May 10, 2012

ဆုံးမမှူကင်း စာရိတ္တမကောင်းသော NLD ပါတီဝင်တွေကို Messenger News Journal မှတရားဝင်ကန့်ကွက်

UMFCCI အသင်းချုပ်ရုံး၌ ၉.၅.၂၀၁၂ နေ့က ကျင်းပခဲ့သော ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) ၏ စတုတ္ထအကြိမ် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် သတင်းရယူရန် ရောက်ရှိလာသော Weekly Express Times မှသတင်းထောက်အား NLD ပါတီဝင် လုံခြုံရေး တစ်ဦးက ကိုယ်ထိလက်ရောက်ကျူးလွန်ပြီး

 "မင်းတို့ မီဒီယာသမားတွေက ပိုက်ဆံရလို့ လုပ်နေတာ၊ ငါတို့ကဘာစောက်တစ်ပြားမှမရပဲ ထောင်ကျခံပြီးနိုင်ငံရေးလုပ်နေတာ၊ ဘယ်ကောင့်ကိုမှ စောက်ဂရုမစိုက်ဘူးလို့ မင်းတို့အယ်ဒီတာတွေကို ပြောလိုက်... ငါ -ိုး မှ သားရဲ့" ဟု  

 

ဆဲရေးတိုင်းထွာခဲ့မှု အပေါ် Messenger News Journal မှ တရားဝင် ကန့်ကွက်ခဲ့ပါတယ်။ နိုင်ငံတော်မှ မီဒီယာအပေါ် လွတ်လပ်ခွင့်ပေးပြီး ပြည်သူတွေ အားကိုးရတဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်အောင် ဆောင်ရွက်ပေးနေ ချိန်မှာ နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ NLD မှ ပါတီဝင် တစ်ဦးက ယခုကဲ့သို့ မီဒီယာအားလုံးအပေါ် သိမ်းကျုံးပြောဆို မှုဟာ အကျည်းတန် ရုပ်ဆိုးလွန်းပါတယ်။ ဒီဖြစ်ရပ်အပေါ် တခြားမီဒီယာတွေကပါ ကန့်ကွက်လာပြီဖြစ်လို့ NLD ပါတီအနေနဲ့ ထိုဖြစ်ရပ်အပေါ် မည်ကဲ့သို့ အရေးယူဆောင်ရွက် ဖြေရှင်းပေးမယ်ဆိုတာ စိတ်ဝင်စားစရာပါ။

Messenger News Journal

"ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါသည်"

  Express Time ဂျာနယ်မှ သတင်းထောက်နှစ်ဦးအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ ပါတီဝင်တစ်ဦးက ဥပဒေမဲ့ ရိုင်းပြစွာ ပြုမူဆက်ဆံခဲ့ခြင်း၊ ``မင်းတို့က ပိုက်ဆံလိုချင်လို့ မီဒီယာလုပ်ငန်း လုပ်နေတာကွ၊ ငါတို့က ထောင်ကျခံပြီး နိုင်ငံရေးလုပ်နေတာ´´ ဟူသော မီဒီယာသမား များအပေါ် ဂုဏ်သိက္ခာညှိုးနွမ်းစေရန် တစ်ဖက်သတ် ပုတ်ခတ်စော်ကားသည့်စကားများ ပြောဆိုခဲ့ခြင်းအပေါ် The Messenger ဂျာနယ်မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်သည်။ 

ယခင်ကလည်း အလားတူ ဖြစ်ရပ်များ ရှိခဲ့ပါသဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) မှ တာဝန်ရှိသူများ အနေဖြင့် ယခုဖြစ်ရပ်အပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့် အခြေအနေတစ်ခု ပေါ်ထွက်လာအောင် အမြန်ဆုံး  ဆောင်ရွက်ပေးပါရန် The Messenger ဂျာနယ်မှ တောင်းဆိုလိုက်ပါသည်။
Print Friendly and PDF

2 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

အလကားကောင်တွေ၊ ဒေါ်စုနောက်လိုက် ခွေးတွေ၊ စောက်အဆင်းမရှိတဲ့ ငါလိုးမသားတွေ။

Anonymous said...

NLD ပါတီဝင်ဆိုသူများသည်ထင်တိုင်းကြဲလူပါးဝသောလူများအဖြစ် မကြာမီတွေ့လာရတော့မည်။အမေစုထမိန်ကိုအကာကွယ်ပြု၍ အနေစားချောင်နေသောလူတန်းစားတစ်ဖြစ်သည်။ ယခင်ကကြံဖွံ့ထက်ဆိုးသော၊ အမေစု ကလွဲပြီး ပညာမတတ်သူ ၊အရာရာကိုယ်လုပ်တာကလွဲပြီး အပြစ်ရှာမကောင်းပြောနေသူများစုဝေးရာ၊အနာဂါတ်တိုင်းပြည်ဖျက်မည့်သူများစုစည်းရာ။ အမေစုမရှိတော့ရင်ပါတီဆိုင်းပုတ်တောင်အရာဝင်မှာမဟုတ်သောလူများဖြစ်သည်။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ