Readmore »
May 2, 2012
ကေအိုင်အို ခေါင်းဆောငိကြီးများသို့ အကြောင်းကြားစာ
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
6:00 PM
0
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ပေးစာကဏ္ဍ
KIA အဖွဲ့မှပြည်သူလူထုအပေါ် အကြမ်းဖက်လုပ်ရပ်များအဆက်မပြက်လုပ်ဆောင်လျက်ရှိ
၂၄ရက်နေ့တုန်းက မြစ်ကြီးနားပူတာအို
လမ်းမှာ KIAကစစ်သားတွေက မနက်၈နာရီကျော် လောက်မှာ ယာဉ်တွေ ဆိုင်ကယ်တွေကို တားပြီးခရီးသည်
(၄၅) ဦးလောက်ကိုထိုင်ခိုင်းပြီး ခရီးသည် တွေမှာပါလာတွေ ငွေတွေ လက်ဝက်လက်စားများကို အဓမ္မသိမ်းယူခဲ့တယ်။ ၎င်းမှာပါသွားတဲ့ ဆိုင်ကယ် ကယ်ရီသမားတစ်ဦးက
အခုလိုသူတို့(KIA) က လုပ်ဆောင်နေတာတွေက အကြောင်းမဲ့သတ်သတ် လက်နက် ကိုင်ပြီး ကျွန်တော်တို့
ကောင်းရောင်းကောင်းဝယ်ပြုနေတာကို အတင်းလိုက်ပြီးတော့ဒမြတိုက်သလို အနိုင်ကျင့် သလိုဖြစ်နေတယ်။
ပိုက်ဆံတွေနဲ့ လက်ဝက်လက်စား တွေကိုယူရုံမကဘဲ ဆွပ်ပရာဘွမ်ဆေးရုံမှ သူနာပြုဆရာမ (၂) ယောက်ကိုလဲခေါ်ဆောင်သွားခဲ့တယ်။
ဘာလုပ်ဖို့ခေါ်ဆောင်သွားလဲဆိုတာတွေတော့ မသိဘူး။ သူနာပြုဆရာမတွေ ဘာတွေလုပ်ခိုင်းမယ်ဘာတွေလုပ်မယ်ဆိုတာတော့
မသိနိုင်ပါဘူး။ အရင်တုန်း ကလည်း ဒီလိုဘဲမိန်းကလေးတွေကိုဖမ်းဆီးခေါ်ဆောင်ကြပါတယ်။ အမျိုးသမီးတွေရဲ့ဘဝ
ကတော့ အတွေးဝံ့စရာပါဘဲ။ တိုင်လဲမတိုင်ရဲကြပါဘူး။ တိုင်ရင်လဲ အသတ်ခံ ရမှာကိုကြောက်ကြတာကိုး။
ကချင်ပြည်နယ်ရှိတဲ့ပြည်သူများရဲ့ဘ၀ကတော့ တော်တော်လေးကို စိတ်ပျက်ဖို့ကောင်း နေပါပြီး
လူဖြစ်တာချင်းအတူတူ ကချင်ပြည်နယ်မှာလူဖြစ်တာ လူဖြစ်ရှုံးသလိုဖြစ်နတာပေါ့။
၂၉ရက်နေ့တုန်းကလဲ
မိုးကောင်းမြို့မှာ ခရီးသည်ပို့ဆောင်ရေးဂိတ်မှူးများတွေကို ဆောင်းခါးတိုက်နယ် မှာရှိတဲ့
KIO ရုံးကိုခေါ်ဆောင်သွားပြီး အဲဒီကနေ နန့်ဟိုင်းကျေးရွာကိုဆက်လက်ခေါ်သွားပြီးရွာရှိအိမ်
တစ်အိမ်တွင် ဂိတ်မှူးတွေကို ဂိတ်တစ်ဂိတ်လျှင် (၈)သိန်း ၂ ပတ်အတွင်းပေးဆောင်ရမယ်လို့ပြောပါတယ်။
မပေးနိုင်ရင် ခရီးသွား လုပ်ငန်းကိုရပ်ဆိုင်းထားရမယ်လို့
သတိပေးထားခဲ့တယ်လို့သိရပါတယ်။ ဂိတ်မှူးများက တော့တော်တော်လေးကို စိတ်ညစ်နေတယ်။ မိုးကောင်းရှိဂိတ်မှူး
တစ်ဦးက ခရီးလမ်းကလဲ KIA က လမ်းတွေမှာရှိတဲ့ တံတားတွေကို မိုင်းခွဲ ပိုက်ဆံတောင်းနေတာကြောင့်
ခရီးသွားလုပ်ငန်းရော ကုန်စည် စီးဆင်းမှုပါအဆင်မပြေမှုတွေဖြစ်နေပြီး ခရီးသည်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်
အခက်အခဲဖြစ် နေကြတယ်။ ဂိတ်မှူးတွေက ခရီးသွားလုပ်ငန်း အဆင်မပြေတဲ့ကြားက အခုလိုငွေတောင်းခံနေမှုကြောင့်
စိတ်ဒုက္ခရောက်နေ ရတယ်။ မပေးဘူးပြောပြန်ရင်လဲ အသတ်ခံရမယ်၊ ပေးဖို့ကလည်း ပိုက်ဆံကမရှိတော့
ဘယ်လိုလုပ်ရမှာလဲ ဆိုတာကိုစိတ်ဆင်းရဲနေကြရတယ်။
![]() |
| ကြုံသလို ဓါးပြတိုက် မုဒိန်းကျင့် နေသော ကေအိုင်အေ ဓါးပြများ |
၂၉ရက်နေ့ကဘဲ
မိုးညင်းမြို့နယ်ရှိမော်ဟန်မြို့နယ်ရှိ နန်းပေါင်ချောင်းဖျား
ရွှေမှော်မှာ KIA စစ်သား ၂၀ လောက်ရောက်ရှိလာပြီး
ရွှေမှော်မှာ လုပ်ကိုင်နေတဲ့လက်လုပ်လက်စားရွယ်ကောင်းတဲ့လူငယ် ၂၃ယောက် အားကြိုးတွေနဲ့တုတ်ပြီးခေါ်ဆောင်သွားခဲ့တယ်၊
ခေါ်ဆောင်သွားတာတော့ ၁၃ နှစ်ကနေ ၂၅ နှစ် ပတ်ဝန်းကျင် လောက်တော့ရှိကြတယ်။ သူတို့ လူသစ်လာစုကြတယ်ထင်ပါတယ်
အခုမှမဟုတ်ပါဘူး အခု နောက်ပိုင်းမှာ ခဏခဏ လာလာ ခေါ်နေပါတယ်။ သူတို့ဆီမှာ စစ်တိုက်ဖို့ခေါ်ဆောင်သွားတဲ့သူတွေကို
သူတို့က အတင်းစစ်တိုက်ခိုင်းကြတယ်။ ဒီကလူတွေကတော့ တော်တော်လေးစိတ်ဆင်းနေကြတယ်။ ငြိမ်းချမ်း
ရေးဆွေးနွေးနေတယ်လို့ကြားနေရပေမယ့် KIA ခေါင်းဆောင်ပိုင်းက ငြိမ်းချမ်းရေးမယူချင်ပုံရပါတယ်။
အဆင်ပြေတယ်ကိုမရှိပါဘူး။ သမ္မတကြီးက သဘောထားပြည့်နေပေမယ့်လဲ။ အခု သူတို့ KIA ခေါင်းဆောင်ပိုင်းရဲ့လုပ်ဆောင်ချက်တွေက
အကြမ်းဖက်လုပ်ရပ်တွေဖြစ်နေတယ်။
တံတားတွေကိုမိုင်းခွဲတယ်။
ရွှေမှော်ကအလုပ်သမားတွေကိုအတင်းလူသစ်စု အတင်းစစ်တိုက် ခိုင်းတယ်။ အမျိုးသမီးငယ်တွေကို
အဓမ္မပြုကျင့်တယ်။ အကြောင်းမဲ့လူတွေသတ်နေတယ်။ သမ္မတကြီးက ဘာဖြစ်လို့ ဒီလောက်တောင်သဘောထားတွေကြီးနေရတာလဲ။
ကျွန်တော်ကိုယ်ကျွန်တော် ရှက်မိပါတယ် ကချင်လူမျိုး တစ်ယောက်ဖြစ်နေတာကို။ အခုလိုဖြစ်ပျက်နေတဲ့ကိစ္စတွေက တစ်ခုတည်းမှမဟုတ်ပါဘူး
အများကြီးပါ။ ကချင်လူမျိုးတွေကို စာနာသနားသောအားဖြင့် စဉ်းစားပြီး တာဝန်ယူဖြေရှင်းပေးကြပါလို့
ကျွန်တော် ကချင်လူမျိုးတစ်ယောက် ပြည်သူတစ်ယောက်အနေနဲ့ လက်တွေ့ခံစားနေရမှုတွေကိုရင်ဖွင့်
လိုက်ရပါတယ်။
အဓမ္မစစ်သားအဖြစ်စုဆောင်းပြီး အတင်းမနိုင်သောစစ်ကိုတိုက်ခိုင်းခံနေသော
KIA စစ်သားလေးများ
__________________________________________________________________
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
4:00 PM
0
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = စစ်ရေး, ဆင်ခြင်နိုင်ကြစေ, ပေးစာကဏ္ဍ
ကချင် အချင်းချင်း မျိုးတူသားစားနေပြီလို့ ဦးဇခုန်တိန့်ယိန်း ပြောပြီ
ယခင်
NDAK ဥက္ကဌဟောင်း ဦးဇခုန်တိန့်ယိန်း က
KIA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့သို့ ဆိုပြီး အိပ်ဖွင့်ပေးစာတစ်စောင်ကို ဧပြီလ (၁၆)ရက်နေ့က ပေးပို့ခဲ့ပါတယ်။ အဲဒီစာမှာ ပါရှိတာတွေကတော့ ဒေသခံတွေကိုယ်စား အနူးအညွတ် မေတ္တာရပ်ခံ ပေးပို့ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဦးဇခုန်တိန့်ယိန်း မေတ္တာရပ်ခံထားတဲ့ စာပါအကြောင်းတွေကတော့…
၁။ တိုက်ပွဲပစ်ခတ်မှုတွေကို ရပ်ပေးစေလိုကြောင်း နဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ ရပိုင်ခွင့် တန်းတူ ညီတူ ဖြစ်တဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ပြဌာန်းနိုင်ရေးကို ငြိမ်းချမ်းရေးဆိုတဲ့ နည်းလမ်းနဲ့ပဲ အဖြေရှာ စေလိုကြောင်း။
၂။ စစ်ဘေးကြောင့် ဆင်းရဲဒုက္ခတွေရောက်နေကြရတဲ့ မိဘပြည်သူတွေ၊ အမျိုးသမီး၊ ကလေး၊ သက်ကြီး ရွယ်အိုတွေကို လိုအပ်တဲ့ အကူအညီတွေကိုပေးဖို့ မျှော်လင့်ကြောင်း။
၃။ သမ္မတကြီးရဲ့ အစိုးရသစ် အနေနဲ့လည်း နိုင်ငံသားတွေရဲ့ ဘ၀သစ် ဖော်ဆောင်မှု အပြောင်း အလဲတွေကိုလည်း အများကြီး လုပ်နေလို့ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ ဂုဏ်ရှိန်မြင့်တက်နေတာ ဖြစ်တဲ့အတွက် တိုင်းရင်းသား လက်နက်ကိုင်တွေ အနေနဲ့လည်း ပြည်သူတွေကို မျက်ကွယ် မပြုစေလို ကြောင်း။
၎။ ကချင်ပြည်နယ်ဆိုတာကလည်း ပြည်သူ့ဆန္ဒနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ ဒေသခံ ကိုယ်စား လှယ်တွေနဲ့ ပြည်နယ်အစိုးရသစ်ကို ထူထောင်နိုင်နေပြီဖြစ်တဲ့အတွက် ကချင်တိုင်းရင်းသားတွေရဲ့ အကျိုး ဖြစ်ထွန်းဖို့ကို ပြည်နယ်အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်မှ တခြားဖွံ့ဖြိုးရေး အပိုင်းတွေကို ဆက်လက် လုပ်နိုင်ကြမှာ ဖြစ်တဲ့အတွက် ကချင်တိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရေးအတွက် ကြိုးပမ်း နေတဲ့ လူကြီးမင်းတို့ရဲ့ ဆန္ဒက ကြီးမား ကျယ်ပြန့်နေပြီ ဆိုတာကို သဘောပေါက်သင့်ကြောင်း။
၅။ ကချင် တိုင်းရင်းသားတွေနဲ့ အခြားညီနောင် တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုတွေ တည်ဆောက်ဖို့ကို လက်နက်ကိုင် ပဋိပက္ခတွေပြေငြိမ်းမှ ဖော်ဆောင်နိုင်မှာ ဖြစ်ပြီးတော့ လူကြီးမင်းတို့ ကိုယ်တိုင်ကလည်း ငြိမ်းချမ်းရေးနဲ့ ဘ၀လုံခြုံရေးကို ဆန္ဒပြင်းပြနေတယ်ဆိုတာ သံသယလုံးဝမဖြစ်ကြောင်း။
၆။ လူကြီးမင်းတွေကို အကြံပေးချင်တာက ကချင်တိုင်းရင်းသားတွေက Jinghpaw Wunpawng amyu ဆိုတဲ့ အိမ်ထောင်စုကြီးတစ်ခု တည်ထောင်ခဲ့ကြပြီးဖြစ်ကြောင်းနဲ့ အဲဒီ
Wunpawng amyu အမည်နာမကြီးကိုလည်း ၁၉၆၀ခုနှစ် အစပိုင်းလောက် ကတည်းက ဖြုပ်ပစ်ခဲ့ကြပြီးတော့ ၁၉၆၈ခုနှစ် နောက်ပိုင်းမှာလည်း Jinghpaw ဆိုတာကို ထပ်ဖြုပ်ခဲ့ထားခဲ့ကြပြန်တယ်။ အခုခေါ်နေတဲ့ Wunpawng ကို တိုင်းရင်းသားလူမျိုးတွေရဲ့ မူရင်းနာမည်နဲ့ အစားထိုးမှာ မဟုတ်တဲ့အတွက် မူလ
Jinghpaw Wunpawng amyu ဆိုတာကိုပဲ မူလအတိုင်း အတည်ဖြစ်စေသင့်ကြောင်း။
၇။ ဘယ်လိုပယောဂတွေပဲ ၀င်ရောက်ပါစေ၊ ပြည်ထောင်စု အတွင်းမှာရှိတဲ့ အစိုးရနဲ့ပဲဖြစ်ဖြစ်၊ လူမျိုး အချင်းချင်းပဲဖြစ်ဖြစ် ရန်သူတွေလိုတော့ ခံယူဖို့မသင့်လျော်ကြောင်း၊ နိုင်ငံအတွင်းမှာ ခေတ်မှီတိုးတက်ဖို့ကိုပဲ ပူးပေါင်း ဆောင်ရွက်ပြီးတော့ လှည့်ပြောင်းမှုကို ဦးဆောင်ကြပါလို့ မေတ္တာရပ်ခံထားပါတယ်။
ဦးဇခုန်တိန့်ယိန်း က ကေအိုင်အေ ခေါင်းဆောင်များအား အခုလို ငြိမ်းချမ်းရေး
လက်မခံဘဲ လက်နက်အားကိုးနဲ့ တိုက်ခိုက်နေတာကြောင့် ပြည်သူတွေ ဒုက္ခရောက်နေကြရပြီး လူထုကလည်း
ဆန့်ကျင် မှာ ဖြစ်ပါတယ်။ အစိုးရ ပြောင်းလဲလာပြီဖြစ်လို့ ကေအိုင်အေခေါင်းဆောင်တွေရဲ့
အတွေးအခေါ် အယူ အဆတွေလည်း ပြောင်းလဲဖို့ လိုအပ်ကြောင်း နဲ့ ပြည်သူတို့ရဲ့ လိုအပ်ချက်တွေကို
လစ်လျူရှုနေဖို့ မသင့် ကြောင်း ပြောကြားခဲ့ပါတယ်။ ကချင်တိုင်းရင်းသားများ စည်းရုံး နေထိုင်ကြရန်ဖြစ်ပြီး
အစိုးရနဲ့ဖြစ်စေ၊ လူမျိုး ချင်းဖြစ်စေ ရန်သူတွေ အဖြစ်ခံယူရန် လုံးဝ မသင့်လျော်ကြောင်း
ပြည်သူတွေ ကိုယ်စား ကေအိုင်အေ ခေါင်းဆောင်တွေကို မေတ္တာရပ်ခံခဲ့ပါတယ်။
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
1:35 PM
0
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ပန်ကြားပါရစေ, ပေးစာကဏ္ဍ
သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ
| ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ | ကြိုဆိုသူများနဲ့ အင်တာဗျူး |
| တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ | ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ |
| အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ | မြန်မာ့သိုင်းအစွမ်း |
Latest Videos
| 88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် | ပြောင်ကြီးဘာလို့ထောင်ကျ |



