May 8, 2012

Mobile ဖုန်းအားလုံး၌ အင်တာနက်စနစ်ကို မေလ ၇ ရက်နေ့တွင် စတင်သုံးစွဲနိုင်ပြီ

ငွေကျပ် ၂ သိန်း၊ ၂ သိန်းခွဲဖြင့် ရောင်းချခဲ့သည့် မိုဘိုင်းဖုန်းလိုင်းများ အပါအဝင် ငွေကျပ် ၅ သိန်း၊ ငွေကျပ် ၁၅ သိန်းတို့ဖြင့် ဝယ်ယူထားကြသည့် မိုဘိုင်းဖုန်းများကို မေလ ၇ ရက်နေ့၌ အင်တာနက်စနစ် အသုံးပြုခွင့် ပေးသွားမည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပြန်ကြေညာသည်။ မိုဘိုင်းဖုန်းများကို အင်တာနက်စနစ် အသုံးပြုခွင့်ပေးရာ၌ GSM မိုဘိုင်းဖုန်းများကို EDGE စနစ်ဖြင့်လည်းကောင်း၊ WCDMA မိုဘိုင်းဖုန်းများကို 3G စနစ်ဖြင့် လည်းကောင်း၊ CDMA 800 မိုဘိုင်း ဖုန်းများကို EVDO စနစ်ဖြင့်လည်းကောင်း အသုံးပြုခွင့်ပေးသွားမည်ဟု သိရသည်။

Speed ကတော့ တူမှာမဟုတ်ဘူး။ 3G ကျတော့ 128 ဒါမှမဟုတ် 256 စတဲ့ High Speed Data တစ်ခုခုကိုရမှာပါ။ ဟိုဟာကတော့ (GSM) 64 Kbps ရမှာပါ။ ဒါကလည်း BTS တစ်ခုမှာ လူ ၁၀ ယောက် သုံးတာနဲ့ လူ ၁၀၀ သုံးတာ မတူပါဘူး။ ကျွန်တော်တို့ဆီက ထွက်မှာကတော့ ဒီ Speed တွေဖြစ်မှာပါ” ဟု မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက ပြောသည်။ 

မိုဘိုင်းဖုန်းများအတွက် အင်တာနက်စနစ်ကို ငွေကျပ် ၁ သောင်းဖြင့် လျှောက်ထားရယူနိုင်ကြောင်း အင်တာနက်အသုံးပြုမှု ဘီလ်နှုန်းထားကို မှု GSM ဖုန်းများအတွက် တစ်မိနစ် ၂ ကျပ်နှုန်း သတ်မှတ်ထားပြီး WCDMA ဖုန်းများနှင့် CDMA 800 ဖုန်းများအတွက် တစ်မိနစ် ၄ ကျပ်နှုန်းသတ်မှတ်ထားကြောင်း သိရသည်။ မိုဘိုင်းဖုန်း အင်တာနက်စနစ်ကို ရန်ကုန်မြို့သာမက တခြားသော ပြည်နယ်နှင့် တိုင်းများ၌ တစ်ပြိုင်တည်း ချထားပေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။


" လေ့လာရသလောက် ရန်ကုန်မြို့အတွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ဆောင်ရွက်ထားပါတယ်။ စဉ်ဆက်မပြတ်ဆက်လက် ပေးနိုင်အောင်လည်း ညွှန်ကြားချက်အတိုင်း ဆက်လက်ဆောင်ရွက်နေတာပါ” ဟု ဦးသိန်းဝင်းက ပြောသည်။ 
 _______________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ