May 28, 2012

"ရွှေည၀ါဆရာတော် သင်္ကန်းဝန်ဖြင့် နေသင့်/မနေသင့် အပိုင်း(၂)"


ရွှေည၀ါဆရာတော် သင်္ကန်းဝန်ဖြင့် နေသင့်/မနေသင့် အပိုင်း()
၂၀၁၂ ခုနှစ်၊ မေလ ၂၁ ရက်နေ့ညနေ ()နာရီခန့်က ရွှေည၀ါဆရာတော်ဦးပညာသီဟက မြောင်းတကာ စက်မှုဇုန်၊ ရန်ကုန်သရဖူ သံရည်ကျိုစက်ရုံရှိ အလုပ်သမားအခွင့်အရေး တောင်းဆိုသူ လူ (၃၀၀) ခန့်အတွက် ထမင်းထုတ် (၆၀၀) ကျော်အား သွားရောက်ဝေပေးခဲ့ပါတယ်။ ဆက်လက်ပြီး ဆရာတော်မှ အလုပ်သမားများ အား မိမိ လာရောက်ခြင်းသည် သာသနာအတွက်မဟုတ်ပဲ နိုင်ငံရေးအတွက်သာဖြစ်ကြောင်း၊ မိမိသည် ယခင်က နိုင်ငံရေးအကြောင်း ဟောပြောမိလို့ခုလို ၀ါးကျောင်းနဲ့နေရတာဖြစ်ကြောင်း၊ ယခုကဲ့သို့ ဇွဲလုံ့လနှင့် ဆန္ဒဆက်လက် ပြစေလိုကြောင်း၊ မိမိအား ယခုအချိန် ထမင်းထုပ်လာပေးလို့ ဖမ်းမယ်ဆိုပါက မိမိအဖမ်းခံရမည် ဖြစ်ကြောင်း ပြောကြားပြီး ၀ါးကျောင်းသို့ ပြန်လာခဲ့ပါတယ်။

အလားတူပင် မေလ ၂၂ ရက်နေ့မှာလည်း ထပ်မံရောက်ရှိလာပြီး အလုပ်သမားများအား ထမင်းကျွေးကာ နိုင်ငံရေး တရားများကို ဆက်လက် ဟောကြားခဲ့ကြောင်း သိရပါတယ်။ ရွှေည၀ါ ဆရာတော်ရဲ့လှုပ်ရှားမှုကြောင့် ပြင်သစ်ညွန့်ဝေ အခြေစိုက် မြန်မာနိုင်ငံ အလုပ်သမားများ အဖွဲ့ချုပ် ကငွေကျပ်သိန်း (၁၀၀) အား ပေးပို့လှူဒါန်းခဲ့ပါတယ်။ ဆရာတော် မှာ အလှူငွေသိန်း (၁၀၀) လက်ခံရရှိသည့် (၂၄) ရက်နေ့မှစတင်ပြီး ယနေ့အထိ အလုပ်သမားများ အားသွားရောက် အားပေးခြင်းမရှိပဲ ထမင်းထုပ်များကို ငြုပ်သီးကြော်၊ ကြာဇံဟင်းခါးဖြင့်သာပေး ဝေခဲ့ကြောင်း သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဆရာတော်အား ဆက်သွယ်မေးမြန်းခဲ့ရာဆရာတော်မှ အလှူငွေပေးတာ အလုပ်သမား များအတွက်မဟုတ်ကြောင်း၊ မိမိကျောင်းဆောက်ရန်အတွက်သာလှူဒါန်းခြင်းဖြစ်ကြောင်း ပြန်လည်ပြောခဲ့ပါတယ်။ ရွှေည၀ါဆရာတော်သည် ၂၀၁၁ ခုနှစ်တွင် အစိုးရကိုပုတ်ခတ်တဲ့စကားပြောကြားမှုကြောင့် တရားဟောခွင့် ()နှစ် အပိတ်ခံခဲ့ရပါတယ်။ ဆရာတော်ပြောကြားတဲ့ တရားတွေမှာ ဗုဒ္ဓအဆုံးအမမပါပဲ၊ နိုင်ငံရေးအကြောင်း၊ အစိုးရ မကောင်းကြောင်းတွေကို မာန်ပါပါနဲ့ ဟောကြားနေကြောင်း ကြားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆရာတော်ဟာ နိုင်ငံတော်က ဘွဲ့တွေ တံဆိပ်တွေ ဆပ်ကပ်ခံထားရတဲ့ ဆရာတော်တွေကိုလည်း စော်ကားခဲ့ပါတယ်။ ဘွဲ့တွေ ဂုဏ်ထူးတွေရရှိတာ ဟာ အစိုးရကိုဖားလို့ရတာဖြစ်ကြောင်း၊ ပညာတတ်နည်းတွေကိုမသိပဲ အစိုးရအကြိုက်လိုက်လို့ ဒီလို ဘွဲ့ထူးဂုဏ်ထူးတွေရကြောင်းစတဲ့ ဘုန်းကြီးအချင်းချင်း မစ္ဆိရိယစိတ်တွေ ပွားများတာကလည်း ဘုရား သားတော် တစ်ယောက် ဟုတ်ပါရဲ့လားလို့တောင်သံသယ၀င်နေမိပါတယ်။



ဆရာတော်ဟာ သင်္ကန်းအရေခြုံထားတဲ့ နိုင်ငံရေးသမားဖြစ်နေပြီ ထင်ပါတယ်။ ၀တ်ထားတဲ့ သင်္ကန်းမှ အားမနာ နိုင်ငံရေး အကြောင်းပဲပြောနေတော့ လူထွက်ပြီး ရွှေည၀ါပါတီထောင်ခိုင်းရမလိုဖြစ်နေပြီ။ ဒါပေမယ့်လည်း ပါတီထောင်ရင်တော့ ဒီလိုလက်လွတ်စပယ် အစိုးရမကောင်းကြောင်းပြောလို့ မရမှန်းသိလို့ ဘုန်းကြီး ယောင်ဆောင် ထားတာပဲကောင်းပါတယ်။ ဆွမ်းကွမ်းလေးလည်းမပူရ၊ ခုလိုနိုင်ငံခြားက အလုပ်သမားတွေအတွက် လှူတဲ့ ပိုက်ဆံ တွေကိုလည်း လိမ်စားရနဲ့ စားပေါက်ချောင်နေတော့ လူဘယ်ထွက်တော့မလဲ၊ ဘုန်းကြီးဝတ်နဲ့ပဲလုပ်စားတာပဲ ကောင်းတယ်လို့တွေးနေမှာ ဖြစ်ပါတယ်။ ဆရာတော်ဟာသူ့ကိုယ်သူ ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်စတဲ့ နိုင်ငံရေးသမားတွေနဲ့ အတူတူလို့ ခံယူထားကြောင်း ဆရာတော်က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ၈၈ ကျောင်းသား တွေရဲ့ လှုပ်ရှားမှု ကိုလည်း ဦးဆောင်မယ်လို့ပြောတော့ ဆရာတော်ဟာ ၈၈ ကျောင်းသားတွေရဲ့ ခေါင်းဆောင် လုပ်ချင်ပြီး နိုင်ငံရေးလောကမှာထင်ပေါ်ကျော်ကြားချင်တယ်လို့ထင်မိပါ တယ်။
ဆရာတော်ရဲ့ ၀ိနည်းနဲ့မညီတဲ့ လုပ်ရပ်တွေကြောင့် ဆရာတော်ကြီးတစ်ပါးက ခေါ်ယူ ဆုံးမခဲ့ပါတယ်။ ဆရာတော်၊ ခုလိုလုပ်ဆောင်နေတာက ဘုန်းကြီးတို့ ရဲ့ သာသနာတော်ကိုညှိုးနွမ်းစေပါတယ်။ ဆရာတော်ရဲ့ ကျောင်းဆောက်ဖို့ လိုက်အလှူခံနေတာလည်း ၀ိနည်းတော်နဲ့ မညီသလို ရလာတဲ့ဝတ္ထုငွေတွေကို ကိုင်ဆောင် အသုံးပြုတာလည်း ၀ိနည်းတော်တွေကို ချိုးဖောက်တာပဲဖြစ်ပါတယ်။

  ဒီလိုရခဲလှတဲ့လူ့ဘ၀ကြီးမှာမြင့်မြတ်တဲ့ သံဃာတော်ဘ၀ကိုလည်း ရောက်ရှိခဲ့ပြီးပြီ၊ ဘာလို့ခုအချိန်မှ ငရဲအိုးထဲကိုပြန်မဆင်းချင်ပါနဲ့၊ သင်္ကန်းဝတ် ထားရင် တော့ ၂၂၈ သွယ်သော သိက္ခာပုဒ်တွေကိုစောင့်ထိန်းရပါမယ်။ ဒီလိုသာသနာခေတ်ကြီးထဲမှာ ပရိပတ္တိအလုပ်နဲ့ ပရိယတ္တိ အလုပ်တွေကိုသာ လုပ်ဆောင်ပါ။ လောကီဘုံကိစ္စတွေဖြစ်တဲ့ နိုင်ငံရေးလုပ်ဆောင်မယ်ဆိုရင်တော့ သိက္ခာ ချပြီး လူဝတ်လဲပါ။ ရဟန်းဝတ်နဲ့ခုလိုမျိုး လောဘ၊ ဒေါသ၊ မောဟတွေ ဖုံးလွမ်းပြီးနိုင်ငံရေး လုပ်မယ်ဆိုရင်တော့ အပြစ်ပိုကြီးမှာမို့ ဆင်ခြင်တော်မူစေချင်ပါတယ်လို့ ဆုံးမခဲ့ပါတယ်။ ဒါပေမယ့် ခုလိုမျိုးလုပ်ရပ်တွေအရတော့ ရွှေည၀ါဆရာတော် ကတော့ ငရဲအိုးထဲမှာပဲ ပျော်မွေ့တော့မယ်လို့ ဆုံးဖြတ်ချက်ချထားကြောင်း ထင်ရှားနေပါတော့တယ်။ ဒါကြောင့်ဗုဒ ဘာသာဝင်တစ်ယောက်အနေနဲ့ဆရာတော်ကိုလူဝတ်လဲပြီးတော့ နိုင်ငံရေး ဆောင်ရွက် စေလိုကြောင်း လျှောက်တင် အပ်ပါတယ်။

အပိုင်း ၁ ကို ဤနေရာတွင် CLICK ၍ ဖတ်ပါ 
_______________________________________________________________________________

Print Friendly and PDF

2 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ိနိင်ငံရေး လုပ်ချင်ရင် တော့  အရပ်ဝတ်လည်းပါ လို့ အကြံပြူချင်ပါတယ်

kyawkyaw said...

ကျောက်ခဲ သိပ်ဟုတ်နေပါလား

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ