Feb 19, 2012

သူတို့ရင်တွေထဲမှာ ၊ မျက်ဝန်းတွေထဲမှာ မိုးတွေရွာနေတယ်



ဒီမနက် သတင်းတွေဖတ်လိုက်တော့ ဒီအပေါ်ကစာလေး သွားဖတ်မိတယ် ၊ ချိုတူးဇော်ရေးထားပြီး ဆရာကို အော်ပီကျယ်က များများဖတ်ဖြစ်ကြအောင် ကူညီကြပါဆိုပြီး share လုပ်ထားတာကိုတွေ့ရပါတယ် သူရေးထားတဲ့စာကို မမြင်ရမှာစိုးလို့ အောက်မှာထပ်ပြီး ဖေါ်ပြလိုက်တယ် ။

တိုင်ရီ စက်ရုံရှေ့မှာ ဒိုင်းတွေ လွှားတွေနဲ့ စောင့်နေတဲ့ ညီအကိုရဲဘော်တို့ရေ.
Readmore »

နိုင်ငံချစ်ပြသူပြည်ပရောက်အစိုးရမကောင်းဝါဒီတစ်ယောက် က လူထုစိန်ဝင်းပြောချက်ကို သက်သေထူခဲ့ပြီ(ပေးစာ)

အော်.ပြောလိုက်ရင် နိုင်ငံကို သူတို့ လောက်ချစ်တာမရှိဘူး..သူတို့လောက်နိုင်ငံကောင်း
ရာကောင်းကျိုးအတွက်လုပ်နေတာ ထောက်ပြဝေဖန်နေတာ မရှိဘူး..
နောက်ဆုံးတော့လည်း ဇာတိလေးတွေက ဘာလဲဆိုတာ ပြပြလာတာကတော့ ဒေါ်င်း
ကြီး က နေသလိုပဲ..ဖင်လေးကိုပြောင်လို့ ..။
လူထုစိန်ဝင်းက စာတပုဒ်မှာ အောက်ပါအတိုင်းရေးခဲ့ဖူးတယ်..

ဗမာစကားမပီသတဲ့ဗမာတွေ   :  ဂျပန်ရောက်ဗမာတွေရဲ့စကားပြောသံတွေ  ဟာ ဂျပန်သံဝဲ၀ဲ နေကြတာတွေ့ရတယ်။ စကားပြောရင်းနောက်ဆုံး စကားလုံးကျရင် အသံကိုသံရှည်ဆွဲ သွားပြီးမှ ရုတ်တရက် ရပ်ပစ်လိုက်ကြတယ်။ ဂျပန်စကားပြောနေကျမို့ နေမှာပဲလို့မှတ်ထင်နေတယ်။ ဟောအခု တစ်ယောက်ကတော့ ဘာသံမှမ၀ဲဘဲ ဗမာစကားကို ဗမာလိုပဲပီပီသသကြီး ကိုပြောနေလိုက်တာ အံ့သြတောင် သွားရတယ်။ တကယ်တော့ သူက ဗမာတောင်မဟုတ်ပါဘူး။ လားရှိုး ဇာတိ မြန်မာပြည်ပေါက် တရုတ်မလေးပါ။ စက်မှုတက္ကသိုလ်က ဗိသု ကာဘွဲ့ရပြီး ၁၉၈၈ ခုနှစ် မတိုင်မီက တည်းက ဂျပန်ကို ထွက်သွားတာဖြစ် ပါတယ်။ အခုရောက်လာတဲ့ သုံးယောက်စလုံး တရုတ်မလေးတွေပါ။ တိုင်ပေမှာနေသူကလည်း ဟိုမှာ နှစ်ပေါင်းနှစ်ဆယ်ကျော်ပါပြီ။ ဘာသံမှ မ၀ဲပါဘူး။အသံမ၀ဲရုံတင်မဟုတ်ဘူး။ သူ က မြန်မာပြည်ကိုလည်း ချစ်ပါ တယ်။ နှစ်ကူးချိန်ရောက်တိုင်း တစ်နှစ်တစ်ခေါက် ရောက်အောင်ပြန်ပါ တယ်။ ရောက်တာနဲ့သူ့ဇာတိ ဇီးကုန်း ကိုပြန်ပြီး ငယ်စဉ်က ဆရာသမား တွေကိုလိုက်လံ တွေ့ဆုံပြီးကန်တော့ ပါတယ်။ ဘုန်းကြီးကျောင်းတွေ ဘာတွေကိုလည်း လှူဒါန်းမှုတွေ လုပ်ပါတယ်။ သူက တိုင်ပေကအဆင့်မြင့် နိုင်ငံတကာဟိုတယ်ကြီးတစ်ခုမှာ မန်နေဂျာအဆင့် ရာထူးရထားပါတယ်။ ဒါပေမဲ့ သူများတကာတွေလို မိဘဆွေမျိုးတွေပါခေါ်ပြီး ဟိုမှာမနေပါ ဘူး။ တစ်ယောက်တည်းပဲ နေပါတယ်။ သူတို့တစ်တွေလို နှစ်ပေါင်းနှစ်ဆယ်၊ အစိတ်နိုင်ငံခြားသွားနေတဲ့ မြန်မာပြည်ပေါက် တရုတ်မလေးတွေက ဗမာ စကားပီပီသသပြောပြီး မြန်မာပြည် ကို ချစ်နေကြပေမယ့် လွန်ခဲ့တဲ့လေး ငါးနှစ်ကမှ နိုင်ငံခြားရောက်သွားတဲ့ ဗမာစစ်စစ်တွေက ဗမာစကားကိုနိုင်ငံခြားသံဝဲပြီး ပြောနေကြတာကိုတော့ ဘယ်လိုမှနားမလည်နိုင်တာ အမှန်ပါပဲ။

(ဆရာ လူထုစိန်ဝင်း)

ကဲ .... အခုတော့လည်း တကယ်ပဲ ဖြစ်လာနေပါလား..မနေ့က ဖေ့ဘုတ်ကိုသွားပြီး
သတင်းတွေလိုက်ဖတ်နေတုန်း ဒီကွန်မန့်လေးဖတ်လိုက်ရတယ်..သူပြောထားတာတွေ
က အမြင့်ကြီးတွေ ပေ 30000 ကျော်နေလို
Readmore »

Feb 18, 2012

ငြိမ်းချမ်းရေးအားရှောင်လွှဲကာ လက်နက်ကိုင်အာဏာယစ်မူးနေကြသော ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ ( KIA ) ခေါင်းဆောင်ကြီးများ


ကေအိုင်အေအဖွဲ့၏ တပ်မဟာ(၃)လက်အောက်ခံ တပ်ရင်း(၁၅)နှင့် ဘွန်ဆင်(န်) BumSen စခန်းမှ စတင်ကာ ၂၀၁၁ခုနှစ်၊ ဇွန်လ(၉)ရက်နေ့တွင် မြန်မာအစိုးရတပ်များနှင့် KIA အဖွဲ့များ ကချင်ပြည်နယ်အတွင်း စစ်ပွဲများ စတင်ဖြစ်ပွားခဲ့ကြပါတယ်။ ကချင်ပြည်နယ်အတွင်း ဒေသတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နိုင်ရန် အတွက်   (၁၆-၆-၂၀၁၁) ရက်နေ့တွင် လိုင်ဇာမြို့၌ ပထမဆုံးအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြ ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးမှုများအား တွေ့ဆုံဆွေးနွေးခြင်း(၃)ကြိမ်၊ စာဖြင့်အပြန်အလှန်ဆက်သွယ်ပေးပို့ ခြင်း (၂၁) ကြိမ်ကျော် ပြုလုပ်ခဲ့ကြရာ နိုင်ငံတော်အစိုးရအနေဖြင့် KIOအဖွဲ့(ညှိနှိုင်းရေးအဖွဲ့)၏ တောင်းဆိုချက် များအား အတတ်နိုင်ဆုံးလိုက်လျောပေးခဲ့သော်လည်း KIO အဖွဲ့အနေဖြင့် ပြင်ဆင်ချက်များ ထပ်မံပြုလုပ်ခြင်း၊ တစ်ဆင့်ပြီးတစ်ဆင့် ထပ်မံဖြည့်စွက်ပြောင်းလဲ အကြောင်းပြန်စာများပေးပို့ကာ ငြိမ်းချမ်းရေးရယူရန် ရှောင်လွှဲ လာခဲ့ကြပါသည်။
ယခုအချိန်သည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIA)အဖွဲ့အနေဖြင့် နိုင်ငံတော်အစိုးရနှင့်ငြိမ်းချမ်းရေး ဆွေးနွေးမှုများပြုလုပ်ကာ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ကောင်းစားရေးအား အစိုးရနှင့်လက်တွဲပြုလုပ်ရန် အကောင်း ဆုံးအချိန်ပင် ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးကမ်းလှမ်းမှုများပြုလုပ်ကာ ဆွေးနွေးပွဲများဖြင့် အနှစ်(၆၀)ကျော် လက်နက်ကိုင်တော်လှန်ခဲ့သော KNU ကရင်အမျိုးသားအစည်းအရုံးနှင့် ပြီးခဲ့သော ဇန်န၀ါရီလ(၁၂)ရက်နေ့တွင်၎င်း ၊ ဇန်န၀ါရီလ(၁၆)ရက်နေ့တွင် ရှမ်းပြည်တပ်မတော်တောင်ပိုင်း(SSA(s)) အဖွဲ့တို့နှင့် သဘောတူလက်မှတ်ရေးထိုးကာ ဇန်န၀ါရီလ(၆)ရက်နေ့ တွင် (CNF) ချင်းအမျိုးသားတပ်ဦးနှင့် သဘောတူလက်မှတ်ရေးထိုးခဲ့ပါသည်။
 (ALP) ရခိုင်လွတ်မြောက်ရေးပါတီအား ဇန်န၀ါရီလ ၊ (၂၃)ရက်နေ့တွင် အစိုးရဘက်မှ ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းခဲ့ပြီး ရခိုင်လွတ်မြောက်ရေးပါတီဘက်မှလည်း ကြိုဆိုကြောင်းနှင့် မကြာခင်ငြိမ်းချမ်းရေး အကြောင်းပြန်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ PNLO(ပအို့ဝ်အမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ်)သည်လည်း အစိုးရနှင့်ဆွေးနွေးရန် အဖွဲ့ဝင်(၅)ဦးပါဝင်သော ငြိမ်းချမ်းရေးအဖွဲ့ကို ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း ဥက္ကဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာမှ အတိအလင်းပြောကြားခဲ့ပြီး နိုင်ငံတော်သမ္မတ၏ ကိုယ်စားလှယ် ရထားဝန်ကြီး ဦးအောင်မင်းနှင့် ဖေဖော်ဝါရီလထဲတွင် ဆွေးနွေးနိုင်ရန် ပြင်ဆင်နေပြီဖြစ်ပါသည်။ နိုင်ငံတော် အစိုးရအနေဖြင့် ငြိမ်းချမ်းရေးရယူနိုင်ခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၁)ဖွဲ့လုံးနှင့် ထိတွေ့ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီး အဖွဲ့(၆)ဖွဲ့နှင့် အခြေခံသဘောတူညီမှုများကို လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့ ပါသည်။
ကျန်အဖွဲ့(၅)ဖွဲ့နှင့်လည်း ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်ကာ သဘောတူလက်မှတ်ရေးထိုးမှုများ ပြုလုပ်နေချိန်တွင် ကျွန်တော်တို့ ကချင်ဒေသခံပြည်သူများအတွက် ကချင်ပြည်နယ်အားကိုယ်စားပြုကာ တိုက်ပွဲ ၀င်နေသည်ဟု ကြွေးကြော်နေသော KIA အဖွဲ့အနေဖြင့် ဒေသခံပြည်သူလူထုများ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှု ရပ်စဲဆုတ်ယုတ်နေသည်များအား
Readmore »

လုပ်တာမဟုတ်နဲ့  မဟုတ်တာတွေလုပ်တဲ့ ဟိုလူတစ်စု(ပေးစာ)

ပြည်သူ့ထံသို့ပေးပို့သော သ၀ဏ်လွှာ
ကြောငြာချက်အမှတ်(၁/၂၀၁၂)


          ပြည်သူလူထုအပေါင်းတို့ခင်ဗျား-
          ယနေ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေးနှင့် အတိုက်အခံအင်အားစုတို့၏ စိန်ခေါ်မှုများကို ကျွန်တော်တို့မှ အောက်ပါအတိုင်း ရှုမြင်ပါသည်။
          ဒီမိုကရေစီအသွင်ကူးပြောင်းရေး တပ်မတော်အစိုးရမှသည် ဒီမိုကရေစီကူးပြောင်းရေးသို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှ အခြေခံဥပေဒေပေါ်ပေါက်ရေး အမျိုးသားညီလာခံတစ်ရပ် ခေါ်ယူကျင်းပကာ လမ်းပြမြေပုံ(၇)ရပ် အကောင်အထည်ဖော်၍ (၂၀၁၀)ရွေးကောက်ပွဲခေါ်ယူကျင်းပပြီးသည့်နောက် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးများကို အရှိန်အဟုန်မြှင့်ကာ နှစ်ပေါင်း(၆၀)ကျော် သမိုင်းတစ်ခေတ်ကို ကူးပြောင်းစေခဲ့ပါသည်။ သို့သော် အသွင်ကူးပြောင်းရေးမူအရ အတိုက်အခံအင်အားစုအဖြစ် NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် (၂၀၁၂)ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါတီထူထောင်ခွင့်လျှောက် ထား၍ လစ်လပ်သော (၄၈)နေရာတွင် ပါဝင်ယှဉ်ပြိုင်ရန် ပါတီစည်းရုံးရေးများ၊ မဲဆွယ်ရေးများတို့ကို လမ်းပေါ်ထွက် နိုင်ငံရေးအသွင်သဏ္ဍာန်ဖြင့် စိန်ခေါ်ပွဲစတင်နေကြောင်း တွေ့ရှိရပါသည်။ အသွင်ကူးပြောင်း ရေးသည် ပြည်သူ့လွှတ်တော်၌ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးမဏ္ဍိုင် (၃)ရပ်အပေါ် NLD ၏ လွှတ်တော်အတွင်းဝင်ရောက်ရေးတွင် စိန်ခေါ်မှုများဖြစ်ပေါ်လာနိုင်မည်ဟု သုံးသပ်ရပါသည်။
၁။       ရင်ကြားစေ့ရေးလမ်းစဉ်
        NLD ပါတီ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီးတို့တွေ့ဆုံခြင်းသည် ပြည်သူများ၏ရင်တွင်း၌ မဖြစ်နိုင်သော အသွင်တစ်ခုအား ဖြစ်ပေါ်လာခဲ့သဖြင့် အထူးအံ့သြတုန်လှုပ်ခဲ့ကြပါသည်။ တွေ့ဆုံဆွေးနွေး ရေးအသွင်တစ်ရပ်အား ဦးသိန်းစိန် အစိုးရလက်ထက် NLD ၏ တောင်းဆိုချက်များအား ဖြည့်ဆည်းပေးခဲ့ သည့်အတွက် နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။ နိုင်ငံတကာမှ ပိတ်ဆို့မှုများ ပြန်လည်ရုပ်သိမ်းသွားစေရန် သမ္မတကြီးနှင့် လွှတ်တော်နှစ်ရပ်မှ ကြိုးပမ်းဆောင်ရွက်ခဲ့သည်။
Readmore »

ဒေါ်လေးရဲ့ကိုယ်ရံတော်ကြီးက လူချစ်လူခင်ပေါများ


အန်တီ့ လုံခြုံရေးကိုတာဝန်ယူထားတဲ့ အဲဒီအမည်မသိ
ပုဂိုလ်အနေနဲ့အပြောအဆိုရင့်သီးတာကို မဆင်ခြင်ရင်
တော့ နောက်ကြိမ်တွေ့တဲ့အခါ ပါးစပ် ထဲက သွားတွေ
ကျွတ်ထွက်အောင်ဖြတ်ရိုက်ပစ်ဖို့ဆုံးဖြတ်ထားတယ်လို့
မိတ်ဆွေဂျာနယ်လစ်တစ်ယောက်ကပြောပါတယ်။

"လူပုံကအရက်သမားပုံ၊ရုပ်ကမြေသပိတ်ကို မီးဖုတ်ပြီး
ကတ္တရာ သုတ်ထားတဲ့ ရုပ်နဲ့ဗျာ။ စကား .. ပြောတာက
ရင့်ရင့်သီးသီးရိုင်းရိုင်းစိုင်းစိုင်းပြောတယ်။ပြီးတော့အကျိုး
အကြောင်း ကောင်းကောင်း မွန်မွန် ပြန်ပြောပြတဲ့လူကို
မိုက်ကြည့် ကြည့်နေ သေးတယ်။ လုပ်လိုက် ရင်လည်း
တစ်ချက်စာတောင်မရှိဘူး။ အသက်ကြီးပြီးအပြောအဆို
အဆင့်အတန်းမရှိတဲ့လူပဲ။ နောက်တစ်ကြိမ်အဲဒီလိုကြုံရင်
တော့စောက်ခွက်ကိုဖြတ်ရိုက်ပစ်ခဲ့ဦးမယ်" လို့သူကဆက်
ပြောသွားပါတယ်။
Readmore »

Feb 17, 2012

ကျား ကျားမီးယပ် (ခေါ်) စစ်တပ်မလိုလားသူများ၏ ရောဂါ

၁။     အမိန့်နာခံအောင် စနစ်တကျ လေ့ကျင့်ထားတဲ့ စစ်တပ်ကို မင်းတို့အမိန့်ကိုစိစစ်လက်ခံပါ။ ပြည်သူ့အတွက် အကျိုးရှိမှလုပ်၊ မရှိရင်မလုပ်ရဘူး။ လုပ်ရင် ပြည်သူ့စစ်တပ် မဟုတ်ဘူး။ မချစ်တော့ဘူး မုန်းလိုက်မှာဆိုတော့ အော်၍ အော်၍သာ ငိုချင်းချလိုက်ချင်တော့သည်။ အင်း. . .ဒီမိုခေတ်ဆိုတော့ စစ်တပ်လည်း ဒီမိုတပ်ပဲ ဖြစ်ရတော့မပေါ့။

၂။       ခက်တာက တစ်ခုနှင့်တစ်ခု လားလားမှမဆိုင် ဖီလာဆန့်ကျင်ဘက်ဖြစ်နေတာပင်။ စစ်တပ်က အမိန့်နာခံမှ စစ်တိုက်လို့ရသည်။ ဒီမိုက ပြည်သူ့အတွက်အဓိက ပြည်သူ့အတွက်မဟုတ်သော အမိန့်ဟူသမျှ ဖီဆန်ကျ။ ဂွက ကျကျလှသည်။ အဲဒီတော့ ဘယ်လိုလုပ်မလဲ။ အဖြေကရှင်းရှင်းလေးပါ။ အစိုးရအဖွဲ့က စစ်တပ်ကို ပြည်သူ့အတွက် အကျိုးမရှိသော အမိန့်များ မထုတ်ရန်လုပ်။ထုတ်ရင် လွှတ်တော်က ဥပဒေပြု၍ ပယ်ဖျက်၊ အကျိုးရှိတာကို ဥပဒေပြု၍ အစိုးရကိုလုပ်ခိုင်း၊ မလုပ်ရင် တရားစီရင်ရေးက အရေးယူ၊ ကဲ  ဘယ်လောက်တောင် ရှင်းလိုက်တဲ့ အဖြစ်ပါလဲ။ ဒါပေမယ့် မဆီမဆိုင် လက်ပံသားဓားနဲ့ချိုင်ဆိုသလို အထက်ကပေးလာတဲ့အမိန့်ကို မင်းတို့စိစစ်ပြီးမှ လုပ်ဆိုတော့ (နားနဲ့မနာ ဖ၀ါးနဲ့နာပါခင်ဗျား) ခတောင်းကျိုက်ကတခြား ဟိုဟာကတခြားဖြစ်နေတော့သည်။

၃။       အမိန့်ကို စိစစ်နာခံရမည်ဆိုသူများအတွက် ကျွန်တော်လည်း မေးခွန်းလေးတွေနဲနဲမေးချင်ပါသည်။ ခင်ဗျားတို့ကော ဘာအလုပ်လုပ်ပါသလဲ? ခင်ဗျားတို့အလုပ်ထဲမှာ ခင်ဗျားရလာတဲ့ အမိန့်တွေကကော အမြဲတမ်း အမှားနဲ့အမှန်၊ အဖြူနဲ့အမည်း ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ကွဲပြားပါသလား။
Readmore »

Feb 16, 2012

ချစ်သူများနေ့အလွန် ဆိုးကျိုးတွေလာပါပြီ

ချစ်သူများ နေ့ လေး ကပြီး ဆုံး သွား ပေမယ့်၊သူငယ်ချင်းတို့ ကို ပြောပြချင်ပါတယ်...

ချစ်သူများ နေ့ မှာ ချစ်သူစုံတွဲ များ ဟာ ပျော်ပျော်ရွှင် နဲ့  ကြည်နူးခဲ့ တာလေး တွေတော ၇ှိကြမှာပေါ့ 

ချစ်သူတိုင်း ချစ်သူများနေ့ မှာပျော်ရွှင်နိုင်ကြပါစေလို့  ဆုတောင်းသံလေးတွေလည်း

အင်တာနတ်စာမျတ်နှာပေါ်မှာ အပြည့် ပါပဲလေ။ချစ်သူများနေ့ မှာပျော်ရွှင်စရာလတ်ဆောင်လေးတွေပေးမယ်

ချော ကလပ်တွေကျွေးမယ်၊ချစ်သူရည်းစားမရှိတဲ့ သူတွေကတော့  လိုင်းပေါ်က သူငယ်ချင်း

ညီကိုမောင်နှမတွေကို ချောကလပ်တွေကျွေး လတ်ဆောင်တွေ ပေကြပါတယ်။ပျော်ရွှင်စရာလေးတွေပ

အဲလို ပျော်ရွှင်မှုတွေကို အကျည်တန်၊အရုပ်ဆိုးအောင်ဖန်တီး နေတဲ့ သူတွေရှိပါတယ်။


လူကြားမေ၇ှာင် လူမြင်ကွင်းမရှောင် ချစ်နေကြတာလေ....အော် လူမြင်ကွင်းမှာလဲ

မချစ်ပါဘူး လူကွယ်ရာမှာပဲ ချစ်တယ် ဆိုတဲ သူတွေလဲ ရှိပါတယ်၊

ဒီနေ့ ည သူငယ်ချင်းတစ်ယောတ်နဲ့ကျွန်တော် ချတ်တင်ထိုင်ရင်းနဲ့ သူငယ်ချင်းတစ်ယောတ်က

ကျွန်တော်ကို ပုံလေးတွေပြပါတယ်။ချစ်သူများနေ့ အမှတ်တရပုံလေးတွေတဲ့ လေ။ကျွန်တော် ကြည့် ကြည့် တော့ 

ချစ်သူနှစ်ယောတ်၊ချစ်ရည်လူနေတာတွေရပါတယ် ။ပန်ခြံလိုနေရာမျိုးမှာ ဖြစ်နေတာလို သူငယ်ချင်း

ကပြောပြတယ်လေ..ပြီးတော့ ပြောသေးတယ် သူပြတဲ့ ပုံတွေကို အင်တာနတ်ပေါ်တင်မယ်တဲ့ လေ..

ချစ်သူစုံတွဲတွေ ချစ်သူများနေ့ မှ ဒီလို တွေ မလုပ်ကြဖို့ ၊ဒီလိုတွေဖြစ်နေကြရင် မြန်မာ ယဉ်ကျေး မှုတွေ

ပပျောတ်ကုန်မယ်ပေါ့  အသိပညာပေးတဲ့ စာလေးတွေ ရေး ပြီး ပုံ နဲ့ တကွ တင်မယ်လို့ သူကပြောပါတယ်။

သူရဲ စေတနာ ကို ကျွန်တော်အသိအမှတ်ပြုပေးပါတယ် ၊အပုံတွေ အင်တာနတ်ပေါ်တင်တာကိုတော့ 

ကျွန်တော် တားခဲ့ ပါတယ်၊တော်တော်လေးလဲ တား ယူခဲ့ ရပါတယ်၊။အမေတွေမောင်နှမတွေနဲ့ ယှဉ်ပြီး ပြောမှပဲ

မတင်ပါဘူးဆိုတဲ့ ကတိကို ရရှိခဲ့ ပါတယ်။။ 
 
 နောတ်သူငယ်ချင်းတစ်ယောတ်ကျတော့ တမျိုး ဗျာ

သူက ဟိုတယ်မန်နေဂျာ..ချတ်တင်ထိုင်နေရင်းနဲ့  သူကို မင်းအခု ဘာလုပ်နေလဲလို့  ကျွန်တော်မေးကြည့် တော့ 

သူပြန်ဖြေတာက နေ့လယ်ကချစ်သူလေးတွေ ဟိုတယ်တတ်ပြီး ကြည်နူးနေတာတွေကို

ငါကပြန်ကြည်နူးပေးနေတာတဲ။။ကျွန်တော်လဲ မရှင်းလို ပြန်မေးကြည့် တာပေါ့ ....သူပြောပြတာတွေက နေ့ လယ်က

ချစ်သူစုံတွဲတွေလာရင် (ခတ်မိုတ်မိုတ် စုံတွဲတွေ ၊ချောတဲ့ ကောင်မလေးတွေပါတဲ့ စုံတွဲတွေ)ပေးတဲ့ အခန်းက

ကင်မရာတတ်ပြီးသား အခန်ကိုပေးတယ်တဲ့ ၊၊။
Readmore »

စိုင်းစိုင်း ၊စန္ဒီနှင့် ယုန်လေး တို့ဆွဲဖွင့်လိုက်သောယဉ်ကျေးမှူတံခါးများ

မြန်မာဟစ်ဟော့ဂီတလောကတွင် စိုင်းစိုင်းခမ်းလှိုင်နှင့်ယုန်လေးတို့ ၏ အနုပညာများကို
လူငယ်များသာမက လူလတ်ပိုင်းများပါ အရူးအမူး စွဲလန်းကြသည်။လူငယ်တို့ ၏ စံ အဖြစ်ပင်
သတ်မှတ်လောက်အောင် ချွန်ထွက်သော အနုပညာရှင်များ ဖြစ်လာကြပါသည်။
သို့သော် ပွင့်လင်းမြင်သာမှူနှင့် ယခင်အစိုးရ၏ ပိတ်ပင်မှူတို့ကို ရုတ်တရက်ဖွင့်ချလာသောအခါ
စပိန်ရိန်တစ်ခုကို ဖိထားသည်မှ ရုတ်တရက် လွှတ်လိုက်ကဲ့သို့ ဗြုန်းခနဲ ခုန်ထွက်လာကြပါသည်။
ဤသို့လူငယ်များ၏ စံ အနုပညာရှင်များ၏ အပြုအမူသည် လူငယ်ပတ်ဝန်းကျင်ကို လွှမ်းမိုးမူရှိ
ခြင်းကြောင့် အနုပညာ၏ အစွမ်းကို အလွယ်သုံးစား လုပ်၍ မရပါ...။
ယခု အခါ အနုပညာသမားများ၏ ပြည်သူကိုထုတ်ပြသော ဝတ်စားဆင်ယင်မူများကလည်း မြန်
မာ မျက်စိဖြင့် မသင့်တော်သော ဒီဇိုင်းများဝတ်ဆင်ခြင်းနှင့်လွှမ်းမိုးလာကြပါသည်..။
မော်ဒယ်များ၏ SEXY ပုံများ ဗီဒီယိုများသည် အင်တာနက်စာမျက်နှာနှင့် +18 ဟုခေါ်သော ကာမဆိုင်ရာ အပြာဆိုဒ်များတွင် ထိုသို့ဝတ်ဆင်သော အနုပညာရှင်များ၏ ပုံများက နေရာပြည့်လျှက်ရှိသည်။အချို့မော်ဒယ်များကလည်း တမင်ပင် ထိုသို့ဝတ်ဆင်ကာ ဓါတ်ပုံအရိုက်ခံသည်။ စပွန်ဆာ ရှာသည်ဟုပင် တွယ်ကျင်လာသည် ။

မြန်မာလူငယ်များအနေဖြင့် ဒီမိုကရေစီသဘောတရားကို နားမလည်ကြသေးပဲ ဒီမိုကရေစီရသည်ဆိုသည်မှာ မိမိလုပ်ချင်တာကို လုပ်လို့ရသည်..။တရားဥပဒေနှင့်ညှိစွန်းမှသာ 
အရေးယူထောင်ချခြင်းခံရမည်.။သို့မဟုတ်ပါက မိမိနေချင်သလိုနေ လုပ်ချင်သလိုလုပ်၍ ရခြင်းကို ဒီမိုကရေစီဟုခေါ်သည် ဟု သတ်မှတ်နေသည်မှာ လွန်စွာ သနားဖွယ်ကောင်းလှသည်။ မြန်မာလူမှူပတ်ဝန်းကျင်တွင် ချစ်သူချင်း Kissing နှုတ်ခမ်းခြင်းတေ့စုပ်နမ်းခြင်းကို ဗြောင်ပြူလုပ်လာသည်.။
Readmore »


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ