Sep 22, 2012

NLD ပါတီတွင် ဒေါ်စုကြည်ရှိနေလျှင် ပါတီမတိုးတက်တော့ဟု ဦးတင်ဦးပြောကြား

 From : သာနောင်
 NLD ပါတီသည် ဒေါ်အောင်ဆန်းစုကြည်ရှိနေလျင် ပါတီတိုးတက်မူမရှိနိုင်တော့ဘူးဟု ပြောဆိုဝေဖန်မှုများ ရှိနေသည်။ “ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောပေါက်တဲ့အတွက် သူ့နေရာမှာ လာပြီး ဝင်ပြီး လုပ်ကိုင်နိုင်သူနဲ့ပတ်သက်ပြီး အခြေအနေ ဖန်တီးဖို့ သူ့ခေါင်းထဲမှာရှိတယ်၊ သူ စဉ်းစားထားတယ်၊ ကျနော်တို့လည်း စဉ်းစားထားတယ်၊ တဦးကောင်း လုပ်တဲ့ နိုင်ငံရေးဟာ မမြဲပါဘူး” ဟု ဦးတင်ဦး က ပြောသည်။

 ထို့ပြင် ပြည်တွင်း၊ ပြည်ပ ၈၈ မျိုးဆက်များနှင့် အခြားအတိုက်အခံ အင်အားစုများ အနေဖြင့် ဒီမိုကရေစီအရေး ကြိုးပမ်းမှုကြောင့် ကြုံတွေ့ခဲ့ရသည့် အခက်ခဲအမျိုးမျိုးကိုလည်း စာနာကြောင်းနှင့် ထိုအဖွဲ့များအနေဖြင့် ယခုချိန်ထိ NLD ပါတီသို့ ဝင်ရောက်ရန် ပြောဆိုခြင်းများမရှိသေးကြောင်း ဦးတင်ဦးက ရှင်းပြသည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲသည် NLD က မဲအပြတ်အသတ် အနိုင်ရရှိလိမ့်မည်ဟု အများကမျှော်လင့်ထားသော်လည်း မလွယ်ကူကြောင်း၊ ပါတီကြီးတစ်ခုဖြစ်သော ကြံ့ခိုင်ရေး ပါတီ အပါအဝင် အခြားသောပါတီများကလည်း အားနည်းချက်များကို ပြုပြင်ကာ အရှိန်ရနေကြမည်ဆိုသည်ကို သတိရှိရန်လိုအပ်ကြောင်းလည်း ပြောဆိုသည်။
 

လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ တွင် မိခင်ဒေါ်ခင်ကြည်နေမကောင်းသဖြင့်မြန်မာနိုင်ငံ ပြန်လာရာမှ မြန်မာနိုင်ငံတွင် ဒီမိုကရေစီအရေးအတွက် ဝင်ရောက်ကာခေါင်းဆောင်တဦး ဖြစ်လာခဲ့သည်။

Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ