Sep 17, 2012

ဖားကန့်မြို့ကို ဘယ်သူကယ်မလဲ ...... ??????

ဖားကန့်မြို့တိုက်ပွဲကာလ(၃)ပတ်လောက်ရှိလာတဲ့ အခါမှာ မြို့ရဲ့ အုပ်ချုပ်ရေးဟာလဲ တည်ငြိမ်မှု နည်းပါးလာပါတယ်။ ဒါကြောင့်တောမီးလောင်တောကြောင်လက်ခမောင်းခပ် ဆိုတာလို ကုမ္ပဏီပိုင်အဆောက်အဦးတွေထဲကိုလူစုလူဝေးနဲ့ဝင်ပြီး ကျောက်ဂိုဒေါင်တွေ ဖွင့်ပြီး ၊ ကုမ္ပဏီက ရှာထားတဲ့ ကျောက်တွေကိုလုယက်ယူငင်မှုတွေ ၊ ကားတွေ စက်ယန္တယားတွေက ပစ္စည်းတွေဖြုတ်ယူတာတွေ ၊ဆီလှောင်ကန်တွေက ဆီတွေယူနေကြတာတွေ ဆီလှောင်ကန်တွေက ဆီတွေယူနေကြတာတွေဟာ နေရာအနှံမှာ ဖြစ်နေပြီး အရင်တုန်းက တစ်နေ့လုံးရှာမှ ကျောက်ကောင်းတစ်လုံးရဖို့မလွယ်တဲ့ ရေမဆေးကျောက်ရှာသမားတွေလဲ ဆိုင်ကယ်ရဲ့ ရှေ့နောက်တွေမှာ မြွေရေခွန်အိတ် (၃)(၄)လုံးလောက်ကျောက်တွေအပြည့်တင်ပြီးသွားလာပြေးလွှားနေကြတာလည်း မမြင်ချင်အဆုံးဖြစ်နေပါတယ်။ တပ်မတော်စစ်ကြောင်းနဲ့ တိုးတဲ့အခါမျိုးမှာတော့ ဂိုဒေါင်ဖောက်တဲ့သူတွေကို ဖမ်းဆီတာမျိုး ၊ ချောက်လှန့်ပစ်ခတ်တာ မျိုးရှိပေမယ့် ကျယ်ပြန့်လှတဲ့နယ်မြေအတွင်းမှာ များပြားလှတဲ့ကုမ္ပဏီတွေကိုဘယ်သူမှအပြည့်အ၀အကာအကွယ်မပေးနိုင်ပါဘူး

KIA terrorist
  နှစ်ဘက်ဖြစ်ပွားနေတဲ့စစ်ပွဲတွေဟာ မြို့ပေါ်အထိရောက်လာပြီး အပြစ်မဲ့ပြည်သူတွေသေဆုံးဒဏ်ရာရ တဲ့အထိဖြစ်လာခဲ့ပါတော့တယ်။ စက်တင်ဘာလ(၁၂)ရက်နေ့နဲ့ညဘက်တစ်ညလုံးမိုးသည်းထန်စွာရွာသွန်းမှုကြောင့်(၁၃)ရက်နေ့မှာဖားကန့်မြို့မှာ ရေကြီးရေလျှံမှုဖြစ်ပြန်ပါတယ်။သည်တစ်ခါရေကြီးတာအရင်အချိန်များထက် ပိုလာပြီး မြို့လယ်က “ကမ္ဘောဇဘဏ်´´အောက်ခြေအထိရေနစ်မြှုပ်နေပါတယ်။မြို့လယ်မှာရှိတဲ့ရေနစ်တဲ့ဆိုင်ခန်းတွေ ၊အိမ်တွေက ပစ္စည်းတွေကိုကားကြီးကားငယ်တွေ နဲ့ ရေလွတ်ရာပို့နေကြပြီး မြို့လယ်မှာ စီးနေတဲ့ ဥရုချောင်း ကိုဖြတ်ပြီး မြို့မနဲ့ မရှိကတောင်ရပ်ကွက် ဆက်သွယ်ပေးထားတဲ့ တံတားပေါ်မှာ တောင် ၃ပေ လောက်အထိရေနစ်နေပါတယ်။ ဟိုဘက်ကမ်း/သည်ဘက်ကမ်းကားတွေကူးလို့မရတော့ပါဘူး။ ညနေ(၃) နာရီခွဲလောက်ကျောင်းတွေလွှတ်လိုက်တော့ ရေကြီးတာလာကြည့်တဲ့သူတွေ ၊ကျောင်းသူ/ကျောင်းသားတွေ ၊အိမ်ပြန်နေကြတဲ့ ကျောင်းသားတွေ ၊ လာကြိုတဲ့ မိဘတွေ ရဲ့ ဆိုင်ကယ်တွေ နဲ့ လှုပ်လှုပ်ရှားရှားဖြစ်နေတဲ့ အချိန်မှာပဲ ပေါက်ကွဲသံတွေနဲ့အတူပစ်ခတ်တိုက်ခိုက်တဲ့အသံတွေကြောင့် မြို့သူ/မြို့သား အားလုံးပြေးလွှားကုန်ကြပါတယ်။



 စက်တင်ဘာ(၁၃)ရက်နေ့ ညနေ(၃နာရီ၄၀မိနစ်)လောက်မှာတိုက်ပွဲစပြီးဖြစ်တာပါ။ဖားကန့်မြို့အစွန်ရပ်ကွက်ဖြစ်တဲ့ မှော်ဝှမ်းရပ်ကွက်နဲ့ ဆက်နေတဲ့ (ဆွတ်ငိုင်ကောင်)(Sut Ngai Kawng)ရွာထဲမှာ တပ်မတော် စစ်ကြောင်းနဲ့ ( KIA)အဖွဲ့ကို ထိတွေ့မှုဖြစ်ပြီးတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အဆက်မပြတ်ပစ်ခတ်နေတဲ့လက်နက်ငယ်သံတွေနဲ့ အတူလက်နက်ကြီးပေါက်ကွဲသံ တွေလဲကြားနေရတော့ တစ်မြို့လုံးတုန်လှုပ်ခြောက်ခြားပြီးပြေးလွှားနေကြပါတော့တယ်။ အမျိုးသားတစ်ချို့ကတော့တိုက်ပွဲဖြစ်တာမြင်နိုင်မယ့် မြို့ဦးစေတီကုန်းပေါ်တက်ပြီး ကြည့်ကြပါတယ်။ လက်နက်ငယ် ၊ လက်နက်ကြီးသံတွေကြားမှာ ပုန်းလိုက် ၊ ပြေးလိုက် လုပ်နေတဲ့ ရွာသားတချို့လဲတွေ့နေရပြီး လက်နက်ကြီး ကျလို့ ပေါက်ကွဲတဲ့နေရာမှာ မီးခိုးတွေထလာတာ လဲ မြင်နေကြရပါတယ်။မကြာခင်ဘဲ ဗျူဟာကုန်းပေါ်က နေလက်နက်ကြီး နဲ့ လှမ်းပစ်ပေးတာတွေ့ကြရပါတယ်။ လက်နက်ငယ်သံတွေက ည (၇) နာရီကျော်ကျော်လောက်မှာ တဖြည်းဖြည်းပျောက်သွားပြီး ၊ လက်နက်ကြီးပစ်သံကတော့ည(၉)နာရီလောက်အထိကြားနေရပါတယ်။ မြို့ထဲကို တပ်မတော် စစ်ကြောင်းတွေဝင်လာပြီး မီးမလာတော့လို့ တစ်မြို့လုံးမှောင်မဲနေပါတယ်။

 ဖားကန့်မြို့ တိုက်ပွဲ   
မြို့အစွန်ရပ်ကွက်မှာ တိုက်ပွဲဖြစ်နေလို့ ကြောက်လန့်တကြား နဲ့ အထုတ်အပိုးတွေတင် ပြီးရရာကား ၊ ဆိုင်ကယ်တွေနဲ့ လုံးခင်းဘက်ပြေးတဲ့သူတွေလည်း နန်းမဖစ်ရွာမှာ ရေတွေလျှံပြီး ကားလမ်းရေမြှပ်နေလို့ လုံးခင်အရောက်မပြေးနိုင်ပါဘူး။ ပန်းတင်တံတားကျော်ပြီး ဖားကန့်မြို့အ၀င်ရပ်ကွက်တွေ မှာ ကြက်တစ်ကောင်ကုန်းဖက်တွေမှာပဲနေကြရပါတယ်။ ဝေးဝေးမပြေးနိုင်ကြရှာပါဘူး။တိုက်ပွဲဖြစ်နေတဲ့ကြားက ရေပတ်လည်ဝိုင်းနေတော့ပြေးစရာမြေမရှိဆိုတာလိုဖြစ်နေပါတယ်။ပိုပြီးစိုးရိမ်စရာ ဖြစ်လာတာဒုက္ခသည်စခန်းကိုရောက်နေတဲ့စစ်ဘေးရှောင်ဒုက္ခသည်တွေပါဘဲ။မြို့ပေါ်ကိုပြေးလာပြီး မြို့ပေါ်ကယ်ဆယ်ရေးစခန်းတွေမှာခိုလှုံနေကြရလို့ မြို့ခံလူထုရဲ့ ထောက်ပံ့မှုတွေနဲ့ နေကြ ရတော့ ၊ မြို့ပေါ်အထိတိုက်ပွဲဖြစ်လာပြီး မြို့နေလူထုပါထွက်ပြေးကြရရင် စားဝတ်နေရေးအကြီးအကျယ်ဒုက္ခရောက်လာနိုင်ပါတယ်။ အခုအခြေအနေမှာ တောင်လှူဒါန်းထောက်ပံ့မှုနည်းပါးလာပြီး လူမှုရေးအဖွဲ့တွေ အနေနဲ့ ဆက်လက်ကျွေး မွေးနိုင်ရေးအတွက် ရေရှည်မှာ အခက်အခဲဖြစ်လာနိုင်ပါတယ်။

စစ်ဘေးရှောင်ဒုက္ခသည်

KIA kills & destory 
  အထူးသဖြင့် စစ်ပွဲဖြစ်ပွားနေရာဒေသအတွင်းမှာကျရောက်နေတဲ့ ပြည်သူတွေအနေနဲ့ကျီးလန့်စာစားဖြစ်နေကြရပြီး ၊ ကားဘီးပေါက်သံကြားရင်တောင် ကြောက်နေကြရရှာပါပြီး။ အရင်က သားသမီးတွေကျောင်းသွားတက်နေရင် စိတ်အေး ၊ စိတ်ချနေကြရတဲ့ မိဘတွေဟာ အခုခါမှာ တော့သားသမီးတွေကျောင်းဆင်းလို့အိမ်ပြန်မရောက်မချင်းရင်တမမနဲ့ မျှော်နေကြရပါပြီး။ ကျောင်းတွေမှာ စာသင်နေကြတဲ့ ဆရာ ၊ဆရာမတွေနဲ့ ကျောင်းသားကျောင်းသူတွေ ဒုက္ခသည်စခန်းက ဒုက္ခသည်တွေ ၊ ဘုန်းကြီးကျောင်းတွေက ဆရာတော်ကြီးတွေ ၊ ဘုရားကျောင်းတွေ က ၀တ်ပြုဆုတောင်းနေသူတွေ အားလုံးသောသူတွေရဲ့ ရင်ထဲမှာ စိုးတထိတ်ထိတ် နဲ့ နေနေကြရတဲ့အခြေအနေရောက်နေပါပြီး။ကချင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့စစ်ပွဲတွေရပ်တန့်နိုင်ဖို့အတွက် ၊ တစ်ခုတည်းသော အားကိုစရာကတော့ ကမ္ဘာနိုင်ငံအသီးသီးကလေးစားရသော ပြည်သူပြည်သားအားလုံး၏ ချစ်ခင်လေးစားမှု အားကိုးယုံကြည်မှုကိုရနေသော သမ္မတကြီးဦးသိန်းစိန်သာ လျှင်ရှိပါတော့ကြောင်း

 (From -HotNewsJournal ) ______________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ