May 6, 2012

ကေအိုင်အေ မိုင်းကြောင့် ရဲနှစ်ယောက် ထပ်မံ ဒဏ်ရာရရှိ

မိုးကောင်းမြို့နယ် မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းအား မေလ ၄ရက်နေ့က ည ၉ နာရီခွဲအချိန်က ဖောက်ခွဲဖျက်ဆီးမှူကြောင့် နမ္မတီး-မရမ်းဘူတာကြားရှိ အရှည် ပေ ၂၀ ရှိသော တံတားပျက်စီးသွားပါသည် ။ 
ထိုနေရာသို့ တာဝန်ရှိသူများမှ ချက်ချင်းလာရောက်ရှင်းလင်းရာတွင် ည ၁၀ နာရီခန့်တွင် မပေါက်ကွဲသေးသော မိုင်းတစ်လုံးအား ရှင်းလင်းရေးအဖွဲ့မှ တွှေ့ရှိ ရှင်းလင်းနိုင်ခဲ့ပါသည်

ယခုလည်း နိုင်ငံတော်သမ္မတကြီးမှ ကေအိုင်အေ ရဲ့ လိုင်ဇာကို မသိမ်းပါလို့ ပြောနေသော်လည်း
ဒေါက်တာတူးဂျာ ကိုယ်တိုင်လည်း ငြိမ်းချမ်းရေး တံခါးကဖွင့်ထားပါတယ်..ဆွှေးနွေးပြီ ဆိုတာနဲ
ပေါက်ကွဲသံတွေ တိတ်သွားမှာပါ ဟုပြောသော်လည်း

ကချင်ပြည်နယ်ရဲ့ ပေါက်ကွဲသံတွေ နဲ့ ယမ်းနံတွေ အခုထိ ရှိနေတုန်းပါပဲ...။
လက်ခုပ်နှစ်ဘက်တီးမှ မြည်သည် ဟုဆိုသော်လည်း ထိုးစစ်ရပ်ထားချိန်ကတောင် လာရောက် တဖက်သတ် ပစ်ပြေး ရန်စ နေသော ကေအိုင်အေ ကို စစ်တပ် ဘက်ကလည်း သည်းမခံနိုင်သည်မှာဓမ္မတာ ပင်ဖြစ်သည် ။
မြန်မာတနိုင်ငံလုံး က သောင်းကျန်းသူအဖွဲ့များ ငြိမ်းချမ်းရေးအောင်မြင်မှူ ရနေချိန် ကေအိုင်အေ တစ်ခုတည်းက အဘယ့်ကြောင့် ငြိမ်းချမ်းရေးယူရန် လက်တွန့်နေသနည်း ။ ရှင်းပါသည် ။
ကချင်ပြည်နယ်ကြီးကို နိုင်ငံတော်မှ ခွဲထုတ်၍ ကေအိုင်အို ကပင်ပိုင်ဆိုင်ရမည် ။ ကချင်လူထု
ကောင်းစားရေးအတွက် ကချင်ပြည်နယ်ရှိ ကချင်မဟုတ်သော တိုင်းရင်းသားများ အသေခံနေ
ကြရသည် ။
ထို့အပြင် ယခင် ဗကပ စနစ်ဖြစ်သော အစိုးရဝန်ထမ်းမှန်လျှင် သတ် / မီးရှို့ / မုဒိန်းကျင့် သော စနစ်ကို ကေအိုင်အေက လုပ်ဆောင်နေသည်မှာ တစ်နိုင်ငံလုံး အသိပင်ဖြစ်သည် ။ သို့သော် ကေအိုင်အေ အား မှန်ကန်သည် .. အစိုးရကို ဆက်တိုက်ဖို့ အစိုးရ စစ်တပ်များကို တွန်းလှန်ဖို့ ပြောနေသော သူများသည် ကချင်ပြည်နယ်တွင် နေထိုင်သူ
များမဟုတ် ..ကချင်ဟုပြောဆိုကာ အွန်လိုင်းများ မီဒီယာများတွင် မြှောက်ပေးနေသူတို့သည်
ကချင်မြေကို မနင်းဖူးသည်မှာ ဆယ်စုနှစ်များ ကြာခဲ့ပြီး လက်ရှိ အခြေအနေနဲ့ လွန်စွာဝေးကွာ
နေသူများသာဖြစ်သည် ။အချို့ကား ပစ်တာခတ်တာဆို၍ လောက်လေးခွ ပစ်ရသော ANGRY
BIRD ဂိမ်းကိုပင် အခန်းဆုံးအောင် ဆော့ဖူးသူများပင်မဟုတ် ။

ယမန်နေ့က မေ ၅ ရက် နံနက် ၆ နာရီ ကျော်ကျော်တွင် မြစ်ကြီးနား တပ်ကုန်းကျေးရွှာ ရွှေလမ်းနှင့် မိုးကောင်းမြို့နယ် ပိန်းချောင်းတံတားတို့တွင် ဗုံးနှစ်လုံး ဆက်တိုက် ပေါက်ကွဲသောကြောင့် တာဝန်ကျ ရဲတပ်ဖွဲ့နှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိသွားပ်ါသည် 

ကအိုင်အေ အနေဖြင့် ကချင်တိုင်းရင်းသားမဟုတ်သော
တိုင်းရင်းသားများကို အသုံးချကာ ၄င်းတို့အနေဖြင့် မနိုင်သော အစိုးရစစ်တပ်ကို တိုက်ခိုက်ရန်
သို့မဟုတ် အရပ်ဘက်ပစ်မှတ်များကို ဖောက်ခွဲ၍ ပွဲဆူရန် နှင့် အစိုးရဝန်ထမ်းများအား သတ်
ဖြတ်ရန် လုပ်ဆောင်နေမှူများက ငြိမ်းချမ်းရေး ယူရန် အစီအစဉ်ကို လက်မခံနိုင်ပဲ ဆက်လက်
အကြမ်းဖက်နေမည် ဖြစ်ကြောင်း ပြသနေပါသည် ။ ထို့ကြောင့် ငြိမ်းချမ်းရေး ကို ဖွင့်ပေးသော်
လည်း ယူရန်ငြင်းဆန်သော ကေအိုင်အေအား ဌာနချူပ်အား သိမ်းပိုက်ကာ ထိုခေါင်းမာနေသော ကေအိုင်အေ ခေါင်းဆောင်ကြီးများဆိုသူတစ်စုအား ထိရောက်စွာ အရေး
ယူပြီးကချင်လူထုပေးသော အပြစ်ဒဏ်ကို ခံစားခိုင်းရမည်သာ ဖြစ်သည် ။

Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ