May 8, 2012

2007 Model အထက်ကားများကို ပါမစ်မလိုပဲ တင်သွင်းနိုင်ပြီ

2007 Model အထက်ကားများကို ပါမစ်မလိုဘဲ လွတ်လပ်စွာ တင်သွင်းခွင့်ပြုလိုက်ပြီးဖြစ်ေ
ကြာင်း  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တွင် ပြုလုပ်သော မီဒီယာတွေ့ဆုံပွဲတွင် တရားဝင်ထုတ်ပြန်လိုက်သည်။

2007 Model အထက်ကားများကို ဘယ်မောင်းညာမောင်းကန့်သတ်ချက်မရှိဘဲ လွတ်လပ်စွာတင်သွင်းခွင့်ပြုလိုက်ခြင်းကြောင့် ပြင်ပ ကားတင်သွင်းခွင့်ပါမစ်ဈေးနှုန်းများ မှာ ကျပ် သိန်း ၁၄၀ ကျော်ဝန်းကျင်မှ ၁၁၀ အောက်ထိ ကျဆင်းသွားဖွယ် ရှိကြောင်း ဆာကူရာ မော်တင်ယာဉ် အရောင်းပြခန်း တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

၂၀၀၁ စက်တင်ဘာ လမှ စတင်ခဲ့ပြီး ယာဉ်မောင်း များအစားထိုးလဲလှယ်ရေး စီမံချက်နှင့် နိုင်ငံ ခြားငွေဖြင့် အခွန်ပေးဆောင်သူများ ကားတင်သွင်းခွင့်ပြုသည့်မူဝါဒ ကြောင့် ကားစီးရေး ငါးသောင်းခန့်ရောက်ရှိလာခဲ့ပြီး ယခုကဲ့သို့ 2007 Model အထက်ကားများကို ပါမစ်မလိုဘဲ လွတ်လပ်စွာ တင်သွင်းခွင့်ပြုထားခြင်းကြောင့် ကားစီးရေ သိန်းချီ၍ ၀င်ရောက်လာဖွယ်ရှိကြောင်း ကားဈေးနှုန်းများမှာ တရှိန်ထိုးထပ်မံကျဆင်းဖွယ်ရှိပြီး ရန်ကုန် နှင့် မန္တလေး စသည့်မြို့ကြီးများတွင် ယာဉ်ကြောပိတ်ဆို့မှုများ အဆမတန် မြင့်တက်လာဖွယ်ရှိကြောင်း ယာဉ်ရောင်းဝယ်ရေး အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေသူများ ထံမှ သိရသည်။

 
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ဘုရား ဘုရား ကားတွေတိုးလာရင် လမ်းတွေပိုကျပ်လာမှာပေါ့ဗျာ................

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ