ဘင်္ဂလီများ မီးရှို့ထားသော အိန္ဒိယပြည် အာသံပြည်နယ်သားတို့ အိမ်များ |
အခု အဓိဂရုဏ်း ဖြစ်နေတဲ့ နေရာဟာ အာသံပြည်နယ် အနောက်ပိုင်း ကိုကြာဂျဟာ ခရိုင် (Kokrajhar district) အတွင်းမှာ ဖြစ်ပွားနေတယ်လို့ ပြောပါတယ်။ အခုအခါ အဓိဂရုဏ်းဟာ အနီးအနားက ခရိုင်နှစ်ခုမှာ ဆက်လက် ကူးစက် ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
အဓိဂရုဏ်းအတွင်း ဓါးခုတ် ဒဏ်ရာတွေနဲ့ သေဆုံးသွားသူတွေရဲ့ အလောင်းတွေကို တောထဲ နေရာ တချို့နဲ့ ကားလမ်း ဘေး၊ မြစ်ကမ်းဘေးတွေမှာ ရဲတွေက ရှာဖွေတွေ့တယ်လို့ ပြောပါတယ်။ အခုအခါ အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးလာကြတဲ့ လူပေါင်း ၃၀၀၀၀ ခန့်ရှိပြီး သူတို့တွေ အတွက် ကယ်ဆယ်ရေး စခန်း (၆) ခုခန့်ကို ဖွင့်လှစ် ထားတယ်လို့ ပြောပါတယ်။
အခုအခါ အိန္ဒိယ အစိုးရက အဲဒီ ဒေသမှာ ကာဖျူး ထုတ်လိုက်ပြီး အခြေအနေကို ထိန်းသိမ်းဖို့ အဲဒီဒေသကို စစ်တပ်တွေ စေလွှတ်ထားလိုက်ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
အိန္ဒိယ နိုင်ငံ အာသံပြည်နယ်က ဌာနေ တိုင်းရင်းသား ဘိုရို လူမျိုးတွေနဲ့ ဘင်္ဂလီ အခြေချနေထိုင်သူတွေအကြား အပြန်အလှန် ကွက်တိ ကွက်ကျား တိုက်ခိုက်မူတွေနဲ့ အတူ အိမ်မီးရှို့မူတွေကတော့ ၁၉၉၀ ခုနှစ်ကတည်းက ဖြစ်ပွားနေခဲ့တယ်လို့ ပြောပါတယ်။
မြေယာ ခိုးယူ ပိုင်ဆိုင်မူ အငြင်းပွားမူတွေကြောင့် ဒေသခံ ဘိုရိုတွေနဲ့ ထောင်ပေါင်းများစွာသော အရှေ့ပါကိစ္စတန် လက်ထက် ( ၁၉၇၁ ခုနှစ် ဘင်္ဂလာဒေခ်ျ့ လွတ်လပ်ရေး မတိုင်မီ) ကတည်းက အခြေချနေထိုင်သူ ဘင်္ဂလီတွေအကြားမှာ အမြဲတန်းလိုလို ဆူပွက်မူတွေနဲ့ ပြဿနာတွေ ဖြစ်ပေါ်နေတယ်လို့ ပြောပါတယ်။
ကင်းလှည့်ပြိး ဘင်္ဂါလီများကို ရှာဖွေနေစဉ်..အလံနီထောင်ထားခြင်းမှာ ပစ်မိန့်ရထားပြီးဖြစ်ကြောင်းဆိုလိုသည် |
နောက်သတင်း တစ်ခုမှာတော့ မွတ်ဆလင် ကျောင်းသားခေါင်းဆောင်နှစ်ဦး တိုက်ခိုက်ခံရပြီးတဲ့ နောက်မှာ မွတ်ဆလင်တွေက ဘိုရို လွတ်မြောက်ရေး ကျားအဖွဲ့က လူ ၄ ဦးကို ပြန်လည် တိုက်ခိုက်ရာကနေ အခု အဓိဂရုဏ်း စတင် ဖြစ်ပွားလာတယ်လို့ ပြောပါတယ်။
___________________________________________________________________________
0 ယောက် ဆွေးနွေးခဲ့တယ်:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။