Feb 16, 2012

တရုတ်မှ တင်သွင်းသော စားသောက်ကုန်များအား စီစစ်ရန်လိုအပ်နေ



တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ စားသုံးသူများ နားလည်သည့် ဘာသာရပ်မဟုတ်သော အညွှန်းကိန်းများဖြင့် ပစ္စည်းတင်သွင်းမှုများ ရှိနေသောကြောင့် စနစ်တကျ စိစစ်နိုင်ရန် လိုအပ်နေပါသည်။
အထူးသဖြင့် စားသောက်ကုန်များ၌ ရက်လွန်မည့် expire date ကိုပင် ဖော်ပြထားခြင်း မရှိသောကြောင့် ပြည်တွင်းသို့ ၀င်ရောက်လာသော ပစ္စည်းများအား စိစစ်တင်သွင်းမှုများ ပြုလုပ်နိုင်ရန် Labeling Law ပြဋ္ဌာန်းရန် လိုအပ်နေကြောင်းလည်း မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်း ဥက္ကဋ္ဌဦးဇော်မင်းဝင်းက ပြောကြားခဲ့သည်။
 “လက်ရှိမှာ ကျွန်တော်တို့နိုင်ငံကို တရုတ်ကတင်သွင်းလာတဲ့ ပစ္စည်းတွေမှာ သုံးစွဲရမယ့် အညွှန်းတွေကို တရုတ်လိုပဲ ရေးထားတယ်။ ကျွန်တော်တို့ နားမလည်ဘူး။ ကျွန်တော်တို့လည်း မဖတ်တတ်ဘူး။ စားသုံးသူ အများစုကလည်း နားလည်မှာ မဟုတ်ဘူး။ ဒါတွေကို စိစစ်တင်သွင်းနိုင်ဖို့ လိုအပ်နေပါတယ်” ဟုလည်း ဦးဇော်မင်းဝင်းက ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ တာဝန်ရှိသူတစ်ဦးက "ရောင်းဝယ်ရေးမှာ အဓိက ကျန်းမာရေးအတွက် စားသောက်ကုန်နဲ့ ဆေးဝါးတင်သွင်းမှုက အရမ်း အရေးကြီးပါတယ်။ မကြာခင်မှာ စားသုံးသူကာကွယ်ရေး ဥပဒေ (Consumer Law) ပြဋ္ဌာန်းတော့မယ်။ စားသုံးသူအတွက် အကာအကွယ်ပေးတဲ့ ဥပဒေဖြစ်ပါတယ်။ မူကြမ်း ရေးဆွဲပြီးနေပါပြီ။ ကျွန်တော် ထင်တယ်။ ဒီနှစ်ထဲမှာ ဥပဒေထွက်နိုင်မယ်လို့လေ။ ဒီဥပဒေထွက်လာရင် ထုတ်လုပ်သူ၊ ဖြန့်ဖြူးသူ၊ ရောင်းချသူလည်းရင်ဆိုင်ရမယ်။ စားသုံးသူ ဘက်ကလည်း လိုက်နာရမယ့် ကျင့်ဝတ်တွေရှိတယ်။ စားသုံးသူက မှန်မှန်ကန်ကန် သုံးစွဲဖို့လိုတယ်။ ပစ္စည်းမှာပါတဲ့ အညွှန်းအတိုင်း သေသေချာချာ ဖတ်ပြီးသုံးစွဲရမယ်။ တံဆိပ်တွေလည်း အရေးကြီးပါတယ်။ ဒီဥပဒေကို စီးပွားကူးသန်းက ဦးဆောင်ပြီးတော့ ပြည်သူတွေသိရှိအောင် ဆောင်ရွက်ရမယ်” ဟုလည်း ပြောကြားခဲ့သည်။
Readmore »

ပြည်တော်ပြန်မည့် ABSDF ဖောက်ခွဲရေးသမားဟောင်းတို့ အတွက်

Readmore »

Feb 15, 2012

အမေစု သိစေချင်သည့် ဗိုလ်ချုပ်၏အဓိပ္ပာယ်

         
``ဖေဖော်ဝါရီ (၁၃)မှာ ဗိုလ်ချုပ်မွေးနေ့ပါ``ဆိုတဲ့ ကဗျာစာသားလေးအတိုင်းပါပဲ၊ ဗိုလ်ချုပ်မွေးနေ့မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ကူးရေးရုံးခန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်ခဲ့တာ အလွန်ကောင်းတဲ့ အစီအစဉ် တစ်ရပ်ပါပဲ။ စစ်အစိုးရအနေနဲ့နှစ်ပေါင်း (၂၀)ကျော်  ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကြောင်းကို Fade out လုပ် ထားခဲ့ရာမှဒီကနေ့ ပြည်သူ့အစိုးရလက်ထက်မှာ ပြန်လည်ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ သမိုင်းအတွက် ၀မ်းမြောက်ဖွယ်သတင်းလဲဖြစ်ပါတယ်။

 မြန်မာနိုင်ငံသားတိုင်းကလဲ အနိမ့်ဆုံးအဆင့် မြန်မာနိုင်ငံကိုလာတဲ့ ဧည့်သည်တော်တိုင်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂူဗိမာန်ကို ဂါရ၀ပြုတာမျိုးမြင်တွေ့လိုကြပါတယ်။ ခုလိုမျိုး ကမ္ဘာကျော်မဲ့ အဖြစ်မှန် ရုပ်ရှင်ရိုက်မှာမျိုးဆိုတော့ အတိုင်း ထက်အလွန် သဘောကျမိပါတယ်။



အခမ်းအနားကိုအစီအစဉ်(၇)ခုနဲ့ ကျင်းပရာမှာအစီအစဉ်(၆)အရ 
အမေစု ရဲ့နိဂုံးချုပ်စကားဖြစ်ပါတယ်။ အမေစု ပြောတာတွေကောင်းပါတယ်။ အဓိက အနေနဲ့ ဒီရုပ်ရှင်ကားဟာ သမိုင်းကို မှန်မှန်ကန်ကန် သရုပ်ဖော်နိုင်တဲ့ မှတ်တမ်းကောင်း တစ်ခုဖြစ်စေချင် ကြောင်းအမေစုပြောပါတယ်။ ဒါဟာလဲ အကောင်းဆုံးပါ ပဲ။ နောက်ဆက်ပြီး အမေစုပြောတာရှိပါတယ်။ ဗိုလ်ဆိုတဲ့ အဓိပ္ပာယ်ဟာ ပြည်သူဆိုတဲ့အင်အား ဖြစ်ပါကြောင်း၊ 

ဗိုလ်ချုပ်အောင်ဆန်းကို ပြည်သူများက ဗိုလ်ချုပ်လို့ ခေါ်ရခြင်းမှာ တပ်မတော်အရာရှိမို့လို့ မဟုတ်ဘဲ ပြည်သူကိုအင်အားတွေပေးဖို့ ခေါ်ဆိုခြင်းဖြစ်ကြောင်းအမေစုပြောခဲ့ပါတယ်။

 အမေစုရေ…
Readmore »

မိုးသီးဇွန် တသက်လုံးဖုံးထားတဲ့ အမှူတမှူပေါ်ပြန်ပြီ

ပြည်သူ၊ရဲဘော်၊မိတ်ဆွေများခင်ဗျား
မိုးသီးဇွန်ဆီမှ အီးမေးတစောင်၊ လျှို့ဝှက်စွာ တွဲပြီးပို့ခဲ့ပါတယ်။
အီးမေးထဲမှာ “ ကျနော့ရဲ့အခြေအမြစ်မရှိတဲ့ တိုက်ခိုက်မှုတွေကို အခုလိုအရေးကြီးကာလမှာ
ဖြေရှင်းစရာမလိုဘူး။ ဋ္ဌေးနိုင်ကိုသူမသတ်ဘူးလို့ရေးထားပါတယ်။”

ဒီကိစ္စနှင့်ပတ်သက်လို့ ဋ္ဌေးနိုင်ကိုမိုးသီးသတ်သလားမသတ်ဘူးလားဆိုတာ ကို
အများက ဆုံးဖြတ်ပါ။ ကျနော်သိသလောက်ရှင်းလင်းတင်ပြပါ့မယ်။
ဋ္ဌေးနိုင် ဟာ ၁၉၈၈ ရန်ကုန်တက္ကသိုလ်ကျောင်းသားတယောက်ပါ။
၁၉၈၈ မှာ ကျနော် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ကို တည်ထောင်တဲ့အခါ
ဋ္ဌေးနိုင်ဟာ ကျနော့ရဲ့လက်အောက်ဖြစ်တဲ့ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ ဒေသကောလိပ် (၂) ရဲ့
သမဂ္ဂတာဝန်ခံတယောက်ဖြစ်ပါတယ်။
ကျနော့ရဲ့အချစ်ဆုံးသူငယ်ချင်းလည်းဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီး ၁၉၈၈ နယ်စပ်ကိုရောက်တော့ သေဘောဘိုး စခန်းကိုရောက်ပါတယ်။
အဲ့ဒီအချိန်ဟာ ABSDF ပထမသက်တန်း ကျနော်အထွေထွေအတွင်းရေးမှူး ( အေဘီ ဗဟို) မှာ
တာဝန်ထမ်းဆောင်နေတဲ့ ကာလဖြစ်ပါတယ်။
ဒီလိုနဲ့ နှစ်လ သုံးလ အကြာမှာ ဋ္ဌေးနိုင်ဟာ ကျနော်နဲ့အတူနေဖို့ အေဘီ ဗဟို ကိုရောက်လာပြီး၊
ကျနော့နားမှာနေခဲ့ပါတယ်။
ABSDF နှစ်ခြမ်းကွဲတော့
ကျနော် ၊ ကိုကိုဦး၊ မိုးသီး ဦးဆောင်တဲ့ဘက်ကိုရပ်ခဲ့ပြီး မိုးသီးဥက္ကဋ္ဌ ဖြစ်ပါတယ်။
ကိုကိုဦး က အထွေထွေအတွင်းရေးမှူး၊ ကျနော် က EC ပါ။
မိုးသီး က ဋ္ဌေးနိုင်ကို ဗဟိုစစ်ရေးတာဝန်ခံပေးအပ်ခဲ့ပါတယ်။
ဒီလိုနဲ့ ကိုကိုဦးနဲ့ကျနော် တောင်ပိုင်းမှာတာဝန်ထမ်းဆောင်နေတဲ့အချိန်
ဋ္ဌေးနိုင်ကို မိုးသီး ကဖမ်းလိုက်ပါတယ်။
ဒီအချိန်မှာ နုငိအောင်ဘက်မှာ ကိုနေဝင်းအောင် နှင့် ကိုစိုးလင်း ( မြောက်ပိုင်း ABSDF) ကို သူလျှိုမှုနှင့်ဖမ်းဆီးပြီး မြေကျင်းမှာ
ထည့်ထားခဲ့တယ်။ ( တလအကြာမှာ ဋ္ဌေးနိုင်အဖမ်းခံရတယ်ဖြစ်ပါတယ်)။

ကျနော်နှင့် ကိုကိုဦးက မိုးသီးဆီကိုစက်ရိုက်ပြီး၊ ဘာကြောင့် ဋ္ဌေးနိုင် ကို
ဖမ်းရတာလဲ လို့လှမ်းမေးပါတယ်။
မိုးသီး က နိုင်အောင်တို့ဘက်မှ ကိုနေဝင်းအောင်နှင့် ကိုစိုးလင်း ကို စစ်ဆေးတဲ့အခါ သူတို့က မိုးသီးဘက်ကဋ္ဌေးနိုင်ဟာ
လည်း သူတို့နဲ့အတူတူပါပဲလို့ထွက်ဆိုလို့ ဖမ်းဆီးလိုက်ရတယ် လို့ဖြေရှင်းပါတယ်။

ကျနော်က ပြင်းပြင်းထန်ထန်ကန့်ကွက် ငြင်းချက်ထုတ်ခဲ့ပါတယ်။
ဋ္ဌေးနိုင်ဟာ သူလျှိုလုံးဝမဟုတ်ဘူး။
ငါနဲ့အတူတူလုပ်ခဲ့တာ။ လွှတ်ပေးပါ။
ငါအာမခံတယ်။
ဋ္ဌေးနိုင်နဲ့ပတ်သက်လို့ငါတာဝန်ယူတယ်လို့
စက်သွယ်ရေးစက်မှတဆင့်ပို့ပေးခဲ့ပါတယ်။

ဒါပေမဲ့ မိုးသီး ဟာ ကျနော့်တောင်းဆိုချက်ကို ဂရုမစိုက်ပဲ ဖမ်းမြဲဖမ်းထားပါတယ်။
ကျနော် ကိုကိုဦး ကို မေးတော့လည်း ဋ္ဌေးနိုင်ဟာ သူလျှိုလုံးဝမဖြစ်နိုင်ဘူး။

နောက်ပြီး နိုင်အောင့် ဘက်ကပေးတဲ့သတင်းနဲ့ဖမ်းတယ် ဆိုတာ
အခြေအမြစ်မရှိဘူး လို့ သူ့စဉ်းစားချက်ကိုပြောပြီး၊
Readmore »

Feb 14, 2012

ဂျင်းဘောင်းဘီ ခါးအောက် လျောကျဝတ်ဆင်ခြင်း၏ ဇစ်မြစ်

ဂျင်းဘောင်းဘီ ခါးအောက်ချ ဝတ်ဆင်ခြင်းရဲ့ ယဉ်ကျေးမှု ဇစ်မြစ်မှာ အမေရိကန် နိုင်ငံမှ စတင်ခြင်း ဖြစ်သည်။ 
တိတိကျကျညွန်းဆိုရသော် အမေရိကန်နိုင်ငံရှိ ထောင်များမှ အကျဉ်းသားတို့ စတင်ဝတ် ဆင်ခြင်း ဖြစ်သည်။ ယင်းသို့ ဝတ်ဆင်ခြင်းမှာ အဓိပ္ပါယ်တစ်မျိုးရှိသည်။ 

အမျိုးသားချည်းသက်သက်ဖမ်းဆီးထားသော အကျဉ်းထောင်များတွင် တစ်ဦးနှင့်တစ်ဦး အပျော်တမ်း ဖော်ချွတ် ဆက်ဆံလိုသူများ (အများအားဖြင့် Gayများ) သည် ဂျင်းဘောင်းဘီကို တင်ပေါ်တင်ရုံမျှသာ ဝတ်ဆင်ပါသည်။
 ယင်းသို့ဝတ်ဆင်မှုအား အကျဉ်းထောင်လုံခြုံရေးရဲများမှလွဲ၍ အခြား တွေ့မြင်သူ အကျဉ်းသားများမှာလည်း သဘောပေါက်ပြီး အပြန်အလန်သိရှိကြသည်။
 ထို့နောက် လူမသိ သူမသိတွေ့ဆုံမှုများပြုလုပ်ကာ မတင့်သော်သော အမူကိစ္စတို့ကို ပြုလုပ်ပါသည်။ 

 ဘောင်းဘီတင်ပါးလျော ဝတ်ဆင်ခြင်းမှာ my butt available to be penetrated by other inmates ဟူသော အဓိပ္ပါယ်ရကြောင်း သိရသည်။ ယနေ့ခေတ်အချိန်ခါ ဂျင်းဘောင်းဘီ ခါးအောက်လျာကျဝတ်ဆင်သူ လူငယ် အမျိုးသမီး၊အမျိုးသားတို့အား ဗဟုသုတရရှိရန် ရည်ရွယ်ပါသည်။
Readmore »

ဝမ်းသာ ဝမ်းနည်းမိပါသည် ဟိုအန်တီ

su kyi_1_
Readmore »

အရှင် ဂမ္ဘီရ အတွက် စကားလက်ဆောင်(ပေးစာ)

gan b ya1 (1)
Readmore »

Feb 13, 2012

ABSDF ကျောင်းသားတပ်ဖွဲ့ဝင်များသို့(ပေးစာ)


ယခုရက်ပိုင်း၌ ABSDF ကျောင်းသားတပ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အဖွဲ့ဝင်ဟောင်းတစ်ချို့ မြန်မာပြည်သို့ ပြန်လည်ဝင်ရောက်လာမည်ဆိုသော သတင်းအား အင်တာနက်မှတစ်ဆင့် ဖတ်ရှုခဲ့ရတယ်။
ABSDF ကျောင်းသားတပ်မှာ အတွင်းရေးမှူးတာဝန်ယူခဲ့တဲ့ အောင်သူငြိမ်းနှင့် အဖွဲ့ဝင်အောင်နိုင်ဦး၊ ဇော်မင်းဦးတို့ ဖေဖော်ဝါရီလ ပထမပတ်ထဲမှာ မြန်မာနိုင်ငံကို လာရောက်ကြမယ်လို့ သိရတယ်။
ဒါကို ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင်တွေက နိုင်ငံတော်အနေနဲ့ အရေးယူခြင်းပြု/မပြု တိကျစွာ ထုတ်ပြန်ကြေညာဖို့ ပြည်ပသို့ရောက်ရှိနေတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူအားလုံး လွတ်လပ်စွာ ပြည်တွင်း သို့ဝင်ရောက်နေထိုင်ခွင့်ရရှိဖို့ နိုင်ငံတော်သမ္မတထံ ဖေဖော်ဝါရီလ ရက်နေ့မှာ တင်ပြတောင်းဆို ပေးကြဦး မယ်တဲ့။
သူတို့တွေခွင့်ပြုပေမယ့် ABSDF ကျောင်းသားတပ်ကအဖွဲ့တွေကို မောင်နာကျင်အနေနဲ့ ပြည်ဝင်ခွင့် မပေးနိုင်ပါဘူးလို့ ရဲရဲသာပြောလိုက်ချင်ပါတယ်။
ဒီကောင်တွေ ပြည်ပမှာ ဒေါ်လာစားပြီး ဖော်လန်ဖားလုပ်နေတဲ့ ကောင်တွေလေ။ ၀လို့ ဖီးလို့၊ သန့်လို့၊ ပြန့်လို့ အဆီတ၀င်းဝင်းမျာနှာတွေနဲ့ ဘာတွေများလုပ်ကွက်ရှာကြဦးမယ်မသိဘူး။
ဒင်းတို့ကတော့ ကြော့ကြော့မော့မော့နဲ့ အိမ်ကိုပြန်လာဖို့လုပ်နေကြသေးတယ်။
ကျွန်တော်တို့မှာတော့ လေးဖက်ထောက်ပြီးတော့ အိမ်ပေါ်ပြန်မတက်ရတာ ကံကောင်းတာဘဲဗျို့။ ဒါတင်ပဲလားဆိုတော့ သူတို့ရဲ့ လုပ်ရပ်တွေကို ကျွန်တော်ပြောပြချင်သေးတယ်။ သည်းခံပြီးနားထောင်၍ ၀ိုင်းစဉ်းစားပေးကြပါဦး။
ဒီကောင်တွေထွက်သွားတုန်းကလဲ လက်နက်ကိုင်ပြီး ဒီမိုကရေစီကို ရအောင်တိုက်ယူမယ်လို့ ကြုံးဝါးသွား ကြတယ်လေ။
အတွေးအမြင် သဘောထားမတူညီလို့ ဒီမိုကရေစီဆိုတာ လက်နက်ကိုင်ပြီး တိုက်ယူစရာမလိုဘူး၊ လူထုဆန္ဒနှင့်အညီ တောင်းယူဘို့၊ ကျွန်တော်တို့က ပြည်တွင်းမှာ ကျန်ခဲ့တာကို သတ္တိနည်းတယ်၊ သွေးကြောင်တယ်ဆိုပြီး အပြောခံခဲ့ရတာမှတ်မိသေးတယ်။
အမေကျော်ဒွေးတော်လွမ်းပြီး ပြည်ပရောက်တော့ ဘာတစ်ခုများကောင်းတာလုပ်ပြီး ပံ့ပိုးပေးခဲ့ဘူးလို့လဲ။
ဒီကောင်တွေဖော်ကောင်လုပ်လို့ ပြည်တွင်းကအဖွဲ့တွေ ဖမ်းဆီးစစ်ဆေးခံရပြီး ဒုက္ခရောက်တဲ့သူတွေလည်း အများကြီးပါပဲ။
ပြည်ပထွက်လို့ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်မယ်ဆိုပြီး ဖော်ခွဲဖျက်ဆီးရေးသင်တန်းတွေတက် ကိုယ့်နိုင်ငံက ပြည်သူတွေ မျက်ရည်ပေါက်ကြီးငယ်ကျပြီး ဒုက္ခရောက်စေတဲ့ ဖော်ခွဲဖျက်ဆီးမှုတွေလုပ် ဒါကို အဟုတ်ထင်နေကြတယ်လေ။
ပြည်သူလူထုတွေသွားလာလှုပ်ရှားနေတဲ့ ပန်းခြံ၊ဈေး၊မီးရထားဘူတာရုံ၊ ခရီးသည်တင်အဝေးပြေးကားဂိတ် တွေနဲ့ မီးရထားလမ်းတွေကို ဗုံးဖောက်ခွဲခဲ့လို့ ပြည်သူတွေသောက်သောက်လဲ သေခဲ့ကြတာကိုရော မိဘပြည်သူများ မှတ်မီကြသေးရဲ့လား။
နောက်ဆုံးမှာ လူမဆန်လိုက်ပုံများကတော့ မြန်မာတွေအထူးအမြတ်ထားတဲ့ တန်ခူးလရဲ့သင်္ကြန်ပွဲမှာ ရိုးရာဓလေ့နဲ့ ပြည်သူတွေပျော်ရွှင်စွာ ရေပက်ကစားနေတာကို ဖောက်ခွဲဖျက်ဆီးမှုနဲ့ အကျည်းတန် အောင်လုပ်ခဲ့တာ မင်းတို့ရဲ့ စနက်တွေကင်းသလားလို့ မေးလိုက်ချင်တယ်။
မင်းတို့ကြောင့် သားသေ/မယားသေပြီး မိတကွဲ/ဖတကွဲနဲ့ ပြည်သူတွေ သေကွဲကွဲမှ မင်းတို့တွေက ထမင်းဝပြီး ခါးလှတာမဟုတ်ဘူး။
နောက်ဆုံးဘယ်လောက်အထိလဲဆိုရင် လုပ်စရာမရှိလို့ ဈေးအိမ်သာကို ဗုံးဖောက်ခွဲပြီး ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေကြတာကတော့ ရွံစရာကောင်းလိုက်တာ။
ယခုနိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ သူများတွေလွတ်လာမှ မင်းတို့ကအမျှရချင်နေကြ သေးတယ်။
ငါတို့တွေက ပြည်သူတွေနဲ့ ဆန္ဒရဲ့ တကယ်ရခဲ့တာကွ၊ ဒါတောင်မှ ထိုက်သင့်တဲ့ရင်းနှီးမှုကို ပေးဆပ်ခဲ့ရ သေးတယ်။
မင်းတို့ကျောင်းသားတပ်ကကောင်တွေက ပြည်သူလူထုကို ဒုက္ခပင်လယ်ဝေအောင် နည်းအမျိုးမျိုးနဲ့ ဒုက္ခ ပေးခဲ့တဲ့အတွက် ဥပဒေရဲ့အဆုံးအမကို တ၀ကြီးခံစားရမှ ပြည်သူတွေက ကျေနပ်နိုင်မယ်လို့ ငါထင်တယ်။
မင်းတို့လုပ်ခဲ့တာတွေကို ပြည်သူလူထုကလဲ သိပါတယ်။
သက်သေပြစရာမကုန်အောင် အထောက်အထားတွေလည်း အများကြီးရှိတယ်။
ဥပဒေအရ အချိန်မရွေးတရားစွဲဆိုနိုင်တယ်ဆိုတာ မမေ့ပါနဲ့။
ဖြစ်ရပ်မှန်ကို ဖုံးကွယ်လို့မရတဲ့ ဒီမိုကရေစီခေတ်မှာ မင်းတို့ရဲ့ လုပ်ရပ်တွေအတွက် ထိုက်ထိုက်တန်တန် ပြန်ပြီးပေးဆပ်ရဦးမှာပါ။
မင်းတို့ကို ပြည်ဝင်ခွင့်ပြုရင် မြွေပွေးခါးပိုက် ပိုက်တာထက်ပိုဆိုးလိမ့်မယ်ဆိုတာ ပြည်သူတွေက သိနေကြ ပါတယ်။
မင်းတို့ရဲ့ အကြမ်းဖက်တဲ့လုပ်ရပ်တွေက သက်သေပြခဲ့တာပဲလေ။
မင်းတို့မို့လို့ မရှက်မကြောက်နဲ့ မြန်မာပြည်ကို ပြန်လာဖို့ လုပ်ရဲတယ်။
ဘယ်သူတွေဘာပြောပြော မယုံမရှိနဲ့သူငယ်ချင်း၊ မင်းတို့ကို ငါကိုယ်တိုင် ဓါးထမ်းပြီး လေဆိပ်က ကြိုနေမယ်။
၈၈ မျိုးဆက်အဖွဲ့ဝင် မောင်နာကျင်

Readmore »

နာမည်ကျော်ဓါတ်ပုံတစ်ပုံ၏ အဖြစ်မှန်


အဆိုပါ ဓါတ်ပုံသည် ဖေ့ဘုတ်ပေါ်တွင် မြန်မာလိုင်းကားပေါ်တွင် ယောကျာင်္းလေးမှ
အမျိုးသမီး၏ ရင်သား အား အကျီင်္ကာကွယ်၍ ကိုင်တွယ်ခြင်း ဟုထင်နေကြပါသည်။
သို့သော် မူရင်းပုံမှာ ကမ္ဘောဒီးယား နိုင်ငံမှ ဖြစ်ပြီး ထိုနိုင်ငံမှ ဘလော့ဂါတစ်ဦးမှ
သူတို့ နိုင်ငံ၏ ယဉ်ကျေးမှူပျက်ပြားနေခြင်းကို မီးမောင်းထိုးပြသော ပုံးတစ်ခုသာဖြစ်ပါတယ်
မြန်မာ လူမျိုးများနှင့်ရုပ်ဆင်ခြင်း ဓါတ်ပုံပါ နောက်ခံပတ်ဝန်းကျင်ဆင်တူခြင်း နှင့်
မြန်မာတွင်လည်း ထိုသို့ အဖြစ်အပျက်များ ဖြစ်နေခြင်းကြောင့် မြန်မာလိုင်းကားပေါ်တွင်
ဖြစ်ပွါးသည်ဟု အထင်ရောက်နေခြင်း ဖြစ်ကြောင်း ပါ ခင်ဗျား။
Readmore »

ကိုးဘွဲ့ရ ၀ဋံသကာ ခရစ်ယာန်ဓမ္မဆရာကြီး လိမ်နေသလား

  ကျွန်ုပ်မွေးနေ့နှင့်တိုက်တိုက်ဆိုင်ဆိုင် ကိုးဘွဲ့ရ ၀ဋံသကာ ခရစ်ယာန်ဓမ္မဆရာကြီး၏ ဖွင့်ဟ၀န်ခံချက်ဆိုတာတွေ ဖေ့ဘုတ်မှာပလူပျံလာခဲံပါတယ် ဗုဒ္ဓဘာသာဝင်တွေရင်ထဲမှာကလည်း စိတ်မကောင်းဖြစ်ကြရတယ် မသိနားမလည်တဲ့ မိရိုးဖလာဗုဒ္ဓဘာသာဝင်တွေ ယောင်ကုန်မှဖြင့် နောက်ခရစ်ယာန်အဖွဲ့သားများကိုယ်တိုင်ကလည်း မစူးမစမ်း ပြောသမျှယုံပြိး ပွပေါက်ပဲ ဆိုကာ လက်ခံပြီး
      "မိတ်ဆွေတို့..ဗုဒွဘာသာ မှာ PHD အထိပညာသင်ကြားခဲ့တဲ့..ဆရာကြီးတပါး.....နိင်ငံတော် အကြီးအကဲ များက ကိုယ်ကွယ်ခဲ့တဲ့ ဆရာကြီးတပါး....ဘယ်လိုနည်း နဲ့ ခရစ်တော်ယေရူကို လက်ခံ ခဲ့သလည် ဆိုတာနာထောင်ကြည့်ပါ....ဘယ်လို သက်သေရခဲ့သလည် ဆိုတာ နာထောင်ကြည့်ပါ..." လို့ ၀ါဒဖြန့်လာကြပါတယ် ။မိမိကလည်း မွေးနေ့ဆွမ်းကပ်အတွက်အလုပ်ရှုပ်နေချိန်ဖြစ်လို့ အသာကြည့်နေခဲ့ရတာပါ ။ ယ္ခု အသေချာ analysis လုပ်လည်းပြိးရော ဖိုင်ကိုတော့ပြန်ဖြုတ်သွားပါပြိ ဒါပေမယ့် ရေးလက်စလေး အပြီးသတ်ပြိး နောင်ယုံထင်ကြောင်ထင်မဖြစ်ကြစေဖို့တင်ပေးလိုက်ပါတယ် ။ ယင်းကိစ္စကိုလည်း အဖြူအမည်းကွဲအောင် စုံစမ်းကြဖို့လိုပါလိမ့်မယ်
                                  ........................................................................

     ပြသနာရဲ့ဇစ်မြစ်က သီရိလင်္ကာ ကိုလံ ဗုဒ္ဓတိသရဏ ယူနီဗာစတီက PhD ရသွားတာဆိုတာကနေ စတော့တာပဲ
သီရိလင်္ကာပညာတော်သင်တွေထဲက ဒေါက်တာဘွဲ့ရတာက ယခုတိုင်သုံးပါးသာရှိသေးတာ ယင်းသုံးပါးထဲလည်း သူ့နာမည်မပါဘူးလို့ သတင်းတွေကထွက်လာတယ်လေ -ဘာလို့လည်းဆိုတော့ သီရိလင်္ကာမှာ အမ်အေတက်ပြီး နောက်နိုင်ငံဗဟုသုတလည်းရ အချိန်တိုတွင်းလည်း ဒေါက်တာဘွဲ့ပြီးကြအောင် အိန္ဒိယကိုကြွရောက် ပညာသင်ကြားကြလို့ သီရိလင်္ကာဒေါက်တာသုံးပါးသာပေါ်ထွက်ခဲ့ရခြင်းဖြစ်ပါါတယ် ။ ယင်း ဒေါက်တာသုံးပါးကတော့
 ၁။(၂၀၀၈)ခုနှစ်မတိုင်ခင်က ကေလနိယတက္ကသိုလ်မှ ဦးပညာဝံသ၊
 ၂။ပေရာဒနိယတက္ကသိုလ်မှ ဦးနရိန္ဒ  
 ၃။ ယခုနှစ်မှ ဒေါက်တာဘွဲ့ပြီးခဲ့တဲ့ ဆရာတော်ဦးဝဏ္ဏသီရိ ဆိုတဲ့ အရှင်သုံးပါးသာ လင်္ကာကနေ ဒေါက်တာဘွဲ့ပြီးဆုံးခဲ့တယ်လို့ သိရပါတယ်။ဒါပြင် ဒေါက်တာဘွဲ့ထိ ဆက်မတက်ဘဲ M.phil ဘွဲ့(၄)ပါး ရရှိခဲ့တာလည်း ရှိခဲ့ပါတယ်။  
      ဒါ့ကြောင့် မြန်မာပြည်မှ သီရိလင်္ကာဒေါက်တာ(၃)ပါးရရှိသွားပြီး M.phil ဘွဲ့(၄)ပါး ရရှိသွားကြတယ်လို့ ကြားသိရပါတယ်’
   အထက်ပါ အကြောင်းအရာကတော့ မဏ္ဍိုင်ကျောင်းတိုက်ကနေ အစိုးရက အိန္ဒိယပညာတော်သင်လွှတ်လို့ အိန္ဒိယ နာလန္ဒာတက္ကသိုလ်ကနေ M.A ဘွဲ့ရရှိခဲ့ပြီး သီရိလင်္ကာသို့ပြောင်းရွှေ့ပညာသင်ကြားကာ ကိုလံဘိုမြို့ ဗုဒ္ဓတိသရဏ ယူနီဗာစတီကနေ PhD ဒေါက်တာဘွဲ့ရရှိခဲ့ပြီး မြန်မာနိုင်ငံတော် အစိုးရကနေ ၀ဋံသကာဘွဲ့ပင် ချီးမြင့်ခြင်းခံခဲ့ရတယ်လို့ပြောဆိုလိုက်တဲ့ ခရစ်ယာန်ဓမ္မဆရာလုပ်နေသူ ဘုန်းကြီးလူထွက်ရဲ့ စကားအရ ဟုတ်မဟုတ်မှန်မမှန် လိုက်လံသုတေသနပြုကြည့်ခြင်းဖြစ်ပါတယ်။
      ဒီလောက်အဖြေကရှင်းနေတာတောင်မှ မိမိအရမ်းကာရော မဆုံးဖြတ်ချင်သေးပါဘူး ယင်းဓမ္မဆရာကိုယ်တိုင် ယင်း၏ဂုဏ်သိက္ခာအတွက် မည်သည့်ခုနှစ်မှာ မည်သည့်ကျမ်းစာကိုပြုစုရေးသားပြီး မည်သို့ဘွဲ့ရခဲ့ကြောင်း ရှင်းလင်းပေးဖို့လိုပါလိမ့်မယ် 

      ဗုဒ္ဓတိသရဏတက္ကသိုလ်က PhD ပြီးခဲ့တယ်ဆိုတော့ ဟုတ်ပါပြီး ဘယ်ခုနှစ်မှာပြီးခဲ့တာလဲ နောက် ယင်းတက္ကသိုလ်ကဘယ်နေရာမှာတည်ရှိတာလဲ ဆိုတာလေ ။ သူတို့လိပ်စာတိကျပေးနိုင်ရင် သူရေးတဲ့ကျမ်းကိုပါ သွားစုံစမ်းမှာပါ ။ ကိုလံဘိုဆိုတာ ကျဉ်းကျဉ်းလေးပါ သူ့ ပညာရေးသမိုင်းကို ဦးဇင်းကိုယ် တိုင်သွားစုံစမ်းမှာဖြစ်ပါတယ် ဒီမှာအခု စုံစမ်းနေကြတာ ဒီတက္ကသိုလ်က ကြားမကြားဖူးဘူးဆိုပဲ၊ဘွဲ့ရခဲ့တယ်ဆိုရင်တောင်မှ အဲဒီက ပရောဖက်ဆာတွေသွားမေးဦးမှာ သူဘယ်နှစ်နှစ်တက်ခဲ့သလဲ ဘာsubject လဲဆိုတာလေ ။ကိုလံဘိုနေခဲ့တယ်ဆိုရင် ဘာလို့ မကုဋာရာမကိုသူမသိရမှာလဲ ။
Readmore »

Feb 12, 2012

ဦးဇော်ဇော် ဒေါက်တာစိုင်း မော်ဒယ်များ၏ဓါတ်ပုံအဖြစ်မှန်


ရတနာပုံ အသင်းပိုင်ရှင် ဒေါက်တာ စိုင်းနှင့် သူ၏ ဇနီး

လွန်ခဲ့သော ရက်များက ဘောလုံးဥက္ကဌ ဦးဇော်ဇော်မှ ဒေါ်စု၏ မန္တလာခရီးစဉ်တွင် ဗထူးကွင်းမငှားရမ်းနိုင်သည့်ကိစ္စ ဖြစ်ပြိးနောက် ဦးဇော်ဇော်အား အပုတ်ချတိုက်ခိုက်လိုသော သူများနှင့်NLD လူငယ်များဟု ယူဆရသူများက အထက်ပါ ပုံနှင့် ဦးဇော်ဇော် ၊ ဒေါက်တာစိုင်းတို့ အားတမင်ရည်ရွှယ်ကာ small တွဲံနေသည် ခိုးစားနေသည် ဖလန်းထနသည်ဟုဆိုကာ အွန်လိုင်းမှ တိုက်ခိုက်ခဲ့ပါသည်။


ဖော်ပြပါပုံ၏ အဖြစ်မှန်မှာ မန္တလေးတွင် ဘောလုံးပွဲတစ်ခု၏ ညစာစားပွဲ၌ ညစာ စားသောက်အပြီး ဖျော်ဖြေမှူများ သီဆိုမှူများ ပြီးဆုံးခါနီးတွင် လာရောက်
သီဆိုဖျော်ဖြေဝိုင်းဝန်းပေးသော အနူပညာရှင်တို့ အား ဆု ပေးသည့် ပုံဖြစ်ပါသည်။
အခမ်းအနားကြီးများကဲ့သို့ သီးခြားဆုပေးခြင်းမဟုတ်ပဲ မိတ်ဆုံစားပွဲ အောင်ပွဲ
စသော အခမ်းအနားမျိုးတွင် တရင်းတနှီး ပြောဆို ဆုချ သည့်ပုံသာဖြစ်ပါသည်။


ရုပ်ရှင်သရုပ်ဆောင် ချောရတနာ ဘေးရှိအမျိုးသမီးမှာရတနာပုံအသင်းပိုင်ရှင်
ဒေါက်တာ စိုင်း၏ ဇနီးဖြစ်ပါသည်။ဦးဇော်ဇော်၏ ဇနီးလည်း ထိုနေ့က ယင်းညစာစားပွဲတွင်ရှိနေပါသည်
Readmore »


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ