May 30, 2012

"ပန်ဝါဒေသတွင် KIA မှ တပ်ရင်း(၃၂) အားအသစ်ဖွင့်လှစ်"

KIA ဗဟိုမှညွှန်ကြားချက်နဲ့ ပန်ဝါဒေသတွင် တပ်ရင်းအသစ်ဖွင့်လှစ်ရန်အတွက် KIA တပ်ဖွဲ့ဝင် ၈၀ လောက်ဟာဌာနချုပ်လိုင်ဇာကနေ လုံထန်စခန်းသို့ ၂၆ရက်နေ့ ညနေ ၄နာရီ လောက်မှာရောက်ရှိခဲ့ကြပါတယ်။ လုံထန်စခန်းမှနေ၍
ပန်ဝါဘက်ကို လက်နက်ခဲယမ်းတွေ သယ်ရန်အတွက် ဆဒုံးမြို့ ရပ်ကွက်(၅) လုတောင်၊ စကားပါ၊ ဘွမ်ဝါ၊ ဆမာဟော့ ရွာတို့မှတစ်ရွာလျှင် လား ၄ ကောင်နှုန်းနဲ့ လားအကောင် ၄၀ အား အတင်းတောင်းယူခဲ့ပါတယ်။ နောက်ပြီးတော့လည်း
၎င်းအဖွဲ့သုံးရန်အတွက် တစ်ရွာလျှင် တရုတ်ယွမ်ငွေ ၂၀၀၀ ဆီ ကောက်ခံတယ်လို့သိရပါတယ်။

KIA ဗဟိုက တပ်ရင်းအသစ်ဖွင့်ဖို့ဘဲပြောခဲ့ပါတယ်။ တပ်ရင်းအတွက်လိုအပ်တဲ့ ထောက်ပံ့မှုတွေကို ဘာတစ်ခုမှမပေးခဲ့ပါဘူး။ လူတွေကိုဒုက္ခပေးသေစေနိုင်တဲ့ လက်နက် ခဲယမ်းတွေသာပေးလိုက်ပေမယ့် သယ်ယူဖို့အတွက်တောင်မှ စီစဉ်ပေးမှုမရှိခဲ့ပါဘူး။
ဒါကြောင့် အဲဒီ တပ်ရင်းအသစ်လုပ်တဲ့ အဖွဲ့က ရွာက လားတွေ ပိုက်ဆံတွေ အတင်းတောင်းခံနေရတာဖြစ်တယ် လို့ ၎င်းအဖွဲ့မှ
တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ သူတို့အဖွဲ့ကို ရွာတွေက မပေးချင်ဘူးဆိုတာ သိပါတယ်။ ဒါပေမယ့်လည်း ဒီပစ္စည်းတွေကိုဘယ်လိုသယ်ယူလို့မရတဲ့အပြင်စားဖို့အတွက်လဲ မရှိတာကြာင့်ဒီလိုအတင်းအဓမ္မ သေနတ်နဲ့ခြိမ်းခြောက်ပြီး တောင်းနေ
ရတာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်မှုတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေပါဘဲလို့ ရွာခံသူတွေက ပြောနေကြပါတယ်။

ဗဟိုကတိုက်ဖို့ခိုက်ဖို့ဘဲ အမိန့်ပေးတက်ပါတယ် ဘာမှလုပ်ပေးမှုတော့ မရှိခဲ့ပါဘူး။ ဖားကန့်ဒေသမှ ကျောက်စိမ်းကုမ္ပဏီများမှအခွန်အကောက်တွေ သိန်းထောင်သောင်းမက ရရှိပေမယ့်လဲ တပ်ရင်းသစ်ဖွင့်လှစ်ဖို့အတွက်တော့ ရွာကလူတွေဆီက ပိုက်ဆံ
ကောက်တာက မတရားဘူးလို့ထင်ပါတယ်။ ဒါပေမယ့်လဲ ခေါင်းဆောင်တွေက လိုင်ဇာမြို့မှာမိန်းမတွေနဲ့ ဇိမ်ခံနေပါတယ်လို့ KIAတပ်ရင်းအသစ်ဖွဲ့တဲ့အဖွဲ့မှာပါတဲ့ တပ်ဖွဲ့ဝင်တစ်ဦးက KDN သတင်းဌာနကို သတင်းပေး ပို့ထားပါတယ်။
_________________________________________________________________________

Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ