Jul 22, 2012

ကံဆီးရွာ အလကကျောင်းတွင် KIA အလံအားအစားထိုးလွင့်ထူခိုင်း

ကံဆီးရွာ အလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးအား KIA တပ်မဟာ(၂) ရင်း(၆)မှ တပ်ရင်းမှူး ဗိုလ်ကြီးလဒွဲမှမနက်၉နာရီလောက်မှာ ခေါ်ယူပြီး ကျောင်းအလံတိုင်မှာလွင့်ထူထားတဲ့ နိုင်ငံတော်အလံကို
ဖြုတ်ပြီး ၎င်းတို့ရဲ့ KIA အလံကိုဇူလိုင်လ ၂၃ရက်နေ့ကနေစပြီးအစားထိုးလဲလှယ်ရန်ကျောင်းအုပ်ကြီးအား ချိန်းခြောက်အမိန့်ပေးခဲ့တယ်။

ဒါကို ဖားကန့်မြို့ မြို့နယ်ပညာရေးမှူးမှလည် သဘောတူခွင့်ပြုနိုင်မှာမဟုတ်ဘူး ဒေသခံတွေကကပြောပါသည်။ ဘယ်နိုင်ငံမှာဘဲဖြစ်ဖြစ် ဌာနဆိုင်ရာရုံးတွေကျောင်းတွေမှာ နိုင်ငံတော်အလံကိုဘဲလွင့်ထူထားတာပါ။ အခုလို နိုင်ငံတော် အလံကိုဖြုတ်ခိုင်းပြီး သူတို့အလံကို လဲခိုင်းတယ်ဆိုတော့ သူတို့က ဒီနယ်မြေကို သူတို့သီးခြားနိုင်ငံလိုသတ်မှတ်သလို ဖြစ်နေတာပါဘဲ။ ဒီကဒေသခံတွေအားလုံးက ဒါကိုပြည်ထောင်စုမြန်မာနိုင်ငံတော်လို့သတ်မှတ်နေတဲ့နေရာမှာ သူတို့က အဲဒီလိုလုပ်တဲ့အတွက်ကြောင့်သူတို့ကဆန့်ကျင်နေတဲ့သဘောမျိုးတွေ့ရပါတယ်။ အဲဒါနဲ့ဆက်စပ်ကြည့်မယ်ဆိုရင် အစိုးရအဖွဲ့ နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို လုပ်နေပေမယ့်လဲ သူတို့က ငြိမ်းချမ်းရေးကို မလိုချင်ဘဲ သူတို့ဘာသာ သီးခြားနိုင်ငံသဘောမျိုး လုပ်ပြီး ငြိမ်းချမ်းရေးကို မရအောင်အမျိုးမျိုးလုပ်ဆောင်နေတာကြောင်း ရွာကလူတွေက ပြောပါသည်။
_____________________________________________________________________________

Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ