကြိုးစားပါ...ကိုယ်စထားတဲ့ဇာတ်ကို ကိုယ့်ဘာသာအဆုံးသတ်နိုင်အောင်ကြိုးစားပါ ..တိုင်းတပါးသားနဲ့ရပြိး တိုင်းတပါးမှာလူဖြစ်ပြီးမှ မြန်မာနိုင်ငံကိုမအုပ်ချူပ်ပါနဲ့....မြန်မာနိုင်ငံ၇ဲ့ချမှတ်ပြီးသားဥပဒေ တိုင်းတပါးသားနဲ့ ပတ်သတ်ဖူးသူ သြဇာခံယူထားသူ အထောက်အပံ့ရှိသူ သမ္မတ ဖြစ်ခွင့်မရှိ၊ ဖအေက လက်နဲ့ရေးတာ သမီးကခြေနဲ့မဖျက်ပါနဲ့.....

Anonymous said...

အချိန်တန်တော့နွားပိန်ကန်မှာပေါ့

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ