ယခုဆက်လက်ပြောလိုသည်မှာ တပ်မတော်အား မီဒီယာတိုက်ခိုက်မှူဖြစ်စဉ်ဖြစ်သည်။
စာဖတ်သူမိတ်ဆွေသည် အွန်လိုင်းတွင် နိုင်ငံရေးရာသတင်းဖတ်ရှူသူ တစ်ဦး(သို့) ပြည်တွင်း၌
BBC နားထောင်သူ /DVB ကြည့်ရျူသူဖြစ်လျှင်
တပ်မတော်စစ်ကြောင်းကတော့ ရွှာကိုမီးရှို့ လို့  မုဒိန်းကျင့်လို့  ကျောင်းတွေကို လက်နက်ကြီးနှင့်
ပစ်လို့ ဟူသော သတင်းများအား နေ့စဉ် ကြားနေကျ အသံသဖွယ် ကြားကောင်းကြားနေမည်
ဖြစ်သည်...။
အဘယ့်ကြောင့် ဤ သို့ အော်နေပါသနည်း ။မောင်ကျောက်ခဲထောက်ပြဝေဖန်ပါမည်။
အောက်ပါ ဗီဒီယိုကလစ်အား အထပ်ထပ်အခါအခါ နားထောင်ကြည့်ပါ...ထို့နောက် စဉ်းစား
ဝေဖန်ပါ..။
မည်သို့တွေ့ရသနည်း...။သူတို့ တွေလုပ်အားနှင့် တော်လှန်ရေးဟူသော တောတွင်းလက်နက်ကိုင်
များ အား ၊ ဒုက္ခသည်ရွှာများအား ထောက်ပံ့သည်ဟု ပြောထားပါသည်။ဥပမာ.ဂျပန် ဟု ရွှေးချယ်ပါစို့ ။ဂျပန်တွင်ရောက်ရှိနေသော ဒုက္ခသည်များ ပြည်ပြေးများ၏ စုစုပေါင်းဝင်ငွေ
အားလုံးမှ ၄င်းတို့တတ်အားသရွှေ့ ဟူသော အချိုးကျထည့်ဝင်သော ငွေများအား စဉ်းစားတွက်
ချက်ပါ။ထို့နောက် လစဉ်လတိုင်း ၄င်းတို့ နယ်စပ်သို့ ပုံမှန်ပေးပို့နေသော ငွေများနှင့်နိုင်းယှဉ်ပါ.။
အလှူရှင်များ၏ ငွေအားကများပါသည်။၎င်းငွေများနယ်စပ်သို့ရောက်ရှိသွားသောအခါ
ရွှာသားကောင်းမှူ သူကြီး ဘုရား ဖြစ်သွားပါသည်။ထို့ နောက် ဤဗီဒီယိုဖိုင်တွင်ပြောဆိုသကဲ့
သို့  ပေးလိုက်ပြန်သည်။ဆုံးရှူံးသွားသည်။ပလိုင်းပေါက်ထဲ ဖားအရှင်များအား လတိုင်းလတိုင်း
သိသိကြီးနှင့်အဘယ့်ကြောင့် ကောက်ကောက်ထည့်နေပါသနည်း။နှစ်ပေါင်းများစွာ ဤအပေါက်အပြဲပလိုင်းထဲမှ ဖားအရှင်များ ခုန်ထွက်နေသည်ကို သိရက်ကယ်နှင့ အဘယ့်အတွက် ယခုမှ ထအော်ကြပါသနည်း..။
မိုက်ရိုင်းစွာ ပြောလျှင် သူတောင်းစား ထမင်းဝတော့ ***** ဖြစ်သည် ဟူသော စကားရပ်
ကို သတိရသင့်သည်။
နယ်စပ်ဒေသတွင် ကျောင်းဆောက်သည်ဟု ပြောလေသည်။ယင်းကျောင်းအား အစိုးရစစ်တပ်
မှ လက်နက်ကြီးနှင့်ပစ်သည်ဟု ဆိုလေသည်။ကျောင်းတစ်ကျောင်းဆောက်တိုင်း လက်နက်ကြီးတစ်ခါပစ်ရမည်ဟုဆိုလျှင် မြန်မာနိုင်ငံသည် ကျောင်းမရှိသော နိုင်ငံဖြစ်နေသည်မှာ ကြာလေပြီတကား.။ဤသို့အကြာင်းပြချက်ဖြင့် ငွေထပ်တောင်းလေသည်။
ထပ်ပေးရလေသည်။ထပ်ပစ်ပြန်သည်။ထပ်ပေးရလေသည်။
ရှင်းပါသည်။အထောက်အထားသက်သေတုများသာဖြစ်လေသည်။
ထူးဆန်းသည်မှာ စစ်တပ်က ၄င်းတို့ စခန်းထိုင်ရာ နယ်မြေအတွင်း လက်လှမ်းမှီရာ ဒေသများတိုင်း လက်နက်ကြိးများဖြင့် ပစ်ခတ်သည်ဆိုသော အပြော၌ မည်သည့်ဓါတ်ပုံ သတင်းများ သက်သေမစုံလင်ပါတကား..။ပြည်တွင်း၌ မုဒိန်းကျင့်ခံရပါသည်
ဟုဆိုသော အမျိုးသမီးများ မျက်မှာများအား ဆင်ဆာမလုပ် effect မကာကွယ်ပဲတင်တတ်သော သတင်းဌာနများက













