May 29, 2012

တာဝန်မယူတတ်တဲ့ ခေါင်းဆောင်


၂၀၁၂ခုနှစ်၊ မေလ ၂၈ ရက်နေ့က KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က အရပ်ဘက်ပစ်မှတ်တွေ ကိုတိုက်ခိုက်ဖို့ ညွှန်ကြားထားတာမရှိကြောင်း ပြည်ပသတင်းဌာနတစ်ခုရဲ့ ဆက်သွယ်မေးမြန်းချက်မှာ ပြောကြားတာတွေ့လိုက်ရပါတယ်။
 ရွှေလီ-မန်ဆန် ဓာတ်အားပေးလိုင်းနဲ့ နမ့်ခန်း-မူဆယ် ဓာတ်အားပေး လိုင်းတွေကို မေလ ၁၈ ရက်၊ ၁၉ ရက်နဲ့ ၂၅ ရက်နေ့တွေမှာ ဖျက်ဆီးခဲ့မှုတွင် KIA ဗဟိုဌာနချုပ်မှ ခိုင်းတာ မဟုတ်ကြောင်း၊ လက်အောက်တပ်ဖွဲ့များမှ လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မူဆယ်-လားရှိုးလမ်း မှာ ကားတွေမသွားရဘူး ဆိုတဲ့အမိန့်ကိုလည်း ဌာနချုပ်မှ ထုတ်မထားပါဘူး။ တပ်မဟာ (၄)က အခြေအနေအရ ကားတွေမသွားဖို့ တားမြစ်ထားတာ ဖြစ်ပါလိမ့်မယ်။ ပြန်ပြီးစီစစ်ပေး ပါမယ်လို့ ပြောကြားခဲ့ပါတယ်။

ဗိုလ်ချုပ်ဂွမ်မော်က ဌာနချုပ်က အမိန့်မပေးဘဲ လက်အောက်ခံတပ်တွေက ဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်း ပြောဆိုခဲ့မှုကို ကြည့်ခြင်းဖြင့် KIA ခေါင်းဆောင်များသည် တာဝန်ယူလိုစိတ်မရှိဘဲ လုပ်ရဲရင် ခံရဲတဲ့ ယောင်္ကျားပီသတဲ့စိတ် ကင်းမဲ့ပြီး လူထုနှင့် ပြဿနာ တက်လာတဲ့အခါ လက်အောက်ငယ်သားများ ကိုသာ အပြစ်ပုံချတယ်ဆိုတာကို တွေ့ရမှာပါ။ KIA အဖွဲ့ရဲ့အပြစ်ပေးမှုတွေက ပြင်းထန်ရက်စက်လွန်းတာ ကြောင့် လက်အောက်အဖွဲ့တွေ အနေနဲ့ ဗဟိုဌာနချုပ်ရဲ့ အမိန့်မရဘဲ ဘာမှ မလုပ်ရဲပါဘူး။ KIA အဖွဲ့ အနေဖြင့် စစ်ပွဲကာလအတွင်း အရပ်ဘက်ပစ်မှတ်များကို တိုက်ခိုက်ခဲ့တာကတော့ မရေမတွက် နိုင်အောင်ပါပဲ။ ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲစေရန်အတွက် တံတားများဖောက်ခွဲ ဖျက်ဆီးခြင်း၊ မီးရထားလမ်းများကို ဖျက်ဆီးခြင်း၊ မီးသတ်ဌာန အပါအ၀င် ပြည်သူ့အကျိုးပြုဌာနများကို မိုင်းထောင်ဖောက်ခွဲခြင်းအပါအ၀င် ဖားကန့်ဒေသရှိ ကျောက်စိမ်းကုမ္မဏီပိုင်ကားများကို မိုင်းထောင် ဖောက်ခွဲခြင်းနဲ့ ရှမ်းမြောက်ဒေသက ကုန်ကားတွေ မိုင်းခွဲ တိုက်ခိုက်ခြင်းစတဲ့ အရပ်ဘက်ပစ်မှတ်များကို တိုက်ခိုက်ခဲ့တာက ငြင်းလို့မရတဲ့ သက်သေတွေပါ။ လက်နက်ကိုင်အဖွဲ့တစ်ခုဟာ အထက်အမိန့်ကို မနာခံဘဲ ကိုယ်ထင်ရာ ကိုယ်လုပ်မယ်ဆိုရင် တာရှည်ရပ်တည်ဖို့မလွယ်ပါဘူး။


ဗိုလ်ချုပ်ဂွမ်မော်ရဲ့ ပြောဆိုချက်နဲ့ပတ်သတ်ပြီး တပ်မဟာ (၄)မှ အရာရှိတစ်ဦး က “ကျွန်တော်တို့ က အထက်အမိန့်အရ ကုန်ကားတွေကို တိုက်ခိုက်ရတာပါ။ လိုင်ဇာက လာတဲ့ အမိန့်အတိုင်း လိုက်လုပ်ရတာပါ။ ခုလို ပြည်သူတွေက မုန်းလာတော့မှ သူတို့ကနာမည်ကောင်းယူပြီး ကျွန်တော်တို့ အပေါ်အပြစ်ပုံချတာကတော့ ယောင်္ကျားမပီသဘူး။ တကယ်ဆိုရင်သူတို့လုပ်ခိုင်းတာကို သူတို့ တာဝန်ယူရဲမှပေါ့။ ကျွန်တော်တို့ကလည်း စစ်ပဲတိုက်ချင်ကြတာပါ။ ဒီလိုပြည်သူတွေကို အနှောင့် အယှက်ပေးရတာမျိုး မလုပ်ချင်ပါဘူး။ ခေါင်းဆောင်ကြီးတွေက လိုင်ဇာမှာ အေးအေးချမ်းချမ်း နေရပေမဲ့ ကျွန်တော်တို့ဘ၀ကတော့ ဘယ်နေ့တိုက်ပွဲမှာ သေမယ်ဆိုတာကိုတောင် မသိပါဘူး။ ဒါ့အပြင် ခုလို ပြည်သူ တွေက မုန်းတီးလာအောင် လုပ်နေလို့ ကျွန်တော်တို့ကိုတော့ ဒီခေါင်းဆောင်တွေရဲ့ အုပ်ချုပ်ပုံနဲ့တော့ မနေချင်တော့ပါဘူးဗျာ” လို့ပြောကြားခဲ့ပါတယ်။

__________________________________________________________________________

Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ