Jul 24, 2012

မလေးရှားတွင် မြန်မာအမျိုးသမီးငယ်တစ်ဦး မုဒိန်းကျင့်ခံရ

မလေးရှားမှာ မြန်မာမလေးတစ်ယောက် မုဒိမ်းအကျင့်ခံရတဲ့အကြောင်းကို ကျွန်တော့်ညီမတစ်ယောက်က ကျွန်တော့်ဆီ ရေးတဲ့စာပါ။

 ကိုကြီး .... ညီမတို့ဆီမှာ ဖြစ်ပျက်နေတဲ့ ပြသနာကို ကိုကြီးဆီကို ရေးပေးလိုက်တာ .... ဒီမှာက ဘယ်သူ့တိုင်လို့ ဘာလုပ်ရမှန်း မသိဘူးဖြစ်နေလို့ ....

 ဖြစ်တာက 5-7-2012 ရက်နေ့ ည (၈)နာရီ အလုပ်က အပြန်မှာ ဖြစ်တာ .... ညီမတို့က မလေးရှားနိုင်ငံ၊ ဂျိုဟိုးမြို့၊ စီနိုင်းမြို့နယ်က venture (ges) မှာ အလုပ်လုပ်ကြတာပါ ... ဒီကိုရောက်တာ 2010 ... 12 လပိုင်းကဆိုတော့ နှစ်နှစ် ပြည့်တော့မှာပေါ့ .... 5 ရက်နေ့ အလုပ်က အပြန်မှာ နှစ်ယောက်၊ သုံးယောက်စီ ပြန်ကြတာပေါ့ ကိုယ့်အဖွဲ့နဲ့၊ ကိုယ့်သူငယ်ချင်းနဲ့ ကိုယ်ပေါ့ ဖြစ်တဲ့ ကောင်မလေးက 4 ယောက်အဖွဲ့ပြန်တာ နှစ်ယောက်တစ်တွဲစီ လမ်းလျှောက်လာတာ ၊ ကားက အနက်ရောက်၊ ကောင်မလေးသူငယ်ချင်းတွေက ပြောတော့ ကားက အနက်ရောင် (၀ီရာ) တဲ့။

ကားက ကောင်မလေးတွေရှေ့မှာ ရပ်ပီး ကားပေါ်ကနေ မလေးလူမျိုးနဲ့ အိနိယလူမျိုး ဆင်းလာပီး ကောင်မလေးနှစ်ယောက်ကို အတင်း ကားပေါ်ဆွဲခေါ်ကြတာ။ ကောင်မလေးတစ်ယောက်က ရုန်းပီး ထွက်ပြေးလို့ လွတ်သွားပေမယ့် တစ်ယောက်ကတော့ ကားပေါ် ပါသွားတယ်။ သူတို့ဆီမှာ ဓားတွေလည်း ပါကြတယ်။ ကောင်မလေးကို ဓားတွေနဲ့ ထောက်ပီး ခေါ်သွားကြတာတဲ့။ ပီးတော့ ညီမတို့ဆီမှာ (မလေးရှားမှာ) ရေစင်ကြီးတွေ ရှိတယ်။ အကြီးကြီးတွေ။ အပေါ်ကို တက်ဖို့ လှေကားတွေလည်း ပါတယ်။ အဲဒီကို ကားမောင်းပီး ခေါ်သွားကြတာ။ လမ်းတစ်လျှောက်မှာလည်း ခေါင်းကို ဖွက်သွားကြတယ်တဲ့။ လမ်းမသိအောင်လို့။ ပီးတော့ ရေစင်ကို ရောက်တော့ အဲဒီအပေါ်ကို တက်ခိုင်းတယ်တဲ့။ ကောင်မလေးက မတက်ဘူးဆိုပီး ရုန်းတော့ ပါးတွေ ရိုက်၊ ကန်ကျောက်ပြီး တက်ခိုင်းတယ်။ အဲဒီရေစင်ပေါ်ရောက်တော့ ပါသွားတဲ့ မလေးသုံးယောက်ထဲက နှစ်ယောက်က မုဒိမ်းကျင့်တယ်။ မလေးတစ်ယောက်ကတော့ ကောင်မလေးကို သနားတဲ့ပုံစံနဲ့တဲ့။ သူက ပြောတယ်။ မကြောက်ဖို့နဲ့ ပြီးရင် အိမ်ပြန်ပို့ပေးဖို့။

 သြော် .... သူတို့ မုဒိမ်းမကျင့်ခင် ကောင်မလေးကို မုန့်တွေ၊ နို့တွေ တိုက်ကြသေးတယ်။ ကောင်မလေးက မစားဘူး။ ထွေးထုတ်ပစ်တယ်တဲ့။ ပြီးတော့ ဘီယာတွေ တိုက်တယ်တဲ့။ သူတို့လည်း သောက်ကြတယ်တဲ့။ ဒီပြဿနာမှာ အိန္ဒိယလူမျိုး တစ်ယောက်လည်း ပါတယ်။ မလေးနှစ်ယေက် မုဒိမ်းကျင့်လို့အပြီးမှာ အိန္ဒိယလူမျိုးကို ပြောတယ်။ ပိုက်ဆံပေးဖို့။ ပြောရရင် ကောင်မလေးကို ရောင်းစားတဲ့ ပုံစံမျိုးပေါ့။ ပြသနာဖြစ်တဲ့ ကောင်မလေးပြောပြတာပါ။ 70 တောင်းတယ်တဲ့။ အိန္ဒိယလူမျိုးဆီက။ 70 မပါဘူးလို့ ပြောတယ်။ ဘယ်လောက်ပေးလိုက်တယ်ဆိုတာတော့ ကောင်မလေး မပြောပြလို့ ညီမတို့ မသိရဘူး။ ပါးတွေလည်း ရိုက်တယ်တဲ့။ ကောင်မလေး ရုန်းရင် ပါးတွေလည်း ရိုက်တယ်။ ကောင်မလေးက သူတို့ မုဒိမ်းကျင့်လို့ အပီးမှာ အဲဒီရေစင်ပေါ်ကနေ ခုန်ချဖို့တောင် လုပ်သေးတယ်။

ပြီးတော့ ကောင်မလေးကို ည 12 နာရီမှာ အဆောင်နားကို ကားနဲ့ လာပို့သွားကြတယ်။ ကောင်မလေးရောက်ပီး သိပ်မကြာခင်မှာပဲ ရဲတွေနဲ့ အေးဂျင့် ရောက်လာပီး ကောင်မလေးကို ခေါ်သွားကြတယ်။ ဆေးရုံမှာ ဆေးစစ်ကြတယ်။ ပီးတော့ နောက်တစ်နေ့ နေ့လည် လာပြန်ပို့ပေးတယ်။ ရဲကားနဲ့ပဲ။ ညီမတို့ အခင်းဖြစ်ပြီးနောက်နေ့ ညီမတို့ မြန်မာမိန်းကလေးတွေအကုန်လုံး အလုပ်မသွားကြဘူး။ အေးဂျင့်ကို ပြောတာပေါ့။ ပြီးတော့ အလုပ်နဲ့ စက်ရုံက မိနစ် 20 ကျော်ကျော် လမ်းလျှောက်ရတယ်။ ဖယ်ရီကား မစီစဉ်ပေးထားဘူးလေ။ အခင်းဖြစ်ပီး နောက်နေ့မှ အေးဂျင့်က ဖယ်ရီကား စီစဉ်ပေးမယ်လို့ ပြောတယ်။ ညီမတို့က ကောင်မလေးအတွက် လျော်ကြေးနဲ့ မြန်မာပြည်ကို ပြန်ပို့ပေးဖို့ ပြောတယ်။

 အခုထက်ထိတော့ ဘာမှ မထူးသေးပါဘူး။ ကောင်မလေးက ခုထိ အဆောင်မှာပဲ။ အလုပ်လည်း မဆင်းတော့ဘူးလေ။ ညီမတို့ ဖြစ်စေချင်တာက တစ်ခုခုကို ထိထိရောက်ရောက် ဆောင်ရွက်ပေးစေချင်တာပါ။ တကယ်လို့များ ဘာမှဖြစ်မလာဘူးဆိုရင် အဲဒီမလေးတွေက ထပ်လုပ်မှာပါ။ အလားတူ ပြသနာမျိုးပေါ့။ မြန်မာမိန်းကလေးတွေလည်း တော်တော်ကို လန့်နေကြတယ်။ မလေးရှားအစိုးရကလည်း သူတို့မလေးလူမျိုးတွေဆိုတော့ ဘာမှထိထိရောက်ရောက်လုပ်ပေးမှာ မဟုတ်ဘူး။ အဲဒါကြောင့်မို့ ဒီစာကို ရေးပြီး မြန်မာနိုင်ငံကို ပို့လိုက်တာပါ။

..................................... အဲဒါက ကျွန်တော့်ဆီကို ပို့လိုက်တဲ့စာပါ။ ညီမ ထပ်ပြောပြတာတွေလည်း အများကြီးပါပဲ။ ***အေးဂျင့်က သတင်းထောက် လာရင်တောင် အဆောင်ထဲ အတင်းဝင်ခိုင်းတာ*** ***မလေးရှားက လုံးဝ မလုံခြုံတဲ့ နိုင်ငံဆိုတာပါ*** ***အစိုးရကလည်း ဒီအတိုင်း ကြည့်နေတယ်**** ***ဘာမှ မစီစဉ်ပေးဘူး*** ***မိန်းကလေးများအတွက် လုံးဝ မသင့်တော်တဲ့ နိုင်ငံလို့ပါ*** ကဲ ဒီစာကို ဖတ်ရတဲ့သူတွေအကုန်လုံးက မလေးမှာ မြန်မာမလေးတွေကို စောင့်ရှောက်ပါဦးလို့ ပြောချင်ပါတယ်။ ပြီးတော့ ဒီအကြောင်းအရာကိုလည်း ၀ိုင်းပြီး ပြောပေးကြစေချင်ပါတယ်။
 (ကိုမျိုး) _________________________________________________________________________________________________

Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

သူမျာနိုင်ငံမသွားကြနဲ.

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ