Dec 8, 2011

အမေ့ထမီတော့ မလျှော်ဖူးဘူး၊ ဒေါ်စုထမီတော့ ခေါင်းမှာပတ်မယ်ဆိုတဲ့ အတိုက်အခံများ

အတိုက်အခံတွေရဲ့ ဒီလူမှ ဒီလူ ဒေါ်စုမှဒေါ်စု ဆိုတဲ့ အတ္တစွဲက အင်မတန်ကြောက်ဖို့ကောင်းပါတယ်။ ဒေါ်စု တစ်ယောက်က သူတို့ ချက်စားဖို့ ဆိုပြီး ဘူးသီးလက်ဆောင်ပေးခဲ့တုန်းကလည်း ဒါအစိုးရလုပ်သမျှကို ဘူး ခံ ဆန္ဒပြဖို့ ပြောတာပဲ ဆိုပြီး အဲတုန်းက ၂၀၀၈ အခြေခံ ဥပဒေကို ဆန္ဒပြ ၊ ရွေးကောက်ပွဲ ကို ဆန္ဒပြနဲ့ အူကြောင်ကြောင် အလုပ်တွေ လုပ်ခဲ့ပါသေးတယ်။ ခုကျတော့လည်း ဒေါ်စုက ရွေးကောက်ပွဲ ၀င်မယ်ပြော ထောက်ခံရပြန်ပြီ။ အရင်က ဒီအခြေခံဥပဒေကို ဆန္ဒပြတုန်းကလည်း သူတို့၊ ရွေးကောက်ပွဲကို ဆန္ဒပြတုန်းကလည်း သူတို့။ အမျိုးမျိုးနဲ့ ဒေါ်စုလိုက်ယောင်သမျှ လိုက်ယောင်နေတာပါပဲ။

ခုလည်းကြည့် ဒေါ်စုမှ ဒေါ်စုဆိုပြီး စွဲနေတဲ့ အတ္တတွေ၊ မောဟတွေနဲ့ တသက်လုံး ကိုယ့်အမေခြေဖမိုးကိုမှ နဖူးနဲ့ ထိအောင် ရှိခိုးဦးမချဖူးခဲ့တဲ့ အတိုက်အခံတွေ ဒေါ်စုဝတ်တဲ့ လျှော်မှန်း မလျှော်မှန်း မသိတဲ့ ထမီစကို ခေါင်းမှာပတ်မယ်ဆိုပဲ။ ဒီထမီစက သူတို့ဘ၀ရဲ့ လမ်းပြအလင်းတဲ့။ မွေးထားတဲ့ အမေသာ တသက်လုံး သူ့ထမီတောင် မလျှော်ပေးဖူးတဲ့ သူ့သားသမီး ကိုယ်နဲ့ ဘာမှမတော်တဲ့ မိန်းမတစ်ယောက်ရဲ့ ထမီကို ခေါင်းမှာ တောင်ပတ်အုံးမယ်ဆိုတာ ကြားရရင်တော့ အဲအမေခမြာ ၀မ်းရေစပ်လှချည်ရဲ့ ဆိုပြီး ရင်ထုမနာဖြစ်နေပါအုံးမယ်။

ကိုယ့်အမေထမီတောင် မလျှော်ပေးဖူးဘူး သူများထမီ 
ဒီလို လုပ်မယ်တဲ့


ဒါတင်မကသေးဘူး ထီးတင်တယ်ဆိုတဲ့ စကားဟာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေရဲ့ တန်ဖိုးထား ကိုးကွယ်ရာ ဘုရားစေတီတွေထီးတော်တင်တဲ့ နေရာမှာသာ သုံးနှုန်းတယ်ဆိုတာ မြန်မာလူမျိုးတိုင်း သိကြမှာပါ။ ဒါကို အတိုက်အခံတွေက NLD ရွေးကောက်ပွဲဝင်တာလေးကို တောင် NLDရဲ့ထီးတင်ပွဲ ဆိုပြီး NLD ကို ဘုရားစေတီနဲ့ ခိုင်းနှိုင်းပြီး မပြောသင့် မသုံးသင့်တဲ့ စကားတွေ သုံးပြီးစော်ကားတဲ့အထိ ဘာသာတရား ကင်းမဲ့ ၀ါဒစွဲတွေ မှိုင်းမိနေတာ ကြောက်ဖို့ ကောင်းပါတယ်။ ဒီလိုလူမျိုးတွေသာ လွှတ်တော်ထဲရောက် ငါစွဲ ပုဂ္ဂိုလ်စွဲတွေနဲ့ ပြည်သူတွေ အတွက်တော့ ရင်လေးစရာပါပဲ။
ဘုရားမှား တရားမှန်းမသိတော့တဲ့ အတိုက်အခံတို့ရဲ့ 
အသုံးအနှုန်းများ

ဒေါ်စု ရွေးကောက်ပွဲဝင်လို့ အနိုင်ရရင် ငါတို့များ နေရာရလေမလား၊ ကောင်းစားမလားဆိုပြီး ကိုယ့်အမေထမီစတောင် လက်မောင်းမပတ်ဖူးတဲ့ သူတွေက ဒေါ်စုရဲ့ ထမီစကို ခေါင်းမှာ ပတ်ပြီး ထမီနားခိုစားဖို့ ကြံရွယ်နေကြပါပြီ။ အခုလို အတိုက်အခံတွေရဲ့ စဉ်းစားမျှော်မြင်မရှိ လုပ်ချင်ရာလုပ် ရေးချင်ရာရေးနေတဲ့ လုပ်ရပ်တွေဟာ အနာဂတ် တိုင်းပြည်ကို ဦးဆောင်နိုင်မယ့် အရည်အချင်းရှိတဲ့ လူတွေ ဟုတ်မဟုတ် တွေးတော ဆင်ခြင်နိုင်တဲ့ လူတိုင်း သိကြပါတယ်။ ဒါကြောင့်မို့ အစိုးရနဲ့ ပြည်သူလက်တွဲ ညီညီနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးကို တည်ဆောက်နေတဲ့အချိန်မှာ ဒီလိုမျိုးအသိဉာဏ်မဲ့၊ ရူးကြောင်ကြောင် လုပ်ရပ်တွေကို လုပ်ပြီး အစိုးရဘာလုပ်လုပ် အတိုက်အခံလုပ်နေတဲ့ ပုဂ္ဂိုလ်စွဲ အတိုက်အခံသမားတွေကို ပြင်းပြင်းထန်ထန် ဖော်ထုတ်ရှုံ့ချသွားဖို့ ရွှေမြန်မာမှ တိုက်တွန်းလိုက်ရပါတယ်။

အတိုက်အခံတွေကတော့ ထမီနားခိုစားတယ်ပြောပြော 
ထမီမှ ထမီပဲ

မိုက်ကယ်အဲရစ်ကို ချန်မထားနဲ့

အမေ့ထမီတောင် မလျှော်ဖူးတဲ့ အတိုက်အခံတို့ရဲ့
အားရပါးရ ကြွေးကြော်သံ

Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ