Jul 27, 2012

ရှဥ့်လည်းစွဲ ပျားလည်း လျှောက်စေတဲ့ နိုင်ငံတော်သမ္မတကြီး ရှာဖွေ ကြံဆ ထားတဲ့ Win-Win Solution

ဘင်္ဂါလီ ဆိုတာ ဘင်္ဂလားက လာတာ- ဒါကို သိသိကြီးနဲ့ သူတို့တာဝန် ကိုယ့်တာဝန် ဖြစ်အောင် လုပ်နေတဲ့ သဘော ရှိပါတယ်။

ကုလသမဂ္ဂ-မြန်မာ-ဘင်္ဂလားဒေ့ရှ် တစ်ချိန်က ညှိနှိုင်း သဘောတူထားခဲ့တာ ရှိပါတယ်။ ဟိုးရှေးရှေးတုန်းက သဘောတူခဲ့တာပါ။ အဲဒီတုန်းက စိစစ်ပြီး လက်ခံခဲ့တုန်းက ကျန်ခဲ့တဲ့ (ဥပဒေနဲ့လည်း အကျုံးဝင် ညီညွတ်တဲ့) သူတွေကိုပဲ လက်ခံမယ်လို့ ပြောထားတာပါ။

ရှိရှိသမျှသော ရိုဟင်ဂျာ ဘင်္ဂလီင်္တေကိုတော့ ဘယ်လက်ခံလို့ ရမလဲ။ ဆိုလိုတာက နိုင်ငံသားဥပဒေနဲ့ ညီတဲ့သူ နိုင်ငံသားအဖြစ် လက်ခံနိုင်တဲ့ သူတွေကိုပဲ လက်ခံမယ်၊ ကျန်တဲ့သူတွေကို လက်မခံနိုင်ဘူး လို့ သမ္မက ပြောထားတာ ဖြစ်ပါတယ်။

အဲဒီ ကျန်တဲ့သူတွေ (ဘင်္ဂလားကလည်း လက်မခံ၊ မြန်မာနိုင်ငံသားလည်း မဟုတ်၊ မြန်မာနိုင်ငံကို ခိုးဝင်လာတဲ့သူတွေကို ဘယ်လိုလုပ်မလဲ လို့ စဉ်းစားကြည့်တော့ နယ်စပ်မှာ ဒုက္ခသည်စခန်းဖွင့်ပြီး ထားပေးမယ်။ UNHCR က ကျွေးဖို့၊ ဆေးကုပေးဖို့၊ ထောက်ပံ့ပေးဖို့ တာဝန်ယူ ဆိုတဲ့ ဖြေရှင်းချက် ကို ရရှိလာတယ်။ ဒီလူတွေကို လက်ခံပေးမယ့် တတိယနိုင်ငံ ရှိရင် ပို့ပေးမယ် ဆိုပြီး သမ္မတကြီးက ပြောခဲ့တာ ဖြစ်ပါတယ်။

ဒါကိုပဲ ဘင်္ဂလား နိုင်ငံခြားရေးဝန်ကြီးဌာနက အရာရှိတွေ ရှော့ခ်ရိုက်သွားရပါ တယ် ဆိုပြီး ပြောလာတော့ -

“We will take responsibility for our ethnic people but it is impossible to accept the illegally entered Rohingyas, who are not our ethnicity,” he told Antonio Guterres. ဒါက သမ္မတကြီး ပြောကြားချက်ပါ။ ရှင်းတယ်။ ပြတ်တယ်။ သို့လော သို့လော မေးစရာ မလိုတဲ့ စကားပါပဲ။

ဒါနဲ့ပတ်သက်လို့ ပြည်သူ့လွှတ်တော်မှာလည်း တစ်ပိုင်းတစ်စ ဆွေးနွေးခဲ့ကြပြီး ဖြစ်ပါတယ်။ အခုဆိုရင် ပြည်တွင်း စာစောင်/ ဂျာနယ်တွေမှာ ဒီအကြောင်းတွေကို ထုတ်ဖော် ပြောကြားနေပြီ ဖြစ်ပါတယ်။

သမ္မတကြီး ပြောတဲ့ တတိယနိုင်ငံ ဆိုရင်လည်း၊ အခု မြန်မာနိုင်ငံကို ကန့်ကွက်ပါတယ် ဘာ ဖြစ်ပါတယ်၊ ညညာဖြစ်ပါတယ် ပြောနေကြတဲ့ နိုင်ငံတွေ အနေနဲ့ သူတို့ဆီမှာ လက်ခံမယ် ဆိုရင်(သူတို့ပြောတဲ့ စာနာထောက်ထားမှုတွေနဲ့အညီပေါ့) မြန်မာဘက်က သမ္မတကြီးရဲ့ မူဝါဒ အတိုင်း မဆိုင်းမတွ ဆောင်ရွက်ပေးမှာ (၁၀၀%) ဖြစ်ပါတယ်။

ကဲ ပြောရရင် သမ္မတကြီး ပြောတာကို လက်မခံနိုင်ဘူး ဆိုရင် ဒီ့ထက် ပိုကောင်းတဲ့ ဖြေရှင်းချက် ရှိလို့လား။ သူတို့နိုင်ငံတွေမှာ လက်မခံနိုင်ရင် သမ္မတကြီး ပြောတဲ့ နည်းလမ်းအတိုင်း စဉ်းစားတာက အသင့်လျော်ဆုံး နည်း လမ်း ဖြစ်နေပါတယ်။

ကဲ ရှင်းရှင်း ပြောရရင် (၁) ကိုယ့်နိုင်ငံသား စစ်စစ်တွေကို တရားဝင် နိုင်ငံသား အဖြစ် လက်ခံမယ်။

(၂) နိုင်ငံသားမဟုတ်တဲ့သူတွေကို လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ (နိုင်ငံသား အဖြစ်တော့ မဟုတ်ဘူး) ဒုက္ခသည် အဖြစ် လက်ခံပေးမယ်။

(၃) မြန်မာနိုင်ငံရဲ့ အခြေအနေအရ ဖွံ့ဖြိုးဆဲ နိုင်ငံ ဖြစ်တဲ့အတွက် စားနပ်ရိက္ခာ၊ ဆေးဝါး၊ ထောက်ပံ့ကူညီမှု စတဲ့ ဟာတွေကိုတော့ မတတ်နိုင်ဘူး။ ဒီတော့ UNHCR က တာဝန်ယူပေး။ မြန်မာကတော့ မြေနေရာ ပေးမယ်။ Camp သွင်းတာ လက်ခံပေးမယ်။

(၄) ဒီ Camp ရဲ့ လုံခြုံရေးကိုတော့ နိုင်ငံတကာ ထုံးစံအတိုင်း အိမ်ရှင် နိုင်ငံက တာဝန်ယူပေးမယ်။

ပြန်ကြည့်ရင် မြန်မာနိုင်ငံက လက်မခံတာ မဟုတ်ဘူးနော်- (ခြွင်းချက်နဲ့) လက်ခံပေးမယ် လို့ ပြောထားတာပါ။ (ဘင်္ဂလားဆိုရင် ဒီလို ခြွင်းချက်နဲ့ လက်ခံဖို့တောင် သဘောထား မရှိဘူး) ။

အိန္ဒိယဆိုရင် ဒီလိုအခြေအနေမျိုးမှာ ဘယ်လို လုပ်သလဲ အားလုံး အမြင်ပဲ။ နိုင်ငံတကာကလည်း အသိပဲ။ ဒါကြောင့် ပြောတာပါ။ နိုင်ငံတော် သမ္မတကြီး ပြောတဲ့ နည်းလမ်းက အကောင်းဆုံး ဖြေရှင်းချက်ပဲ။ ဒီထက့် ကောင်းတဲ့ အဖြေတောင် ဒီလောက် မကောင်းတော့တဲ့ သဘော ရှိနေတယ်။ ရှဥ့်လည်းစွဲ ပျားလည်း လျှောက်စေတဲ့ Win-Win Solution ဖြစ်နေပါတယ်။ 


မှူးဇော်
_____________________________________________________________________________ 
Print Friendly and PDF

3 ယောက် ဆွေးနွေးခဲ့တယ်:

shwemyo said...

ဒီလောက်ဘဲ လိုက်လျောနိုင်တော့မှာပေါ့။အမှန်က အကုန် ကန်ထုတ်ရမှာ။ဒိထက် ပိုပြီး လူသားချင်းစာနာဖို့ ပြောရင် ပြောတဲ့ နိုင်ငံကို ပို့ပေးလိုက်။ဒင်းတို့ကတော့ ခေါ်မထားချင်ဘဲနဲ့။

Anonymous said...

" ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးရဲ့သမ္မတ" နော်။ "ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးရဲ့ သမ္မတ"။ ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံးကို ကာကွယ်စောင့်ရှောက်ဖို့တာဝန်ပဲရှိတယ်။ ရှဉ့်လျှောက်သာ ပျားစွဲသာလုပ်ရအောင် ဘယ်သူကမှ လူ့အခွင့်အရေးကိုယ်စားလှယ် ခန့်ထားတာမဟုတ်ဘူး။ ခက်တာပဲ။ သမ္မတလုပ်နည်းသင်တန်ုးပေးရမလို ဖြစ်နေပြီ။

Anonymous said...

မြန်မာကတော့ မြေနေရာပေးမယ်ဆိုမှ သွားရောပေါ့ဟယ်

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ