Aug 4, 2012

ဒေါ်စုကိုယ်ရံတော် မောင်လေးတစ်ယောက် မိန်းခလေးများ အိမ်သာတတ်ချိန်ကို ကင်မရာမှတ်တမ်းတင်/တိုင်ကြားသော်လည်း ဒေါ်စု မသိချင်ယောင်ဆောင်

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ၊ လှိုင် မြို့ နယ်မှ ပါတီဝင်အမှတ် ၀၀၀၀၀၇ ကိုင်ဆောင်သူ မျိုးမင်းဦး အနေဖြင့် လှိုင်မြို့နယ်ပါတီရုံးတွင် (၁၆-၇-၂၀၁၂) (၁၇-၇-၂၀၁၂)နှင့်(၁၈-၇-၂၀၁၂ )နေ့  များ တွင်ဖွင့်လှစ်လျှက်ရှိသောပညာ ဒါန စာသင်ကျောင်းသို တက်ရောက်နေသည့်အမျိုးသမီးငယ်များ အိမ်သာတက်နေမှုကို ကိုယ်ကျင့်သိက္ခာ ပျက်ပြားစွာ ဖြင့်handphone camera နှင့် အမျိုးသမီးငယ်များ အိမ်သာတက်မှု အပေါ်ချောင်းမြောင်း မှတ်တမ်းတင် ဓတ် ပုံ ရိုက်ကူးလျှက်ရှိနေကြောင်း ၊ယင်းသိုဆောင်ရွက်နေမှု ကို လူငယ်ပညာရေးတာဝန်ခံများဖြစ်သော ကိုဥက္ကာ ၊ ကိုကျော်ထွန်း၊ ဒေါ်ရီရီမေ၊ လူငယ်တာဝန်ခံ ကို ဘို ဌေး တို့  ကဖုံးကွယ်ပေးထားကြောင်း သိရှိရပါသည်။

ယင်းလုပ်၇ပ်အပေါ် မခံနိုင်သည့် အမျိုးသမီးငယ်မှတိုင်ကြားသည့်အချိန်တွင်ကျမှ ၂၆-၇-၂၀၁၂ နေ့  ည ၁၉၀၀ နာရီတွင် မြို့ နယ်ပါတီရုံးခန်းတွင် စစ်ဆေးမေးမြန်းပြီးမှတ်တမ်းတင်ထားခဲ့ကြောင်း ၊အေ၇းယူခြင်းမရှိခဲ့ကြောင်း၊
 ယင်းသို့ အေ၇းမယူရခြင်းမှာဒေါ်အောင်ဆန်းစုကြည် ၏ အနီးကပ်လုံခြုံ ရေး တာဝန်ခံ လူငယ် တာဝန်ထမ်းဆောင်နေခြင်းကြောင့် ဒေါ်စုမှ အရးယူစရာမလိုဟုပြောထားသောကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။ နေပြည်တော် တွင်လွှတ်တော်တက်ရောက်နေသည့် ဒေါ်အောင်ဆန်းစုကြည် မရှိခိုက် မြို့ နယ် တွင် ပညာဒါနသင်တန်း တက်ရောက်နေသည့် သင်တန်းသူများ ကို ညစ်ညမ်း ဓတ်ပုံရိုက်ကူးရန်အစမ်းလေ့ကျင့် စဉ် လူမိတိုင်ကြားခံရခြင်း ဖြစ်ကြောင်း၊အမှတ် (၅၄)တက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင် ဒေါ်အောင် ဆန်းစုကြည် ၏အနီးကပ်လုံခြုံေ၇း လူငယ် တာဝန်ထမ်းဆောင်နေစဉ် အတောအတွင်း ဒေါ်အောင်ဆန်းစုကြည် ရေအိမ်တက် /ဆင်းဗွီဒီယို မှတ်တမ်းဓါတ်ပုံ ရိုက်ကူးမှု များရှိခဲ့ကြောင်း သိရှိရပါသည်။


ခေတ်သစ်
_________________________________________________________________________________ 
Readmore »

လယ်သမားများအား အတိုးနှူန်း ၁ ကျပ်ဖြင့် ဦးဇော်ဇော် မှ ငွေထုတ်ချေးမည်

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် Max Myanmar ကုမ္ပဏီ ဥက္ကဋ္ဌ ဖြစ်သူ ဦးဇော်ဇော်က ဧရာဝတီ တိုင်းဒေသကြီးအတွင်းမှ လယ်ဧက ၅၀၀၀၀ ကျော်တွင် ယခုနှစ် စပါး စိုက်ပျိုးကြမည့် လယ်သမားများအား ငွေကျပ် တစ်ရာလျှင် အတိုး တစ်ကျပ်နှုန်းဖြင့် ငွေထုတ်ချေး ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
“ပြီးခဲ့တဲ့နှစ်က လယ်သမားတွေ စပါးအထွက်နှုန်း လျော့တယ်။ အရှုံးပေါ်ကြတယ်။

ငွေချေး ထားတာတွေ ပြန်မဆပ်နိုင်တဲ့အထိ ဖြစ်ကြတယ်။ အဲဒါကို ကူညီတဲ့အနေနဲ့ ထုတ်ချေးပေးသွားမှာပါ။” ဟု ဦးဇော်ဇော်က ပြောကြားခဲ့သည်။
 

အဆိုပါ ချေးငွေကိုစပါး ပေါ်ချိန်မှသာပြန်လည်ပေးဆပ်ရန် သတ်မှတ်ထားကြောင်း၊ မည်သည့်နေရာတွင် စပါး ရောင်းရမည်ကို သတ်မှတ်ချက် မရှိကြောင်း၊ ယခင်နှစ်က အတိုးနှုန်းကို နှစ်ကျပ် သတ်မှတ်ခဲ့ကြောင်းနှင့် စုစုပေါင်း တစ်ဧကလျှင် ငါးသောင်းကျပ်နှုန်းဖြင့် သိန်းပေါင်း နှစ်သောင်းခွဲ ထုတ်ချေးထားကြောင်းလည်း ဦးဇော်ဇော်က ပြောပြခဲ့သည်။
အစိုးရနှင့် နီးစပ်သည့် လုပ်ငန်းရှင်များက လယ်သမားများကို ယင်းကဲ့သို့ ချေးငွေများ ထုတ်ချေးပေးမှုအား ၂၀၀၉ ခုနှစ်ကတည်းကပင် စတင်ခဲ့ကြခြင်း ဖြစ်ပြီး အတိုးနှုန်းအဖြစ် ငွေတစ်ရာလျှင် နှစ်ကျပ်နှုန်းဖြင့် တစ်ဧကလျှင် ငွေကျပ် ခြောက်သောင်းစီ စတင် ထုတ်ချေး ခဲ့ကြကြောင်း သိရသည်။
ရန်ကုန် တိုင်းဒေသကြီးတွင်ရှိသော လယ်သမားများအတွက် ပြည်ခိုင်ဖြိုး ပါတီက တစ်ဧကလျှင် ငွေကျပ် ၇၀၀၀ ကျပ်စီကို အတိုးနှုန်း တစ်ကျပ်ခွဲဖြင့် ၂၀၁၀ ခုနှစ်ကတည်းက ထုတ်ချေး ပေးနေခဲ့သည်များလည်း ရှိကြောင်း သိရသည်။
________________________________________________________________________ 
Readmore »

မလေးရှားမှာ ကုလားတွေ ရခိုင်တွေကို ရိုက်/သတ်/လု/ဖျက်ဆီး နေပြီ

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ရခိုင်အမျိုးသားပိုင် မြန်မာ ဥယျာဉ် စားသောက်ဆိုင်ကို ရိုဟင်ဂျာ အမည်ခံ ဘင်္ဂလီ လူအုပ်စု တစ်ခုက သောကြာနေ့ ညနေပိုင်းက ၀င်ရောက် တိုက်ခိုက်သွားခဲ့သည်။

ကျွန်တော်ကြားတာက သူတို့ ဗလီဝတ်ပြု အပြီးမှာ မြန်မာ သံရုံးကို သွားဆန္ဒပြတယ်လို့ ကြားတယ်။ အဲဒီကနေ မြို့ထဲကို ပြန်ဝင်လာပြီး လမ်းမှာတွေ့တဲ့ ရခိုင်တွေကို ရိုက်တယ်။ ဆွဲထိုးတယ်။ ရခိုင်လေးတွေကလည်း အနီးအနားမှာရှိတဲ့ ကျွန်တော်တို့ဆိုင်ကို တက်ပြေးကြတယ်။ အဲဒီမှာ နောက်က လိုက်လာပြီး ရခိုင်ဆိုင်လို့ သိသွားတာနဲ့ ပစ္စည်းတွေကို ဖျက်ဆီးတယ်။ ခုံတွေကို ရိုက်ချိုးတယ်။ ဆိုင်မှာ ရောင်းနေတဲ့ ကွန်ပျူတာတွေကိုလည်း မချသွားကြပါတယ်” ဆိုင်ပိုင်ရှင် ဦးစောအောင်က နိရဉ္စရာသို့ ပြောသည်။



တိုက်ခိုက်ခံရချိန်မှာ ညနေ ၅ နာရီကျော်တွင် ဖြစ်ပြီး တိုက်ခိုင်သူ ဘင်္ဂလီ ရိုဟင်ဂျာ အုပ်စုမှာ လူ ၄၀ ခန့်ရှိကြောင်း ဦးစောအောင်က ပြောသည်။



ဝင်ရောက်တိုက်ခိုက်တာက လူ ၄၀ လောက် ရှိမယ်ထင်ပါတယ်။ စုစုပေါင်း ပါလာတဲ့ ရိုဟင်ဂျာက ၁၀၀ လောက်တော့ ရှိပါလိမ့်မယ်။ ဒါနဲ့ ကျွန်တော်တို့လည်း အနီးအနားက ရဲစန်းကို အကြောင်း ကြားပါတယ်။ ရဲတွေကလည်း ချက်ချင်း လိုက်လာပါတယ်။ ဒါပေမယ့် လမ်းမှာ ကားကျပ်တော့ ချက်ချင်း မရောက်ဘူး။ ဒါပေမယ့် ၇ ယောက်၊ ၈ယောက်လောက်တော့ ဖမ်းမိသွားတယ်။ ဘေးနားဆိုင်တွေကလည်း ဖမ်းပေးကြတယ်။ အခု သူတို့ကို ရဲက စစ်ဆေးမေးမြန်း နေပါတယ်” ဟု သူက ပြောသည်။

ယမန်နေ့ညနေက အခင်းဖြစ်ပွားပြီး ချက်ချင်း ဆိုင်မန်နေဂျာ ဦးကျော်သိန်းက အမူ ဖွင့်တိုင်ကြားခဲ့ကြောင်း သူက ပြောသည်။

၎င်းပြင် ရိုဟင်ဂျာ အမည်ခံ ဘင်္ဂလီ အုပ်စုမှ ရခိုင်များကို ၀င်ရောက်တိုက်ခိုက်မည်ကို သတင်းရထားကြောင်း၊ ရခိုင်ရုံးကို ၀င်ရောက်တိုက်ခိုက်မည်ဟု ထင်ထားခဲ့ကြောင်း၊ သို့သော် နောက်ဆုံးတွင် သူဆိုင်သာ အတိုက်ခံခဲ့ရကြောင်း ဦးစောအောင်က ပြောသည်။

တိုက်ခိုက်မူကြောင့် ဆိုင်ထဲရှိ ပစ္စည်းများ ပျက်စီး ပျောက်ဆုံးမူက လွဲပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသူများ မရှိကြောင်းသူက ပြောသည်။

ယခုတိုက်ခိုက်မူသည် ရခိုင်တွင် ဖြစ်ပေါ်ခဲ့သော ဆူပူ အကြမ်းဖက်မူ ဖြစ်ပွားပြီး နောက်ပိုင်း ပထမဆုံး အကြိမ် ဘင်္ဂလီ ရိုဟင်ဂျာများက ရခိုင်များကို ပြည်ပတွင် ပေါ်တင် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
by-ခင်မောင်ဦး (မလေး)
________________________________________________________________________ 

Readmore »

အရစ်ကျစနစ်ဖြင့် GSM / WCDMA မိုဘိုင်းလ် တယ်လီဖုန်း သုံးစွဲသော နိုင်ငံ့ဝန်ထမ်း များသို့ အသိပေးတင်ပြချက်

             

                    မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း

                                                    

၁။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသည် နေပြည်တော် အပါအဝင် ပြည်နယ်/ တိုင်းဒေသကြီး အသီးသီး တွင် တာဝန် ထမ်းဆောင် လျက်ရှိသော ဝန်ကြီးဌာန အသီးသီးရှိ နိုင်ငံ့ ဝန်ထမ်းများ အနက်မှ အရစ်ကျ စနစ်ဖြင့် မိုဘိုင်းလ် တယ်လီဖုန်း ကိုင်ဆောင် သုံးစွဲလိုသည့် ဝန်ထမ်းများအား ကျပ်နှစ်သိန်းတန် GSM မိုဘိုင်းလ် တယ်လီဖုန်းကို တစ်လလျှင် ကျပ် လေးသောင်း နှုန်းဖြင့် (၅)ရစ် ပေးချေ သည့် စနစ်ဖြင့် လည်းကောင်း၊ နှစ်သိန်းခွဲတန် WCDMA မိုဘိုင်းလ် တယ်လီဖုန်းကို တစ်လလျှင် ကျပ် ငါးသောင်း နှုန်းဖြင့် (၅)ရစ် ပေးချေ သည့်စနစ်ဖြင့် လည်းကောင်း ၂ဝ၁၂ ခုနှစ် ဇွန်လနှင့် ဇူလိုင်လ တို့တွင် (၂)ကြိမ် သုံးစွဲခွင့် ပြုပြီး ဖြစ်ပါသည်။

 ၂။ မိုဘိုင်းလ် တယ်လီဖုန်းများကို အရစ်ကျပေး ငွေချေ စနစ်ဖြင့် သုံးစွဲနေသည့် နိုင်ငံ့ ဝန်ထမ်းများတွင် အချို့ ဝန်ထမ်း များမှာ ပထမ အရစ်ကို လည်းကောင်း၊ အချို့ ဝန်ထမ်းများမှာ ပထမ အရစ်နှင့် ဒုတိယ အရစ် (၂)ရစ်ကို လည်းကောင်း ပေးသွင်း ကြပြီး ဖြစ်ပါသည်။

 ၃။ ဝန်ထမ်းများ အနေဖြင့် ယင်းကိစ္စနှင့် ပတ်သက်၍ ဝန်ထုပ် ဝန်ပိုး မဖြစ်စေရန် နှင့် ပိုမို အဆင်ပြေ စွာဖြင့် အရစ်ကျ ပေးသွင်း နိုင်ရေး အတွက် GSM / WCDMA မိုဘိုင်းလ် တယ်လီ ဖုန်းများ အတွက် ဆက်လက် ပေးသွင်းရန် ကျန်ငွေ များကို ၂ဝ၁၂ ခုနှစ် သြဂုတ် ၃၁ ရက်မှ စ၍
 မူရင်းလစာ ကျပ် တစ်သိန်း နှင့်အောက် ဝန်ထမ်းများ အနေဖြင့် လစဉ် ၁ဝဝဝဝ ကျပ် (ကျပ် တစ်သောင်း တိတိ) နှုန်း ဖြင့် လည်းကောင်း၊ မူရင်း လစာ ကျပ်တစ်သိန်း အထက် ဝန်ထမ်းများ အနေဖြင့် လစဉ် ၁၅ဝဝဝ ကျပ် (ကျပ် တစ်သောင်း ငါးထောင် တိတိ) နှုန်း ဖြင့် လည်းကောင်း ဆက်လက် ပေးချေ သုံးစွဲ သွားနိုင် ပါကြောင်း လေးစားစွာ အသိပေး တင်ပြအပ်ပါသည်။

________________________________________________________________________                                  
                               
Readmore »

ဂျပိုးဥဏှောက်၊ ဖြုတ်ဥဏှောက်၊ ဆင်ဥဏှောက် နဲ့ ရခိုင်ကိစ္စ

မနေ့ညနေက ဘီဘီစီ ရေဒီယို အမှတ် ၄ သတင်းဝေဖန်မှုတစ်ခု မှာ ဗြိတိန်က အင်္ဂလိပ်လူမျိုးလို့ ထင်ရတဲ့ လူ့အခွင့်အရေးခေါင်းဆောင်တယောက်ကို အင်တာဗျူးလုပ်တာကို တဝက်လောက်က စနားထောင်ရတယ်။ ဒါ့ကြောင့် သူဘယ်မှန်းမသိဘူး။ အင်္ဂလိပ်အသံစစ်စစ်ရှိတော့ အဖြူမှန်းတော့သိသာပါတယ်။

 အင်တာနက်ပေါ်ကနေ ဒေါင်းလုဒ်လုပ်ပြီး သိမ်းထားကြပါ။ (အောက်ကမှတ်စုကိုဖတ်ပါ။ အင်္ဂလိပ်လူမျိုးမဟုတ်ပါ။ သူဘယ်သူဆိုတာနဲက ဒီပဂိုဂရမ်ကို အခု ကျမရှာတွေ့လို့ တိုင်းမ်လိုင်းမှာ တင်ထားပါတယ်။) သူက မြန်မာအစိုးရ အာဏာပိုင်တွေက ရခိုင်လူမျိုးတွေ လူနည်းစု ရိုဟင်းဂျားတွေကို သတ်တာ မုဒိမ်းကျင့်နေတာကို ဘာမျှမလုပ်ဘဲ ရပ်ကြည့်တယ်လို့ ဒေါ်သသကြီး ပြောတယ်။ ရိုဟင်းဂျား ၃ ယောက်က ရခိုင်မိန်းခလေးကို မုဒိမ်းကျင့်သတ်သွားပြီးနောက်မှာ ရခိုင်တွေက မွတ်စလင် ၁၀ ယောက်ကို သတ်တယ်။ ပြီး ကျန်တဲ့မွတ်စလင်တွေကိုလည်း သတ်တယ်။ မုဒိမ်းကျင့်တယ်။ အာဏာပိုင်တွေက ဘာမျှဝင်မတားဘူးတဲ့။ သူက ဆက်ပြီး ဒီရိုဟင်းဂျားတွေက မြန်မာနိုင်ငံသားတွေဖြစ်တယ်။

ဒါပေမဲ့ မြန်မာတွေက လက်မခံဘူး။ အစိုးရကလည်း လက်မခံဘူး။ သမတကြီးပြောတာကို ရှုံ့ချတယ်။ ဒေါ်စုကိုလည်း ဒီလိုဘဲအမြင်ရှိတယ်ဆိုပြီး အပြစ်ပြောတယ်။ ဒီ လူပြောတာနားထောင်ပြီး စိတ်ပျက်ပျက်နဲ့ ဖေ့စ်ဘွတ်ကို တက်ကြည်တဲ့အခါ ဖြုတ်ဥဏှောက်နဲ့ နိုင်ငံရေးစောင့်ကြည်သူ အဖွဲ့ဆိုတာကို ဖွဲ့ပြီး ကိုယ့်ဘာသာကိုယ် ဒါရိုက်တာ တင်မြှောက်ထားတဲ့ မိန်းမတယောက် ဖဘကို ဖတ်မိတယ်။ ရခိုင်အကြောင်း ဘာမျှမပြောဘဲ နိုင်ငံသမိုင်းက အနာဖေးတွေကို မပြတ်တန်းခွာနေတယ်။ ခွာသာ ဖဲ့တာလည်း ကိုယ်တိုင် လုပ်တတ်ပုံမရ။ တခြား သူ့ဆရာကြီးတွေ ရေးထား တင်ထားတာတွေကိုဘဲ ပလူပျံအောင် ရှယ်နေတယ်လေ။ အမေရိကားကဘဲ။ ခပ်အအ စိတ်ပျော့တဲ့ အဖြူတွေနောက် တကောက်ကောက်လိုက် ရုပ်ပြ လူရောင်းစား တရားဟော တောင်းစားနေတဲ့ ဥဏှောက်မရှိတဲ့ မိန်းမငယ် တစ်ယောက်ဘဲ။ အရည်အချင်းက လုံးဝမရှိသူဖြစ်တော့ ရီမိတယ်။ ။ မြန်မာပြည်ထဲက မသိသူများကတော့ မသိရှာပါဘူး။ နောင် ၁၀ နှစ်လောက်ဆိုရင်တော့ သူမလုပ်တဲ့အလုပ်မှာ ဂျင်ဖြစ်လာတဲ့အခါ ဟောလီဝုဒ် ဘီရုပ်ရှင်မင်းသမီး အသံထွက် ဆန်ဆန် နဲနဲလေး ထွက်လာရင်တော့ ငါ့လောက် ဘယ်သူမျှ ပညာမတတ်ဆိုပြီး အော်တော့မယ်လေ။ မြန်မာပြည် ကယ်တင်ရှင်တွေဘဲ။ ဒေါ်စုလွှတ်ပြီးး မနေ့တနေ့ကမှ နိုင်ငံရေးခိုလှုံတဲ့ ယောက်ျားတွေလည်း အတူတူပါဘဲ။ ဥရောပမှာလည်း ဒီအတိုင်းဘဲ။ ရောက်ရောက်ခြင်း ဥရောပဘာသာ စကားတွေ မပြောတတ်ဘူး။

 (အခုလည်း ကိုယ်လုပ်စားတဲ့ ကျဉ်းမြောင်းလှတဲ့ နိုင်ငံရေးနယ်ပယ်ရဲ့ တစိတ်သဒေသက လွဲပြီး ဥရောပဘာသာတွေနဲ့ တခြား ဘာအကြောင်းကိုမျှ လိပ်ပတ်လည်အောင် မပြောနိုင် မရေးနိုင်ပါဘူး။) နိုင်ငံရေးခိုလှုံခွင့်တောင်း၊ ပြီး မိန်းမနဲ့ ခလေးတွေ လှမ်းခေါ်။ မိန်းမတွေဆိုရင်လည်း ဖခင်တွေ မိခင်တွေ လှမ်းခေါ်။ အစိုးရဆီကတောင်းစား၊ နောက်လာတဲ့ နိုင်ငံရေး ခိုလှုံသူတွေကို ကိုယ့်အတွေ့အကြုံကလေးနဲ့ သက်သေထွက်ချက်တွေ ပလူပျံအောင် ရေးပေး၊ ပိုက်ဆံတောင်း၊ ပြီး နိုင်ငံရေးအဖွဲ့တွေထောင်၊ ကိုယ့်လင် ကိုယ့်မယား ဆွေမျိုးတွေကို ရာထူးတွေပေး။ အဖွဲ့ဝင်ကြေးတွေ တရားဝင်ရော စားပွဲခုံအောက်က ပါတောင်းပြီး ဘော်ချက်ကြတယ်လေ။ သတင်းစာထဲက မြန်မာပြည်အကြောင်းလေးတွေလောက် လူဝင်မှု ဥပဒေတပိုင်းတစလေးကို လိုတာဆွဲ အလွတ်ကျက်။ ပြီး လူရှေ့ထွက် တရားဟော။ စကားပြန် ဘာသာပြန် တရားမဝင်လုပ်ပြီး၊ ချက်ခြင်းဘဲ စာရေးဆရာ ကဗျာဆရာ ပန်းချီဆရာ ဥပဒေပညာရှင်ကြီးတွေဖြစ်၊ နိုင်ငံရေးသမားတွေဖြစ်၊ မီဒီယာသမားတွေဖြစ်ပြီး အင်တာနက် မီဒီယာတွေထောင်၊ ဟိုကရေးတာ ကူးချ ဒီက ရေးတာတွေ ကူးချလုပ်ကြတယ်။ ပြည်တွင်းမှာလည်း ဘော်ဒါတွေက လူမှုရေး ပညာရေးအဖွဲ့တွေ ထောင်ထားတယ်။ ဒီအဖွဲ့တွေမှာ ငွေလေး ၂ သောင်း က ၁ သိန်းအထိ တတ်နိုင်သလောက် လှူခဲ့တာကို ပြတဲ့ ပြေစာတွေယူလာ။ ဒီလိုလှူလို့ အစိုးရက သူတို့ကို လိုက်သတ်နေပါတယ်ဆိုပြီး ထွက်ပြေးလာသူတွေဆီက ငွေတောင်း လုပ်စားကြပြန်ရော။ ပြည်တွင်းက ပုဂ္ဂလိကကျောင်း ထောင်ထားသူ တချို့လည်း ဒီဂိုဏ်းတွေထဲမှာ ပါတယ်။ ဒေါ်စုနံမည်နဲ့ တခြားနိုင်ငံရေးသမားတွေပုံတွေ ပလူပျံအောင် တင်ထားသူတချို့လည်း ဒီဂုဏ်းတွေထဲမှာ ပါတယ်။

 သူတို့ ဖဘတွေကြည့်ရင် သူတို့ထောင်ထားတဲ့ နိုင်ငံရေး အဖွဲ့ ပေ့ခ်ျတွေ၊ ဂရုပ်တွေကို ကြည့်ရင် ကောင်းကောင်းသိသာတယ်။။ ခိုးထွက်သူ ခိုးဝင်သူတွေက ငွေများများပေးလေ၊ ပိုကောင်းကောင်း ကူညီတယ်လေ။ ငွေပုံအော ပေးနိုင်သူဆိုရင် ဥရောပမှာ တနှစ်ကျော်ကျော် အင်တာနက် နိုင်ငံရေးမီဒီယာ စင်ပေါ်တင်ပေးတယ်။ ခေါင်းဆောင်က ကိုယ်တိုင် နိုင်ငံရေးသတင်းတွေရေးပေးပြီး ဖတ်ခိုင်းတယ်။ ပြီး သံရုံးရှေ့မှာ ထွက်ပြောတဲ့ မိန့်ခွန်းတွေရေးပေး ဘယ်လိုပြော ဘယ်လိုဖတ်ဆိုတာကို ကိုယ်ဖိရင်ဖိ အသေးစိတ်သင်ပေးတယ်။ ဒီတော့ နိုင်ငံရေးခိုလှုံတဲ့ အင်တာဗျူးမှာ လာပြီး မေးတာမဖြေဘဲ ကိုယ်ပြောခဲ့တဲ့ မိန့်ခွန်းကို ခရားရေလွှတ်သလို မဆီမဆိုင် လာပြောတာမျိုးရှိတယ်လေ။ ပြီးစကားပြန်ကို ဒီမိန့်ခွန်းတွေကို သတွေမသိမ်း မပြန်တတ်ဘူးဆိုပြီး ဂျောက်ချတယ်။ မဆီမဆိုင်တာ ပြောလို့ ဘာသာပြန်မူကွဲတာကို တရားသူကြီးတွေရှေ့မှာ လျှောက်လို့ အမှုနိုင်မယ်ထင်ကြတယ်။ (အမှုနိုင်လို့ ပေးနေတာမဟုတ်။ နင်တို့လူလိမ်တွေဖြစ်တယ်။ ငါတို့ နင်တို့ပြောတာ လုံးဝမယုံဘူး။ ဒါပေမဲ့ လူသားတွေဖြစ်လို့ ပြန်ပို့လိုမရတဲ့ အခြေအနေမှာမှို့ နေခွင့်ပေးတယ်ဟေ့လို့ ဆုံးဖြတ်ချက်ချတာပါ။ လူလိမ်တွေ၊ ငါတို့ ပြန်ပို့လို့မရလို့ နေခွင့် ပေးတယ်ဆိုပြီး အယူခံမျာ နေခွင့်ပေးလိုက်တာပါ။ သိပ် ဂုဏ်ယူမနေကြပါနဲ့။) သက်သေတွေအနေနဲ့ တင်လိုက်တဲ့ဓါတ်ပုံတွေကလည်း ရာပေါင်းများစွာ။ ဒေါ်ခင်ရွှေမာပြောတာ အမှန်ဘဲ။ ပျော်ပွဲစားထွက်နေကြတာပါ။ ပြီးတဲ့အခါ ဟိုက်ဒ်ပတ်က်မှာ စားပွဲသောက်ပွဲ ကျင်းပတဲ့ပုံတွေ ခဏခဏတွေ့ရပါ့။ အစိုးရ အဖွဲ့တွေထဲ ခိုးဝင်ပြီး အလုပ်လုပ်ကြသေးတယ်။ ကိုယ့်ပြည်တွင်းက လူဝင်မှုဥပဒေဖောက်တာ လပ်စားနေတာကိုတော့ ဝေဖန်ကြတယ်။ ကိုယ်တိုင်ကြတော့ ကိုယ်နေတဲ့နိုင်ငံက လူဝင်မှုဥပဒေတွေကို ချိုးဖောက်နေကြတယ်။ ရခိုင်ကိစ္စမှာလည်း တချို့က လူမြင်ကွင်းမှာတော့ သွေးရူးသွေးတန်းအော်နေသော်လည်း လူကွယ်ရာမှာတော့ လုပ်ခြင်ရာလုပ်ကြတုန်းပါဘဲ။ ဆန္ဒပြပွဲတွေလုပ်နေတုန်း၊ နိုင်ငံရေးခိုလှုံသူတွေအတွက် အလိမ်အညာတွေရေးပေးနေတုန်းဘဲ။ ဒေါ်စုနဲ့ ပြည်တွင်းက နိုင်ငံငံရေး အကျဉ်းသား၊ အလုပ်သမား၊ လယ်သမား ပြည်တွင်းစစ်ကို အသုံးချကြတုန်။ စစ်သားဆို အားလုံးဟာ မုဒိမ်းကောင်းဆိုပြီး ပြောကြတုန်းပါဘဲ။ အစိုးရဝန်ထမ်းဆို အားလုံး လူယုတ်မာတွေဆို ပြောနေကြတုန်းပါဘဲ။

ဒီနှစ်အစပိုင်းလောက်က ဒေါ်စုတို့ အင်လယ်ဒီအဖွဲ့ ရွှေးကောက်ပွဲအတွက် မဲဆွဲမှုမလုပ်ခင်မှာ မူလတန်းကျောင်းက မွတ်စလင် ကျောင်းသာ ကလေးလူမမယ်လေးတွေ ဆန္ဒပြထွက်ပြတော့ ကျမက အကောင့်တစ်ခုသုံးပြိး ကလေးတွေကို စာသင်ချိန်မှာ စာမသင်စေဘဲ၊ ကလေးများ ဆော့စကားချိန်မှာ ဆော့ကစားခွင့်မပေးဘဲ၊ မသုံးသင့်တဲ့နေရာမှာ သုံးတဲ့အတွက်ကြောင့် Child Abuse ဖြစ်တယ် ဆိုတာကို ကွက်ကွက်ကွင်းကွင်း ထောက်ပြခဲ့တယ်။ ဒါနဲ့ အကန့်အသတ်မရှိ ကလေးတွေ ဆန္ဒပြမယ်ဆိုတာ ချက်ခြင်းရပ်သွားတယ်။ ၄ ရက်အတွင်းမှာဘဲ စစ်တပ်က မူလတန်းကျောင်းက ကလေးတွေကို သေနတ်နဲ့ ပစ်လို့ သေနေတဲ့ ပုံတွေပါတဲ့ ဒီဗွီဒီချပ်ကို ယူလာပါတယ်ဆိုပြီး နိုင်ငံရေးခိုလှုံတဲ့ အမျိုးသားတစ်ယောက်ကို ကျမအလုပ်ထဲမှာ တွေ့ခဲ့ရတယ်။ ဒီ horror film ဇတ်လမ်း ထုတ်လုပ်ရေးအတွက် ဖိုတိုရှောပ်နဲ့ တော်တော်လေး အလုပ်ရှုတ်နေတော့ မြန်မာပြည်က နောက်ဆုံး အခြေအနေတောင် မသိလိုက်ရှာဘူး။ ဒီဂျပိုးက မြန်မာ ဗုဒ္ဒဘာသာပါ။ ဗြိတိန်က မြန်မာ နိုင်ငံရေး အဖွှဲု့ တစ်ခုနဲ့ အဆက်အသွယ်ရှိပါတယ်။ တတ်လည်း တတ်နိုင်ကြပါပေ့ကွယ်။ ဖေ့စ်ဘွတ်က်ပေါ်မှာတွေ့နေရတာက ဒီအုပ်စုတွေမှာ နေရာတကာမှာ အဆက်အသွယ်တွေပေါပါ့။ စစ်ဗိုလ်တချို့တောင် ဒီရာဇဝတ်သားတွေနောက်လိုက် ဖြစ်နေတာ အံသြစွာ တွေ့မိပါရဲ့။ ဒီလို အနောက်နိုင်ငံက ဥာဏ်နီ ဥာဏ်နက်နဲ့ ကိုယ့်မယား ကိုယ့်သားအတွက် ကိုယ့်အရစ်ကျဝယ်ထားတဲ့ အိမ်တွေ ကားတွေအတွက်သာ အလုပ်လုပ်ကြတဲ့ လူအခွင့်အရေးအတွက် တိုက်ပွဲဝင်နေကြတယ်ဆိုတဲ့ စေတနာမမှန်တဲ့ ဥရောပတိုက်သားတွေ၊ မြန်မာနိုင်ငံက ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ မျက်နှာဖုံးစွတ်ထားတဲ့ မျိုးချစ်ဆိုတဲ့ ယောက်ျား မိန်းမတွေ၊ ကိုယ်နိုင်ငံထဲ မွတ်စလင်တွေ လှိမ့်မဝင်စေခြင်တဲ့ အနောက်နိုင်ငံအစိုးရတွေ၊ ယူအင်န်လို နိုင်ငံတကာရုပ်သေးအဖွဲ့တွေဟာ ရခိုင်သားတွေအတွက် ရင်နာစရာပါ။

 မြန်မာအစိုးရလုပ်ကွက်ကိုလည်း ကြည့်ပါ။ ရခိုင် ဘင်္ဂလားကိစ္စ ဝင်စွက်ခဲ့လို့ သွေးထွက်သံယိုဖြစ်ခဲ့ရင်။ စစ်တပ်က ပြစ်တယ်။ လူသတ်တယ် ဆိုပြီး ခုန်ပါက် ကကြတော့မယ်လေ။ အမေရိကကို ဥရောပကို လူပိုသွင်းနိုင်လို့ ပိုဘော်ချက်နိုင်ကြတော့မယ်ပေါ့။ အာဏာပိုင်တွေက ဝင်မစွက်ဖက်ခဲ့တဲ့ အခါကြတော့လည်း သွေးထွက်သံယိုတွေ ဖြစ်ခဲ့လှို (အထူးသဖြင့် သူတို့အဆိုအရ ရိုဟင်းဂျားတွေ အသတ်ခံရ မုဒိမ်းကျင့် ခံခဲ့ရလှို) တာဝန်ရှိတယ်ပေါ့။ Lose Lose Situation ဘဲ။ ဘာကိုဘဲရွေးလုပ်လုပ် အပြစ်မလွတ်ပါ။ ဒီတော့ လူအုပ်စုနှစ်စု သတ်ဖြတ်နေတာကို ကာကွယ်ဖို့ တာဝန်ပျက်ကွက်မှုကို ဝန်ခံခြင်းက လူအစုလိုက်အပြုံလိုက်သတ်ခြင်းလို့ စွတ်စွဲခံရတာထက် နည်းနည်းလေး သက်သာတယ်ယူဆခဲ့တဲ့ပုံပါဘဲ။ ပြင်ပက အတင်းဝင်လာပြီး အနိုင်ကျင့်လို့ နိုင်ငံဖဲ့ပေးရမှာကိုလည်း တနည်းအားဖြင့် ကာကွယ်တယ်လို့ ထင်ရပါတယ်။ ဒါပေမဲ့ ဒီဘင်ဂေါ်လီတွေကို အခုတော့ နိုင်ငံသားအဖြစ်ကို ရအောင်ပေးရမဲ့ ကိန်းဖြစ်နေပါပြီ။ ဒီကိစ္စမှာလည်း အတူတူပါဘဲ။ နယ်ဖဲ့ပေးမလာ။ နိုင်ငံသားအဖြစ် အပြည့်အဝ လက်ခံမလားဆိုတဲ့ ၂ ချက်ဘဲ ရွေူးဖို့ ပေးထားတယ်လေ။ နယ်ဖဲ့ပေးလိုက်ရင် ရေထွက်ပေါက်ပါပေးရမယ်။ အဲဒီအခါ သဘာဝ ဓါတ်ငွေ့တွင်းတွေ ငါးဖမ်းကွက်တွေကိုလည်း တောင်းလာမယ်။ နိုင်ငံသားအဖြစ်ပေးရင် တနိုင်ငံလုံးမှာ နေခွင့် စီးပွားရေးလုပ်ခွင့် လွတ်လပ်စွာ မွတ်စလင် သာသနာဖြန့်ခွင့်၊ မယား ၄ ယောက်ကနေ မယား အယောက် ၄၀ အထိယူပြီး မျိုးပွားခွင့် အပြည့်အဝ ပေးရမယ်။ လူသားတွေဖြစ်လို့ လူသားတွေလိုဆက်ဆံရမယ်။ ဒီတော့ကိုယ်ကို ဘာသာရေးနဲ့ ယဉ်ကျေးမှုနဲ့ လူဦးရေနဲ့မြိုတာကိုလည်း လက်ခံရမယ်လေ။ ကိုယ်ကလည်း လူဖြစ်နေတော့ လူသားပီသရမယ်ပေါ့။ တခြားနိုင်ငံတွေကလည်း ဒီလူတွေကို ခေါ်ပြီး နေရာချပေးပါလို့ ပြောရင်လည်း၊ ပြောသူကို နိုင်ငံတကာ ရာဇဝတ်ကောင်လို ဆက်ဆံမယ်။ အခုဘဲ သမတကြီးကို လက်ညိုးထိုးနေကြပြီ။ မနေ့ကတောင် ဒေါ်စုကို ဝေဖန်သွားကြပြီ။ ဒီတော့ ပြောခြင်တာက ဥရောပ အမေရိကားနဲ့ တခြားနိုင်ငံတွေမှာ နိုင်ငံရေးလုပ်စားနေတဲ့ ဖြုတ်ဥဏှောက်တွေရော၊ အနေကြာလာလို့ ဖြုတ်ဥဏှောက်က ဆင်ဥဏှောက်ဖြစ်လာတဲ့ နိင်ငံရေးလုပ်စားနေတဲ့ နံစော်လှတဲ့ ဂျပိုးတွေရော နဲနဲလောက်တော့ ရှက်ကြပါ။

ကိုယ့်နံမည် ကြီးဖို့အတွက်ဘဲဖြစ်ဖြစ်၊ ကိုယ်ခေါ်သွင်းလာတဲ့ မေမေဖေဖေတွေအတွက်ဘဲ ဖြစ်ဖြစ် သားသမီးမယား တခြားဆွေမျိုးတွေအတွက် မြန်မာပြည် မပြန်ခြင်လည်း နိုင်ငံရေးကို စေတနာမရှိဘဲ ဟန်ဆောင်ပြီး မလုပ်ကြပါနဲ့တော့။ ကိုယ်နေတဲ့ နိုင်ငံက အစိုးရဆီက တောင်းစားပြီး အေအေးဆေးဆေး သူတောင်းစားလုပ်ခြင်လုပ်၊ ဒါမှမဟုတ်လည်း ကိုယ်သိပ်တော်နေကြရင် ကိုယ်နေတဲ့နိုင်ငံငံမှာ မြန်မာပြည်နဲ့ မဆိုင်တဲ့ တခြားအလုပ်တွေ လုပ်ကြပါ။ မြန်မာပြည်နဲ့ ဆိုင်တဲ့ အလုပ်ကို မြန်မာပြည်ထဲက လူတွေဘဲ လုပ်ကြပါလိမ့်မယ်။ ဖြုတ်ဥဏှောက်နဲ့ မြန်မာနိုင်ငံရေး စောင့်ကြည့်တယ်ဆိုပြီး ကိုယ့်ကိုယ်ကို မလှည့်စားပါနဲ့တော့။ ပြည်တွင်းက မြန်မာတွေကိုလည်း ဆက် လိမ်မနေကြနဲ့တော့။ ရှက်စရာပါ။ နိုင်ငံသိပ်ချစ်တယ်ဆိုရင်လည်း ပြည်တွင်းပြန်သွားပြီး အင်မတန် လေးစားပါတယ်ဆိုတဲ့ သိပ်ချစ်လှပါတယ်ဆိုတဲ့ နိုင်ငံရေးသမားတွေကို တတ်နိုင်တဲ့ဘက်က ကူညီပေးကြပါ။ အနာဖေးဆွ အနာရင်းလုပ်ငန်းတွေ တသက်လုံး လုပ်ရင် လူညွှန့်တုန်းမနေကြပါနဲ့တော့။ ဒေါ်စုစကားတွေ၊ ဓါတ်ပုံတွေ ကိုဘဲ အလွဲသုံးစားသုံးပြီး နိုင်ငံချစ်ဟန်ဆောင်ပြီး မြန်မာနိုင်ငံ ပြည်သူပြည်သားတွေကို ဆက်နာကျင်စေတဲ့ အလုပ်တွေ ဆက်မလုပ်ကြပါနဲ့တော့။

 ဒေါ်သန်းစော (၂ ရက် သြဂုတ်လ ၂၀၁၂)
 မှတ်ချက်။ ။(ထပ်မံ ဖြည့်စွက်ချက်) The World Tonight from BBC Radio 4 - 1/08/2012: ဒီပရိုဂရမ်ပါ။ ကျမကို ရှာပေးပါလို့ မေတ္တာရပ်ခံလို့ မနည်း ပြန်ရှာထားရပါတယ်။ နားထောင်ရန် ၄ ရက် ကျန်ပါသေးတယ်။ ပရိုဂရမ်စပြီး၂၈.၄၉ မိနစ်မှ စနားထောင်ပါ။ ကျမလည်း အခုအသံသွင်းပါ့မယ်။ ပြောသူကတော့ Human Rights Watch အဖွဲ့က Asia Director ဖြစ်သူ Brad Adam ဖြစ်ပါတယ်။ Human Rights Watch Report ကို ၁ ရက် သြဂုတ်လ ၂၀၁၂ မှာ ထုတ်ပြန်ထားပါတယ်။ ကျမ ဆောင်းပါးမှာ သူအမည်နဲ့ အဖွဲ့ အမည်ကို အခုမှ သိရပါတယ်။ ဘာလူမျိုးလည်း မသိပါ။
________________________________________________________________________
Readmore »

Aug 3, 2012

၈၈၈၈ သောင်းကျန်းမှူကြီးတကျော့ပြန်သတိရမိပြန်တော့


 (ဗိုလ်အောင်ဒင် -facebook)
Readmore »

NLD (သို့)ကန့်လန်တိုက်ပါတီဆိုသည်မှာ


(က) ရပ်ကွက်/ကျေးရွာလမ်းများ ပြုပြင်ရန်၊ မူလတန်းကျောင်းပြင်ဆင်ပေးရန် တင်ပြသောသူသည် NLD ပါတီမှ ဖြစ်နေပါက အောက်ခြေအထိဆင်း၍ အလုပ်လုပ်ခြင်းဖြစ်ပြီး မိမိပါတီက မဟုတ်လျှင် နိုင်ငံတော်အဆင့်နှင့် မလျော်ညီ၊ အသေးအဖွဲကို တင်ပြ၍ အချိန်ဖြုန်းခြင်းဖြစ်သည်။
 
(ခ) စီမံကိန်းကြီးများကို ဆောင်ရွက်ရန်တင်ပြသူသည် NLD ပါတီမှ ဆိုပါက နိုင်ငံတကာအဆင့်တက်လှမ်းရန် ကြိုးပမ်းသူဖြစ်ပြီး အခြားပါတီမှ ဖြစ်ပါက အလှမ်းကျယ်၍ အလယ်လတ်ဖြစ်မည့်သူဖြစ်သည်။
 
(ဂ) တင်ပြမေးမြန်းချက်ကို ဖြေကြားသည့်ဝန်ကြီးများသည် အသေးစိတ်ရှင်းလင်းပြပါက မလိုအပ်ဘဲ အချိန်ကုန်အောင် ဆောင်ရွက်သူဖြစ်ပြီး အတိုချုပ်ရှင်းလင်းပါက ပွင့်လင်းမြင်သာမှုမရှိသူဖြစ်ကာ သင့်တော်ရုံရှင်းပြပါက တိကျသည့်အဖြေကို မပေးနိုင်သူဖြစ်သည်။
 
(ဃ) နိုင်ငံတကာနှင့်ဆက်စပ်သည့်ကိစ္စရပ်များ (ဥပမာ- စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းရေးအဆိုတင်သွင်းမှု) ပြုလုပ်သည့်အခါ ဆွေးနွေးမှု၊ တယ်လီဖုန်းဆက်သွယ်မှု စသည်တို့အား လူသိထင်ရှားဖြစ်အောင် ဆောင်ရွက်မည်ဖြစ်သော်လည်း မည်သို့ဆွေးနွေးခဲ့သည်ကိုမူ အသေးစိတ်ပြောပြလေ့မရှိ။ ဤသည်မှာ အရေးကြီး အစိတ်အပိုင်းဖြစ်၍ အဖြေက အကောင်းဆုံးဖြစ်လိမ့်မည်ဟု ဖြေလေ့ရှိသည်။ ၎င်းအချိန်တွင် ပိတ်ဆို့မှု ဆက်လက်ထားရှိသည်ဟူသော Result ထွက်လာသည်ဆိုပါစို့။ ပြည်သူက လက်မခံပါက ၎င်းအနေဖြင့် ကြိုးစား၍ တောင်းဆိုခဲ့ကြောင်း၊ အစိုးရမှ အသုံးမကျ၍ ဤသို့ ဆက်ဖြစ်ရကြောင်းကြေငြာမည်ဖြစ်ပြီး၊ ပြည်သူမှ ကျေနပ်ပါက ၎င်းအနေဖြင့် ကြိုးစားခဲ့၍ ဤသို့ အဖြေရခဲ့ခြင်းဖြစ်ကြောင်း ပြောကြားမည်ဖြစ်သည်။
 
(င) ခေတ္တနားနေစဉ် NLD ပါတီမှ ကိုယ်စားလှယ်များ အိပ်စက်ခြင်းသည် ပင်ပမ်းစွာဆောင်ရွက်ရမှုအတွက် ခေတ္တနားနေခြင်းဖြစ်ပြီး၊ အခြားပါတီမှကိုယ်စားလှယ်များ အိပ်စက်မှုသည် ညက အိပ်ရေးပျက်သည်အထိ သောင်းကျန်း၍ဖြစ်သည်။
 
(စ) လွှတ်တော်အတွင်း Tablet သုံးခြင်းသည် NLD ပါတီမှ သတင်းအား မပြတ်လေ့လာမှုဖြစ်သော်လည်း အခြားပါတီကမူ သဇင်(၁)+(၂)+(၃)ကဲ့သို့သော ဇာတ်ကားများကြည့်ရှုခြင်းဖြစ်သည်။
 
(ဆ) နိုင်ငံတော်အစိုးရအဖွဲ့၏ ပိုင်ဆိုင်မှု၊ ၀င်ငွေရရှိပုံကို တင်ပြရန်လိုသော်လည်း NLD ပါတီမှာမူ အလုပ်လုပ်ရန်မလိုဘဲ ရရှိခြင်းကြောင့် တင်ပြရန်မလိုပါ။
 
(ဇ) အစိုးရအဖွဲ့ဝင် လူကြီးသားသမီးများ၏ အကြောင်းကို မပြောခြင်းသည် ထိမ်ချန်မှုဖြစ်သော်လည်း NLD ပါတီအတွက်မူ ကိုယ်ရေးကိုယ်တာရှင်းလင်းရန် မလိုပေ။
 
(ဈ) လွှတ်တော်အကြီးအကဲ ပြည်ပသို့လေ့လာရေးသွားရောက်စဉ် လွှတ်တော်မှ အမျိုးသမီးကိုယ်စားလှယ်အား ခေါ်ဆောင်သွားခြင်းသည် မသင့်လျော်သော ကိစ္စဖြစ်ပြီး NLD ပါတီမှ လူငယ်ကိုယ်စားလှယ်ခေါ်ဆောင်ခြင်းသည် နိုင်ငံတကာနှင့် ၀င်ဆန့်စေရန်ဖြစ်သည်။
 
(ည) ခေါင်းဆောင် မြန်မာဆန်ဆန်ဝတ်ဆင်ခြင်းသည် ယဉ်ကျေးမှုထိန်းသိမ်းခြင်းဖြစ်ပြီး လူငယ်ကိုယ်စားလှယ်မှ ဆေးမှင်ကြောင်နှင့်ဘောင်းဘီပွ အစရှိသည့် ၀တ်စားမှုသည် ခေတ်မီခြင်းဖြစ်သည်။
 
________________________________________________________________________
 
Readmore »

ရန်ကုန်မှာ UNHCR ကို လူငယ်များ ဆန္ဒပြပြီ

နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ရိုဟင်ဂျာအရေးနှင့်ပတ်သက်သည့် သဘောထားအား ထောက်ခံသည့်အနေဖြင့် ရန်ကုန်မြို့၊ မြေနီကုန်းမှတ်တိုင်အနီးရှိ UNHCR မဟာမင်းကြီးရုံးရှေ့တွင်
လူငယ် ၂၀ ခန့်က ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။



ဆန္ဒဖော်ထုတ်ရခြင်းအကြောင်းရင်းမှာ သမ္မတကြီး ဦးသိန်းစိန်၏ ရိုဟင်ဂျာအရေးပြောကြားသော မိန့်ခွန်းအား ထောက်ခံခြင်း၊ UNHCR မဟာမင်းကြီးပြောကြားသော ရိုဟင်ဂျာများနှင့်
အတူယှဉ်တွဲနေထိုင်မည့် အကြောင်းအား ကန့်ကွက်ရှုတ်ရှခြင်း၊ ရိုဟင်ဂျာများအား မြန်မာတိုင်းရင်းသားဟု ဖိအားပေးပြောဆိုနေကြသော ပြည်ပမီဒီယာများ၊ အဖွဲ့အစည်းများ နိုင်ငံများအား ရှုတ်ရှ

ဆန့်ကျင်ခြင်း တို့ဖြစ်ကြောင်း သိရသည်။

မြန်မာအစိုးရ၊ မြန်မာ့တပ်မတော်၊ မြန်မာပြည်သူတိုင်းရင်းသားများနှင့် နိုင်ငံရေးပါတီအဖွဲ့အစည်းများအားလုံးက ရိုဟင်ဂျာအရေးကို အမျိုးသားရေးစိတ်ဓာတ်ဖြင့် ညီညီညွှတ်ညွတ်လုပ်ဆောင်
ပေးကြပါရန် ၎င်းတို့က တိုက်တွန်းခဲ့ကြသည်။ 

ထို့နောက် ““ရိုဟင်ဂျာအရေးပြောကြားသော သမ္မတကြီးအား ထောက်ခံပါသည်။ ရိုဟင်ဂျာသည် တိုင်းရင်းသားမဟုတ်။ ရိုဟင်ဂျာသည် မြန်မာလူမျိုးမဟုတ်။ လိမ်ညာဝါဒဖြန့် မီဒီယာများ
ချက်ချင်းရပ်။ ရိုဟင်ဂျာကိုတိုင်းရင်းသားဟု ပြောသူများ အလိုမရှိ
””ဟူ၍ ကြွေးကြော်ခဲ့ကြပြီး နိုင်ငံတော်သီချင်းသီဆိုကာ ဆန္ဒဖော်ထုတ်မှုကို ရုပ်သိမ်းခဲ့ကြသည်။
၎င်းတို့မှာ မည်သည့်အဖွဲ့အစည်းလက်အောက်ခံမှမဟုတ်ဘဲ အွန်လိုင်းပေါ်တွင် စုစည်းမိသော လူငယ်များဖြစ်ကြောင်း သိရသည်။
________________________________________________________________________ 

Readmore »

ဟောင်သရောမြစ်တွင်းမှ လှေများကို KKO-DKBA မှ ဂိတ်ကြေးကောက်ခံမှု များလွန်းဟု ဒေသခံပြောဆို

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ဟောင်သရောမြစ် အတွင်း သွားလာနေသည့် လှေများကို KKO-DKBA အဖွဲ့က အသွားအပြန် ဂိတ်ကြေးနှင့် နှစ်စဉ် လိုင်စင်ကြေးများကို အဆမတန် တောင်းခံနေကြောင်း မြစ်ကြောင်းအတွင်း သွားလာနေသည့် ဒေသခံများ၏ ပြောပြ ချက်အရ သိရသည်။


 ဒေသခံတစ်ဦးက “ကျိုက်ဒုံမြို့နယ်ခွဲက ဟောင်သရောချောင်းမှာ KKO, DKBA ဂိတ်တွေက လှေတစ်စီးကို အသွား ငါးထောင်(ကျပ်)၊ အပြန် ငါးထောင် တောင်းတယ်။ ကျိုက်ဒုံမြို့ထဲမှာ ဆိုရင်က အသွားအပြန်အတွက် ကျပ် ၆ထောင် တောင်းပြန်ရေ”ဟု ကရင်သတင်းဌာနသို့ ပြောဆိုသည်။ ဟောင်သရောမြစ်အတွင်း နေ့စဉ် သွားလာနေသည့် လှေကြီးလှေငယ်အစီး ၂၀ခန့်မှာ ကျိုက်ဒုံမြို့တွင်းနှင့် ကြိတ်ကျေးရွာ၊ ပိုင်ခလိုင်ဒုံ ကျေးရွာ၊ သရက်တောကျေးရွာ၊ မြောက်ကြာအင်း၊ တောင်ကြာအင်း စသည့်ရွာများ၌ ဂိတ်ကြေးများကို ပေးဆောင်ကြရခြင်းဖြစ်သည်ဟု အဆိုပါဒေသခံက ဆက်ပြောသည်။

 ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာများမှ လူထုမှာ ၎င်းတို့ခြံထွက် ဒူးရင်းသီး၊ ကွမ်းသီးများကို ကော့ကရိတ်မြို့ပေါ်သို့ သွားရောက် ရောင်းချပြီးအပြန်တွင် ရွာသို့ ကုန်ပစ္စည်းများ ပြန်ဝယ်ယူလာခဲ့ကြသည်။ ယခုလို မိုးရာသီ၌ ကားလမ်းသွားလာ၍ မရတော့ဘဲ ဟောင်သ ရောမြစ်အတိုင်း လှေများဖြင့် နေ့စဉ် သွားလာနေကြရာ ယခုလို ဂိတ်ကြေးများ တောင်းခံမှုကြောင့် လူထုမှာ အခက်အခဲ ဖြစ်ကြရသည်။ အမည်မဖော်လိုသူ တောင်ကြာအင်းရွာသားတစ်ဦးက “ကုန်ကူးတာ အမြတ်က ရတာမှနည်းနည်းပဲ။ ပေးနေရတာတွေက များလွန်းတော့ မခံနိုင်ဘူး။ ဘယ်မှလည်း မတိုင်ရဲဘူး ဖြစ်နေတယ်။ ဒီဂိတ်တွေ မရှိတော့ရင် ကျနော်တို့အတွက် ကောင်းမယ်”ဟု ပြောသည်။ အဆိုပါဂိတ်ကြေးများအပြင် သရက်တောကျေးရွာရှိ DKBA ကလို့ထူးလားဂိတ်မှ လှေတစ်စင်းသွားလာခွင့် လိုင်စင်အဖြစ် ကျပ် ၇သောင်း ကိုလည်း တနှစ်စာအတွက် တောင်းခံလျှက်ရှိပြီး မပေးဆောင်နိုင်သည့်လှေများကို သွားလာခွင့်မပြုဟု ပြောဆိုနေကြသည်။
________________________________________________________________________
Readmore »

Aug 2, 2012

ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် မောင်တောခရီးစဉ်တွင် တိုင်းရင်းသား ၂၀၀ ခန့်က ပိုစတာများကိုင်ပြီး ဆန္ဒဖေါ်ထုတ်

ယနေ့နေ့လည် ၁ နာရီကျော်က မြန်မာနိုင်ငံ လူ့အခွင့်ရေး ကိုယ်စားလှယ် မစ္စတာ ကင်တေးနား မောင်တောသို့ ကားများဖြင့် လှည့်ပတ် ကြည့်ရှ့စဉ် ရခိုင် တိုင်းရင်းသား ၂၀၀ ခန့်က ပိုစတာများ ကိုယ်စီ ကိုင်ဆောင်ပြီး ဆန္ဒဖေါ်ထုတ်ခဲ့ကြသည်ဟု သိရသည်။


“ သူတို့က လူ့အခွင့်ရေး ကိုယ်စားလှယ် ကားတန်းနဲ့ မောင်တောမြို့ထဲကို လာရောက်ကြည့်ရှု့တဲ့ အခါ မြို့ထဲမှာ ပိုစတာတွေ ကိုယ်စီကိုင်ပြီး ဆန္ဒဖေါ်ထုတ်ကြတာကို တွေ့ရပါတယ်။ လူပေါင်းက ၂၀၀ ခန့်ရှိပါမယ်။ ဘေးပတ်ဝန်းကျင်က လာကြည့်တဲ့သူတွေကလည်း ၃၀၀- ၄၀၀ လောက်ရှိတာ ကို တွေ့ရပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒဖေါ်ထုတ်ကြတာပါ” ဟု လူမူရေး လုပ်ငန်း ဆောင်ရွက်နေ သူ ကိုကျော်အေးမောင်က ပြောသည်။
ပိုစတာများထဲတွင် မြန်မာလို  (၁) နိုင်ငံတော်သမ္မတကြီးဆုံးဖြတ်ချက်ကိုလေးစားပါ။ (၂) မြန်မာနိုင်ငံ ၏ အချုပ်အချာအာဏာကိုလေးစားပါ။ (၃) တိုင်းရင်းသားတို့၏ လူအခွင့် ရေးကို လေးစားပါ။(၄) မျှမျှတတ ဆက်ဆံပါ ဟု စာလုံးမဲများဖြင့် ရေးသားထားသည်ဟု သူက ပြောသည်။
“ ပိုစတာတွေကို ကိုယ်စီကိုင်ပြီး ငြိမ်းချမ်း သေ၀ပ်စွာနဲ့ ဆန္ဒ ထုတ်ဖေါ်ကြတာ ဖြစ်ပါတယ် ။ လူတွေ ကလည်းနိုင်ငံတော်အလံကိုလည်း  ကိုယ်စီကိုင်ထားကြပါတယ်။ ကားပေါ်က လူတွေက ဓါတ်ပုံတွေ ရိုက်ကြပါတယ်။ လူတွေ အများကြီးပါဘဲ။ သူတို့ ( ကင်တားနားနဲ့ အဖွဲ့) ဒီလို ဆန္ဒတွေ ဖေါ်ထုတ်တယ် ဆိုတာကို သိသွားပါတယ်” ဟု သူက ဆက်ပြောသည်။
လူ့အခွင့်ရေး ကိုယ်စားလှယ် မစ္စတာ ကင်တေးနား အဖွဲ့သည် ပြည်သူများ ဆန္ဒထုတ်ဖေါ်ပွဲအား အသွား တစ်ကြိမ်၊ အပြန်တစ်ကြိမ် မြင်တွေ့သွားခဲ့ပြီး ယခုအခါ ကားတန်းမှာ အလိုတော်ပြည့် ကျောင်းဘက်သို့ ဦးတည် သွားနေကြောင်း ကိုကျော်အေးမောင်က ပြောသည်။
________________________________________________________________________
Readmore »

သမ္မတကြီး ဦးသိန်းစိန် စစ်တွေကို လာမယ်

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် စစ်တွေကို မနက်ဖြန် လာရောက်မည် ဖြစ်ကြောင်း သိရသည်။

 “ ဟုတ်တယ်။ ကျွန်တော်တို့ တစ်မြို့လုံး လေဆိပ်ကို မနက်ဖြန် သမ္မတကြီးကို သွားကြိုဖို့ စီစဉ်နေပါတယ်” ဟု အမည် မဖေါ်လိုသူ နိုင်ငံရေး သမား တစ်ဦးက ပြောသည်။ သမ္မတကြီးသည် သြဂတ်စ်လ ၃ ရက်နေ့ နံနက်တွင် စစ်တွေမြို့သို့ အထူး လေယာဉ်ဖြင့် ရောက်ရှိမည်ဟု သိရသည်။


  သမ္မတ ဦးသိန်းစိန်အား စစ်တွေတစ်မြို့လုံး နိုင်ငံတော် အလံများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကြိုဆိုဖွယ်ရှိသည်ဟု စစ်တွေအမတ် ဦးအောင်မြကျော်ကလည်း ပြောသည်။ ယခုအခါ စစ်တွေ လေဆိပ် အပါအ၀င် အရေးကြီးသော နေရာများကို လုံခြုံရေး တင်းကျပ်ထားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ယခု ခရီးစဉ်သည် သမ္မတ ဦးသိန်းစိန်သည် ရခိုင်ဆူပူ အကြမ်းဖက်မူ ဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံး အကြိမ် စစ်တွေသို့ လာရောက် လည်ပတ်ခြင်း ဖြစ်ကြောင်း သိရသည်။
________________________________________________________________________
Readmore »

ဝါဆိုလပြည့် တရားပွဲကို တိုက်ခိုက်ရန် ကုလာများ စုရုံးလာ.စစ်တပ်မှ တားဆီးနိုင်ခဲ့

ဒီကနေ့ ၀ါဆိုလပြည့်နေ့ ညနေဘက် စစ်တွေမြို့နယ် သဲချောင်းကျေးရွာမှာ ဆရာတော် တရားဟောနေစဉ် အနီးအနားက ဆူပူလိုသူ မွတ်ဆလင်ကုလား ၂၀၀ ကျော်ခန့်ဟာ တုတ်ဓါးတွေနဲ့ တိုက်ခိုက်ရန် ၀ိုင်းဝန်းလာခဲ့တယ်လို့ သိရပါတယ်။

 အခုလို ၀ိုင်းဝန်းလာတဲ့ အတွက် အနီးအနားက စစ်တပ်ကို ဖုံးနဲ့ အကြောင်းကြားလိုက်တဲ့ အတွက် တပ်ရင်းမှူးကိုယ်တိုင် ကားတွေနဲ့ လာပြီး တားဆီးခဲ့ရတယ်လို့ ဆိုပါတယ်။ “ ညနေ ၅ နာရီကျော် ဆရာတော် တရားဟောလို့ မပီးတပီးမှာ ဖြစ်တာပါ။ စစ်တပ်က ရောက်လာတဲ့ အတွက် လူစုကွဲပြီး ဘင်္ဂလီတွေ ၀င်ပြေးသွားကြပါတယ်။ အခု စစ်တပ်နဲ့ လုံထိန်းတွေ ရွာထဲကို လိုက်သွားပါတယ်” ဟု သဲချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။ အခုအခါမှာတော့ အခြေအနေ အေးဆေး ငြိမ်သက်သွားပြီလို့ ပြောပါတယ်။ ဒါပေမယ့် စိတ်ချရတဲ့ အနေအထားတော့ မရှိသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
________________________________________________________________________
Readmore »

Facebook Application တွေကို သတိထားပါ

ဒီဆောင်းပါးရဲ့အဆိုအရတော့ Facebook ရဲ့ third-party developer တွေဟာ ၎င်းတို့ရဲ့ App တွေကတစ်ဆင့် user တွေရဲ့ပုဂ္ဂိုလ်ရေးအချက်အလက်ဒေတာတွေကို တရားမ၀င်ရယူသုံးစွဲနေကြတယ်လို့ ဖော်ပြပါရှိပါတယ်။ အဲဒါဟာအမှန်ဆိုရင်တော့ facebook ဟာ user တွေ ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံမှု privacy ကိုချိုးဖောက်နေတာပါပဲ။

 ဒါပေမဲ့ အဲဒါတကယ်ရောဟုတ်ပါ့မလား။ ဒါ့ကြောင့် နည်းပညာလောကရဲ့ ကျွမ်းကျင်သူပညာရှင်တွေနဲ့ မေးမြန်းပြီး၊ Facebook ရဲ့အကြောင်း ၎င်းရဲ့ Application တွေအကြောင်း၊ User တို့ရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုအပိုင်းတွေကိုပါ အများသိရှိရအောင် အမေးအဖြေပုံစံနဲ့ ပြန်လည်တင်ပြခဲ့ပါတယ်။


 မေး - Facebook ပေါ်က thirdparty app တွေဟာကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို တကယ်ပဲ ရယူချိတ်ဆက်နိုင် ပါသလား။

 ဖြေ - အများစုက အဲသလိုလုပ်နိုင်ပါတယ်။ ဒါပေမဲ့အဲဒါက သင်က သူတို့ကိုခွင့်ပြုချက် permission ပေးမှလုပ်နိုင်ကြတာပါ။ Connect with Facebook ဆိုတဲ့ခလုတ်ကို သင်က ကလစ်ခေါက်မယ်။ ပြီးတော့ဘယ်လို information တွေကို သင်ရဲ့စာမျက်နှာကနေ လွှဲပေးနေတယ်ဆိုတာမသိရင်တော့ အဲဒီလိုရယူသွားစေနိုင်မှာပါပဲ။ ဒါ့ကြောင့်သင်က ကိုယ့်ရဲ့သတင်းအချက်အလက်တွေကို ဘယ်သူက access လုပ်နေတယ်ဆိုတာ သတိထားစဉ်းစားမှာပါ။

မေး - ပြီးခဲ့တဲ့အပတ်က ဝေါလ်စထရီဂျာနယ်မှာဖြစ်ခဲ့တဲ့ကိစ္စက ဘာကြောင့်ဖြစ်တာပါလဲ။

 ဖြေ - ဝေါလ်စထရီဂျာနယ်ကတော့ သူတို့တွေ့ခဲ့တဲ့ကိစ္စကို “ဖေ့စ်ဘွတ်ခ်ပုဂ္ဂိုလ်ရေးအချက်အလက်များ ချိုးဖောက်ခံရမှု (Facebook privacy breach)” လို့ခေါ်ထားတယ်။ ဒါပေမဲ့ဒီကိစ္စကို အဲဒီလိုကြီး ခေါင်းစဉ်တပ်လို့တော့မရပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ Facebook မှာအဲဒီလိုဖောက်ခံရတာ ပေါက်ကြားသွားနိုင်တဲ့ ယိုပေါက်ရှိတာမျိုး တစ်ခါမှမဖြစ်ခဲ့လို့ပါ။ “ချိုးဖောက်ခံရတယ်” လို့ပြောတာဟာ အမှန်ကတော့ user တစ်ချို့ရဲ့ Information တွေဟာ Facebook နဲ့ချိတ်ဆက် sync up လုပ်ထားတဲ့ third-party application တွေဆီ လွှဲပြောင်းရောက်သွားလို့ပါ။ အဲဒီထဲမှာ user ID နံပါတ်တွေ (အဲဒါက User တစ်ဦးစီရဲ့ profile ကိုရှာလို့ရတယ်လေ)။ ပြီးတော့ အဲဒီထဲမှာ ပါဝင်တဲ့ Public information တွေစသဖြင့် အဖွဲ့ဝင် member တွေရဲ့အများ Public ရှေ့တင်ထားတဲ့ information တွေသာဖြစ်ပါတယ်။ ဂျာနယ်ရဲ့ဆောင်းပါးမှာပါတာကတော့ app developer တွေဟာ အဲဒီ user ID နံပါတ်တွေကို တခြားကုမ္ပဏီတွေဆီလွှဲပြောင်းပေး တာ၊ ရောင်းချလိုက်တာတွေ လုပ်နေတယ်လို့ ဖော်ပြထားတယ်။ ဒါပေမဲ့ အဲဒီပြင်ပကုမ္ပဏီတွေဆိုတာက ဒေတာစုဆောင်းတဲ့ကုမ္ပဏီတွေ သို့မဟုတ် ကြော်ငြာကုမ္ပဏီတွေဖြစ်ပြီး သူတို့ရဲ့ database တွေ မှာ Facebook Profile data တွေကို သူတို့အလွယ်လုပ်နိုင်ဖို့ စုဆောင်းကြတာသာ ဖြစ်ပါတယ်။ ဒါမျိုးက တကယ့်ပြဿနာတော့မဟုတ်ပါ ဘူး။ Facebook ဟာယခင်ကတည်းက ၎င်းရဲ့ user ID နံပါတ်တွေကို တလွဲသုံးလို့မရအောင် ကာကွယ်ထားပြီးသားပါ။ ဒါ့ကြောင့် ကိုယ်ရေး အချက်အလက်တွေ ချိုးဖောက်ခံရတာမျိုးဖြစ်ဖို့ မလွယ်ပါဘူး။ Facebook developer blog တစ်ခုမှာလည်း “ကျွန်ုပ်တို့ရဲ့ ပေါ်လ စီ ကတော့ user data တွေကို ကာကွယ်ထားတယ်ဆိုတာ အလွန်ရှင်းလင်းပါတယ်။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ user information တွေကိုသဘောတူညီချက်မရဘဲ access လုပ်လို့မရပါဘူး။ ဒါ့အပြင်ဒီလို user တွေ ရဲ့အခွင့်အရေး၊ လုံခြုံမှုကိုချိုးဖောက် တဲ့ application မှန်သမျှကိုလည်း ဖြတ်တောက်တာ၊ ပိတ်ပစ်တာမျိုးပဲလုပ်ဖို့ ကျွန်တော်တို့ အခိုင်အမာ ဥပဒေပြဋ္ဌာန်းပြီးသားပါ” လို့ဖော်ပြထားပါတယ်။

 မေး - Facebook ဟာဒီလိုမျိုး user data တွေကို ကြားခံ third-party developer တွေကချိုးဖောက်တာကို အမြတ်ထုတ်တာကို တကယ်ပဲတိုက်ပွဲဝင်နေတာလား။

ဖြေ - Facebook ဟာနာမည်ကြီး developer တွေကိုတောင်မှ ဒီလိုမျိုးပေါ်လစီနဲ့မကိုက်ညီလို့ block လုပ်ခဲ့တာတွေ သမိုင်းမှာ အများကြီးရှိဖူးပါတယ်။ တစ်ခါတုန်းကဆို developer တစ်ဦးဟာ Facebook widget တွေထုတ်တဲ့နာမည်ကြီး Slide ကုမ္ပဏီကထုတ်တဲ့ Top Friends app မှာလုံခြုံရေးကုမ္ပဏီ Sophos က ပညာရှင်ချတ်ဝစ်စနီယူးစကီးကလည်း “Facebook ဟာယခင်ကတည်းက ဒီလိုပြဿနာ တွေကိုသိထားပြီးသားမို့ privacy policy ကိုပြဋ္ဌာန်းပြီး လုံခြုံရေးကောင်းအောင်လုပ်ခဲ့သလို၊ app ထုတ်လုပ်ရေးကုမ္ပဏီတွေကိုလည်း အဲဒီလိုမရိုးမသားမလုပ်နိုင်အောင် သေသေချာချာ သတိပေးထားပြီးသားပါ” လို့ပြောပါတယ်။

မေး- ဒါဆိုကျွန်ုပ်တို့ user တွေဟာthird-party app တွေနဲ့ဒေတာ share မိတာမျိုးမဖြစ်အောင် ဘယ်လိုအကောင်း ဆုံးထိန်းချုပ်နိုင်မလဲ။

ဖြေ - သင်ဟာ Super Poke app ကိုနောက်ထပ်မသုံးတော့ဘူးဆိုရင် ဘာ့ကြောင့်သင့်ရဲ့ဒေတာတွေကို access လုပ်ဖို့ ဆက်ခွင့်ပြုနေတော့မှာလဲ။ ဒါမျိုးကိုဆိုရင် သင်ဟာ Facebook က ယမန်နှစ်က စလုပ်ပေးခဲ့တဲ့ အကောင်းဆုံးထုတ်ကုန်တစ်ခုလည်းဖြစ်တဲ့ application dashboard မှာ ရှာဖွေလုပ်ဆောင်နိုင်ပါတယ်။ ဒါဟာ Facebook ပေါ်မှာအလွယ်တကူ access လုပ်လို့ရတဲ့ Feature တော့မဟုတ်ဘူးပေါ့။ သင်ဟာ Facebook စာမျက်နှာရဲ့ အပေါ်ညာဘက်ထောင့်က Account menu ကိုသွားပြီး၊ privacy setting မှာရွေးချယ်ရပါမယ်။ အဲဒီနောက်အဲဒါ Loading ၀င်တာနဲ့ Application and Websites Link က ဘယ်ဘက်ထောင့်အောက်ခြေမှာ ပေါ်လာပါမယ်။ သင်ဟာဒီလိုနည်းမျိုးနဲ့ ကိုယ့်ရဲ့ app dashboard ကို ပုံမှန်စစ်ဆေးနေသင့်ပါတယ်။

မေး - ဒါမျိုးကိုအခြား online နဲ့ offline ကုမ္ပဏီတွေကလုပ်တာနဲ့ နှိုင်းယှဉ်ရင်ရော ဘယ်လိုရှိမလဲ။ သူတို့ကရော ကျွန်ုပ်တို့ရဲ့ကိုယ်ရေး အချက်အလက်တွေယူပြီး ရောင်းစားတာမျိုးကို သိနိုင်ပါ့မလား။

ဖြေ - အဲဒါကိုဖြေရရင်တော့ Farm-Ville ဂိမ်းနဲ့နမူနာပေးရမယ်။ အမှန်ပြောရရင်တော့ Facebook app အများစုဟာ FarmVille နဲ့ သင်ပတ်သက်သမျှထဲက သင့်ရဲ့ဒေတာတွေကို FarmVille ကသိတာထက်တောင် အများကြီးပါသိနိုင်သလို၊ သင့်ကိုယ်ရေးအချက်တချို့ ကိုလည်း လွှဲပြောင်းရောင်းစားကောင်း ရောင်းစားနိုင်တယ်။ ဒါပေမဲ့သင်ဟာ ယနေ့ခေတ်မော်ဒန်စားသုံးသူ စီးပွားရေးဖြစ်စဉ်မှာ အဖွဲ့ဝင် တစ်ဦးအနေနဲ့ ပါဝင်နေတာကိုတွက်မိရင်ဒီလောက် ကိုယ်ရေးအချက်တွေဖြစ်တဲ့ နာမည်တို့၊ အသက်တို့၊ လူမျိုး၊ အသားအ ရောင်စတဲ့ အချက်အလက် တွေကိုသူများက သိသွားတာမအံ့သြပါနဲ့။ ခရက်ဒစ်ကုမ္ပဏီတွေ၊ အွန်လိုင်း retailer program တွေ၊ အွန်လိုင်း ခရီးသွားဘွတ်ကင်ဆိုက်တွေမှာ သင်ဟာကိုယ့်ရဲ့အချက် အလက်တွေ ဖြည့်နေ ရ၊ Share လုပ်နေရတာမဟုတ်လား။ Facebook app တွေက သင့်ရဲ့အချက်အလက်တွေ ရထားတယ်ဆိုတာ အနည်းငယ်ပါ။ အွန်လိုင်းဥပဒေဆိုင်ရာ အတိုင်ပင်ခံကုမ္ပဏီ Fox Rothschild ကကျွမ်းကျင်သူ စကော့တ်ဗားနစ်စ် ကတော့ ဒီလိုပြောထား ပါ တယ်။ “ဘယ်အချိန်ပဲဖြစ်ဖြစ် သင်ဟာအလိုရှိလာရင် အင်တာနက်ပေါ်တက်ပြီး ဟိုတယ်ဆိုက်တွေ၊ ရောင်းဝယ်ရေးဆိုက်တွေမှာ ကိုယ့်ရဲ့နာမည်၊ လိပ်စာ၊ အီးမေးလ်လိပ်စာ၊ နေရပ် စသဖြင့် အချက်အလက် information တွေဖြည့်နေရတာပဲမဟုတ်လား။ ဒါတွေကိုသင်က ဂရုတစိုက်နဲ့ဖြည့်ထားမယ်။ ပြီးတော့လုံခြုံစွာပြန်ထွက် log out လုပ်ထားမယ်ဆိုရင် ဘယ်သူကသင့် information တွေ ကို ယူပြီးရောင်းစားတာ၊ ကြော်ငြာတာတွေလုပ်လို့ရမှာလဲ” လို့သူကပြောပါတယ်။ သင်ဟာ FarmVille မှာ Profile ကိုဖြည့်ရရင် သူပေးထားတဲ့ အ တိုင်း အပြည့်အ၀အတိအကျလိုက်နာပြီး ဖြည့်စရာမှမလိုတာ။ ဒါ့ကြောင့် သင့်လုံခြုံရေးကို သိပ်ပြီးစိုးရိမ်စရာမလိုပါဘူး။

________________________________________________________________________
Readmore »

Aug 1, 2012

မိမိတို့ စစ်သည်များ မိမိတိုကို လိမ်နေသည်ဟု ကေအိုင်အိုက ဦးလာနန်းပြောပြီ

အစိုးရ တပ်ဖွဲ့အား စစ်ဆင်နေသောထဲ၌ ကချင်ပြည် လွတ်မြောက် တပ်ဖွဲ့ တချို့သည် တိုက်ပွဲဖြစ်ပွားမှု အခြေအနေ များကို အထက်သို့ လိမ်လည် တင်ပြနေသည်ကို တွေ့ရကြောင်း ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO) ပြောရေး ဆိုခွင့်ရှိသူ ဦး လာနန်းက ပြောပါသည်။

 “ဒီလို လိမ်ပြီး တင်ပြနေမှတော့ စစ်ဆင်ရေး အမိန့်ကို လွန်ဆန်နေတဲ့ သဘောဘဲပေါ့။ မူဆယ်ဖက်မှာ ဆိုရင် စခန်းသိမ်း တိုက်ပွဲတွေ အပြင်းအထန် ဆင်နွဲနေတဲ့ တပ်ဖွဲ့တွေရှိသလို ဗဟိုစခန်းနားက ရှေ့တန်းတပ် တွေမှာတော့ တိုက်ပွဲ မရှိတဲ့ နေရာကိုလည်း တိုက်ပွဲရှိနေကြောင်း လိမ်ပြီး သတင်းပို့နေတာ ရှိပါတယ်။ ပြီးတော့ မော်တာတွေ ၊ အာပီဂျေတွေ နဲနဲပါးပါးပစ်ပြီး၊ တိုက်ပွဲဖြစ် နေကြောင်း သတင်းပို့နေတာလည်း တွေ့ရတယ်။ ဒါကိုကြည့်ရင်တော့ ကျွန်တော်တို့ တပ်ဖွဲ့တချို့ဟာ တော်တော် ဒုက္ခရောက် နေကြလို့ တိုက်ပွဲ ဆက်တိုက် လိုစိတ်တွေ သိပ်ရှိပုံ မပေါ်တော့ဘူးလေ”ဟု ဆိုပါသည်။



 သို့သော်လည်း KIA ဗဟို စခန်းဝန်းကျင်၌ တပ်အင်အားများ ဖြည့်တင်းထားပြီး နေ့စဉ် ပစ်ခတ်မှုများ ရှိနေပါသည်။ KIA သည် အစိုးရ တပ်ဖွဲ့ထံ ကျဆုံးသွားသော ၄င်းတို့ စခန်းများ ပြန်လည် ရရှိရန် အပြင်းအထန် တိုက်ခိုက်လေ့ရှိပါသည်။ ထိုအခါမျိုးတွင်လည်း စခန်းအခြေအား မိုင်းထောင်ကာ ရိက္ခာဖြတ်နည်း ၊ မော်တာများဖြင့် အကြိမ်ကြိမ် ပစ်နေခြင်း ၊ ရဲဘော်သစ်များနှင့် ရှမ်းစစ်သည်များအား ဘိန်းနှင့် အရက်တိုက်ကာ အတင်းတိုက်စေခြင်းအပြင် ပြန်လည်ဆုတ်ခွါလာပါက စက်သေနတ်များဖြင့် စောင့်ဆိုင်း ပစ်သတ်နည်းများဖြင့် ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည့် တိုက်ပွဲများလည်း ရှိခဲ့သည်ဟု KIA တပ်မှူးတချို့က ပြောပါသည်။

 “သူတို့ရဲ့ ရှေ့တန်း စစ်မျက်နှာမှာ ရှိနေတဲ့ တချို့တပ်တွေကတော့ အပြင်းထန် တိုက်ခိုက်ပုံ မရဘူး အေးအေးဆေးဆေး တတ်လာတယ် ဆိုပေမဲ့လို့ ကျသွားတဲ့ ကျနော်တို့ စခန်း (၂) ခုကတော့ အခုထိပြန်လည် မသိမ်းပိုက် နိုင်သေးပါဘူး”ဟု ဗဟိုတပ်မှူး တဦးက ဆိုပါသည်။

တဖန် ဗဟိုရှိ ကွန်ပျူတာ ဌာနမှ အရာရှိငယ်တစ်ဦးကလည်း ' ကျွန်တော်တို့ တတ်လာသမျှ အစီရင်ခံစာတွေ လက်နက်တောင်းတဲ့ ဟာတွေ စစ်ကူတောင်းတဲ့ ကြေးနန်းတွေ ကို ဖတ်နေမိတိုင်း အိမ်မှာ
ဖမ်းမိထားပြီး မစားသေးပဲ ကိုင်မြောက်လိုက် ရိုက်ချလိုက် အမြီးကိုဖိထားပြီးပြေးခိုင်းလိုက်နဲ့ ဖတ်ဖတ်မောနေတဲ့ ကြွက်တစ်ကောင် လို ခံစားရတယ် " လို့ တိုးတိုးတိတ်တိတ် ရင်ဖွင့်လာပါသည် ။

အစိုးရသည် မြန်မာ့ငြိမ်းချမ်းရေးအတွက် ကချင်ပြည်နယ် အခြေအနေကို လေ့လာရန် ကုလသမဂ္ဂ၏ မြန်မာဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တာနားအား ဖိတ်ကြားခဲ့သလို၊ နော်ဝေးနိုင်ငံမှ စေလွှတ်ထားသော ငြိမ်း ချမ်းရေး အကျိုးတော်ဆောင် Myanmar Peace Support Initiative (MPSI) အဖွဲ့နှင့်လည်း ပူးပေါင်း ဆောင်ရွက်နေပါ သည်။
 ဤကဲ့သို့ ပူးပေါင်း ဆောင်ရွက်နေသည့်ကြားမှ KIO နှင့် အစိုးရ တပ်ဖွဲ့တို့သည် ၂၀၁၂ ဇူလိုင်လ ၁ ရက်နေ့မှ ယမန်နေ့ ၂၇ ရက်နေ့ အထိ တိုက်ပွဲပေါင်း ကိုးဆယ်ကျော် ဖြစ်ပွားခဲ့ပြီး စတင်တိုက်ပွဲဖြစ်လာခဲ့သည့် တနှစ်ကျော် အချိန်မှ ရေတွက်လျှင် တိုက်ပွဲပေါင်း (၁၆၇၀) ခန့် ရှိခဲ့ပြီး ဖြစ်ပြီး ကေအိုင်အိုဘက်မှ ကချင်တိုင်းရင်းသားစစ်သည် ၁၇၀ ကျော် ကျဆုံးပြီး ၁၂၆ ယောက်ပျောက်ဆုံးကာ ၂၃၂ ယောက် ဒဏ်ရာရနေပါသည် ။ ကေအိုင်အေ စစ်သည်များထဲမှ ရှမ်းစစ်သည် ၃၀၀ ကျော် ကျဆုံးခြင်းပျောက်ဆုံးခြင်းအပြင် ၆၀၀ ကျော် ဒဏ်ရာရထားပါသည်

ဒါကြောင့် လက်အောက်စစ်သည်များမှ အစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးမှူကို လက်ခံစေလိုကြောင်း အထက်အရာရှိများကိုပင် အာခံပြောကြားလာတာကြောင့် ကေအိုင်အေ အနေဖြင့် ယခုအချိန် လွန်စွာ စိုးရိမ်စရာကောင်းနေပါကြောင်း ဗဟိုမှ ဗိုလ်မှူးတစ်ဦးက လည်း ပြောကြားသွားပါသည် ။

(မောင်ကျောက်ခဲ အဖွဲ့-အထောက်တော်-)
________________________________________________________________________
Readmore »


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ