Sep 17, 2012

ကိုယ်ဝန်ဆောင်ကချင်တိုင်းရင်းသူကို KIA က စစ်သားအဖြစ် အဓမ္မစုဆောင်း

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးကျေးရွာ ဖော်ဒေါင်ရပ်ကွက်မှာ နေထိုင်တဲ့ အိမ်ထောင်ရှိ ကိုယ်ဝန်ဆောင် ကချင်တိုင်းရင်းသူ မဂျာဒွဲနူးကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က အခုလ (၁) ရက်နေ့က စစ်သားအဖြစ် အဓမ္မစုဆောင်းသွားခဲ့ချိန်ကစလို့ ဘာသတင်းမှ မရရှိတော့တာကြောင့် မိသားစုဝင်တွေ အထူးစိုးရိမ် ပူပန်နေကြတယ်လို့ သိရပါတယ်။


  KIA ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ ဌာနချုပ်ရှိရာ လိုင်ဇာတွင် ၂၀၁၁ ခုနှစ် ဇွန်လအတွင်းက KIA ကချင်တပ်သားများ စစ်ရေး လေ့ကျင့်နေကြစဉ်။ ကေအိုင်အေတပ်မဟာ ၂ လက်အောက်ခံ မိုးကောင်းမြို့နယ် ကဆုန်းကျေးရွာအခြေစိုက် တပ်ရင်း (၁၁) က ကိုယ်ဝန် (၃) လ လွယ်ထားရတဲ့ မဂျာဒွဲနူးကို စုဆောင်းရေး ဆွဲသွားတာနဲ့ ပတ်သက်ပြီး သူမရဲ့ခင်ပွန်းဖြစ်သူ ဦးဘရန်ဆိုင်းက RFA ကို အခုလိုပြောပြပါတယ်။ "၉ လပိုင်း ၁ ရက်နေ့  စနေနေ့ ည ၁၀ နာရီ ၄၅ မှာ ကျွန်တော်အပြင်ကို မီးသီးသွားဝယ်တုန်း အချိန်လေးမှာပဲ ကျွန်တော့်မိန်းမကို ကျွန်တော်အသွားအပြန် ၁၅ မိနစ်လောက်ပဲ ကြာတယ်။ အဲဒီအချိန်မှာ ၈၁ က တပ်သားအဆင့်ရှိ ချစ်အောင်ဆိုတဲ့ တစ်ယောက်ရယ်၊ အဖော်တစ်ယောက်ရယ် ကျွန်တော့်မိန်းမကို စုဆောင်းရေးဆွဲတယ် ဆိုပြီးတော့ ဆွဲသွားပါတယ်။ ကျွန်တော့်မိန်းမမှာ ကိုယ်ဝန်ကလည်း ၃ လ ပါသွားတယ်။ အဲဒီတော့ ကျွန်တော့်ကို (KIA) ဋ္ဌာနချုပ်က လူကြီးမင်းများအနေနဲ့ အမြန်ဆုံး လွှတ်ပေးဖို့နဲ့ ကျွန်တော်တို့ မိသားစုများအားလုံးကလည်း မိန်းမ ပြန်လာဖို့အတွက် ဆုတောင်ရင်းနဲ့ ကိုယ်ချင်းစာပြီး အမြန်ဆုံးလွှတ်ပေးဖို့ ကျွန်တော့်အနေနဲ့ အသနားခံပြီးတော့ တောင်းဆိုအပ်ပါတယ်"

 ဒီလ ပထမပတ်အတွင်းက မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်အတွင်းမှာရှိတဲ့ နမ့်ချီမှော်ဒေသမှာ KIA တပ်ရင်း ၅ ကအမျိုးသား၊ အမျိုးသမီး (၅၀) ကျော်ကို စစ်သားအဖြစ် အဓမ္မ စုဆောင်းသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် အခုရက်ပိုင်းအတွင်းမှာ မိုးညှင်းမြို့ပေါ်က လုပ်ငန်းရှင်အချို့လည်း KIA ရဲ့ ဆက်ကြေးကောက်ခံမှုနဲ့ ရင်ဆိုင်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

____________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ