Dec 24, 2012

ဗိုလ်မှူးချုပ်ဂျော်နီကို ကေအဲန်အယ်လ်အေ စစ်ဦးစီးချုပ်ခန့်အပ်

မပြီးဆုံးသေးသည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ကွန်ဂရက်(ညီလာခံ)တွင် တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်ဂျော်နီကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့(KNLA) စစ်ဦးစီးချုပ်အဖြစ် ယနေ့ ရွေးချယ်ခ န့်အပ်လိုက်ပြီဖြစ်သည်။

၎င်းစစ်ဦးစီးချုပ်အပြင် ဒုစစ်ဦးစီးချုပ်အဖြစ် တပ်မဟာ(၅)မှူး ဗိုလ်မှူးချုပ်ဘောကျော်ဟဲကိုပါ KNU ဗဟို ထိပ်ပိုင်းခေါင်းဆောင် ၅ဦး နှင့် တပ်မဟာမှူး ၇ဦးတို့က တိုင်ပင်ညှိနှိုင်းကာ ကွန်ဂရက် ခမ်းမဆောင်၌ ယနေ့မနက်ပိုင်းက ရွေးချယ် လိုက်ခြင်းဖြစ်သည်။

ယနေ့ ဆက်လက် ပြုလုပ်သည့် ကွန်ဂရက် အစည်းအဝေးတွင် ရွေးကောက် တင်မြှောက်ထားသည့် ထိပ်ပိုင်း ခေါင်းဆောင်ငါးဦး နှင့် ဗဟိုကော်မတီဝင်များက ကျန်ရှိနေသေးသည့် ဗဟိုအလုပ်အမှုဆောင်များကို ဆက်လက် ရွေးချယ်ရာ စစ်ဦးစီးချုပ်၊ ဒုစစ်ဦးစီးချုပ်၊ ပဒိုစောရောဂျာခင်၊
ပဒိုစောသမိန်ထွန်း၊ ပဒိုမန်းငြိမ်းမောင်နှင့် ပဒိုတာဒို့မူးတို့အား အတည်ပြု သတ်မှတ်လိုက်သည်။

From:[_ palaung National Society_]
 (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ဖဒို ဂျော်နီဟာ တစ်ချိန်ကတော့ အင်မတန် လက်စွမ်းပြနိုင်ခဲ့တဲ့သူပါ။
သူ့ရဲ့ တိုက်ရည်ခိုက်ရည်ကို လေးစားပါတယ်။
ကေအန်ယူနဲ့ ကရင်အမျိုးသားတို့အကျိုး၊ ပြည်ထောင်စုအကျိုးကို မှန်ကန်သောလမ်းကြောင်းဖြင့် ဆက်လက်ဦးဆောင်ပေးဖို့ ဆန္ဒပြုပါတယ်။

. . .

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ