Jan 6, 2013

မြွေပွေးဟာ ကိုယ်မွေးတဲ့သားသမီးကြောင့်သေရသလို ကချင်ပြည်နယ်ဟာ ဂွမ်မော်တို့လိုခြံပေါက်တွေကြောင့် ပျက်စီးရတော့မယ်(ဗီဒီိယိုဖိုင်)

(Burmese version)
(Kachin language version) (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

ခွင့်ပြုချက်မရပဲ ဆန္ဒပြသော တရုတ်လူမျိုး ၅ ဦးအား အရေးယူပြီ

မင်္ဂလာဒုံမြို့နယ်၊ ရေဝေး သုဿာန်အတွင်းရှိ ဂျပန် စစ်သင်္ချိုင်း သို့ ရောက်ရှိလာသည့် ဂျပန်ဒုဝန်ကြီးချုပ်နှင့် အဖွဲ့အား  ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြသော တရုတ် လူမျိုး ၅ ဦးမှတရုတ်လူမျိုး စစ်သားဟောင်း မစ္စတာ လျိုတကျောင်း(ခ)ဦးကြည်မြင့် အပါအဝင် ကျား (၅)ဦး၊ မ (၁)ဦး၊စုစုပေါင်း (၆)ဦး တို့မှ အလျား (၁၇)ပေ၊ အနံ (၁၆)ပေခန့်ရှိ အဖြူရောင် အဝတ်စပေါ်တွင် အနက်ရောင် တရုတ်စာတမ်းများ ကပ်၍ ဆန္ဒဖေါ်ထုတ်မှု ပြုလုပ်ခဲ့သဖြင့် မင်္ဂလာဒုံရဲစန်းမှ ၄င်းနေ့တွင်ပင် (ပ)၂၁/၂ဝ၁၃၊ ပုဒ်မ ၁၈ ဖြင့် အရေးယူထားပါပြီ ။ 


(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

မီးလောင်ကျွမ်းမှု ဖြစ်ပွား ရာသို့ လာရောက်ပြီး မီးငြိမ်းသတ်သော မီးသတ်ရဲဘော်များ အား မုံရွာမြို့နယ် NLD ပါတီမှ ထိုးနှက်သဖြင့် ရပ်ကွက်မှ ဝိုင်းဆွဲရ

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် မုံရွာမြို့ ဘုရားကြီး ရပ်ကွက်တွင် တည်ရှိသော အခြေခံ ပညာမူလတ န်း ကျောင်း အမက(၂၄)ရှေ့တွင် (4-1-2013)နေ့ည (၁၀) နာရီ အချိန်ခန့်က ကျောင်းရှေ့ ဈေး ဆိုင်ခုံငယ် တစ်ခု အား မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပွားခဲ့ပါသည်။ အဆိုပါ မီးလောင် ကျွမ်းမှုဖြစ် ပွားရာသို့ မုံရွာမြို့နယ် မီးသတ်တပ်ဖွဲ့ မှ မီးသတ်ကားများ ဘုရားကြီး ရပ်ကွက်မှ မီးသတ် ကား နှင့် ကွေ့ကြီးရပ်ကွက်မှ မီးသတ် ကား စစ်ကိုင်း တိုင်း ဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးတင့်လှိုင်မြင့် တို့သည် အချိန်နှင့်တ စ်ပြေး ညီရောက်ရှိလာပြီး မီးငြိမ်း သတ်မှု လုပ်ငန်းစဉ်များ အား ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါ မီးလောင်ကျွမ်း မှု ဖြစ်ပွားရာသို့ မုံရွာမြို့နယ် NLD ပါတီမှ ကိုမှတ်ကြီး(ခ)နိုင်သီဟ ဆိုသူနှင့် ပါလာသူ တစ်ဦးတို့ အရက်မူး လာပြီး မီးသတ် ရဲဘော်များကို မီးလောင်တာကို လောင်လောင်ခြင်း ချက်ခြင်း မရောက်လာ ၍ဟုဆိုကာ မိုက်ရိုင်းစွာ ပြောဆိုဆက်ဆံခဲ့ ပြီး လုံးထွေး သတ်ပုတ်ရန် ပြုလုပ်လာခဲ့ သဖြင့် ၀ိုင်းဝန်း ဖြန်ဖြေ ခဲ့ရသည် ဟု ဘုရားကြီး ရပ်ကွက်နေ ဈေးဆိုင်ပိုင်ရှင် တစ်ဦးကဆိုပါတယ်။


"မီးလောင်တယ် ဆိုတာ ကနဦး သတင်းရမှ ကျွန်တော်တို့ မီးသတ်တွေက မီးလောင်မှု ဖြစ်ပွားရာ နေရာကို အချိန်နှင့် တစ်ပြေးညီ အမြန်ဆုံး ထွက်ခွာရပါတယ်။ဘယ်သူကမှ မီးလောင်မယ် ဆိုတာကိုကြိုတင်ပြီး သိနိုင်တာ မဟုတ်ပါဘူး။အခုမီးလောင်မှု မှာလည်း ကျွန်တော်တို့ ဘရားကြီး မီးသတ်ရော မုံရွာမြို့နယ် မီးသတ် ဦးစီးဌာနက မီးသတ်ကားတွေ ရော အချိန်မှီ ရောက်ရှိ ခဲ့ပါတယ်။" ဟု ဘုရားကြီးရပ်ကွက် မီးသတ် တပ်ဖွဲ့ဝင် တစ်ဦးက ဆိုပါ တယ်။

 (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

ဗန်းမော်မြို့သားတစ်ယောက်ရေးတဲ့ ကျွန်တော်တို့ကချင်ပြည်နယ်ကြီး ဘာကြောင့် မငြိမ်းချမ်းသလဲ


 (၁) တပ်မတော်အစိုးရလက်ထက် နယ်ခြားစောင့်တပ်တွေ အတင်းဖွဲ့ခိုင်းတာကြောင့် လို့ပြောရင်မှန်သ လား။ စခုန် တိမ်ရင်းတို့ လဆန်အောင်ဝါတို့က လက်ခံပြီး ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ခဲ့တယ်။ KIA ကလက်မခံလို့ တစ်နည်းအားဖြင့် စစ်တပ်ကအတင်းဖိအားပေးလို့ဖြစ်လာတယ်ဆိုတာမှန်သလား။ ဒါဆို အခုချိန်ထိ နယ်ခြားစောင့်တပ် ပြည်သူ့စစ် မဖွဲ့သေးတဲ့၊ UWSA၊ မိုင်းလား၊ KNU/KNLA၊ DKBA စတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဘာလို့ စစ်ပွဲတွေဖြစ်မနေတာလည်း(လက်နက် အတင်းစွန့်ခိုင်းလို့ဖြစ် ရတာ ဆိုကြသူ များဖြေပေးရန်)။

 (၂) အစိုးရရဲ့ မြစ်ဆုံစီမံကိန်းကို တားဆီးတဲ့အတွက်ကြောင့် တိုက်ပွဲတွေဖြစ်လာရတာလို့ပြောရင်မှန်သ လား။ မြစ်ဆုံစီမံကိန်း တင်မက အခြားသော သယံဇာတ ထုတ်လုပ်မှုများ၊ စီမံကိန်းများအားလုံးအပေါ်မှာ KIA/KIO က တရုတ်ယွမ်ငွေသန်းပေါင်းဘယ်လောက်အထိ ရခဲ့သလဲ ဒီငွေတွေကို လိုင်ဇာမြို့မှ အပ ကျန်တဲ့ ကချင်ပြည်နယ် ဘယ်နေရာတွေမှာ KIAက ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက်သုံးခဲ့သလဲ။ တံတားဆောက်ပေးခဲ့သလား၊ ကျောင်းဆောက်ပေးခဲ့သလား။ ဆေးရုံဆေးခန်းဆောက်ပေးခဲ့သလား၊ ဟိုတယ်တွေ ဇိမ်ခန်းတွေ၊ ကာစီနိုဝိုင်းတွေထောင်ခဲ့သလား ပြန်စဉ်းစားပါ။ ယခုအစိုးရလက်ထက် မှာ မြစ်ဆုံစီမံကိန်းကို ရပ်ထားမယ်လို့ပြောပြီးပြီဆိုတော့ ( မြစ်ဆုံအရေးကာကွယ်လို့ တိုက်ပွဲဝင်ရပါတယ် ဆိုတဲ့သူတွေ ဖြေပေးရန်)။

(၃) ကချင်ပြည်နယ်အတွင်းမှာ စစ်တပ်က ကျူးကျော်ဝင်ရောက်လာလို့ ခုခံစစ်တွေဆင်နွှဲနေလို့ တိုက် ပွဲတွေ ဖြစ်ရတယ်ဆိုတာ မှန်သလား။ တာပိန်ရေအားစက်ရုံစောင့်စစ်သည်တွေကို ဖမ်းခေါ်သွားတာ၊ သွားပြန်တောင်းတဲ့အရာရှိတွေကို ဖမ်းလိုက်တာ၊ နောက်ထပ်လိုက်လာတဲ့စစ်ကြောင်းကို မိုင်းခွဲတိုက်တာ၊ ရှမ်းပြည်နယ်စပ်က ရဲစခန်းကို ၀င်စီးပြီး အချုပ်သားတွေလွှတ်ပစ်တာ၊ ဒါဏ်ရာရစစ် သည်တွေ ခေါ်ပြီးပြန် လာတဲ့ စစ်ကြောင်းကို အင်အားသုံးတိုက်ခိုက်၊ အရှင်ဖမ်း၊ သေဆုံးသူတွေနဲ့ ဖမ်းမိသုံ့ပန်းတွေကို အင်တာနက်ပေါ်တင်ပြီး ၀ါဒဖြန့်တာ ဘယ်သူကစခဲ့သလဲ၊ ကချင်ပြည်နယ်တွင်းမှာမူလရှိပြီးသား တပ်စခန်းတွေကို လူအင်အားနဲ့ဝိုင်းပတ်ပိတ်ဆို့ထာြး့ပီး ငတ်ပြတ်အားမရှိတော့မှ လူကောလက်နက်ပါ သိမ်းပြီး အရှက်ခွဲဖို့ကြံတော့ မိမိစစ်သည်များကို အကာကွယ်ပေးနိုင်အောင်၊ ရိက္ဒာပို့နိုင်အောင် ကချင်ပြည်နယ်မူလတပ်တွေအပြင် နောက်ထပ် တပ်မ (၈၈) တစ်ခုထပ်သွင်းလိုက်တာကို အင်အားသုံး ထိုးစစ်ဆင်တယ်လို့ပြောရင် ထိုးစစ်အတွက်လားကာကွယ်ဖို့အတွက်လား၊ နဂိုရှိပြီးသား တပ်စခန်းတွေ တစ်ခုနဲ့တစ်ခုကြားမှာ ဆက်သွယ်မရအောင် စခန်းတွေ အဆင့်ဆင့်ဆောက်ပြီး ချီတက်လာတဲ့တပ်တွေကို ခြုံခိုတိုက်တာ၊ မိုင်းခွဲတိုက်တာက ခုခံစစ်လို့ပြောနိုင်လား(ခုခံစစ်သာလို့ပြောတဲ့သူများဖြေရန်)။

(၄) အစိုးရစစ်တပ်ကဖိနှိပ်ညှင်းပမ်းလု့အခွင့်အရေးချိုးဖောက်လို့ ကာကွယ်ရတာပါဆိုရင်မှန်သလား။ ဒီကနေ့ ကချင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ KIA တပ်ဖွဲ့ ပြည်သူလူထုက ဘယ်သူ့ကို ပိုကြောက်နေရလဲ၊ ဘာကြောင့်လဲ၊ ဒီကနေ့ ရှေ့တန်းမှာ စစ်သားတွေ ရိက္ဒာတွေထမ်းပြီးတောတိုးနေ တာ ယခင်ကလို ပေါ်တာ တစ်ယောက်မှမပါဘဲသွားနေရပေမဲ့ KIA ကမြင်သမျှလူ KIA တပ်ဖွဲ့ထဲ အဓမ္မ သွင်းတာ၊ တွေ့သမျှဆိုင် ကွမ်းယာဆိုင်ပါမကျန် အခွန်ကောက်တာ၊ မှော်တွေမှန်သမျှ ကုမ္ပဏီ မှန်သမျှ ငွေသန်း နဲ့ချီပြီးဆပ်ကြေးကောက်တာကတော့ ပြည်နယ်ကာကွယ်ရေးအတွက် တာဝန်ရှိတယ် ဆိုတာ မှန်သလား( အစိုးရတပ်ကလု့အခွင့်အရေးတွေချိုးဖောက်နေလို့ KIA ကကာကွယ်နေရတာပါလို့ ပြော သူများ ဖြေရန်)။

 (၄) အစိုးရက ငြိမ်းချမ်းရေးအမှန်တကယ်မလိုချင်ဘဲ ဟန်ပြငြိမ်းချမ်းရေးသာလုပ်ပြီး စစ်ရေးအရ ဖိအားပေးရန်ကြံစည်နေတယ်ဆိုတာမှန်သလား။ ငြိမ်းချမ်းရေးလုပ်ဖို့ စတင်ကမ်းလှမ်းခဲ့တာ KIA လား အစိုးရလား၊ စစ်ပွဲတွေရပ်ဖို့ပြောတာကို လက်မခံဘဲ စစ်ပွဲတွေဆက်တိုက်မယ်၊ နိုင်ငံရေးအရဘဲဆွေးနွေး မယ် လို့ပြောတာ ဘယ်သူလဲ။ ဆွေးနွေးပွဲလုပ်တိုင်း အကြောင်းအမျိုးမျိုးနဲ့ နေရာရွေးလိုက် ခေါင်းစဉ်ရွေး လိုက်၊ မလိုက်လျောနိုင်တဲ့အချက်တွေ ထပ်တိုးတောင်းဆိုလိုက်၊ အဆုံးအဖြတ်မပေးနိုင်တဲ့သူတွေ လွှတ်လိုက်နဲ့ ဆွေးနွေးပွဲပျက်အောင် ပီပီပြင်ပြင်မဖြစ်အောင် လုပ်နေတာ အစိုးရလား၊ KIA လား။ ဆွေးနွေး ပွဲလုပ်ခါနီးတိုင်း၊ ကိုယ်စားလှယ်အဖွဲ့တွေ ရောက်နေတိုင်း ရှေ့တန်းကတပ်စခန်းတွေကို သွားသွားပစ်ပြီး စခိုင်း၊ တပ်က ပြန်ပစ်ရင် ``ထိုးစစ်ဆင်တာမဟုတ်ဘူးဆိုပြီး လက်နက်ကြီးတွေ အမြောက်တွေနဲ့ ပစ်နေ တယ်´´လို့ သံကောင်းဟစ်နေတာဘယ်သူလဲ။ အခြားသော လက်နက်ကိုင်ထားဆဲ တိုင်းရင်းသားအဖွဲ့ အစည်းတွေနဲ့ တောင် အပစ်ရပ်ပြီးငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ်မှ ဆွေးနွေးနိုင်တာကြောင့် အင်္ဂလိပ်အုပ်ချုပ် ကတည်းက လွတ်လပ်ရေးမရဘူးတဲ့ပြည်သူတွေတောင် အခုအချိန်မှာ လွတ်လပ်ရေးအရသာခံစားနေ ရတာ အစိုးရရဲ့ လုပ်နည်းလုပ်ဟန်မှားယွင်းပြီး အမှန်တကယ် ငြိမ်းချမ်းရေးမယူချင်တဲ့ စေတ နာကြောင့် လား ။ (တိုင်းရင်း သားတွေကို ဖိနှိပ်နေတာကြောင့် ခုခံစစ်ဆင်နွှဲနေတာပါလို့ပြောသူများဖြေရန်)။

(၅) လေကြောင်းတိုက်ခိုက်မှုတွေအပါအ၀င် အင်အားသုံးပြီး လူမျိုးတုံးစစ်ပွဲဆင်နွှဲနေတာ ဆိုတာမှန် သလား။ ဒီကနေ့ ကချင်ပြည်နယ်မှာ နည်းမျိုးစုံနဲ့ စုဆောင်းထားတဲ့ KIA တပ်ဖွဲ့ဝင်အင်အား ၂၀၀၀၀ ခန့်၊ ပြည်သူ့စစ်ခေါ် နယ်ခံတွေကို အတင်း လက်နက်နဲ့ မိုင်းတွေပေးပြီးတိုက်ခိုင်းနေတဲ့ အင်အားတွေက ၄၀၀၀၀ ကျော်ရှိနေတာကို ကချင် ပြည် နယ်က မူလရှိထားတဲ့ တပ်မတော်အင်အား(နယ်ခံ တပ်အင်အား ၁၀၀၀၀ ၀န်းကျင်) နဲ့သာ ခုခံနေရတာ၊ သမ တကြီး အမိန့်ကြောင့် ကိုယ့်ကိစ္စကိုယ်လုပ်တဲ့နေရမှာ အနှောက် အယှက်အတား အဆီးဖြစ် တဲ့နေရာတွေ ကိုသာ တိုက်ခိုက်ရင်းနဲ့ စစ်သားတွေ တဖြည်းဖြည်း ထိခိုက်မှုများလာလို့ မဖြစ်မနေအင်အားသုံးရတာ ခုခံစစ်လား ထိုးစစ်လား။ (ထိုးစစ်ဆင်နေတာလို့ပြောသူ များဖြေရန်)။

(၆) ဗမာလူမျိုးကြီးဝါဒကြောင့် တိုင်းရင်းသားတွေအခွင့်အရေးအတွက် ကာကွယ်နေရတာပါလို့ပြောတာ မှန်သလား။ မြန်မာပြည်မှာ ဘယ်တိုင်းရင်းသားဆိုရင် မသင်ရတဲ့ကျောင်း၊ မတက်ရတဲ့ဆေးရုံ၊ မသွားရ တဲ့မြို့၊ မ၀င်ရတဲ့လူ့အဖွဲ့အစည်း၊ မလုပ်ရတဲ့ အလုပ်အကိုင်လို့ သတ်မှတ်ထားတာကြားဖူးပါ သလား ။ မြန်မာ့ တပ်မတော် ကချင်ပြည်နယ်မှာတပ်စွဲထားတာ ကချင်တွေကိုနှိပ်ကွပ်ဖို့လား၊ မြန်မာနိုင်ငံလို့ သတ်မှတ် ထားတဲ့ နယ်နိမိတ်အ၀န်းအ၀ိုင်း၊ အမိမြေနဲ့အချုပ်အခြာအာဏာကို ကာကွယ်ဖို့လား။ (ဗမာလူမျိုးကြီးဝါဒကနေ တိုင်းရင်းသားအခွင့်အရေးကာကွယ်မှုကြောင့် စစ်ဖြစ်ရတာပါ လို့ပြော သူများဖြေရန်)။

(၇) ကချင်ပြည်နယ်မှာ ဒုက္စသည်တွေများနေရတာ တပ်မတော်ရဲ့ထိုးစစ်ကြောင့်လား။ ဒုက္စသည်စခန်းတွေ မှာ မိန်းမ၊ ကလေးနဲ့ သက်ကြီးရွယ်အိုတွေပဲရှိပြီး ယောင်္ကျားတွေမရှိတာ ကေအိုင်အေ ကလူသစ်စုထား လို့လား၊ တပ်မတော်က ပေါ်တာဆွဲထားလို့လား၊ (ဒီကနေ့ စစ်ဆင်ရေးဝင်နေတဲ့စစ်ကြောင်းတွေ မှာ ပေါ်တာ တစ်ယောက်မှမရှိပါဘူး၊ ခေါ်ခွင့်လဲမရှိပါဘူး)။ အခြားတိုင်းရင်းသားလက်နက်ကိုင်များနည်းတူ ငြိမ်းချမ်းရေးအစီအစဉ်တွေကို သဘောမတူနိုင်တာဘယ်သူလဲ။ ဒေသခံတွေကို စစ်ပွဲထဲ အတင်းဆွဲ သွင်းနေ တာ ဘယ်သူလဲ။ ဗမာဆိုရင် ဧည့်သည် ငါတို့ကအိမ်ရှင်၊ ဧည့်သည်က အိမ်ရှင်ကို စော်ကား ရင် သေတဲ့အထိ တိုက်လို့ သင်တန်းဆင်းပွဲမှာ ကြွေးကြော်သံပေးပြီးမှိုင်းတိုက်တာဘယ်သူလဲ။ လွတ်လပ်သော ကချင်နိုင်ငံအဖြစ်ခွဲထွက်ချင်နေတာဘယ်သူလဲ။ အစိုးရကငြိမ်းချမ်းရေးဆွေးနွေး ဖို့ကမ်း လှမ်း လိုက်တိုင်း ရိသဲ့သဲ့ပြော၊ ရိုင်းစိုင်းတဲ့ သံတမန်အပြုအမူနဲ့ ထီမထင်လုပ်ပြီး ခါချဉ်ကောင် မာန်ကြီးနေ တာ ဘယ်သူလဲ။ ဘယ်သူက အမှန်တကယ်လိုက်ခေါ်နေပြီး ဘယ်သူက အကြောင်းအမျိုးမျိုးပြ ငြိမ်းချမ်းရေးကို ရှောင်လွဲနေလဲ။( တပ်မတော်ထိုးစစ်တွေကြောင့် မငြိမ်းချမ်းတာပါလို့ပြောသူများ ဖြေရန်)။

အားလုံးသောမေးခွန်းများ၏ အဖြေမှန်များ....

 (၁) လက်နက်မစွန့်ချင်သော၊ ခွဲထွက်ခွင့်သာတောင်းဆိုပြီး ၀မ်ပေါင်နိုင်ငံတော်ဖြစ်ပေါ်လာပါက စစ်အုပ်ချုပ်ရေးဖြင့် သမတလုပ်ချင်သော KIA ခေါင်းဆောင်များကြောင့်....

 (၂) မြစ်ဆုံစီမံကိန်းကိုအကြောင်းပြပြီး ကချင်ပြည်နယ်နေရာတိုင်းတွင် လက်နက်ပြ ဆက်ကြေးကောက် ခံခွင့်ကို ရလိုသော KIA ခေါင်းဆောင်များနှင့် နောက်လိုက်လူရမ်းကားအချို့ကြောင့်...

 (၃) တပ်မတော်မှ အင်အားသုံးတိုက်ခိုက်မှုမလုပ်မချင်း၊ နားရွက်တံတွေးဆွတ်လိုက် ၊ ပုဆိုးလှန်ပြလိုက်၊ ကလော်ဆဲလိုက်လုပ်သော ကလေးငယ်ကဲ့သို့ KIA ခေါင်းဆောင်များ၏ တပ်မတော်နှင့် နိုင်ငံတော်အစိုးရ အပေါ် မထိတထိ စော်ကားမှုကြောင့်.....

(၄) တပ်မတော်က ရွာသားတစ်ယောက်ရိုက်မိရင် လွှတ်တော်အထိတိုင်ပြီး KIA က ဗိုက်ကြီးသည်ပါမကျန် တပ်သားသစ်စုဆောင်းသည်ကို မျက်ကွယ်ပြုနေသော၊ တပ်မတော်က ကားလမ်းတံတား၊ ရထားလမ်းများ ကို လုံခြုံအောင်လုပ် ရိက္စာရှားပါးနေသော ဒေသများသို့ရိက္စာပို့တာကို အကောင်းမမြင် KIA ကရထား လမ်းမိုင်းခွဲ၊ တံတားမိုင်းခွဲတာကို ရေငုံနှုတ်ပိတ်၊ ရှေ့တန်းစခန်းက စစ်သည် အနည်းငယ်အသက် ဆက်နိုင်ဖို့ အသက်တွေအများကြီးပေးဆပ်ပြီး သွားခဲ့တုန်းက ဘာမှမပြော၊ တပ်မတော်က အင်အား သုံးပြီးတပ်ဆက်နိုင်အောင် လမ်းဖွင့်နိုင်အောင်ကြိုးစားတော့မှ ကျီးအာသလိုဝိုင်းအာ၊ မတရားဘူး လို့ အော်တဲ့သူနဲ့ ထိုးစစ်ချက်ခြင်းရပ်လို့ပြောတဲ့သူနဲ့၊ တိုင်းရင်းသားတွေကို ဖိနှိပ်နေပြီလို့ စွပ်စွဲတဲ့ ဆူမှပူမှ ထမင်းစားရတဲ့ တိုင်းပြည်ရဲ့ဆူးညှောင့်ခလုတ်တွေ၊ မြင်နေကြကိစ္စကို ကန်း၊ ကြားနေကြကိစ္စကို ပင်းနေ တဲ့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တော်ကြီးတွေ၊ ငါးပွက်ရာငါးစာချ၊ လူစုရင်စင်ပေါ်တက်ချင်တဲ့ ပွဲလန့်တုန်းဖျာခင်းလိုသူတွေရဲ့ ဖွချက် ဆွချက်တွေကြောင့်.....

 (၅) ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်တိုင်း မဖြစ်နိုင်တာကိုတောင်းဆိုလိုက်၊ နေရာရွေးလိုက်၊ အချိန်ရွေးလိုက်၊ အရာမရောက်တဲ့လူတွေစေလွှတ်လိုက်နဲ့ စစ်ရေးအသာစီးရမှဆွေးနွေးမယ်လို့ ခံယူထားတဲ့ KIA စစ်ခေါင်းကြောင်တွေကြောင့်...

(၆) ဘယ်တုန်းကမှ လူမျိုးကြီးဝါဒနဲ့ ဖိနှိပ်ချုပ်ချယ်မှုမလုပ်ခဲ့ပေမဲ့ အလကားနေရင်း ကိုယ့်ဖာသာ ကိုယ်အား ငယ်ပြီး ဖြစ်သမျှအပြစ်တွေကို တပ်မတော်အပေါ်လွှဲချချင်တဲ့ လူမျိုးရေးအမြင်ကျဉ်း တစ်ဘက်စောင်းနင်း လက်နက်ကိုင်ထားတဲ့ ပညာမဲ့များကြောင့်..

(၇) သူများနည်းတူ မလိုက်လုပ်နိုင်ပေမဲ့ ငါတကောကောပြီး ဘ၀င်လေဟတ်၊ ကိုယ်အထိ နာတော့ တွေ့သမျှ လူကို သေနတ်ကိုင်ခိုင်း၊ ကချင်ပြည်နယ်တွင်းမှာ နေရာမရွေး၊ အချိန်မရွေး၊ တိုက်ပွဲကြီးငယ်၊ အဖျက်လုပ်ငန်းမျိုးစုံနဲ့ ကျီးလန့်စာစားဖြစ်အောင်လုပ်၊ ဒီကိစ္စတွေအားလုံးဟာ ဗမာစစ်တပ်ကထိုးစစ်တွေကြောင့်လို့ အကြောင်းပြတတ်ပြီး လူမျိုးရေးစစ်ပွဲအသွင်ဖြစ်လာအောင် တမင်ဖန်တီးတဲ့ KIA အကြမ်းဖက် စစ်သွေးကြွခေါင်းဆောင်တွေကြောင့်... အားလုံးကို ခြုံပြီး အကျဉ်းချုပ်ပြောရရင်တော့ ခွဲထွက်ခွင့်ရပြီး ၀မ်ပေါင် နိုင်ငံမှာ စစ်အုပ်ချုပ်ရေးနဲ့ မင်းမူချင်နေတဲ့ အမြင်ကျဉ်း KIA စစ်ခေါင်းဆောင်တွေကြောင့်လို့သာ စဉ်းစားမိပါတယ်။ KIA က ဘယ်တော့မှ ဆွေးနွေးလို့ရမယ့်သူမဟုတ်ဘူးဆိုတာ တကယ်ဆွေးနွေးဖူးတဲ့ ဦးအောင်သောင်းတို့ ဦးအောင်မင်းတို့သိပါတယ်။ ပွင့်ပွင့်လင်းလင်းပြောခိုင်းကြည့်လိုက်ပါ မှန်လားမမှန်လားဆိုတာကို အစိုးရအနေနဲ့ ကချင်ကို ချန်မထားခဲ့ချင်လို့ စိတ်ရှည်သီးခံစွာနဲ့ လက်တွဲခေါ်နေတာကို သူတို့ရဲ့ နိုင်ငံရေး၊ စစ်ရေးအရ ဖိအားပေးတာကို ခံနေရတယ်လို့ မှတ်ယူနေတဲံ အသိဥာဏ်နည်း ဘ၀င်ရူးတွေကြောင့်သာ ဖြစ်ကြောင်း တွေ့ရှိရပါတော့တယ်။

ပြည်ထောင်စုစိတ်ဓာတ်အပြည့်ရှိတဲ့
 လဘန်အင်ဒွဲ (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Jan 5, 2013

၂၀၁၂ မှာ တကယ် ကမ္ဘာပျက်ခဲ့တယ်(တပ်မတော် စစ်သည် ၆၀ ကျော်ကျဆုံးခဲ့စဉ်က တပ်ရင်းတစ်ခုမှ အရာရှိတစ်ဦးကိုယ်တိုင်တွေ့ကြုံခဲ့ရသည့်ဖြစ်ရပ်မှန်အတွေ့အကြုံများ)


ရှေ့တန်းထွက်နေတဲ့ တပ်ရဲ့ နောက်တန်းမှူးတစ်ယောက်အနေနဲ့ တပ်ရဲ့ သန့်ရှင်းသာယာ လှပရေး၊ မိသားစု ပေါင်း ၂၀၀ ကျော်ရဲ့ စားဝတ်နေရေး၊ အပတ်စဉ် လစဉ် ပေးပို့နေရတဲ့ အစီရင်ခံစာ၊ပြန်တမ်းတွေကြောင့် နားရ တယ်ဆိုတာ မရှိပါဘူး။

လင်ယောကျာ်းနဲ့ တပ်ရင်းက စစ်သည်တွေ အကုန်ရှေ့တန်းထွက်ပြီမို့ တပ်ရင်းမှူး ကတော်ဦးစီးပြီး နေ့စဉ် အန္တရာယ်ကင်း ပရိတ် ရွတ်ဖက်ရတာ၊ တပ်ရင်း သာယာလှပရေးအတွက် လုပ်ရတာ၊ သက်သာချောင်ချိရေး အတွက် လယ်စိုက်၊ ခြံစိုက် ရတာတွေက တပ်ရင်းတစ်ရင်းရဲ့ ပုံမှန် အလုပ်တွေထဲမှာ အပါအ၀င်ပါပဲ။

စစ်သည် ၂ ယောက် တိုက်ပွဲမှာ ကျပြီးကတည်းက အန္တရာယ် ကင်းစေဖို့ စုပြီး ပရိတ် ရွတ်ဆိုတာကို နေ့၊ည ခွဲပြီး လုပ်ဆောင်နေတဲ့ ၂၀၁၂ ရဲ့ နေ့စွဲတစ်ခုမှာ ဗိုလ်မှူး ရှေ့တန်းက စက်ပေါ်လာခဲ့ပါဆိုတဲ့ အသံနဲ့ စက်သမားက လာခေါ်တယ်။ စကားပြောခွက်ကို ကိုင်လိုက်စဉ်မှာပဲ စိတ်မကောင်းစရာ သတင်း၊ တပ်ရင်းမှူး အပါအ၀င် လူပေါင်း ၆၀ တိုက်ပွဲမှာ ကျတယ်လို့ ပြောတယ်။ ဖြစ်စဉ်နဲ့ နာမည်တွေ ပြောမယ် ဆိုပြီး ကြည်း… ဗိုလ်မှူး….. ဘယ်သူ ဆိုတာက စလို့ တစ်ယောက်ပြီး တစ်ယောက် နာမည်တွေ ဖတ်ပြတယ်။ ကိုယ့်ရဲ့ ညီလေးတွေ၊ ကိုယ့် အပေါ်မှာ အရမ်းကောင်းခဲ့တဲ့ ဆရာကြီးတွေ၊ ခိုင်းသမျှ မညည်းမညူ လုပ်ပေးခဲ့တဲ့ တပည့်ရဲဘော်တွေရဲ့ အမည်ကို တုန်ရင်နေတဲ့ လက်၊ မျက်ရည် မကျမိအောင် တင်းထားတဲ့ စိတ်တွေနဲ့ လိုက်မှတ် ခဲ့ရတယ်။

အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်ပါ ဆိုတဲ့ ညွှန်ကြားချက် အဆုံးမှာတော့ စကားပြောခွက်ကိုချ ဘေးက ဆက်သား ရဲဘော်ကို တပ်ရေး၊ တပ်ထောက် ဗိုလ်ကြီးတွေ အပါ နောက်တန်းကျန် အရာရှိအားလုံး တပ်ရင်းရုံးကို ချက်ချင်းလာခဲ့။ ဘာမှ မပြောနဲ့ လို့မှာ ပြီး လွှတ်လိုက်တယ်။
ကြားနေတဲ့ အန္တရာယ်ကင်း ပရိတ် ရွတ်သံကြားမှာ ရှေ့တန်းထွက်စဉ်က တပ်ရင်းက မိသားစုတွေ အတွက် စိတ် မချလို့ တတွတ်တွတ် မှာခဲ့တဲ့ တပ်ရင်းမှူး မျက်နှာ၊ တိုက်ပွဲဝင် စစ်သူကြီးတွေလို ချပ်ဝတ်တန်ဆာ အပြည့်အစုံ နဲ့ ကားပေါ်တက်သွားတဲ့ ညီငယ် အရာရှိတွေနဲ့ စစ်သည်တွေရဲ့ မျက်နှာ၊ အီကွေ့မန့် ဘိုသီဘတ်သီနဲ့ အပြေးလာပြီး ဗိုလ်မှူး.. ကျွန်တော့် အမေနဲ့ ညီလေး ကို ကူညီပေးပါအုံးလို့ ပြောခဲ့တဲ့ လူပျိုစစ်သည် ပေမယ့် မိဘ မောင်နှမကို စောင့်ရှောက်ဖို့ တပ်ထဲမှာ ခေါ်ထားချင်တယ်လို့ သတင်းပို့လို့ ခေါ်ခွင့်ပေးခဲ့ရတဲ့ ရဲဘော် တစ်ဦးရဲ့ မျက်နှာတွေကို အစီအရီ မြင်နေမိတယ်။

ရှေ့တန်းက ကြေးနန်းလာတယ်၊ အရာရှိတွေ အကုန် တပ်ရင်းရုံးမှာ စုမယ်လို့ ဆက်သားရဲဘော်က အော်လိုက်တဲ့ အသံ အဆုံးမှာ ဓမ္မာရုံမှာ အန္တရာယ်ကင်း ပရိတ်ရွတ်ဆိုသံက ဝေါကနဲ ပို ကျယ်လာတယ်။ ဘာထူးလို့လဲ ဆိုတာ သိချင်ပေမယ့် ရဲမေတွေကို ဦးဆောင်နေရတဲ့ တပ်ရင်းမှူးကတော်ရဲ့ စိတ်မှာ ဘယ်လောက် တုန်လှုပ်နေမလဲ၊ ရဲမေတွေ အားလုံး စိတ်မှာ ဘယ်လောက် တုန်လှုပ်နေမလဲ ဆိုတာ တွေးပြီး ဆက်ပြီး လုပ်ရမယ့် အစီအစဉ်တွေကို တစ်ခုချင်း စဉ်းစားနေမိတယ်။

ကိုယ်ကလည်း ငြိမ်နေတော့ အရာရှိတွေကလည်း မမေးရဲ၊ လူစုံပြီလား..စုံပြီ ဆိုတော့မှ တံခါးကို လော့ချပြီး အဖြစ်အပျက်တွေကို အရာရှိတွေကို ပြောပြရတယ်။ ဘယ်သူက ဘာတာဝန်ယူ၊ ဘယ်သူက ဘယ်လို လုပ် အကုန်လုံး တတ်နိုင်သမျှ မှာပြီး အခန်းပြင်ကို ထွက်လာတဲ့ အချိန်မှာတော့ အပြင်မှာ ငြိမ်ပြီးစောင့်နေတဲ့ တပ်ရင်းမှူး ကတော်နဲ့ ရဲမေတွေ ၊ ကလေးတွေကို တွေ့လိုက်ရတယ်။

ရင်ထဲမှာ ဆို့နင့်နေတာမို့ လည်ချောင်းတွေ ခြောက်ကပ်ပြီး မျက်ရည်က အလိုလို စီးကျလာတယ်။ အနားကို တပ်ရင်းမှူး ကတော်က ရောက်လာပြီး ဗိုလ်မှူး၊ ဘာဖြစ်လို့လဲ ပြောပြပါ၊ ကျွန်မ သိချင်ပါတယ် လို့ လာပြောချိန် မှာတော့ ကျွန်တော် သူမကို ကြည့်ပြီး စကားသံ ချက်ချင်း မထွက်နိုင်ပါဘူး။ အံကြိတ်ပြီး ကိုယ့်မျက်ရည် ကိုယ် ပြန်သုတ်၊ တပ်ရင်းမှူး တို့ အသက်ပေးခဲ့ရပြီ အစ်မ လို့ပြောလိုက်ချိန်မှာ ရင်ဘတ်ထဲကို ဆောင့်တက်လာသလို ခံစားရတယ်။

အဆိုးဆုံးကို မျှော်လင့်ပြီး မေးပေမယ့် တပ်ရင်းမှူးကတော်လည်း ဖြေမဆည်နိုင်ပါဘူး။ အသံတစ်ချက်မှ မထွက် ပေမယ့် မျက်ရည်တွေက စီးကျလာတယ်။ ကျွန်တော် သူမကို မနှစ်သိမ့်တော့ပါဘူး။ အရှေ့က တပ်ရင်းက ရဲမေတွေအကုန် ဓမ္မာရုံမှာ စုပြီး စောင့်နေဖို့ ပြောလိုက်တယ်။ အားလုံးရဲ့ မျက်နှာတွေက စိုးရိမ်စိတ်တွေ အပြည့်၊တပ်ရင်းမှူး ကတော် ငိုတာတွေ့လို့ လိုက်ငိုကြတဲ့ ရဲမေတွေ၊ အံကြိတ်ပြီး ဘေးက ရပ်နေတဲ့ အရာရှိ စစ်သည်တွေ အကုန် ဓမ္မာရုံကို သွားဖို့ ထပ်ပြီး နှိုးဆော်ရတယ်။

အဖေ့လစာ တစ်ခုထဲနဲ့ ရပ်တည်နေတဲ့ စစ်သည် မိသားစုတွေ၊ အဖေ့မျက်နှာ၊ သားမျက်နှာနဲ့ နားခိုစရာ နေရာ တစ်ခု ရထားတဲ့ အိမ်ထောင်သည်လိုင်းခန်းက မိသားစုတွေ၊ ရပ်ဝေးတစ်နေရာကနေ သားတစ်ယောက် ကျန်းမာ ချမ်းသာပါစေကြောင်း ဆုတောင်းရင်း စိုးရိမ်နေတဲ့ မိဘတွေကို ကျွန်တော် ဖြေသိမ့်ပေးနိုင်မယ့် စကားလုံး စဉ်းစား မရပါဘူး။ ဗိုလ်မှူး ဖုန်းလာနေတယ်၊ ဗိုလ်ကြီး… ဘယ်သူရဲ့ အမေပါ လို့ပြောတယ် ဆိုပြီး တိုက်ပွဲမှာ ကျသွားတဲ့ ညီငယ် အရာရှိ မျက်နှာကို ကွက်ကနဲ ပြန်မြင်မိလိုက်တယ်။ အစည်းအဝေး လုပ်နေတယ် လို့ ပြောလိုက်ပါကွာ ဆိုပြီး ဓမ္မာရုံဘက်ကို တစ်လှမ်းချင်း လျှောက်လာမိတယ်။

လူပေါင်း ၆၀ သေဆုံးတဲ့ ဖြစ်စဉ်ကို မိသားစုတွေ ရှေ့မှာ ကျွန်တော် ဘယ်လို ပြောရမလဲ။ လူပေါင်း ၆၀ ရဲ့ နောက်မှာ မှီခိုနေတဲ့ မိသားစုတွေရဲ့ မျက်ရည်တွေကို ကျွန်တော် ဘယ်လို ဖြေသိမ့်ပေးရမလဲ။ လူပေါင်း ၆၀ ရဲ့ အလောင်းမပါတဲ့ ဈာပနကို ကျွန်တော် ဘယ်လို ကျင်းပပေးရမလဲ။
အားပေးနှစ်သိမ့်ဖို့ ရောက်လာကြတဲ့ နယ်မြေတစ်ခုထဲက အရာရှိကြီးတွေရဲ့ ကားတွေ ရောက်လာတယ်၊ ဓမ္မာရုံမှာ ငိုကြွေးသံတွေနဲ့ ဆူညံနေတယ်။ ကျွန်တော့် ရင်ထဲမှာလည်း ဗလောင် ဆူနေတယ်။ ဟုတ်ပါတယ်။ ၂၀၁၂ မှာ တကယ် ကမ္ဘာပျက်ခဲ့ပါတယ်။ ကျွန်တော့်တို့ရဲ့ ကမ္ဘာလေးမှာ မျက်ရည်တွေနဲ့ ဖုံးခဲ့ပါတယ်ဗျာ။

From:[_ oppositeye_] (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

ကေအိုင်အေ မှ အရပ်ဘက် ကားတန်းအား တားဆီးဗုံးခွဲဖျက်ဆီးလိုက်သော်လည်း The Voice Weekly သိသိကြီးဖြင့်နှုတ်ဆိတ်နေသော သတင်းမှ ဖျက်ဆီးခံရသော ကား၂စီး

ကေအိုင်အေ ကချင်တိုင်းရင်းသားနာမည်ခံ အကြမ်းဖက်သောင်းကျန်းသူများမှ အရပ်ဘက်ကားအား တားဆီးဖျက်ဆီးလိုက်သော်လည်း The Voice Weekly မှ သိသော်လည်း ပြည်သူများအား အမှန်အတိုင်း တင်ပြမှူမရှိခဲ့သော ဖြစ်စဉ်တစ်ခု အကြောင်းကို ဖော်ပြခဲ့ပြီးဖြစ်သည် ။(ပြန်လည် ဖတ်ရှူရန်-http://www.mgkyautkhae.com/2013/01/voice-weekly.html)မိုးမောက်-လွယ်ဂျယ်- ဗန်းမော်ဘက်သို့လိမ္မော်သီး၊ပန်းသီးနဲ့မုန့်ဖာများတင်ဆောင်လာသောကား၂စီးကို ယောယုံရွာအနီးတွင် ကေအိုင်အေ တပ်မဟာ (၃) ဂျန်မိုင်စခန်းမှ ပြည်သူ့စစ်အဖွဲ့မှ ကားကို ရပ်ခိုင်းပြီး ယာဉ်မောင်းနဲ့ ယာဉ်နော်ကလိုက်ကို ကားပေါ်မှဆင်းခိုင်းပြီး ကားကိုမိုင်းခွဲဖျက်ဆီးခဲ့သည်။ အဲဒီနောက် ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့မှာ ပါသော တရုတ်ဖုန်းနဲ့ ငွေ ၁သိန်းတို့အား ယူဆောင်သွားပါသည် ။ (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

ပန်းဘဲတန်းမြို့နယ် NLD ပါတီမှ ဖွင့်လှစ်ထားသည့် ပညာဒါနကျူရှင်၌ ကျောင်းသူတစ်ဦးအား တာဝန်ခံမှမုဒိန်းကျင့်

၃-၁-၂၀၁၃ ရက်နေ့ ၁၂နာရီ ၃၀မိနစ်အချိန်တွင် ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ (၂၉)လမ်း နှင့် လမ်း(၃၀)ကြား၊ အနော်ရထာလမ်းရှိ အမှတ်(၂၄၁)၊ ပထမထပ်(၀ဲ)ရှိ NLD ပါတီမှ ဖွင့်လှစ်ထား သော ပညာဒါနကျူရှင်၌ လွတ်လပ်ရေးနေ့ အထိမ်း အမှတ်အဖြစ် ကျပန်းစကား ပြောပြိုင်ပွဲ လုပ်နေစဉ် တက်ရောက် လာသူများထဲမှ မမေသက်ဦး(ခ) နားဝီးရီ(၁၅) နှစ်(မွတ်ဆလင် အစ္စလမ် ဘာသာကိုးကွယ် သူ)၊ (ဘ)ဦးဇော်မြင့် (ပန်းဘဲတန်းမြို့နယ် NLD ပါတီဝင်)၊ အမှတ်(၁၉၄)၊ ပထမထပ်(၀ဲ)၊ လမ်း(၃၀)၊ အမှတ်(၈)ရပ်ကွက်၊ ပန်းဘဲတန်းမြို့နယ်နေသူ သည် ကျူရှင်တိုက်ခန်း အပေါ်ထပ် (၇)လွှာရှိ သူငယ်ချင်း ဖြစ်သူ နာဇေးဒါးအခန်း၌ ၎င်း၏အစ်မဖြစ်သူ မ၀င်းမာဦး ရောက်ရှိနေခြင်း ရှိ/မရှိ သိရှိလိုသဖြင့် သွားရောက်ကြည့်ရှုခဲ့ပြီး အစ်မဖြစ်သူ မ၀င်းမာဦးမရှိသဖြင့် (၅)မိနစ်ခန့်အကြာတွင် ပညာဒါန ကျူရှင် သို့ ပြန်ဆင်းလာခဲ့ကြောင်း၊



ပညာဒါနကျူရှင်သို့ရောက်ရှိ ချိန်တွင် ပြိုင်ပွဲဝင်သူများမရှိတော့ဘဲ NLD ပါတီ ပညာဒါနကျောင်းတာဝန်ခံ သားကြီး(ခ) ခင်မောင်ထူး(ခ) ဆိုးဖီရမ်း(၂၂)နှစ်၊ (မွတ်ဆလင်အစ္စလမ် ဘာသာကိုးကွယ်သူ)၊ (ဘ)ဦးမောင်မောင်၊ အမှတ်(၁၂၄)၊ မြေညီထပ်၊ လမ်း(၃၀)၊ အမှတ်(၈) ရပ်ကွက်၊ ပန်းဘဲတန်းမြို့နယ်နေသူမှ ကိုလာသံဗူးတိုက်ခဲ့ကြောင်း၊ ယခင်ကလည်း ရိုးရိုးသားသား တိုက်လေ့ရှိသောကြောင့် သောက်လိုက် ရာတွင် မူးမေ့စေ တက်သော ဆေးများထည့်၍ တိုက်ခဲ့သဖြင့် ခဏအကြာ တွင်မူးမေ့ သွားခဲ့ကြောင်း၊ ၎င်းပြန်လည်သတိရလာချိန်တွင် ရုံးခန်းအနီးရှိ ပစ္စည်းများထား သည့်အခန်းသို့ ရောက်ရှိနေပြီး ၎င်းဝတ်ဆင်ထားသည့် အပေါ်အကျီင်္နှင့် ဘောင်းဘီရှည်တို့မှာ ကျွတ်လျက်ရှိနေပြီး သားကြီး(ခ) ခင်မောင်ထူး(ခ)ဆိုဖီရမ်းမှာ အနီး၌ထိုင်နေသောကြောင့် ၎င်း သတိ လစ်နေခိုက် သားမယား အဖြစ်ပြုကျင့်ခဲ့ကြောင်းနှင့် ၎င်းကိစ္စနှင့်ပတ်သက်၍ မည်သူ့ကိုမျှမပြောရန် ပြောကြားခဲ့ကြောင်း၊ ၎င်းနောက် အ၀တ်အစားများပြန်ဝတ် ၍ လှေခါးအတိုင်းပြန် ဆင်းလာစဉ် မြေညီ ထပ်၌ မိခင် ဒေါ်လှလှထွေးနှင့်တွေ့ ဆုံပြီး ဖြစ်စဉ်အားပြောပြခဲ့ကြောင်း၊ ထို့နောက် မိခင်နှင့်အတူ ပန်းဘဲ တန်းမြို့နယ် ရဲတပ်ဖွဲ့စခန်းသို့ သွားရောက်တိုင်တန်းခဲ့ရာ ရဲတပ်ဖွဲ့စခန်းမှ ၎-၁-၂၀၁၃ ရက်နေ့ ၁ နာရီ မိနစ် ၄၀ အချိန်တွင် (ပ)၈/၂၀၁၃၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၃၇၆ ဖြင့် သားကြီး(ခ) ခင်မောင်ထူး(ခ) ဆိုဖီရမ်းအား အမှုဖွင့်အရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။
 (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

The Voice Weekly ဂျာနယ် ရဲ့ လတ်တလော အခြေအနေလျှို့ဝှက်ချက်

 (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

ကေအိုင်အေ သူပုန်ရဲ့ လက်သပ်မွေး The Voice Weekly ဂျာနယ်၏ အင်တာနက်စာမျက်နှာများကို DDOS ဖြင့်တိုက်ခိုက်ကြပါစို့

သူပုန်အားပေး The Voice ဂျာနယ် အား DDos ဖြင့် တိုက်မည် ဟု facebook ပေါ်မှ မြန်မာ Hacker များဖြင့်ဖွဲ့စည်းထားသည့် KIA Operation မှ အဖွဲ့ဝင်တစ်ဦးထံမှ သတင်းရရှိသည်။ The Voice Weekly ဂျာနယ် အင်တာနက်စာမျက်နှာအား DDos ဖြင့် တိုက်ရမည့် link မှာ http://www.autoriparatori.org/news/immagini/1/ddos.php နှင့်

 http://pastehtml.com/view/ceo7oztva.html/



တို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ Link များကို သွားရောက်ကာ Start တစ်ချက်နှိပ်ရုံမျှဖြင့် သင်တို့၏ The Voice Weekly ဂျာနယ်အား ရွှံရှာစပ်ဆုတ်မှူ ကို ပြသနိုင်မည်ဖြစ်သည် ။ မိမိတို့အတွက်လည်း ပင်ပန်းစရာမလိုပဲ အင်တာနက်သုံးနေချိန်ဝယ် အဆိုပါ link နှစ်ခုကို မိမိတို့ကွန်ပြုတာတွင် ဖွင့်ပေးထားရုံမျှဖြင့် နိုင်ငံမငြိမ်မသက်ဖြစ်အောင် ကေအိုင်အေနှင့်ပူးပေါင်းကာ နောက်ကျောကို ဓါးနဲ့ထိုးသော အမျိုးယုတ် ကျော်မင်းဆွေဦးစီးသော The Voice Weekly ဂျာနယ်တိုက်ဝန်ထမ်းများ၏ ယုတ်မာမှူကို ပြည်သူအပေါင်းက စပ်ဆုတ်ရွှံရှာကြောင်းကို ကေအိုင်အေမှပေးသော ယွမ်ငွေစားကာ ကေအိုင်အေဘက်လိုက် ဂျာနယ်ကို ပြည်သူများပူးပေါင်းတိုက်ခိုက်ကြပါစို့။

 With:[_ MEG_] (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

လိုင်ဇာဌာနချုပ်ထဲရောက်နေပြီး ပြည်သူကို သတင်းအမှန်မချပြရဲတဲ့ The Voice Weekly ထိန်ချန်ထားတဲ့ သတင်းတစ်ပုဒ်

လိုင်ဇာဌာနချုပ်အတွင်းသတင်းယူနေသော The Voice Weekly ဂျာနယ်သိရှိသော်လည်း ပြည်သူအများကိုတင်ပြမှူမရှိခဲ့သောဖြစ်စဉ်တစ်ခုဇန်နဝါရီလ(၃)ရက်နေ့နေ့လည်တစ်နာရီတွင်ဖြစ်ပွါးခဲ့ပါသည်။ဖြစ်စဉ်မှာမိုးမောက်-လွယ်ဂျယ်သွားသောလမ်းတွင် 
လွယ်ဂျယ်နေ ဦးယန်ဆန် ပိုင်ဆိုင်ပြီး ယာဉ်မောင်းဖိုးဇော်နဲ့အငယ်လေး(ခ)စိုးနိုင်းတရုတ်တုန်းဟုန်းမော်တော်ယာဉ်၂စီးကိုကေအိုင်အေကတားဆီးခဲ့ပါသည်။ထို့နောက်ကားပေါ်တွင်ပါလာသောလူတွေကိုအောက်ဆင်းခိုင်းပြီး ဆောင့်ကြောင့်ထိုင်ခိုင်းကာ ကျောပေးနေရပါသည်။.ကားပေါ်တွင်တင်ဆောင်လာသော အဝတ်အထည်တစ်ချို့ နှင့် စားစရာပစ္စည်းများကိုသိမ်းပိုက်ကာ ကား(၂)စီးလုံးကိုမိုင်းခွဲပစ်လိုက်ပါသည်။ထိုဖြစ်စဉ်ကို လွယ်ဂျယ်တစ်နယ်လုံးသိရှိပါသည်။သို့သော် The Voice Weekly ဂျာနယ် သတင်းထောက်တို့မှ နှုတ်ဆိတ်နေခဲ့ပါသည်။အဆိုပါသတင်းထောက်တို့အား သွားရေးလာရေးအတွက် တိုယိုတာဆပ် တစ်စီးစီစဉ်ပေးထားပြီး ငွေ/မိန်းမ/အသောက်အစား/ကိုယ်ရံတော်များ ထားရှိပေးထားပါသည်။

(မောင်ကျောက်ခဲ အဖွဲ့)
(မိမိတို့ အထောက်တော်အနေဖြင့် လိုင်ဇာတဝိုက်တွင် လှုပ်ရှားနေပြီး ရရှိသည့်အဖိုးတန်သတင်းများကို Website ပေါ်သို့ တင်သင့်သည့်သတင်းများကိုသာ တင်ပေးမည်ဖြစ်ပြီး အထူးအရေးပါသော သတင်းများကို နိုင်ငံတော်သို့ ပေးပို့ကူညီနေပါသည် )
Readmore »

Jan 4, 2013

နိုင်ငံတော်အလံကို မီးရှို့တတ်နင်းတဲ့ ကေအိုင်အေက ကချင်မ ဆိုတာ ရန်ကုန်မှာကျောင်းတတ်ပြီး မြန်မာနိုင်ငံက ပညာသင်သွားသူဖြစ်ကြောင်း

အဲ့မယ်ဗျာ အလံကို ခြေစုံရပ် ဖိနပ်ချွတ်ပေါ်တင်ထားတဲ့ စိုင်းပန် ဆိုတဲ့ ကချင်မပုံရယ်ပေါ့ တွေ့ရမယ် ဝေါတွေပေါ်မယ်

အဲ့တစ်ယောက်ဆို ကျွန်တော်နဲ့ သူငယ်ချင်းအရင်းကြီး ရန်ကုန်မယ် အိမ်ဘေးချင်းကပ်ရပ်နေသွားတာ ကျောင်းတက်သွားတာလဲ ရန်ကုန်မှာပဲ တက်သွားတာ ခုမလေးရှားသွားတော့ ဘာနိုင်ငံရေးမှနကန်းတစ်လုံးနားမလည်ပဲ ဘာဒုက္ခမှ စိုစဉ်မျှမရောက်ပဲ အဲ့မယ် အိုဗာစတေးနဲ့ ရက်ဖျူဂျီခံလိုက်တယ် အစကသူအဲ့လိုတွေ မလုပ်ဘူး

ခုမှ ဘာအကြောင်းနဲ့ အလံကို တက်နင်းတယ်တော့မသိဘူး သူ့ကို မေးကြည့်တယ် ငါတို့ တွေ နင့်ကို ဘယ်မှာများခွဲခြားဆက်ဆံနှိမ့်ချဆက်ဆံခဲ့ဘူးလို့လဲ သူမဖြေနိုင်ဘူး

သူပြောတယ် ငြိမ်းချမ်းရေးယူတဲ့ကာလတွေအတွင်း သူတို့ကချင်ပြည်နယ်ဘာများတိုးတက်လို့လဲတဲ့ ဟ အဲ့လိုမပြောနဲ့လို့ မတိုးတက်တာ မင်းတို့ ကချင်တစ်ခုတည်းမှမဟုတ်ပဲလို့ ငါတို့ ရော လူမွှေးလူတောင်ပြောင်လို့လားလို့ မင်းတို့ တိုင်းရင်းသားတွေကမှ လူဦးရေ အချိုးချကြည့်ရင် လုပ်ငန်းရှင် သူဌေးပေါက်စဦးရေ ဗမာတွေထက်တောင် များသေးတယ်လို့ ငါတို့မယ် အကုန် လုံး ဆိုက်ကားသမားကူလီနဲ့ လက်လုပ်လက်စားချည်းပဲလို့

ဒီတော့ သူကဘာပြောလဲဆိုတော့ ငါတို့ဆီက သယံဇာတတွေကို ဗမာတွေယူနေကြတာတဲ့ ဟဲ့ အဲ့လိုဆို မင်းတို့စားတဲ့ ဆီ ဆန် ဆား ဘယ် သူတွေဆီက ရလဲလို့ ငါတို့နယ်မြေ ပစ္စည်းငါတို့ပဲယူကြေးဆိုတဲ့စိတ်နဲ့ဆို မင်းတို့ ဆန်ပြုတ်တောင်နပ်မှန်မယ်မဟုတ်ဘူးလို့ အဲ့ကျတော့ ဒုက္ခသည်တွေကို သနားလို့တဲ့

နင်တို့စစ်တပ်က ဘုန်းကြီးကိုတောင် ပစ်သတ်နေတာတဲ့ငါတို့က မကိုးကွယ်ပေမယ့်သနားတယ်တဲ့ နင်ပြောသလိုဆို ဘုန်းကြီးတွေ ဒုက္ခသည်တွေက မှားနေတာလားတဲ့ အဲ့ဒါနဲ့ နင့်ဟာက တစ်ခုမှလဲရေရေရာရာလဲမရှိဘူးလို့ ဒုက္ခသည်သနားရင် စစ်ပွဲကို မဖန်တီးနဲ့ပေါ့လို့ ဘုန်းကြီးတွေမှားလားမှန်လားက မှားရင်မှားသလိုအရေးယူရမှာပေါ့လို့ ဘုန်းကြီးမလို့ မကောင်းမှု့ကျူးလွန်မှန်းသိရက်နဲ့ခွင့်လွတ်လိုက်ရင် လူတိုင်းဘုန်းကြီးဝတ်ကုန်မှာပေါ့လို့ပြောလိုက်တယ်

သူအစကအဲ့လိုတွေမပြောတတ်ဘူးဗျ ခုတော့ ဘာအကြောင်းနဲ့ များအဲ့လိုလုပ်ရက်လဲမသိဘူး နိုင်ငံတော်အလံကိုဗျာ သူ့အမျိုးတွေလဲ ကျွန်တော်တို့ ရန်ကုန်မှာအိမ်ဘေးမှာ ခုထိအရှင်လတ်လတ် လုပ်ကိုင်စားသောက်နေတာရှိပါ့
From:[_Forward Mail _]
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

နောက်ဆက်တွဲတွေ ဘယ်သူတာဝန်ယူမှာလဲ

ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ စတင်ခဲ့တဲ့ အချိန်မှာ ကချင်စစ်ပွဲကို အကြောင်းပြပြီး နော်ဝေး၊ ဗြိတိန် နဲ့ အနောက်နိုင်ငံတွေဆီမှာ ငြိမ်းချမ်းရေး စီမံချက်တွေ ရေး၊ ဒုက္ခသည် အကြောင်းပြပြီး ရလာမယ့် အကျိုး အမြတ် တွေအတွက် ထိုင်းနယ်စပ်က အခွင့်အရေးသမားတွေ စုပြုံရောက်လာခဲ့ကြတယ်။

တစ်ချိန်ထဲမှာပဲ အသေးစား တိုက်ပွဲတွေကနေ တပ်မတော်ရဲ့ ရိက္ခာပို့ စစ်ကြောင်းတွေကို အင်အား အလုံး အရင်း နဲ့ ခြုံခိုတိုက်၊ အရှင်ဖမ်း၊ နိုင်ငံတကာက ပုဂ္ဂိုလ်တွေ ခေါ်ပြပြီး ကချင်ပြည်နယ်မှာ တည်ငြိမ်အေး ချမ်းတာ တွေ ပျက်စီးခဲ့ချိန်ထိ အားလုံးက အေးအေးဆေးဆေး ဖြစ်နေကြတုန်း။ နောက်ဆုံး တပ်မတော်က ပြန် တိုက်တော့ ကုလသမဂ္ဂ ကယ်ပါဆိုတဲ့ အကြောင်းကြားစာ ထွက်လာတဲ့ အခါမှာ ထိုးစစ်တွေရပ်ပါ။ ငြိမ်းချမ်း ရေးကော်မရှင် ဖွဲ့ပါ တွေ ဖြစ်ပြီး လုပ်ခဲ့ကြရတယ်။

ကချင်ပြည်နယ်မှာ တံတားတွေကို ဖျက်ဆီး၊ ရထားလမ်းတွေ မိုင်းထောင်၊ ၀န်ထမ်း အဆောက်အအုံတွေ မီးရှို့ တာတွေလည်း မရပ်သွားဘူး။ ပြည်တွင်းမှာလည်း တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အား ရှိမည်ကို လက်မခံ ဆိုတာတွေ၊ တပ်မတော် မကောင်းကြောင်းတွေ နယ်လှည့်ဟောပြောပြီး ကချင်ဒေသ ပြည်သူတွေ တစ်ယောက်ပြီးတစ်ယောက် ကေအိုင်အေရဲ့ စစ်သားသစ်အဖြစ် စုဆောင်းခြင်း ခံခဲ့၇တယ်။ ငြိမ်းချမ်းရေး ဆွေးနွေးနေတယ် ဆိုတဲ့ အချိန်ကာလမှာတင် လိုင်ဇာတစ်ဝိုက်က ကေအိုင်အေဟာ မြစ်ကြီး နား- ရန်ကုန် မီးရထား လမ်းအထိ ရောက်လာတယ်။ လဂျားယန်တင်မက ဖားကန့်၊ ဗန်းမော်အထိ ခြေဆန့် လာ တယ်။ ဘယ်အခါမှ သဘောတူညီမှု မရတဲ့ ဆွေးနွေးပွဲတွေမှာ တံတားပြန်ဆောက်ဖို့ တောင်းပန် ခွင့်ပြု ချက် တောင်းတဲ့ တိုင်းမှူး တစ်ယောက်ပဲ သူရဲကောင်း ပေါ်ထွက်ခဲ့တယ်။

ရှေ့တန်း လဂျားယန်တစ်ဝိုက်မှာ စခန်းထိုင်တာတဲ့ တပ်ရင်းတွေ ဆီကို ရိက္ခာ မပို့နိုင်တော့ဘူး။ လုံခြုံရေး တာဝန် ယူရုံ ပို့ထားတဲ့ အင်အားအနည်းငယ် ရှိတဲ့ စခန်းတွေကိုလည်း ကေအိုင်အေ က စိတ်တိုင်းကျ ပစ် ခတ် နေလို့ တစ်ယောက်ပြီး တစ်ယောက် သေဆုံး ဒဏ်ရာ ရနေတာတွေလည်း တောင်လို ပုံနေခဲ့တယ်။ ဒုက္ခ သည် ပြည်သူ၊ ကေအိုင်အေ သောင်းကျန်းသူ ဘယ်သူမှန်း ခွဲခြားမရတဲ့ အချိန်မှာ တိကျသေချာပြီး ပြည် သူ မထိခိုက်စေတဲ့ နည်းလမ်းအတွက် လေကြောင်းနဲ့ ရှင်းလင်းခဲ့တယ်။

တိုက်လို့ အနိုင်ရသွားခဲ့ရင် တိုင်းပြည် ငြိမ်းချမ်းရေးအတွက် အကျိုးယုတ်စရာ တစ်ခုမှ မရှိဘူးဆိုတာကို သမ္မတကြီးက စလို့ ပြည်သူ တစ်ရပ်လုံး သိတယ်။ တပ်မတော်အလုပ် တပ်မတော် လုပ်နေချိန်မှာ ဒေါ်ေ အာင် ဆန်း စုကြည်တောင် တိုက်ရိုက်ဝင်ပါခဲ့တာ မရှိဘူး။ ပြည်တွင်းမှာ အစိုးရအဖွဲ့တွေရဲ့ လုပ်ဆောင် ချက်တွေ ပုံမှန်အတိုင်းပဲ ဖြစ်နေခဲ့တယ်။


ဆိုးရွားတဲ့ အဖျက်လုပ်ရပ်တွေကို ဘယ်သူမှ အသံမထွက်၊ ဘယ်သူမှ ငြိမ်းချမ်းရေး စကားအတွက် အလုပ် လုပ်ဖို့ မလှုပ်ရှားခဲ့ပေမယ့် မိုင်ပေါင်းထောင်သောင်းချီ ဝေးတဲ့ ကုလသမဂ္ဂက အသံထပ်ထွက်လာမှ လိုင်ဇာ ကို အပြေးအလွှားသွားကြ။ ငြိမ်းချမ်းရေး ဆွေးနွေးဖို့တွေ လုပ်ကြ။ ပြည်တွင်း မီဒီယာတွေက ဘက်ပေါင်းစုံ တိုက်ခိုက်လာကြတယ်။


လူတိုင်း ငြိမ်းချမ်းရေးကို လိုချင်ကြတယ်။ ဆွေးနွေးကြပါ။ဒီလို အပစ်အခတ် ရပ်စဲတဲ့နောက်မှာ မိုင်းထောင်၊ ဗုံးခွဲ၊ လူသစ်စု အဖျက်လုပ်ရပ်တွေ မလုပ်ပါဘူးဆိုတဲ့ အာမခံချက်ကို ဘယ်သူပေးမှာလဲ။ ရာနဲ့ချီ သေဆုံးေ ပး ခဲ့တဲ့ တပ်မတော်သားတွေ ၀င်ပြီး နယ်မြေကို ငြိမ်းချမ်းအောင် လုပ်နိုင်ချိန်ကျမှ အပစ်ရပ်ပါ ဆိုပြီး တွန်း အားပေး မယ်ဆိုရင် နောက်တစ်ခါ သေကြေမှုတွေ၊ ပျက်စီးမှုတွေအတွက် ဘယ်သူ တာဝန်ယူမှာလဲ ဆိုတာ ကို မေးလိုက် ချင်တယ်ဗျာ။
From:[_oppositeye _]
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

ကော့သောင်းလူကုန်ကူးအထူးအဖွဲ့နှင့်‌ ရနောင်းလူကုန်ကူးနယ်စပ်ဆက်ဆံရေးရုံးပူးပေါင်း၍ မြန်မာအမျိုးသမီး (၆) ဦးအား ကယ်တင်ခြင်း

၁။ ၂၉-၁၂-၂၀၁၂ ရက်နေ့ ၂၀၁၀ အချိန်တွင် တာဝန်သိပြည်သူတစ်ဦးက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် (လူကုန်ကူး) တိုင်တန်းချက်ဖုန်းသို့ ၎င်း၏တူမဖြစ်သူ မ xxxxxx ပါ ၆ ဦးအား မခင်သီတာနိုင်(ခ) မသံဇဉ်၊ ၃၀ နှစ်၊( ဘ) ဦးကျော်မင်းထွန်း၊ ဥက္ကာ ၂ လမ်း၊ မြောက်ဥက္ကလာပနေသူ အမျိုးသမီးက ထိုင်းနိုင်ငံ၊ ရနောင်းမြို့၊ ဘန်ဒေါရပ်ကွက်၊ အနှိပ်ခန်းသို့ ပို့ဆောင်ရန် ခေါ်ဆောင်သွားကြောင်း တိုင်တန်းခဲ့သဖြင့် စုံစမ်းဖော်ထုတ် ကယ်တင်ရန် ကော့သောင်းလူကုန်ကူးအထူးအဖွဲ့သို့ ညွှန်ကြားခဲ့ပါသည်။
၂။ ကော့သောင်းအထူးအဖွဲ့သည် ထိုင်းနိုင်ငံ၊ ရနောင်းမြို့လူကုန်ကူးနယ်စပ်ဆက်ဆံရေးရုံးနှင့် ဆက်သွယ် ၍ အဖွဲ့နှစ်ဖွဲ့ပေါင်း ပူးပေါင်းဆောင်ရွက်လိုကြောင်း ညှိုနှိုင်းခဲ့ပါသည်။

ထို့နောက် ကော့သောင်းအထူးအဖွဲ့မှ ရဲအုပ် ၀င်းနိုင်ဦးနှင့် ဒုရဲအုပ် သန့်ဇင်တို့သည် ၃၀-၁၂-၂၀၁၂ ရက်နေ့ ၁၄၃၀ အချိန်တွင် ရနောင်းမြို့သို့ သွားရောက်၍ နယ်ခြားစောင့်တပ် အမှတ် (၂၅) မှ ဗိုလ်မှူး ဌာနဖတ် ဦးဆောင်သော အဖွဲ့နှင့်အတူ ရနောင်းမြို့၊ဘန်ဒေါရပ်ကွက်ရှိ ချဘားဖိုင်အနှိပ်ခန်းအား ၀င်ရောက်စီးနင်းခဲ့ရာ အောက်ပါအမျိုးသမီး ၆ ဦးအား ကယ်တင် နိုင်ခဲ့ပါသည်-

(က) မ xxxxxx ၃၀ နှစ်၊ မြောက်ဥက္ကလာပ၊
( ခ ) မxxxxxxx(ခ) မxxxxxx ၊ ၁၇နှစ်၊ လှိုင်သာယာ၊
( ဂ ) မ xxxxxx(ခ)မxxxxx ၊ ၂၄ နှစ်၊ လှိုင်သာယာ၊
(ဃ) မxxxxxxx ၊ ၂၈ နှစ်၊ လှိုင်သာယာ၊
( င ) မxxxxxx(ခ) မ xxxxxxx ၊ ၁၇ နှစ် ၊ လှိုင်သာယာ၊
( စ ) မxxxxxxx (ခ) မxxxxxxxx၊ ၂၉ နှစ်၊ လှိုင်သာယာ၊
၃။ ယင်းအနှိပ်ခန်းပိုင်ရှင်မှာ မသီသီချို၊ ၄၃ နှစ် (ဘ) ဦးတင်နု၊ သကျက်ကန်းရွှာ၊ ပုလောမြို့နယ် နေထိုင်သူဖြစ်၍ ထိုင်းနိုင်ငံသား ကျာဖိုဆိုသူနှင့် အိမ်ထောင်ပြုထားသူ ဖြစ်ရာ ရနောင်းရဲစခန်းမှ စစ်ဆေး မေးမြန်းလျှက်ရှိပြီး ကယ်တင်ရရှိသူ အမျိုးသမီး ၆ ဦးအား ရနောင်းမြို့၊ ကလေးနှင့် အမျိုးသမီးဂေဟာ၌ ယာယီစောင့်ရှောက်ထားရှိခဲ့ပါသည်။

၎။ ဖော်ပြပါ အမျိုးသမီး ၆ ဦးအား ပို့ဆောင်သူများဖြစ်ကြသည့် မခင်သီတာနိုင် (ခ) မသံဇဉ်၊ (ဖမ်းမိ) နှင့် သူမ၏အစ်ကိုဖြစ်သူ မောင်မောင်နိုင် (တိမ်းရှောင်) တို့အား ရန်ကုန်လူကုန်ကူးအထူးအဖွဲ့မှ ဖော်ထုတ် ဖမ်းဆီးခဲ့ရာ မခင်သီတာနိုင် (ခ) မသံဇဉ် ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏အစ်ကိုဖြစ်သူ မောင်မောင်နိုင်မှာထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။ 

ဖြစ်စဉ်နှင့်ပတ်သက်၍ ၃၀-၁၂-၂၀၁၂ ရက်နေ့တွင် လှိုင်သာယာရဲစခန်း (ပ) ၁၄၆၉/ ၂၀၁၂၊ လူကုန်ကူး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်းနှင့် အဆိုပါပုဒ်မအရ အမျိုးသမီးများနှင့် ကလေးသူငယ်များအား လူကုန်ကူးမှု ကျုးလွန်ပါက ထောင်ဒဏ်၁၀ နှစ်မှ ထောင်ဒဏ် တစ်သက်အထိချမှတ်နိုင်ကြောင်း သိရသည်။ ကယ်တင်ထားသည့် အမျိုးသမီးများလွှဲပြောင်းပေးရေး၊ အနှိပ်ခန်းပိုင်ရှင် မသီသီချိုအား အရေးယူနိုင်ရေးတို့အတွက် ရနောင်း လူကုန်ကူးနယ်စပ်ဆက်ဆံရေးရုံးနှင့် ဆက်လက်ညှိနှိုင်း ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည် 

From:[_ရဲဇာနည် _]
 (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

The Voice Weekly ကျော်မင်းဆွေ ၊ ကေအိုင်အေရဲ့ ငွေကိုစားပြီးနိုင်ငံတော်ကိုသစ္စာဖောက်ပြီ.။

ကေအိုင်အေ၏ သတင်းတစ်ပုဒ် သို့မဟုတ် ကေအိုင်အေ ဘက်မှ ကာကွယ်ရေးသားသော သတင်းတစ်ပုဒ် ရေးသားတိုင်း ဖြန့်ချီတိုင်း ကေအိုင်အေမှ The Voice Weekly ကျော်မင်းဆွေထံသို့ တရုတ်ယွမ်ငွေ ၂သောင်းခွဲ( မြန်မာကျပ်ငွေ သိန်း ၃၀ နီးပါး တန်ဖိုး)ပေးအပ်နေပါတယ် ။ဒုတိယ သတင်းအနေနဲ့ ကေအိုင်အေ စစ်ဦးစီးချုပ် ဂမ်ရှောင် ဟာ ပေါင်ကို မှန်ထားတဲ့ ဒဏ်ရာထဲက ကျည်ဆံကို ခွဲထုတ်ထားပြီးဖြစ်ပါတယ် ။ဒါ့အပြင် ခါးအထက် ၂ လက်မ ခန့်တွင် လည်း ကျည်တစ်ချက် မှန်ထားပါသေးတယ် ။


  (မောင်ကျောက်ခဲ အဖွဲ့)
Readmore »


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ