Dec 22, 2011

ဒီနေ့ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံးတာ ၇၃ နှစ်ပြည့်ခဲ့ပြီ

ကျွန်တော် သိတဲ့ ကျောင်းသားခေါင်းဆောင် အာဇာနည်ဟာ ဘုန်းမော် မဟုတ်ဘူး
*ဗိုလ်အောင်ကျော်* ပဲ ဖြစ်ပါတယ်
ပြည်ပြေးအတိုက်အခံတွေ ပြည်တွင်းအတိုက်အခံတွေ နောက်ဆုံး NLD ကတောင် အရေးတယူ လုပ်နေခဲ့ကြတာ ဘုန်းမော် ဆိုတဲ့ လူငယ်လမ်းစဉ်လိုလို ကျောင်းသား သတင်းထောက်လိုလို ကောင်ကို တမ်းတနေကြတယ်...
ကျွန်တော်တို့ ရဲ့ တကယ့် ကျောင်းသား အာဇာနည်ကို မေ့ပစ်နေကြတယ်(ပြည်ပြေးအတိုက်အခံနဲ့ပြည်တွင်းအတိုက်ခံတွေကို ပြောခြင်းဖြစ်တယ်)
ဒါမှမဟုတ် သူတို့  မသိတော့ဘူး..သိအောင်လည်း မကြိုးစားဘူး...အစိုးရက သမိုင်းပြင်ထားတယ် မပြောပါနဲ့ 
အလယ်တန်းပြ သမိုင်း စာအုပ်တွေမှာ ရှိတယ်..။

ကဲ..ဗိုလ်အောင်ကျော် ဆိုတာ ဘယ်သူလဲဆိုတာ ပြည်ပြေးတွေ အတိုက်အခံ ငတုံးတွေ သိအောင် ပြောပြကြ ရအောင်လား။။
နာမည် အရင်းက ကိုအောင်ကျော် ပါ ။
အင်္ဂပူ မြို့နယ် ရုံးဇင်ရွာ မှာ တိုင်းရင်း မြန်မာ အလယ်တန်း ကျောင်းအုပ် ဦးကျော်ထင်နှင့် ဒေါ်ရွှေကျော့ တို့က 
၁၉၁၆ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်နေ့ မှာ မွေးဖွားသန့်စင်ပေးခဲ့တယ်..။
အဲဒါမှ ငါတို့ ကျောင်းသားအာဇာနည် ဗိုလ်အောင်ကျော်
 ဟင်္သာတမြို့ ဒေါက်တာ ကမ်းမင်း ကျောင်းကနေ အထက်တန်း အောင်ပြီးတဲ့နောက် ရန်ကုန် ဂျပ်ဆင် ကောလိပ် ကို ဆက်တတ်ခဲ့တယ်..။ ကိုအာင်ကျော် ဟာ မြန်မာ စာတွင် ထူးချွန်တဲံလူ ၊
  ကျောင်းတတ်နေရင်း အမျိုးသားရေးကို လှုံ့ဆော်ပေးသည့် ဆောင်းပါးတွေ ဆက်တိုက် ရေးသားခဲ့တယ်။ ကောလိပ်တတ်နေစဉ် မှာပဲ အမျိုးသားရေးကို လှုံ့ဆော်သည့် တရားပွဲတွေ၊ ဟောပြောပွဲတွေ၊ စကားရည်လုပွဲတွေမှာ ရှေ့တန်းမှ ပါဝင်ခဲ့တဲ့ ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ နဲ့  ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ တို့ရဲ့ အလုပ်အမှုဆောင် အဖွဲ့ဝင် တဦး ဖြစ်ပါတယ်။၁၃၀၀ပြည့် အရေးတော်ပုံ ကာလမှာကျောင်းသား လှုပ်ရှားမှုတိုင်းမှာ ခေါင်းဆောင် တဦး အဖြစ် ပါဝင်ခဲ့တယ်။
ကိုအောင်ကျော် ဟာ ကော်လိပ်တတ်နေသော်ငြားလည်း ပင်နီတိုက်ပုံဝတ်တယ် ခုံဖိနပ်စီးတယ်
ဆံပင်ကို ကတုံး ဆံတောက်ထားတယ်.။
ကိုအောင်ကျော် ဒုတိယ နှစ် ဥပစာတန်း ကာလ- 
၁၉၃၈ ခု၊ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ရန်ကုန်မြို့၊ အတွင်းဝန်ရုံးကို ကောလိပ် ကျောင်းသားများ အပါအဝင် ရန်ကုန် မြို့ရှိ ကျောင်း ပေါင်းစုံမှ ကျောင်းသား များဝိုင်းပြီး ဆန္ဒ ပြခဲ့ ကြတယ်။
ဆန္ဒပြ ကျောင်းသားတွေ ကို အင်္ဂလိပ် နယ်ချဲ့ ဗြိတိသျှ (အခု-UK ပေါ့နော်)အစိုးရ ရဲ့ မြင်းစီး
ပုလိပ် တွေက  မြင်းနဲ့ တိုက်၊ တုတ်နဲ့  ရိုက်တဲ့အတွက်ကြာင့် ကျောင်းသား ခေါင်းဆောင် ကိုအာင်ကျော် အပါအဝင် ကျောင်းသား လူငယ် ၂၀၀ ကျော် ဒဏ်ရာရခဲ့သည်။ အဲဒီ အရေးအခင်းမှာ ရတဲ့ ဒဏ်ရာနဲ့ပဲ ကိုအာင်ကျော်ဟာ ၁၉၃၈ ခု၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် သေဆုံး ခဲ့ရတယ်.။

ကိုအောင်ကျော် ဈာပနအခမ်းအနားမှာ ကိုအောင်ကျော်ကို ကျောင်းသားဖြစ်ပေမဲ့
သူရဲ့ သတ္တိ ၀ိရိယ နဲ့ ဦးဆောင်မှုတွေကြောင့် ကိုအောင်ကျော်ကို  "နေမျိုး သီဟ သူရ ဗိုလ်အောင်ကျော်"
ဆိုပြီး တနိုင်ငံလုံးက ဂုဏ်ပြုခဲ့ကြတယ်..။

(ဘုန်းမော် လိုမဟုတ်ဘူး.ဘုန်းမော် နဲ့ အမွန်းတင်နေတဲံ ၈၈ ကျောင်သားတွေက ဗိုလ်အောင်ကျော်ရဲ့ ခုံဖိနပ် မှာပေနေတဲံ ခွေးချေး နဲ့ သုတ်ဖို့တောင် မတန်ဘူး)
 ဗိုလ်အောင်ကျော် ကျဆုံးပြီးတဲံနောက် ကျောင်းသားထုရဲါ လှုပ်ရှာမှုတွေ အားကောင်းလာခဲ့တယ်
ဗိုလ်အောင်ကျော် ကို ဂုဏ်ပြုတဲံအနေနဲ့ ရန်ကုန်မြို့ အတွင်းဝန်ရုံးဘေးက လမ်းကို ဗိုလ်အောင်ကျော်လမ်းဟု ခေါ်စေခဲ့တယ်..။
(ဘုန်းမော် လမ်းဆိုတာ မရှိဘူး နော် .ဟက်ဟက်)
ဗိုလ်အောင်ကျော်လမ်းနှင့် ကမ်းနားလမ်းရှိ ဆိပ်ကမ်းကို ဗိုလ်အောင်ကျော် ဆိပ်ခံတံတား အဖြစ်သတ်မှတ်လိုက်တယ်..။
(ကဲ ရှာကြည့်စမ်း.ဘယ်မလဲ ဘုန်းမော်ဆိုတဲ့ အမိုက်ကလေးအတွက် အမှတ်တရ)

မြန်မာ့ နိုင်ငံ သမိုင်း အတွက် တကယ့်နေရာကနေ ကျောင်းသားထုကြီးပါဝင်လှုပ်ရှားခဲ့တဲ့
ဗိုလ်အောင်ကျော် တို့ လို သူရဲကောင်းတွေကို မေ့နေတဲ့ အခု ပြည်ပကို ခွေးပြေးနွားပြေး ပြေးရောက်နေတဲ့
၈၈ သူတောင်းစားများကို ဖတ်စေချင်လို့ ရေးပေးလိုက်တယ်..။
အဲဒါကမှ မြန်မာ့ကျောင်းသားခေါင်းဆောင်လို့ခေါ်တာဖြစ်ကြောင်း ၈၈ မျိုးဆက် ဒီမိုဗန်းပြ သူတောင်းစား
ငမိုက်သား သက်ကျားအိုတွေ သိစေလိုတယ်..။

******************************************************************
                                                                                                                      
                                                                                                                                   မောင်မောင်ဒိန်
Print Friendly and PDF

3 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

Bravo to that MgKyautKhe! Many who know the details of socalled PhoneMaw would quietly laugh the way how these campers praise him as a Hero! Politics and being used!! used and the users, MrsAris and the Inc should really find the true way to be a part of a new Myanmar.

Anonymous said...

ဘုန်းမော် ဆိုတာ ဟိုတလောက ဆိုက္ကားတိုက်လို့ သေသွားတဲ့တစ်ကောင်လား ?

Anonymous said...

မည်သူမှ ကိုဖုန်းမော်ကို သူရဲကောင်းအဖြစ် မသတ်မှတ်ပါ။ ကိုဖုန်းမော်ဆုံးသာ စစ်အာဏာရှင်တို့ရဲ့လက်ပါးစေတွေ RIT ကျောင်းဝင်းထဲမှာ သေနတ်နဲ့ ပစ်သတ်လို့သေတာပါ။ ကိုဖုန်းမော် သေတဲ့နေ့ကို အမှတ်တရ ပြောကြ၊ ရေးကြတာဟာ သူကို ဂုဏ်ပြုနေကြတာ မဟုတ်ပါ။ စစ်အာဏာရှင်တို့ အပြစ်မဲ့၊ လက်နက်မဲ့ ကျောင်းသားတွေကို ကျောင်းဝင်းထဲအထိလိုက်ပြီး မတရားအနိုင်ကျင့် ရက်စက်တဲ့နေ့ကို မမေ့စေချင်တဲ့ သဘောပါ။ ဗိုလ်အောင်ကျော်ကို သတ်တာ အင်္ဂလိပ်နယ်ချဲ့ ဗြိတိသျှတွေပါ။ ကိုဖုန်းမော်ကို သတ်တာ မြန်မာလူမျိုးပါ။ ကိုယ်လူမျိုးအချင်းချင်း သတ်တာ ပိုပြီး ရင်နာဖို့ကောင်းပါတယ်။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ