Sep 22, 2012

၂၀၁၃ တွင် Ig Nobel Prize ဆုများချီးမြင့်ရန် မြန်မာအတိုက်အခံနှင့်နိုင်ငံရေးသမားများ ၈၈ ကျောင်းသားများကို ဆုရွှေးချယ်ရေးဘုတ်အဖွဲ့က လျာထား

Ig Nobel Prize ဆိုတာကတော့ Nobel Prize ကို သရော်တဲ့ အနေနဲ့ ပေးအပ်တဲ့ ဆုတစ်မျိုးပါ ။ ပုံမှန် မဟုတ်တဲ့ အတွေးခေါ် အယူဆတွေ ၊ ဂဂျိုးဂဂျောင်နိုင် လှတဲ့ ၊ အဓိပ္ပါယ်မရှိတဲ့ လေ့လာမှုတွေ ၊ ဆောင်ရွက်မှုတွေ အတွက် ပေးအပ်တဲ့ဆုတစ်မျိုးပါ ပဲ ။ ဆုပေးရတဲ့ ရည်ရွယ်ချက်ကတော့ ပထမ လူတွေကိုရယ်ရွှင်စေဖို့ ၊ နောက် ဆက်စပ်တွေးခေါ် နိုင်စေဖို့ဖြစ်ပါတယ် ။
 အီဂ် နိုဗယ် (Ig Nobel Prize) ဆု ကို တော့ Annals of Improbable Research (AIR) သိပ္ပံဟာသ မဂ္ဂဇင်းကနေပေးအပ်ချီးမြှင့် ပါတယ် ။ ၁၉၉၁ ခုနှစ်ကနေစပြီးတော့ နှစ်စဉ်နှစ်တိုင်းဆု ၁၀ မျိုးပေးအပ်ချီးမြှင့် ပါတယ် ။ နိုဗယ် ဆု လိုပဲ သက်ဆိုင်ရာ သိပ္ပံ ၊ အင်ဂျင်နီယာ ၊ ဆေးပညာ ၊ စီးပွားရေး ၊ စာပေ ၊ ငြိမ်းချမ်းရေး စတဲ့ နယ်ပယ်အသီးသီးတွေ ပေးအပ်ချီးမြှင့်တာဖြစ်ပါတယ် ။ဆုပေးပွဲ အခမ်းနားကိုတော့ အမေရိကန် နိုင်ငံ ဟားဗက်တက္ကသိုလ် နဲ့ မန်ဆားချူးဆက် တက္ကသိုလ်တို့မှာ ကျင်းပပြုလုပ်ကြပါတယ် ။

 ပြီးခဲ့ တဲ့ နှစ်က အီဂ်နိုဗယ် ဆု အတွက် သြစတြီးယား နိုင်ငံ က သိပ္ပံ ပညာရှင် တစ်ယောက်ဟာ မျောက်တွေအကြောင်းကို နှစ်ပေါင်းများစွာ သုတေသနပြုပြီး အဆိုပြုချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ် အဲဒါကတော့ " မျောက်တွေ ရေခွက်ကို အသည်းသန်လုကြတာဟာ ရေဆာလို့ပါ " တဲ့ ။ ဒီအဆိုပြု ချက်နဲ့ ပဲ သူဟာ အီဂ် နိုဗယ် ဆုကို လက်ခံရယူနိုင်ခဲ့ပါတယ် ။ အွန်လိုင်းပေါ်က ဆိုဒ်အတော်များများမှာ တွေ့ရလေ့ရှိတယ် မိန်းကလေးတွေ ဝတ်လို့ရတဲ့ ဘရာဟာ mask အဖြစ်သုံးလို့ရတယ်ဆိုတဲ့ အိုက်ဒီယာ ကလည်း အီဂ် နိုဗယ် ဆုလက်ခံရယူခဲ့တဲ့ စမ်းသပ်လေ့လာမှုတစ်ခုဖြစ်ပါတယ် ။

 ၂၀၁၃ ခုနှစ် အတွက် ပေးမဲ့ အီဂ် နိုဗယ် ဆုအတွက် ကျွန်တော်တို့ မြန်မာနိုင်ငံက နိုင်ငံရေးသမား အစိုးရအတိုက်အခံများနဲ့ ဦးမင်းကိုနိုင်ဦးစီး ၈၈ ကျောင်းသားများ ၊ မြန်မာ့မီဒီယာလောကသားများ မစ္စ်အဲရစ်ဆုကြည်(နိုဘယ်ဆုရှင်) နဲ့သူ့ပါတီကို အဆိုပြုချင်ပါတယ် ။
 ကျွန်တော်တင်သွင်း မဲ့ အဆို ဟာ ငြိမ်းချမ်းရေး အီဂ် နိုဗယ် ဆု အတွက်ဖြစ်ပါတယ် ။
 (၁) မီဒီယာလွတ်လပ်ဖို့ အတွက် တီရှပ်တွေများများ ဝတ်ပါ ။
(၂) အခွင့်ရေးဆုံးရှုံးမှုတွေ ပြန်တာင်းဖို့ လူသေခါင်းလုပ်ပြီး မီးနဲ့ရှို့ ပါ ။
(၃) စစ်ဘေးဒုက္ခသည်များကိုစာနာသောအားဖြင့် နေရာလွတ်ရှာ ပြီးသီချင်းနာနာဆိုပါ ။
 (၄) စစ်ပွဲတွေ ရပ်စဲဖို့ တစ်ရက်တည်းစုပေါင်းပြီး လမ်းကောင်းကောင်းလျှောက်ပါ ။

 ဒီအဆိုပြုချက်တွေ ရဲ့ သုတေသနပြု မှု ကို လက်တွေ ပြသနိုင်ရန်အတွက် မြန်မာနိုင်ငံထွက် ၂၀၁၂ ခု နှစ် ပါ ဂျာနယ်နဲ့ သတင်းစာများစွာ ကို စုဆောင်းလျှက်ရှိပါကြောင်း သတင်းရရှိပါသည်။

(From;ကိုရုပ်ဆိုး)
__________________________________________________________________________


Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ