Oct 23, 2011

စစ်တပ် ဆိုတာ

စစ်တပ် က အပြစ်မဲ့အရပ်သားတွေ ပစ်ပြန်ပြီ..
စစ်တပ်က မုဒိန်းကျင့်ပြန်ပြီ...
စစ်တပ်က ပေါ်တာဆွဲပြန်ပြီ...
စစ်တပ် က မိုင်းထောင်ပြန်ပြီ..
ငါလခွမ်းမှတဲ့..နိုင်ငံတစ်နိုင်ငံရဲ့ တရားဝင် တပ်မတော် ကြီး က အဲဒီအပြောတွေနဲ့  မသိရင်ပဲ
ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်ကင်ပေတိုင်တွေ ရောက်လာနေတဲ့အတိုင်းပဲ..
မနေ့တစ်နေ့ကမှ တွေ့ရာသေနတ်ကောက်ဆွဲ သစ်ခိုးထုတ်ပြီး M-16/A-1/A2နဲ့ AK 47 / AK 74 /RPG/RPK တွေကိုမှောင်ခိုဈေးနဲ့ မီိးကျိုးမောင်းပျက် ဝယ်နဲ့ 
ထိုင်းဈေးထဲက တွေ့ကရာ ပြောက်ကျားဝတ်စုံ ဆင်ပေးထားတဲ့ အဖွဲ့ တွေလိုများအောင့်မေ့နေလားမသိဘူး..

စစ်တပ်ဆိုတာ မိုက်မိုက်ရိုင်းရိုင်းပြောရရင် "မ.တစ်ထောင်သားတွေ" ကို တစ်သွေးထဲတသံတည်း ဖြစ်အောင်
အမိန့် ရယ် ဥပဒေရယ်နဲ့  ထိန်းချူပ်ထားတာ...။စစ်သားတွေလည်းလူတွေပဲ...။ဘယ်သူမှ ခေတ်လွန်ဇာတ်ကားတွေလို လူသားစက်ရုပ် တွေမပါဘူး...။တခါတလေတော့ လူဆိုတာ အမှားနဲ့တော့မကင်းဘူး...။စစ်မြေပြင်ဆိုတာ ဘယ်ကောင်ကမှ ပန်းနဲ့ခင်းပြီးမကြိုဘူး...။အရာရာကို သကာင်္မကင်းစိတ်နဲ့  ကြည့်နေရတာ...။ ၂၄ နာရီလုံးလုံး သတိ ဆိုတာကို ခေါင်းထဲမှာထည့်နေရတာ...။
တကယ့်ကိုခေတ်မီပါတယ်ဆိုတဲ့  ခင်ဗျားတို့ အထင်ကြီးပါတဲ့ USတပ်တွေ ညမှာတောင် နေ့ခင်းလိုမြင်နိုင်တဲ့အစွမ်းရှိတဲ့ ကိရိယာတွေတပ်ဆင်ထားတဲ့ တပ်တွေတောင် မှားယွင်းပစ်ခတ်မှု ဆိုတာ
စစ်ဆင်ရေးတခါပြီးတိုင်း တတ်လာတဲ့တင်ပြချက်ဇယားတွေမှာ နံပါတ်စဉ် ၃ နဲ့ ၄ ကြားမှာ ရှိတယ်။ဒါတောင်ဖုံးထားတာတွေရှိရင်ရှိအုံးမှာ...။
မြန်မာနိုင်ငံ စစ်ဆင်ရေးနယ်မြေအရ စစ်တပ်ကို ပြန်တိုက်နေတဲ့ အဖွဲ့အစည်းပေါင်းစုံ လုပ်နေကြပုံလေး ပြောပြအုံးမယ်...။မြန်မာနိုင်ငံလို၇ ရက်သားသမီးများ က နားယောင်တာတော့ ဘယ်နိုင်ငံမှာမှ မရှိဘူး...။
ဒါကြောင့်ပြောပြရအုံးမယ်...။
အဲဒီသောင်းကျန်သူတွေက အင်တာနက်ပေါ်တတ်ချင်ရင် ယူနီဖောင်းအပြည့်အစုံဝတ်တယ်...။စစ်ရေးပြလေးလျှောက်ပြီး စည်းကမ်းရှိချင်ယောင်ဆောင်တယ်...။
တကယ်တမ်းကျတော့ ရွှာသားတွေလို သူလိုငါလို ၀တ်တယ်...။ရွှာထဲမှာ နေတယ်...။ဒီကစစ်တပ်ဆိုတာ
ယူနီဖောင်းဆင်တူနဲ့  သေနတ်ကို series အလိုက် ကိုင်လာတာ...။ဒင်းတို့ က ရွာသားတွေလိုပဲ လမ်းလေးလျှောက်လိုက် ပျိုးလေးနှုတ်လိုက်နဲ့  အခွင့်သာရင် ဖွက်ထားတဲ့ သေနတ်နဲ့ ပစ်ပြီး ရွာသားတွေနဲ့ ရောပြေးရော...။ကဲ...စစ်တပ်က ပြန်ပစ်ရင် ရွာသားကိုပစ်ပါတယ် ပြောရော...ငါလခွမ်းမှတဲ့...။
တခါတလေများ စခန်းနားလာပြီး မျှစ်ချိုးသလိုလို ဝါးခုတ်သလိုလိုနဲ့  မိုင်းထောင်သွားတာတို့  ချောင်းပစ်သွားတာတို့ နဲ့ ခင်ဗျ...။ပထမတစ်ခါလောက် စစ်တပ်ကခံလိုက်ရရင်မှတ်သွားပြီလေ...။နောက်တခေါက်လာရင် ဒီကကောင်တွေကထပ်အနာမခံတော့ဘူး..။ပစ်ပြီလေ..အဲ---အဲလိုဖြစ်ရော...အပြစ်မဲ့ရွှာသားတဲ့လေ...။
တခါတခါကျတော့လည်း တကယ့်ရွာသားတွေ ဖြစ်နေတတ်တယ်..ဒါကလည်း အပေါ်မှာကျနော် ပြောခဲ့သလိုပဲ...အဲဒီသောင်းကျန်သူ က ရွှာသားတွေလိုဝတ်ပြီး ရွှာသားတွေလို အလုပ်လုပ်ချင်ယောင်ဆောင်ပြီး ပစ်-ပြေး လုပ်တတ်လွန်းလို့ ...။ အဲလိုလေးတွေ အမှား ရှိတတ်တာတော့ ဝန်ခံပါတယ်...။ထန်းသီးကြွေခိုက် ကျီးနင်းခိုက် ပေါ့ဗျာ...။အဲဒါမျိုးမှန်နေရင် တကယ်လည်းကြေကွဲရပါတယ်..။
အဲလိုလုပ်မိတဲ့ စစ်သည်တွေအတွက် ဥပဒေ ရှိပါတယ်...။စစ်ဘက်ဆိုင်ရာ ဥပဒေ နဲ့ အညီ အရေးယူပါတယ်..။



အပေါ်မှာကြည့်ပါခင်ဗျာ....။


နောက် ရှိသေးတယ်...။သူဟာသူ သူကောင်နဲ့သူ ကမြင်းပြီးမှအကောင်က တောထဲကအဖွဲ့အစည်း ရဲ့
လူသစ်လည်း ဖြစ်သွားရော ... နေရင်းထိုင်ရင်း စစ်တပ်က မုဒိန်းကျင့်လို့ ဖြစ်ပါလေရော...။နောက်ပြီး
အဲဒီအမှုတွေ အများဆုံးရှိတဲံနေရာကိုလက်ညိုးထိုးပြလိုက်ရင် ဘယ်နေရာမှာလဲ..သိကြလားခင်ဗျာ...။
ခင်ဗျားတို့ သိလို့တောင်ပြုံးနေပါပြီ...။မယုံမရှိနဲ့...။ဒုက္ခသည် စခန်းတွေမှာ အများဆုံး ရှိတယ်...။
ဖြစ်နိုင်ရင် DNA တောင် စစ်လိုက်ချင်သေးတယ်...။ငါလခွမ်းမှတဲ့...။တွေ့ရာရွာဝင်ပြီး တွေ့သမျှ မိန်းမကို မုဒိန်းကျင့်ရအောင် (မရိုသေ့စကားဗျာ..စာဖတ်သူများကို တောင်းပန်ပါရဲ့) စစ်သားရဲ့ ပစ္စည်းက SexToys
တွေလိုများ အောင့်မေ့နေလား...။ဒီဒေသမှာ ဆူပူနေလို့  အေးချမ်းအောင် လာနေတယ်...ရန်တွေလာရှင်း
ပါတယ်ဆိုမှဗျာ..ဘယ်စစ်သားမှ အေးချမ်းနေတဲ့နေရာမှာတော့ သွားပြီး စစ်မတိုက်ဘူး..။
တစ်ချက်တော့ရှိနိုင်ပါတယ်...။
တချို့ သော စစ်သည်တွေလည်း ကွပ်ကဲမှုအောက် လွပ်တဲံအချိန် ၊ သူမူရင်းစိတ်ကို သူကိုယ်တိုင်မထိန်းနိုင်တဲံအချိန်များမှာတော့ ဖြစ်နိုင်ကောင်းပါလိမ့်မယ်...။
အေး--အဲဒီစစ်သည်ကတော့ သူအနာဂတ်ကတော့ သူကိုယ်တိုင် သေချာသိသွားပါလိမ့်မယ်..။
အမိန့်မရရှိပဲစခန်းစွန့်ခွါမှု-လက်နက်ပျောက်ရှမှု-တို့ပြီးရင် လူသတ်မှုနဲ့မုဒိန်းမှု ကပြစ်မှုဆိုင်ရာ အကြီးဆုံး
ဒဏ်တွေပဲခင်ဗျ..အခြေအနေလိုက်ပြီးတော့တောင် နေရာမှာတင် ချက်ချင်း သတ်မိန့်ချလို့ရတဲ့  ပြစ်မှုတွေ.။
အခု လူတွေက လျှောက်ပြောတဲ့သတင်းတွေနားယောင်ပြီးကိုနေကြတော့တာ...။သေသေချာချာစဥင်္းစား..။
(အဲလိုသူတို့ပြောပြောနေတဲ့ လူ့အခွင့်အရေးချိုးဖောက်တယ်)ပြောနေတဲံလူတွေက တခါမှ အဲလို စစ်ရေးနယ်မြေတွေမှာ အသားကျအောင်တောင်နေဖူးခဲ့တာ မဟုတ်ဘူး...။
ဗျာ..အင်တာနက်သတင်းတွေလား..နားပါ..။
ကမ္ဘာပေါ်မှာ သူတို့လောက်ကောင်းတဲ့သတင်းဌာနတွေ မရှိသလောက်ပဲ...။ဟိုး..တောထဲမှာ ဖြစ်ခဲ့တယ်ဆိုတဲ့ မုဒိန်းမှုကို..
သူတို့ပြောတဲ့ဖြစ်ပွားရာနေရာကနေ..ရှင်းရသေးရင်..မြန်မာနိုင်ငံပြင်ပတခြားနိုင်ငံကနေ..မိနစ်ပိုင်းလေးပဲခြား
ပြီးတင်ပြနိုင်တဲ့ သတင်းဌာနတွေမလား..။စဉ်းစားသာကြည့်တော့...။အမေရိကန် CIAတွေ NASAတွေထက်
ကောင်းတဲ့ ဂြိုလ်တုတွေများ ကိုယ်ပိုင် လွှင့်တင်ထားသလားပဲ...။
သူကောင်နဲ့ သူ ကမြင်းပြီးဗိုက်ကြီးလည်း စစ်တပ်...တောထဲကကောင်က ဆန်တောင်းတာမပေးလို့  အိမ်ပေါ်မှာတင် သမီးကို ချသွားလည်း စစ်တပ်က ချတာပဲ...။ထပ်ပြောရအုံးမလားပြောရမှာရေးရမှာညောင်းလို့လင့်ခ်ချိတ်ပေးမယ်.
http://myanmarexpress.blogspot.com/2011/09/blog-post_5229.htmlအဲမှာသွားကြည့်ကြဗျာ..။
ဘယ်လိုလျှာတွေပါလိမ့်...။အဲလောက်ဖြစ်နေရင်လည်း မွေးလာတဲ့ကလေးကို ဟိုမှာ စစ်ယူနီဖောင်းမြင်ရင် နင်ဖေဖေ ပဲ မုန့်ဖို့သွားတောင်း လို့ခိုင်းလိုက်ပါလားးဘာလို့ နိုင်ငံခြားသွားပြီး တကယ်ချတဲ့ကောင်နဲ့ သွားနေလဲ...။ပြီးရင် တလင်မကောင်း နောက်လင်ပြောင်းထပ်နေသေးလဲ..။
ဆက်ရေးရင် အများပြည်သူ ဖတ်မကောင်းဖြစ်တော့မယ်...။တကတည်းဗျာ...
ဘာလုပ်လုပ် စစ်တပ် မကောင်းဘူး ပြောပြောနေတော့တယ်....။
မြန်မာပြည်က ပြည်သူပြည်သားများခင်ဗျာ..........
စစ်တပ်မကောင်းဘူးလို့  ပြောနေတဲ့ လူများ ပြည်ပမှာ ဘယ်လို ဘဝနဲ့ ဘယ်လိုနေနေလဲဆိုတာ ကြည့်ကြပါ။
; ကျွန်မက တကယ်ဒုက္ခသည်ပါ၊ ဗိုက်လေး ဖောင်းနေတာကိုပဲ ကြည့်ပါ၊၊


အဲ့ဒါ စစ်တပ်က မုဒိန်းကျင့်လို့ပါ(ဘေးနားကကောင်ကတော့ စစ်သားမဟုတ်တာတော့ ၁၀၀%)
ဒါကြောင့် စစ်သားဆိုရင် မုန်းလွန်းလွန်းလို့ စစ်ခွေးတွေ ဆိုတဲ့ပိုစ့်တောင် တင်ခဲ့ပါတယ်
( မိုးသွေးငယ်နှင့် ဖောက်ပြန်သည်ဟု သတင်းထွက်နေသော အော်ဇီရောက် ငယ်နိုင်)
"


အမေ့ကို မုဒိန်းကျင့်တယ်၊ အမေကို တပ်ရင်း (၂၁၆) ဦးက အရင် မုဒိန်းကျင့်တယ်၊  ပြီးတော့ တပ်ရင်း(၂၁၆) ကပဲ ဦးစိန်ဝင်း ကလည်း ကျင့်ထားသေးတယ်..
ကျွန်မကိုလည်း ရုရှားက စစ်ဗိုလ်လေးတစ်ယောက်က ၁၈ နှစ်တောင် မပြည့်သေးဘူး ရုရှားကို ခေါ်ပြီး မုဒိန်းထပ်ကျင့်တယ် (ရုရှားပြန် မေကိုလတ်)
အံပါရဲ့ဗျာ...သူဟာသူ -ားယားပြီး သွားပြီးမှ ရုရှားထိကိုယ်တိုင်သွားပြီးမှ မုဒိန်းကျင့်ပါတယ်
ထအော်တဲ့ ကိစ္စကတော့ ကမ္ဘာ့ အရီရဆုံး ဟာသ တခုအဖြစ် စံချိန်တင်ခဲ့သေးကြောင်း

ဒါလေးပဲ ကြည့်
သူကျတော့ တမျိုး ရွှာမှာနေရင် မလုံခြုံလို့  မည်းမည်းကြီးဆီမှာ စိမ်(အဲ)ဇိမ်နဲ့ နေမယ် တဲ့;

ထစ်ခနဲ့ရှိ စစ်တပ်က ဘာလုပ်ပြန်ပြီဆိုတဲ့သတင်းဌာန များ ဘယ်နေရာကနေထိုင် လွှင့်နေတယ်ဆိုတာ စဉ်းစားပါ...။လှုပ်ရှားစစ်ဆင်နေတဲ့ တပ်တွေက
စစ်ဥပေဒေနဲ့ အညီ လှုပ်ရှား နေတဲ့ စစ်တပ်တွေပါဗျာ...။
ခင်ဗျားတို့ စဉ်းစားကြည့်အုံး...။
ဘယ်အချိန်သေရမှန်း မသိတဲ့လမ်းကို လေချွှန်ရင်း လျှောက်နေရတာ ပျော်တယ် မထင်နဲ့ခင်ဗျ...
အသေအချာထပ်ပြောလိုက်ပါအုံးမယ်...။
ဘယ်နိုင်ငံမှာ မှ စစ်ပွဲကို လိုလားတဲ့ စစ်သားဆိုတာ မရှိဘူး...
အော်--မြန်မာပြည်ပေါက်တွေကဘာလို့များကိုယ့်နိုင်ငံကို ကိုယ်မချစ်နိုင်ရတာလဲ...
၁၉၈၈ တုန်း က ကျောင်းသားတွေကို မြှောက်ပေးတယ်....
နောက်တော့ ဘုန်းကြီးတွေကို သွေးထိုးတယ်....
အခု စစ်တပ်ကို လှည့်ပြီး သွေးခွဲတယ်....
သူတို့စကားနားယောင်မိရင်တော့လား..ဘယ်လိုဖြစ်မယ်ဆိုတာ ဒီနေရာမှာ  သွားကြည့် ကြပါဗျာ
ကဲ--အောက်မှာ ဆက်ကြည့် ရအောင်


ဒီလို လေ့ကျင့်တဲ့ စစ်တပ်နဲ့                                                      အောက်ကလို လေ့ကျင့်တဲ့ အဖွဲ


ကျောမှာလွယ်ထားတာကAK 74 ဟိုဘက်ကတစ်ယောက်က AK47
တော်တော်လေး စည်းစနစ်ကျတဲ့ ဖွဲ့ စည်းပုံ
DKBA ရဲ့  Sniper


                             အပေါ်ကလို ငှက်ပစ်တဲ့  ရိုင်ဖယ်နဲ့ ချောင်းပစ်တတ်တဲ့ လက်ဖြောင့်သမား နဲ
myanmar combat fighter
                                        အပေါ်ပုံလို လက်ဖြောင့်သေနတ်နဲ့   
                                                      ဘယ်ဟာက ပိုထိရောက်သလဲ                                     
        
                                     အောက်မှာကြည့် --ဒီလိုလက်နက်နဲ့တိုတ်တော့ စစ်တပ်ကကျတာများတယ်တဲ့

                                            ဒါနဲ့ တွေ့တော့ေ-ာက်သံတသံမှထွက်မလာဘူး..ဘယ်သူမှမကျဘူးပေါ့လေ..
myanmar 120 mortar
           ဒါနဲ့လာသေးတယ်..သူတို့တိုက်လို့
       အစိုးရ စစ်တပ်က ကျလိုက်တဲ့ စာရင်းတွေ.......
ဘယ်သူမှ အတည်မပြုနိုင်ဘူးဆိုပဲ......
                                     ဒီအောက်ကလို ကောင်တွေလို ဖြစ်ကတတ်ဆန်းကောင်တွေနဲ

                                                         ဒီလိုစနစ်တကျ ဖွဲ့စည်းတဲ့ တပ်နဲ့တွေ့တော့ 
myanmar commando

တော်ပါပြီ--ဆက်ရေးနေရင် ဖတ်ရတဲ့လူတွေလည်း ဟုန် သွားလိမ့်မယ်....။
မှတ်ထားဖို့က စစ်တပ်ဆိုတာ နိုင်ငံအတွက် ဓါးတစ်ချောင်းနဲ့  ဒိုင်းတလက်ပါပဲ...။
 ဘယ်သောအခါမှ ကိုယ့်ဂိုးကို ပြန်သွင်းတတ်တဲ့ ကစားသမား မဟုတ်ဘူး ....ဆိုတာ................။


                                                                                                               မောင်မောင်ဒိန်
Print Friendly and PDF

35 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

I'll support the latest model of military equipments to Myanmar Soldiers soon. Fighting !

Anonymous said...

သောက်ရမ်းမိုက်တယ်။အဲလို ဖြစ်ရမှာ ပြန်ဖြန့် ချင်တယ်ဗျာ...ရမလား..

Anonymous said...

အရမ်းကောင်းတဲ့postပါဘဲ။အမှန်အတိုင်းအားလုံးမြင်တက်ဘို့ဆက်ပြီးဒါမျိုးတွေတင်ပါ။အားပေးပါတယ်။ကျေးဇူးလဲတင်ပါတယ်။အကြိုက်ဆုံးကစစ်တပ်ဆိုတာ...ဆိုတဲ့နောက်ဆုံးစာသားတွေပါဘဲ။တိုင်းပြည်တပြည်မှာစစ်တပ်မရှိရင်ခြံစည်းရိုးမရှိတဲ့အိမ်လိုပါဘဲ။နေရာတိုင်းမှာတော့အမှားမကင်းတာရှိစမြဲဆိုတာနားလည်တက်ကြရင်ဝေဖန်မူ့တွေဆင်ခြင်နိုင်ကြပါစေ။

kokosoe said...

စစ်သားဘဝ
ပထမလူ--မင်းပြန်သွားအုန်းမှာလားစစ်မြေပြင်ကို..?
ဒုတိယလူ-- သူတိုတွေရှိနေသေးတယ်လေ...အင်းးးးးးးးးးး
ငါတို့အိမ်ကို ပြန်ရင်လဲလူတွေကမေးကြလိမ့်မယ်
"ဟိတ်ကောင်မင်းတို့စစ်သားတွေကဘာတွေလုပ်နေကြတာ
လဲ.. ဘာဖြစ်လို့လဲမင်းတို့က စစ်မှာယစ်မှူးနေကြတာလား"
အဲဒီစကားကို ငါဘာမှတုန့်ပြန်မှာမဟုတ်ဘူး...ဘာဖြစ်လို့လဲဆို
တော့သူတို့နားမလည်ကြဘူးငါတို့ဘာကြောင့်ဒီလိုလုပ်နေကြတ
ယ်ဆိုတာကိုသူတို့နားမလည်ကြဘူး ငါ့တို့..မင်းတို့၇ဲ့စစ်သားဘ
ဝကိုသူတို့တွေနားလည်ကြမှာမဟုတ်ဘူး...အဲဒါပဲ..အဲဒါငါတို
ဘ၀ပဲ အဲဒီအကြောင်းတွေကို သိပ်လဲတွေးမနေပါနဲ့ကွာ ငါဘဝ
ကိုငါကျေနပ်တယ်(ဇာက်ကားတစ်ကားမှကူယူဖော်ပြသည်)

thiha said...

တပ်မတော် ဆိုတာ.....
အောက်ခြေ တပ်သားငယ်များကို အုပ်ချုပ်ရသူ အကြပ်(ဆရာတစ်ဦး)၏ ခံစါးချက် ။(တစ်ကယ့် ဖြစ်ရပ်လေးပါ)

အကြပ်။ ညက ကျုပ်တို.တပ်စုနဲ. သူပုန်တွေ တိုက်ပွဲဖြစ်ကြတာ ကျုပ်တို.တပ်စုထဲက တပ်သားတော်တော်များများ ကျဆုံးသွားတယ် ဗျာ။

အရပ်သား။ ဟာ- ဟုတ်လားဗျာ- ခင်ဗျားအုပ်ချုပ်ရတဲ့ တပ်သားလေးတွေ ဆိုတော့ တော်တော် စိတ်မကောင်းဖြစ်မိမှာပေါ့နော်။

အကြပ်။ စိတ်တော့မကောင်းဘူးပေါ့ ဗျာ - ဒါပေမယ့် သူတို.ကျန်ခဲ့တဲ့ ခြင်ထောင် စေါင်နဲ. ရိက်ခါတွေ ကျနော်တို. ရလိုက်လို. တွက်ခြေတော့ အတော်ကိုက်တယ်ဗျ။

htethtet said...

ဟက်ဟက်...ကိုယ်.လူ ၀ါဒဖြန်.ချင်ရင်လဲ ယုတ်တိယုတ်တာလေးရှိတာလေးတော.လုပ်ပါဗျာ။ မရှိမဲ.ရှိမဲ.ပုံတွေစုပြီး သူများအဖွဲ.ကိုအားအားရှိ ပုတ်ခတ်နေတာက ခင်ဗျားအောက်တန်းကျတာကိုပြနေတာပဲ။ မြန်မာနိုင်ငံမှာပြည်တွင်းစစ်ဘာလို.ဖြစ်လဲဆိုတာလဲသေချာပြန်လေ.လာပါဦး။ စစ်တပ်ကလုပ်လို.ပဲ သက်သေသာဓကနဲ.တကွ အားလုံးသိအောင်တင်ပြနေကြတာ ခင်ဗျားလို ဘာသက်သေမှမရှိပဲအွန်လိုင်းပေါ်မှာwebsite ပေါ်မှာလေကျယ်နေတာမဟုတ်ဘူး။ စစ်တပ်က ကျလို.ပဲကျတယ်ပြောတာပေါ... ခင်ဗျားပြောတဲ.စစ်တပ်က အဲ.လောက်တော်နေရင် သူပုန်တွေကုန်တာကြာပေါ.။ အဖွဲ.ငယ်လေး ကိုးကန်.ကိုတောင် တရုတ်အားကိုးနဲ. မနဲဖြိုရတာများလူအထင်ကြီးအောင်လျှောက်ပြောမနေနဲ.။ ကိုယ်.ဖာသာလဲကိုယ်ငုံ.ကြည်.ဦး အရှက်လုံအောင် ရော ၀တ်ထားရဲ.လားလို.။

Anonymous said...

ရှေ့တန်းထွက်ရင် ကွန်ဒုံးဗူးဆောင်ထွက်တတ်တဲ့ တပ်မတော်အရာရှိဆိုတဲ့ သူငယ်ချင်းများကို ဒီစာဖတ်ရင်း သတိရမိပါတယ်။

Anonymous said...

(အဲလိုလုပ်မိတဲ့ စစ်သည်တွေအတွက် ဥပဒေ ရှိပါတယ်...။စစ်ဘက်ဆိုင်ရာ ဥပဒေ နဲ့ အညီ အရေးယူပါတယ်..။)
မနှစ်ကပဲခူးမှာဖြစ်တဲ့ အမှု့ကျုးလွန်သူအရာရှိနဲ့ရဲဘော်တွေကို ဘယ်လိုများအရေးယူလိုက်ပါသလဲ၊ သိချင်ပါတယ်။

sky said...

htethtet>>> ခင်ဗျားကရော ဘယ်သတင်းမှာ သူပုန်တွေ ဘက်က ဘယ်နှယောက်ကျတယ်လို့ရောဖတ်ဖူးလဲ... ခက်ပြီ ခက်ပြီ...

win said...

စစ်တပ် ဆိုတာ... ရှက်တတ်ရင် လဲသေဖို.ကောင်းလှသည်..။
စည်းကမ်းပြည်.ဝသော မြန်မာ့တပ်မတော်ကြီးဆို ....။

ရုရှရောက် စစ်အရာရှိပေါက်စတွေ စည်းမဲ့ကမ်းမဲ့နေပြီး တိုင်းပြည်ဂုဏ်သိက္ခာ လူမျိုးဂုဏ်သိက္ခာ မထိန်းသိမ်း ထင်သလိုပြုမူနေထိုင် မှုကြောင့် မြန်မာ သံအမတ်ကြီးက သတိပေးစာ ထုတ်ခဲ့ရပုံ -
http://niknayman-niknayman.blogspot.com/2011/10/blog-post_725.html

မြန်မာ့တပ်မတော် အရာရှိတွေ စည်းကမ်း ရှိလွန်းလို. နိုင်ငံတစ်ကာမှာ ဟိုးလေးတကျော်... ရုရှဆိုင်ရာ မြန်မာနိုင်ငံတော် သံအမတ်ကြီး မှ ထုတ်ပြန် သတိပေးခဲ့သောစါ ဖတ်ကြည့်ပါလားဗျာ။

http://www.scribd.com/doc/70210139/Complain-Letter-for-Burmese-Military-Officer-Students-in-Russia

Anonymous said...

(ဘယ်နိုင်ငံမှာ မှ စစ်ပွဲကို လိုလားတဲ့ စစ်သားဆိုတာ မရှိဘူး...)

ဟုတ်တာပေါ့ဗျာ ကျုပ်တို.လဲ သိပါတယ်။ မြန်မာတွေ စစ်တပ်ထဲ ၀င်ကထည်းကိုက စစ်တိုက်ချင်လို.မှ မဟုတ်တာ ထမင်းငတ်လို. ၀င်တာပဲဟာ ။
တပ်ထဲမှာ ဖအေရှာမွေးကြ - လာဘ်ပေး လာဘ်ယူ ရာထူးလိုခြင်ကြလို.ပါ ။ ပညာကလဲ မယ်မယ်ရရ မတတ်တော့ သားကျွေးမှု မယားကျွေးမှုကြောင့် စစ်ထဲဝင်ကြရတာ ဆိုတော့ ဖြစ်နိုင်ရင် စစ်မတိုက်တော့ပဲ စည်းပွားရေးဘက်လှည့် နိုင်ငံ့ရင်းမြစ်တွေ ထိုင်ရောင်း - အာဏာလက်နက်နဲ. လက်ဝါးကြီးအုပ် အနှစ်သုံးဆယ်နီးပါး လုပ်စါးလာခဲ့ကြတဲ့ ဗိုလ်ချုပ်များ ကျိကျိတက် ချမ်းသာနေကြတာ လူသိ ခွေးသိ ခလေးသိ မြို.တိုင်း ရွာတိုင်း ရပ်ကွက်တိုင်း သိကြပါတယ်။

Anonymous said...

>>(မောင်မောင်ဒိန်) (ဒီအောက်က ကောင်တွေလို ဖြစ်ကတတ်ဆန်းကောင်တွေနဲ့ - ဒီလိုစနစ်တကျ ဖွဲ့စည်းတဲ့ တပ်နဲ့တွေ့တော့ ...)

ဥပမာပြမယ် - ဗီယက်နမ်ပြည်သူ.တပ် နဲ.အမေရိကန်တပ် ၊ အီရပ်က ဖြစ်ကတတ်ဆန်း ဒေသခံပြောက်ကျား သူပုန်တပ်တွေ နဲ. (အမေရိကန် +ဥရောပ) နိုင်ငံကြီးများက မဟာမိတ်တပ်။ လက်နက်လူသူအင်အား သာလွန်ကောင်းမွန်ပြီး စည်းကမ်း စံနစ်ကျမှု အဆတစ်ရာသာတဲ့ မဟာမိတ်တပ်တွေ က ၁၀ နှစ်ရှိပြီ ဘာ့ကြောင့် နိုင်အောင် မတိုက်နိုင်သတုန်း.. နောက်ဆုံး ဗီယက်နမ်မှာ ဘယ်သူတွေ ထွက်ပြေးရသလဲ ကြည့်လိုက်လေ သမိုင်းကို ။

ကိုယ့်လူမျိုးကို ကိုယ်ကာကွယ်တဲ့ "ပြည်သူ.စစ်ဆိုတာကြားဖူး ရဲ.လား" ။ ဒေသခံပြည်သူတွေနဲ. စုစည်းဖွဲ.ထားတဲ့တပ် ကို ဘယ်အရပ်ကလာတဲ့ ကျူးကျော်သူ ကျေးစါးတပ်က ဘယ်လောက် လက်နက်ကောင်း ကောင်း - စံနစ်ကောင်းကောင်း မနိုင်ဘူး မှတ်ထား။ "ကရင့်မြေမှာတော့ ကရင်လူမျိုး- ကချင်မြေမှာ ကချင်လူမျိုး- ရှမ်းရဲ့နယ်မှာ ရှမ်းလူမျိုး တွေသာ အကျွမ်းဆုံး အပိုင်ဆုံး အသာဆုံး အင်အားအထက်ဆုံး မို. " ပြည်သူ.စစ် " ကို အထင်မသေးနဲ.ဗျို.။ " တစ်ကမ်ဘာလုံး လိုက်ကြည့်လိုက်။

Anonymous said...

ဖတ်ရတာ အရမ်းစိတ်ချမ်းသာတာပဲ နောင်လည်း ဆက်လက် တည်တံနိုင်ပါစေ............

Anonymous said...

ဘယ်စစ်တပ်မှမကောင်းဘူး။ အပြစ်ကင်းတဲ့ စစ်တပ်ရှိသလား။ မသိလိုမေးပါရစေ။ ပြည်တွင်းစစ်မှာ ပုံပါ လက်နက်ကြီး သုံးလို့ ရပါသလား
စစ်တပ် က အပြစ်မဲ့အရပ်သားတွေ ပစ်ပြန်ပြီ..ပစ်တယ်
စစ်တပ်က မုဒိန်းကျင့်ပြန်ပြီ...ကျင့်တယ်
စစ်တပ်က ပေါ်တာဆွဲပြန်ပြီ... ဆွဲတယ်
စစ်တပ် က မိုင်းထောင်ပြန်ပြီ..ထောင်တယ်
လက်နက်တွေ အားလုံး သောင်းကျန်းသူဘဲ။ နောက်တိုင်းမှာနေတဲ့ အချိန်မှာတော့ သူတောင်းကောင်းပေါ့ ၊ ရှေ့ တန်းကို သွားတော့ တွေ့ သမျ ဘယ်စစ်တပ် မဆို သောင်းကျန်းတယ်။ အဲဒါတွေကို ခံစားရတာက တိုင်းရင်းသားပြည်သူပြည်သားတွေစြေ်တယ်။
စစ်တပ်နဲ့ စစ်ကိုရွှံမုန်းတယ်။ မောင်မောင်ဒိန် go to youtube.com and then look burma soilder.

Anonymous said...

ငြိမ်းငြိမ်းချမ်းချမ်းနေတဲ့ဒေသတွေမှာတော့စစ်တပ်က ဘာမှမလုပ်ပါဘူး၊ မဖြစ်စလောက်လက်နက်လေးနဲ့ ဖင်ခေါင်းကျယ်နေတဲ့ ဒေသတွေမှာတော့ ဘယ်တတ်နီုင်မလဲ၊ စစ်တပ်ကသနားလို့ လျှော့ပေးထားတာအဟုတ်ကြီးမှတ်နေကြတယ်၊ မင်းတို့မှတ်ထား၊ ကရင်သေလည်းမြန်မာတစ်ယောက်သေတာပဲ၊ ကချင်သေလည်းမြန်မာတစ်ယောက်သေတာပဲ၊ ဘယ်တုင်းရင်းသားအဖွဲ့ အစည်းကစစ်သားသေသေ မြန်မာတစ်ယောက်သေတာပဲကွ၊ အဲလိုသေတာတွေကိုကြည့်ပြီးလက်ခုပ်တီးနေမည့်သူတွေကဘယ်သူတွေဖြစ်မလဲဆိုတာမင်းတို့စဉ်းစားဖို့လိုပြီ ညီနောင်တို့ရေ။

Anonymous said...

စစ်တပ်တဲ့ ...။ မဟာဗမာအစွဲနဲ့ တပ်ကိုပြောတာပဲဖြစ်မယ် ။ စစ်တပ်မှာ ၉၅ ရာခိုင်နှုန်းကျော်လောက်က ဗမာတွေချည်းပဲလေ။ ဦးသန်းရွှေခေတ်မှာကော စစ်တပ်ထဲမှာ ဘယ်တိုင်းရင်းသားက ဗိုလ်ချုပ်ဖြစ်ခဲ့ဘူးလို့လဲ။ ကချင်သေတာ မြန်မာသေတာဟုတ်ပေမယ့် ဗမာသေတာမဟုတ်ဘူးလေ ။ စိတ်ပျက်ဖို့ကောင်းတဲ့ အတွေးအခေါ်ပဲ။

Anonymous said...

အဲဒီလိုလူမျိုးရေးခွဲခြားပြီးကြည့်နေရင်တော့ ငြိမ်းချမ်းရေးနဲ့ဝေးနေမှာပါ့ဗျာ။

Anonymous said...

ကျနော် ပြောချင်တာက အပေးမှာဆွေးနွေးသွားသော သူများထဲမှာ စစ် ဆိုတဲ့ ဝေါဟာရရော ကောင်းကောင်းသိတဲ့လူပါရဲ့လားဆိုတာပါပဲ (မှတ်ချက်- စစ်သားများမပါ) မသိပဲနဲ့ စစ်သားတွေ ရေးထားတဲ့ ပို့စ်ထဲ ၀င်ရေးတာဆိုရင်တော့ ၀ိုင်းရယ် နေတာခံနေရမှာပဲ ရှက်စရာကောင်းပါတယ်
ကိုယ်တိုင်က သေနတ်ကိုင်ရင်တောင် trigger လိုက်ရှာရမယ့် ပုံမျိုးဆိုရင်တော့ ပြည်တွင်းစစ်မှာပုံပါ လက်နက်ကြီး သုံးလို့ရလားဆိုတဲ့ အမည်မလို့ ပုံပါလက်နက်ကြီးလို့ ပြောတာလား ၁၂၀မမ စိန်ပြောင်းပါ သုံးလို့ရပါတယ် မရဘူးလို့ ဘယ်နိုင်ငံက ရေးထားတာလဲ ဘယ်သူကရေးထားတာလဲ ကုလက ရေးထားတာလား

Anonymous said...

ဆောက်ရူးတွေလျှောက်ရေးမနေနဲ့။မင်းတို့ကများစစ်ဗိုလ်တွေကိုပညာမတတ်ဘူးလေးဘာလေးနဲ့။ဘာလဲမနာလိုဘူးလား။မင်းရည်းစားကစစ်ဗိုလ်နောက်ကိုလိုက်သွားလို့ခံစားနေရတာလား။ကိုယ်တိုင်ကမှသောက်ပုံမလာတာဒါနဲ့များပို့စ်ထဲကိုဝင်ပြောနေသေးတယ်။မင်တို့ကရောပညာဘယ်လောက်တတ်နေလို့လဲ။သောက်ကြီးသောက်ကျယ်နဲ့။မင်းပညာတတ်ရင်ဘလော့ရေးလိုက်လေကွာ။ခွီးတဲ့မသားရဲ့

Anonymous said...

ဦးသန်းရွှေခေတ်မှာဘယ်တိုင်းရင်းသားကမှဗိုလ်ဖြစ်ခဲ့ဘူးလို့ဆိုတဲ့ငတိေ၇ စစ်တပ်ထဲမှာဗိုလ်တွေအများစုကတိုင်း၇င်းသားတွေကွ။မင်းဘာသိလို့ပြောရတာလဲ။မင်းဆယ်တန်းရောအောင်လားကိုယ့်လူ။မင်းရူးနေလား။မင်းကအဆင့်မမှီသေးဘူးကွာ။ဒိတော့နောက်ကိုမပြောပါနဲ့ကွာနော်။မင်းအစားရှက်လို့။

Anonymous said...

နယ်စပ်တွေမှာစစ်တပ်ကိုတိုက်တယ် ။ ဘာကြောင့်တိုက်တာလဲ။ သူတို့မှောင်ခို ကားတွေသွင်းမရလို့စစ်တပ်ကတားလို့လေ။ ပြီးတော့မှလူကြားကောင်းအောင် ကရင်အမျိုးသားလွတ်လပ်ရေး။ စောက်ရူးပြောစောက်ရူး ယုံ။ လာပြောမနေနဲ့

အမှန်တရား said...

ပြည်သူတွေက တပ်မတော်ကို မကောင်းမြင်နေတာကို ရင်ထဲမှာ မချိဘူးဗျာ...တရုတ်ပြည့်သူ့လွတ်မြောက်ရေးတပ်မတော်နဲ့ ကျနော်တို့ မြန်မာ့တပ်မတော်နဲ့ဟာပေါက်ဖွားလာပုံချင်းဆင်တူပါတယ်..ဒါပေမဲ့တရုတ်မှာကတပ်မတော်ကို ချစ်ကြတယ်..ကျနော်တို့တပ်မတော်ဟာလဲ ဗကပ တွေကို အနိုင်တိုက်ခဲ့ကြတာပါ..ဒါတွေကို ခင်ဗျားတို့ မေ့သွားကြပီလား..ဗကပ တွေသာ တိုင်းပြည်ကို အုပ်ချုပ်ရင်ခင်ဗျားတို့ အခုဆိုရင် အင်တာနက်မပြောနဲ့ TV တောင်ကြည့်ရမှာမဟုတ်ဘူး..

အမှန်တရား said...

ခင်များတို့က စစ်တပ်ကိုပဲ မုဒိန်းကျင့်တယ်အော်နေကြတာ..KNU တွေ ရထားလမ်းကို မိုင်းထောင်ပြီးတော့ တက္ကသိုလ် ကျောင်းသူတွေကို တရုတ်ဖြူတွေကို ရောင်းပြီးလက်နက်နဲ့ လဲတာကျတော့ဘာပြောမလဲ မေ့နေကြတာလား ..မေ့ချင်ယောင်ဆောင်နေတာလား...ခင်ဗျားတို့ဒါမျိုးကျတော့ မနာတတ်ကြဘူးလား..တဆက်တည်း ပြောလက်စနဲ့ ပြောလိုက်ဦးမယ်..
မိန်းခလေးတွေကလဲ စစ်တပ်ကအရာရှိတယောက်နဲ့ လွန်ပီးသွားရင်သာလူသိရှင်ကြား အော်ကြတာ..တရုတ်မှာ စာလာသင်နေတဲ့ တယောက်( အရပ်ကျောင်းသူပါ ၀န်ထမ်းထဲမှမဟုတ်ပါ ) ဆိုရင် ယိုးဒယားကျောင်းသားနဲ့ ရည်းစားတွေဖြစ်နေပါတယ်..စဉ်းစားမိတယ် ..သူတို့က ပြန်ရင်ယူကြမှာလား အပျော်တွဲတာလားပေါ့လေ..စဉ်းစားမိရင် သူ့အစား ဦးအောင်ဇေယျ( အလောင်းမင်းတရားကြီး)ကိုတောင် မျက်နှာပူမိတယ်..အဲ့ကောင်မလေးကများပေါ့ မြန်မာနိုင်ငံ ပြန်ရောက်လို့ မတော်မဆများ အရာ၇ှိတယောက်နဲ့ ကြိုက်ပီး ကွဲကြကွာကြရင် ဘယ်လိုများအော်မလဲ ဆိုတာ ......................

အရိုင်း said...

ပုဇွန်ဦးဏှောက်နဲ့ကောင်တွေ.........
ပုဇွန်ဦးဏှောက်နဲ့ကောင်တွေ.........
ဟဟဟ ..အဲ့လိုဘဲအော်ရယ်လိုက်ချင်တယ်ကွာ
နိုင်အောင်မတိုက်လဲတဲ့...ဟုတ်လား.....
ငါ့သားများမသေမချင်းမှတ်ထားကြ.....မင်းတို့ အဲ့လိုဦးဏှောက်မရှိ
လို့ ..မင်းတို့ မုန်းတဲ့စစ်တပ်ကဦးဆောင်နေတာခံနေရတာ....ဟဟ
စစ်တပ်က..မင်းတို့ အခေါ်စစ်ခွေးများပေါ့ကွာ.....
ခွေးအုပ်ချူပ်တာတောင်ခံရတဲ့ဘ၀..ကိုယ်ပြောတဲ့စကား
ဘယ်ရောက်တယ်ဆိုတာတောင်မင်းတို့ မစဉ်းစားတတ်တဲ့ဘ၀...ကျွတ်..ကျွတ်...ကျွတ်...
အပေါ်ကသားလေးကဟာသလေးကတော့မိုက်တယ်ကွာ..
မင်းနဲ့ ပေါင်းလာဖူးတဲ့သူငယ်ချင်းတယောက်သေရင်ရော
မင်းလဲအဲ့လိုပြောထွက်မှာလား........ခေါင်းသုံးငါ့သားခေါင်းသုံး
အပေါ်ကသားလေးကရော....မြန်မာသံအမတ်ကြီးသတိပေးစာ
ထုတ်ဆိုတော့...မင်းအိမ်မှာ..မင်းညီမလေးကို...
မင်းအမေကသမီးရည်းစားမထားနဲ့ နော်...လို့ ပြောတဲ့အခါ
မင်းညီမက................ဟဲဟဲ
စစ်ဗိုလ်ကြီးများပညာမတတ်ဆိုတော့
ရုရှားရောက်နေတဲ့စစ်ဗိုလ်တွေကျတော့ရောဟင်....
ရုရှားကိုအလည်လာကြတာလား....ဦးသန်းရွေခေတ်မှာ
ဘယ်တိုင်းရင်းသားများဗိုလ်ချူပ်ဖြစ်ဖူးလဲဆိုတော့
မင်းသမိုင်းမသင်ဖူးဘူးလား..လွပ်လပ်ရေးရထဲက
ဒီလောက်တိုင်းပြည်အနှံမငြိမ်းချမ်းနေတဲ့အချိန်
ဘယ်တိုင်းရင်းသားကဗိုလ်လောင်းဝင်လျှောက်မှာတုန်းလဒရဲ့
ဝင်လျှောက်ခဲ့တောင်ဘယ်တိုက်ပွဲမှာသေနိုင်မလဲမသိဘူး...
ဗိုလ်ချူပ်တယောက်ဖြစ်တာကံစမ်းမဲပေါက်ပြီးဖြစ်လာတာမှ
မဟုတ်တာ...အနည်းဆုံးတော့နှစ် 40 လောက်စောင့်ရတယ်
သောက်ပိန်းးးးးးးးးးးးးးးးးးကလေးသွားတောင်တွေးတတ်တယ်
အဲ့လိုအဲ့လိုအတွေးအခေါ်မရှိသောကြောင့်........
သူများပြောတိုင်းယုံကာ...မြောက်ပေးတိုင်းဟောင်တတ်ကြ၏
(စစ်ခွေး..စစ်ခွေး)ဟု...........
ငါ့သားတွေအကြံပေးလိုက်မယ်ကွာ.........
စာများများဖတ်........သမိုင်းများများဖတ်...........
ပြီးရင်ချင့်ယုံ.......မင်းတို့ ပုံစံကြည့်ရတာပညာလည်းတတ်မယ့်ပုံ
မဟုတ်ဘူး..........အဲ့တော့စာဖတ်ဟု..........

Anonymous said...

ခင်ဗျားပြောတာတွေကအမှန်တွေပဲမြန်မာဖြစ်ပြီးတိုင်းတစ်ပါးသားမှချစ်သလိုလို
ခင်သလိုအစ်ခုမီဒီယာခေတ်ကောင်းနေပြီခင်ဗျားပြောပြချင်တာတွေကိုရဲရဲဝံ၀ံလူထုကြီးကိုပြောပြလိုက်ပါ။
ခင်ဗျားကိုတစ်နေရာကချီုးကျူးနေမဲ့
Classic

Anonymous said...

လီးလိုပဲ ဘာတွေရေးပီးတင်နေတာလဲမသိဘူး ငါလိုးမသားရဲ့

Anonymous said...

နောက်ဆိုရင်လည်း အခုလိုပဲ ရယ်ရတဲ့ ပို့ စ်တွေ ထပ်တင်ပေးပါဦးဗျာ။ နိုင်ငံခြား သတင်းဌာနတွေရဲ့ သတင်းတွေက မရယ်ရလို့ ပါ။

Anonymous said...

အဲ ငါလိုးမသားလို့ ပြောတဲ့ကောက်ကမှ ကိုယ် အမေကို ဘယ်လောက်ပြန်လိုးပြီးပြီလဲမသိဘူး........ဟားဟားရယ်လိုက်မယ် မင်းတို့ပြောတော့ရယ် ရတဲ့ ပို့စ်တဲ့ ကိုယ်ဖင်ကိုပြန်ကိုင်ကြည့်လိုက်ဦး ချီးထွက်နေပြီလားဆိုတာ ကြောက်ချီး တွေ ထွက် နေရင် ပြန်စားလိုက်ကြား လား ခွေး အဆင့်လောက်ရှိတဲ့ကောင်တွေ ဟားဟား သနားတယ် ကြား လား မင်းတို့လောက်တော့

အရိုင်း said...

ဘာတွေရေးပြီးတင်နေလဲမသိဘူးဆိုတော့
မင်းစာမဖတ်တတ်ဘူးလားငတုံးရဲ့......
ဒါဆိုလည်းမင်းမဖတ်တတ်လို့ နားမလည်ရင်
မဖတ်နဲ့ .....ဖတ်ချင်ရင် 4 တန်းကျောင်းသားလောက်ခေါ်လာခဲ့
ပြီးရင်သူ့ ကိုပြန်ရှင်းခိုင်း..ပြီးရင်တခါတည်းထိုင်ရှိခိုးလိုက်
ငပိန်း....မြန်မာလိုရေးတာကိုမဖတ်တတ်ဘူးတဲ့
နားမလည်ဘူးတဲ့....ဦးဏှောက်ရောရှိသေးရဲ့လား
အိမ်ပြန်ရင်မင်းအမေကိုမေး...
ကျနော့်ကိုဘာလို့ ကျပ်ပြည့်အောင်မမွေးပေးတာလဲလို့ 
ရယ်ချင်တယ်ဆိုတဲ့ကောင်ကရော
ရေးထားတာသေချာဖတ်ကြည့်ဦး
ရယ်စရာတခုမှမပါဘူး
ဦးဏှောက်ရှိရင်တွေးတတ်တယ်.......
ရယ်တယ်ဆိုလည်းမင်းလည်းအပေါ်ကကောင်လိုဘဲ
ကျပ်မပြည့်တော့ဘူး......အိမ်ပြန်ရင်ထမင်းမစားနဲ့ တော့....
ချီးသွားစား........ငါအဲ့လိုဘဲပြောမိတော့မယ်ကွာ.....

တိမ်ကြားမင်းခေါင် said...

မြန်မာတွေစည်းကမ်းဖေါက်လို့၊

ထီးနန်းပျောက်ဖြစ်ပြီ၊

မှီးကွန်းထောက် အသစ်မှီတယ်၊

ညစ်ပလီ လူမျိုး၊

မိပစ်လို့ ဖ ရှောင်သွေသည်၊

ဂွကောင်တွေ ခွေးဖြစ်ပေါ့ဗျိုး။

မြန်မာများ ကြွားချင်၊

ဓားပြသွင် လူဆိုး၊

ကုလားမြင် သူ့အမေရိုးတော့မလို၊

ခုမြေလျှိုးပုန်းရှောင်၊

မိုက်ပနော် ပြုမဟေးတို့က၊

သူ့ပထွေးတော့ ခွေးသို့မဟောင်။

ပြောရောဟဲ့ရာဇဝင်ပြောင်အောင်၊

စာဇင်တောင် ဦးချလို့၊

ပလူးရ ပြေးကြို့ခါခါ၊

ခွေးသို့ပမာ၊

တွေးမိတိုင်း အရိုးနာသည်၊

အမျိုးပါ ဆဲချင်ပေါ့လေး။ ။

(အချုပ်တန်းဆရာဖေ)
မှတ်ထား။အဲဒါဘယ်သူတွေလုပ်နေတယ်ဆိုတာကိုလဲမြင်အောင်လုပ်ကျ။ပြတ်ပြတ်သားသားဆန့်ကျင်ကြ။အဲဒါကခင်ဗျားတို့ပြောနေတဲ့အမျိုးသားရေးဆိုတာပဲ။ရိုင်းရိုင်းစိုင်းစိုင်းပြောရင်တော့ တစ်ဖက်ကလဲပြန်ရိုင်းနေကျတော့မပေါ့ဗျာ။ဒီတော့ အရပ်ထဲမှာရန်ဖြစ်သလို နဲ့ဘာမှမထူးကြဘူး။ဘီလူးဆိုင်းတီးရင်တော့ဘီလူးကပဲတဖက်ကပြန်ကလိမ့်မယ်။ခုလိုဆွေးနွေးတာက ခင်ဗျားတို့တွေငြင်းနေကျဖို့အဟုတ်ပါဘူး။တပ်မတော် ရဲ့ရပ်တည်မှုအဖြစ်မှန်ကိုလာရောက်ကြည့်ရှုတဲ့လူတွေ နားလည်အောင်လို့ရှင်းပြနေကြတာပါ။ကိုယ့်အရွယ်နဲ့တန်တဲ့ အတွေးနဲ့ဆွေးနွေးပါ။ငါးတန်းကျောင်းသား လေးတွေ လိုတော့ဆဲမနေကြပါနဲ့လို့ပြောချင်ပါတယ်။သမိုင်းကိုမလိမ်ကျပါနဲ့။သမိုင်းကိုမသိရင်နိုင်ငံတော်ကိုသစ္စာဖောက်ရာရောက်တယ်ဆိုတာကို
သိထားကြပါ။သူများရမ်းသမ်းအော်တဲ့ သတင်းတွေကိုဒီလိုဆိုဒ်မျိုးမှာ သံတူကြောင်းကွဲ လာအော်မနေကျပါနဲ့။တစ်ခါလာလဲစစ်တပ်မဒိန်းကျင့်တယ်၊လူသတ်တယ်နဲ့။သက်သေအခိုင်အမာနဲ့ပြပါဆိုတော့အီယောင်ဝါးဖြစ်နေကျတယ်။အေး---တစ်ကယ်ဖြစ်ခဲ့ရင်လဲ တပ်မတော်ဟာအကြောင်းပြချက်မရှိ၊အယူခံယူပိုင်ခွင့်မရှိ အပြစ်ပေးခံရပါတယ်။စုံစမ်းကြည့်ကြပါ။မျက်စိမှိတ်ပြီးအော်တဲ့ခေတ်ကုန်သွားပါပြီဗျာ။ဒါပေမယ့်ခုထိအသိဥာဏ်မရှိပဲနဲ့ တောင်အော်၊မြောက်အော်ကောင်တွေလဲရှိနေသေးတာခက်တယ်။ဘယ်လိုလုပ်မြန်မာပြည်ကိုတိုးတက်အောင်လုပ်ကျပါ့မလဲ။စစ်တပ်ကတရုတ်နဲ့ပေါင်းတယ်၊တရုတ်ကိုဘာဖြစ်တယ်ညာဖြစ်တယ်နဲ့။ကျုပ်ပြောမယ်။စစ်တပ်ကတရုတ်ကိုပေါင်းတာကလဲ၊အမြင်တွေအမျိုးမျိုးရှိတယ်။ဒါတွေကိုရောတွေးမိလား။ဦးနှောက်သုံးတွေးကြပါ။မိတ်ဆွေဖွဲ့တယ်ဆိုတာ ဗိုလ်ချူပ်အောင်ဆန်းတောင်ဂျပန်ကိုပေါင်းပြီး အင်္ဂလိပ်ကိုတိုက်သေးတာပဲ။တပ်မတော်ကတရုတ်ကိုမိတ်ဆွေလိုပဲပေါင်းတာ။လိုတာထက်ပိုမပေါင်းဘူး။မိတ်ဆွေကောင်းပီသစွာနေကျတာပါ။တိုင်းတပါးသားကို အချုပ်တန်းဆရာဖေပြောသလို လုပ်မနေဘူး။မြင်အောင်ကြည့်ကြပါ။ဒါပေမယ့် မြန်မာလူမျိုးဖြစ်ပြီးတော့ အချုပ်တန်းဆရာဖေ ပြောသလိုဖြစ်နေတာ တွေကိုခုချိန်မှာပြန်မြင်နေရတယ်။ဘယ်လိုလုပ်ကျမလဲ။ဒီလိုကောင်တွေကိုကျတော့ခင်ဗျားတို့တွေက တော်လိုက်တာလုပ်နေတယ်။ခင်ဗျားတို့အစားကျုပ်ရှက်လိုက်တာ။ရှင်းရှင်းပြောမယ်ဗျာ။မြန်မာလူမျိုးဆိုတာက အစဉ်အလာကြီးခဲ့တာ။သူများနိုင်ငံတွေလို မဟုတ်ဘူး။အမေရိကန်လို လူမျိုးမဲ့တိုင်းပြည်မဟုတ်ဘူး။ဒါကိုနားလည်ထားရမယ်။အေး-----မြန်မာသွေးထဲမှာဘယ်သွေးမှအရောမခံနိုင်ဘူး။မခံစေချင်ဘူး။ဒါဟာ
မျိုးရိုးဂုဏ်ကိုစောင့်ထိန်းတာပဲ။ဒီလိုမစောင့်ထိန်းနိုင်တဲ့လူတစ်ယောက်ဟာ မြန်မာပြည်ကိုတောင်ပြန်မလာသင့်ဘူး။ကျူပ်က လူသားချင်းမစာနာဘူးပဲပြောပြော၊ကျူပ်နိုင်ငံကိုကျူပ်ချစ်တယ်လေဗျာ။ချစ်တာမှ ခင်ဗျားတို့လိုလူမျိုးတွေထက် အဆပေါင်းများစွာပိုချစ်တယ်။လက်တွေ့ပဲအလုပ်လုပ်တယ်၊နိုင်ငံအတွက်ဆိုအော်ပြီးလမ်းပေါ်ထွက်လက်သီးလက်မောင်းတန်းမနေဘူး။
ပါးစပ်ကနေပြီတော့နိုင်ငံချစ်တယ်ပြောပြီးလက်တွေ့ကျတော့အစိုးရ ကအလုပ်အကိုင်ကောင်းကောင်းမစီစဉ်ပေးလို့အော်ပြီေးတာ့သူများနိုင်ငံမှကျွန်ခံမနေဘူး။ရှင်းရှင်းပြောမယ်။သူများနိုင်ငံမှာကျွန်ခံမဲ့အစား၊ကျူပ်နိုင်ငံမှာပဲကျွန်ခံမယ်။ခုတွင်းတူးပြီးခုရေကြည်သောက်လို့တော့်မရဘူး။သတ္တိရှိရင် တရုတ်နိုင်ငံလို မျိုးဆက်နှစ်ဆက်လောက်စတေးလိုက်ကြရအောင်၊စိန်ခေါ်ရဲတယ်။ဘယ်သူများ စတေးရဲလဲ။စစ်သားဖြစ်နေလို့ပဏာယူပြီးပြောနေတာမဟုတ်ပါဘူး။စိတ်ရင်းနဲ့ပြောနေတာပါ။ခင်ဗျားတို့က ဘာမှမလုပ်ပဲနဲ့ ထမင်းဝချင်ရင်တော့ လူပြည်မှမနေနဲ့။တမလွန်ကိုပဲသွားလိုက်ပါ။ကျူပ်တို့စစ်သားဆိုတာက လစာကြောင့်အသေခံနေတာမဟုတ်ဘူး၊ဘယ်သူ့အာဏာတည်မြဲရေးကိုမှလဲအသက်ပေးစောင့်ရှောက်နေတာမဟုတ်ဘူး။တိုင်းပြည်အတွက်အသေခံနေတာ၊အနစ်နာခံနေတာ။တစ်လကိုရဲဘော်လစာ လေးသောင်းကျော်လောက်နဲ့ ဘယ်လိုလူမျိုးမှအသေခံ၊အငတ်ခံ၊အပင်ပန်းခံနေမှာမဟုတ်ဘူး။ခင်ဗျားတို့လဲစဉ်းစားတတ်ပါတယ်။

တိမ်ကြားမင်းခေါင် said...

မြန်မာပိုင်နက်ကနေ တစ်လက်မလောက် သူများနောက်ပါသွားမှာကိုတစ်ကယ်စိုးရိမ်တာဗျ။ခင်ဗျားတို့ ကြားဘူးသလားမသိဘူး။အိုမီဂါ ရှိတ်လို့ခေါ်တဲ့ နေရာလေးလေ။ထိုင်းနိုင်ငံနယ်စပ်ကပေါ့။အဲဒီမှာသမိုင်းဝင်တိုက်ပွဲကြီးတစ်ပွဲဖြစ်ခဲ့ဘူးတယ်။မိုင်းယန်းမဲသဝေါတိုက်ပွဲ ဆိုပြီးစာအုပ်ရှိပါတယ်။ဖတ်ကြည့်ကြပါ။ဒီလောက်နေရာလေးကိုဘာဖြစ်လို့ တပ်မတော်သားတွေအသက်ပေါင်းများစွာ စတေးပြီးတိုက်ခဲ့သလဲဆိုတာကိုရောသိလား။လခပေးထားတာပဲ တိုက်ပေါ့ကွာလို့ပြောအုံးမလို့လား။ကျူပ်ပြောပြမယ်။အဲဒီတိုက်ပွဲမှာတိုက်ရတဲ့နေရာမှာ သေဖို့ကကိုးဆယ်ရာခိုင်းလောက်ရှိတယ်။ဒါပေမယ့် ကျူပ်တို့တပ်မတော်ကတိုက်ခဲ့တယ်ဗျ။သေမယ်မှန်းသိရက်နဲ့တိုက်ခဲ့တာ။သေသွားတဲ့တပ်မတော်သားတွေအသက်ပေါင်းများစွာစတေးခဲ့တယ်။သူတို့မိသားစုတွေရဲ့ဘ၀ပေါင်းများစွာစတေးခဲ့တယ်။ဒါတွေဟာ လိမ်ဆင်တွေမဟုတ်ပါဘူး။ပုံပြင်တွေမဟုတ်ပါဘူး။ ကားဂိတ်တစ်ခုစာလောက်နေရာလေးကိုအသက်တွေအများကြီးစတေးပြီးတော့ ယူထားတာ။ဒါဟာဘာဖြစ်လို့လဲဆိုရင် မြန်မာ့မြေဖြစ်နေလို့ပဲ။ကိုယ့်အမိမြေ ကိုသူများတက်နင်းမှာစိုးလို့ ကာကွယ်တာပဲ။ဒီလိုမျိုးကောတွေးဖူးကြရဲ့လား။အမျိုးကိုရောချစ်တတ်ကျရဲ့လား။စစ်သားမှမျိုးချစ်မဟုတ်ပါဘူး။ဘယ်လိုတာဝန်မျိုးပဲ ရသည်ဖြစ်စေ ခံယူချက်ထားတတ်ရင် မြင့်မြတ်ပါတယ်။တပ်မတော်ရဲ့ လုပ်ဆောင်ချက်တွေကိုခုချိန်မှာ ခင်ဗျားတို့တွေဘာမှမသိသေးပေမယ့်။နိုင်ငံတော်ကြီး တိုးတက်ပြီးအင်အားတောင့်တင်းတဲ့အချိန်ရောက်လာရင်တော့ တပ်မတော်ဟာနိုင်ငံတော်ကိုဘယ်လိုပေးဆပ်ခဲ့တယ်ဆိုတာကိုခင်ဗျားတို့သိလာလိမ့်မယ်။ကိုယ်လိုချင်တာသာတောင်းတန်းဆိုရင်တော့ဗျာ။ဆုံးမှာမဟုတ်တော့ပါဘူး။ဒီတော့ တပ်မတော် ကိုမမုန်းကျပါနဲ့တော့ဗျာ။တစ်နေ့ကျရင်တော့ခင်ဗျားတို့တွေ တပ်မတော်ကိုချစ်တတ်လာကျမှာပါ။ဒီလိုဖြစ်ပါစေလို့လဲဆုတောင်းပါတယ်ဗျာ။တကယ်ပါ။

Anonymous said...

ကြိုက်တယ်ဗျာ...တပ်မတော်ဆိုတာနိုင်ငံရဲ့သွေးကြောပဲလေ...ကိုယ်စွမ်းညဏ်စွမ်းရှိသလောက်...လုပ်ဆောင်ကြတဲ့နေရာမှာ....သူများယောင်တိုင်း..ဘာမှမသိပဲလိုက်ယောင်တတ်တဲ့လူတွေကြောင့်ခက်တယ်ဗျာ..။

koko said...

လွှတ်တော်ကို တိုင်မှ တော့အဖမ်းခံရပြီးပေါ့..ဟ

Anonymous said...

စစ်မှုမထမ်းမနေရ စနစ်ပေါ်လာမှ ဒီကောင်တွေ စစ်ထဲမ၀င်ချင်လို့ ထဘီဝတ်မလားကြည့်ဦးမယ်...

Anonymous said...

ကျွန်တော် ဘယ်ဘက်မှ ဘက် လိုက်ပြီးတော့ ပြောတာ မဟုတ်ဘူး ... ဘယ်မှာပဲ ဖြစ်ဖြစ် အနည်းနဲ့ အများ ဖြစ်တတ်ကြပါတယ် ..KNU တွေ KIA တွေ ရှမ်းသောင်းကျန်းသူတွေ အားလုံးတော့ လည်း ဟုတ်ချင်မှ ဟုတ်မှာပေါ့ နော်..ကောင်းတာရှိသလို အလွန်ဆိုးရွမ်းသောင်းကျန်းတာတွေ ရှိပါတယ် .. ဒေသခံတွေ သိမှာပါ ကျွန်တော်တို့ လည်းကြားဘူမှာ ပါ... KIA တွေ ဖားကန့် မှာ ခိုးထုတ်ခဲ့ တာတွေ သူတို့ လုပ်လို့ သစ်တောတွေ ဘယ်လောက်ကုန်ခဲ့ သလဲ ...တဘက်သတ်အမြင်ပြောတာမဟုတ်ဘူးနော်..မကောင်းဘူးဆိုရင် ၂ ယောက် လုံးမကောင်းဘူးလို့ ပြော ..တစ်ယောက် ကို ပြောပြီး နော်တစ်ယောက် အကြောင်းမပြောတာ တော့ မတရားဘူး ..စစ်တပ်မှာ လည်းအနည်းနဲ့ အများ မှားတာပါပဲ ..ဒါ က ပြောရရင် ဖြစ်ရိုးဖြစ်စဉ် လို့ ပြောလို့ ရပါတယ် ..ခင်ဗျားတို့ ကျွန်တော် တို့ တောထဲ မှာ မှောင်ကြီးမဲကြီးထဲမှာ လနဲ့ ချီပြီး မဝရေစာစားသောက် ရရင်ကော စိတ်ပိုင်းဆိုင်ရာဘာတွေ ဖြစ်လာမလဲ ... နိုင်ငံတကာမှာရှိတဲ့ စစ်တပ်တွေမှာတောင် ဖြစ်နေတာတွေ ကြားနေရမှာပါ..ဒီတော့ ကမန်တော်တို့ ဒီ အရည် မရ အဖတ်မရတာတွေ မပြောပါနဲ့ တော့ ..တော်ကြပါတော့ အရေးကြီးတာဘာလဲ ..အခု နိုင်ငံမှာ ဘာတွေ ဖြစ်နေလဲစဉ်းစားကြပါ ..ဟုတ်ပါပြီ ခင်ဗျားတို့ ပြောသလို ဂျာနယ်တွေ က ရေးသလို နိုင်ငံချစ်တဲ့ ခေါင်းဆောင်လုပ်မယ့် သူတွေ ... အမျိုးသားရေးနဲ့ ပါတ်သတ်ပြီး ဘယ်လောက် တောင် ပြောဆိုခဲ့ ကြလဲ ဗျာ... ကြီးထွားလာတဲ့ ကုလားတွေ ပြဿနာ... မညီညွတ်မှုတွေ များလာတဲ့ သံဃာအဖွဲ့ တွေကိစ္စ....တိုင်းပြည်ရဲ့ အရေးကြီးနေတဲ့ ပညာရေးလုပ်ငန်းတွေ ..စကားမစပ် ကျွန်တော်တို့ နိုင်ငံရေးသမားတွေ ဘ/က ကျောင်းဆိုတာ ကောသိရဲ့ လားမသိဘူး..ထားပါ ..ပြောရရင် တော့ အများကြီးပါပဲ ..ပေးတဲ့ အတိုင်းစာဖတ်ပြီးတော့ လုပ်ရင် ဘာဖြစ်မလဲ ဆိုတာ ပါကစ္စတန်ရဲ့ နိုင်ငံရေးက သက်သေပြ ပါ့ မယ် ..လူတွေ က political figure ကို အခြေပြု တယ် တကယ် တန်းနေရာရလာတော့ အပြင်ကပြောတဲ့ အတိုင်းလုပ်နေတော့ တိုင်းပြည် က မကြိုက် တော့ ဘူး နောက်ဆုံးတော့ ဘာဖြစ်လဲ ထွက် ပြေးရပြန်ကော.. နောက်တစ်ခေါက်လာတော့ အခု လို ထပ်ပြီးမှိုင်းမိမှာ ကို မကြည့် ချင်သူတွေ က အပျောက်ရှင်းလိုက်တာပဲ ..ဒါတွေ ဟာ အားလုံးနိုင်ငံရေးပါ...

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ