Readmore »
May 28, 2012
ကောက်ညှင်းပေါင်းပြီးရင် နှမ်းဝင်ဝင်ဖြူးပြီ
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
2:05 AM
0
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ဓါတ်ပုံကဏ္ဍ
May 24, 2012
“၀”တပ်ဖွဲ့ဝင်များ၏ ကံကြီးထိုက်မည့်လုပ်ရပ်များ(မိုင်းမောဒေသ)
လွတ်လပ်စွာ ကိုယ်ကွယ်ယုံကြည်ခွင့်ရှိတဲ့ ကျွန်တော်တို့နိုင်ငံမှာ ဗလီတွေ၊ ဘုရားရှစ်ခိုးကျောင်းတွေ ဟောတစ်လုံး၊ ဟောတစ်လုံး ပေါ်နေတဲ့အချိန်မှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါး သာသနာပြုဖို့ ဘုန်းကြီးကျောင်းတစ်ကျောင်း ပေါ်ပေါက်ရေးကြမှ အဘယ်ကြောင့်ထ၍ စော်ကားနှောက်ရှက်နေကြသနည်း၊ ကျွန်တော်နားမလည်အောင်ကိုပင်ဖြစ်မိပါတယ်။
“၀”ဒေသ၊ မိုင်းမောခရိုင်၊ ယောင်ဟရကျေးရွာမှာ သာသနာပြုနေတဲ့ တန့်ယန်းမြို့၊ ဝေဠုန်ဝန် ဆရာတော် ဦးဝဏ္ဏဓဇအပါအ၀င် ရဟန်းတော် ၂၆ပါးနှင့် ဥပသကာ ၇ ဦးတိုးကို ၂၀၁၂ခုနှစ်၊ “မင်းတို့က ပညာတတ်တွေဖြစ်ပြီး လူကလုပ်တဲ့အရုပ်ကို ဘာလိုကိုးကွယ်ရတာတုန်း၊ ဘာအကျိုးမှမရှိဘူး၊ မိန်းဖုန်းဆရာတော်လို ဘုရားရုပ်ထုထဲမှာ ရာမဆေးတွေထည့်လာရင် ဘယ်လိုလုပ်မလဲ၊ မကောင်းတဲ့မိန်းမထမီတွေထည့်လာရင်ဘယ်လုပ်သိနိုင်မလည်း” လို့ ယုတ်ရင့်ကြမ်းတမ်းစွာပြောဆိုပြီး မြတ်စွာ ဘုရား ရုပ်ပွားဆင်းတုတော်တွေကို ထုရိုက်ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ ဘုရားမရှိ၊ တရားမသိ၊ သံဃာမသိ၊ တရားဆင်းရဲ့၊ ဤလူ့ငမွဲများ သံတရာမကြောက် ပြစ်မှားကျူးလွန်မှုများကို သူတို့ကိုယ်စား ရင်လေးမိပါတယ်။
ကျွန်တော်ဖက်ဘူးတဲ့ မေတ္တာရှင် (ရွှေပြည်သာဆရာတော်) ရေးသားထားတဲ့ “မဂ်တားဖိုလ်တား အန္တရာယ်များ” ဆိုတဲ့စာအုပ်ထဲမက “ဘ၀ပျက်စေသောစကားတစ်ခွန်း” ဆိုတဲ့ဆောင်းပါးလေးကို သတိရမိပါတယ်။ ပံ့တကူသင်င်္ဃန်းကို အရှက်လုံရုံဝတ်ထားတဲ့ ပစ္စေကဗုဒ္ဓကိုကြည့်ပြီး သဌေးသားက “လူတွေနဲ့ဗျာ ငါလိုဝတ်ကောင်းစားလှ ၀တ်ထားသူကိုတော့မကြည့်ဘဲ ကုဌနူနာသူတောင်းစားတစ်ယောက်လို အ၀တ်စုတ်ဝတ်ထားတဲ့သူကိုမှ ၀ိုင်းကြည့်နေကြတယ်” လို ပြစ်မှားမိလိုက်လို့ သံတရာတစ်လျှောက်လုံး ဘ၀ပျက်သွားတယ်လို ဖက်ရဘူးပါတယ်။ အခုက ပြစ်မှားယုံသာမဟုတ်ဘဲ သက်တော်ထင်ရှား မြတ်စွာဘုရားအား ရည်စူးထုဆစ်ထားတဲ့ မြတ်စွာဘုရားရုပ်ပွားဆင်းတုတော်တွေကို ဖျက်ဆီးခဲ့သတဲ့ဗျာ။ ဘယ်လောက်များ အကုသိုလ်အမှောင်တိုက်ထဲ့မှာ သွတ်သွင်းပိတ်မိနေသလဲမသိ၊ သူတိုအစားကြားရရုံနဲ့ ကြက်သီးများထသည်အထိ ကြောက်ရွန့်တုန်လှုပ်မိပါတယ်။
![]() |
| အင်အားကြီးမားလာသော ဝ တပ်ဖွဲ့များ |
“၀”ဒေသ၊ ဟောင်ဟရကျေးရွာဟာ ယခင်ကနတ်ကိုယ်ကွယ်ခဲ့ပြီး ယခုအခါ ဝေဠုန်ဝန်ဆရာတော်၊ နမ့်လောင်းဆရာတော်တို့ရဲ့အကူုအညီနဲ့ အခက်အခဲများစွာကြားမှ ဗုဒ္ဓအဆုံးအမ ခံယူပွဲဖြစ်မြောက်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး အိမ်ထောင်စု ၈၈ စု၊ ရွာသူ/ရွာသား ၂၈၀ တို့မှာ ၊ ဗုဒ္ဓဘာသာကို အမှန်တကယ် သက်ဝင်ယုံကြည် ကိုးကွယ်ခဲ့သော်လည် လက်နက်ကို “၀” တပ်ဖွဲ့ဝင်များ၏ နှောက်ယုက်ဖျက်ဆီးခြင်းကို ခံခဲ့ရ၍ ဘုန်းတော်ကြီးများအား ဖမ်းဆီးချုပ်နှောင်ခေါ်ဆောင်သွားသဖြင့် “၀”ဒေသရှိပြည်သူများအနေဖြင့် လွတ်လပ်စွာနေထိုင်ခွင့်မရှိသည့်အပြင် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ပါ ပျောက်ဆုံးနေသဖြင့် ဒေသခံတိုင်း ရင်းသားအချင်းချင်း နားလည်ခံစားမိပါတယ်။ အခက်အခဲများကြားမှ ဗုဒ္ဓဘာသာအဆုံးအမ ခံယူသည့် ဟောင်ဟရကျေးရွာ ရွာသူ/ရွာသားများ၏ စိတ်ဓါတ်အားချီးကျူးဂုဏ်ပြုလေးစားမိပါတယ်။
လွတ်လပ်စွာ ပြောဆိုနေထိုင်ပြီး လွတ်လပ်စွား ယုံကြည်ကိုးကွယ်ခွင့်ရှိသော ကျွန်တော်တို့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးမှာ “၀”ဒေသအတွင်းရှိ တိုင်းရင်းသားညီအကိုများအား အများနည်းတူပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်ပြီး လွတ်လပ်စွာယုံကြည်ကိုးကွယ်နိုင်ပါစေလို့ ဆန္ဒပြုဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
____________________________________________________________________________
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
4:42 PM
1 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ဆင်ခြင်နိုင်ကြစေ, ပန်ကြားပါရစေ
မင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ တတ်ယောင်ကားလုပ်ပြီ
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
1:30 AM
0
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ပေးစာကဏ္ဍ
May 23, 2012
ဖယောင်းတိုင်ပွဲမှာ တကယ်လိုနေတာ ဘာလဲ
သို့သော် မေးစရာများရှိပါသည် ။ထေ့စရာများ ပါလာတော့သည် ။ ကျွန်ုပ်တို့ ဝသီအတိုင်း ထေ့ပါတော့မည် ။
ဘယ်နှယ့်...။
ဆန္ဒပြကြပါလို့ မည်သူမျှ တိုက်တွန်းချက်မျှ မပါပဲ ပြည်သူ့ဆန္ဒနဲ့အညီ လမ်းပေါ် ဖယောင်းတိုင်ကိုင် ထွက်လာ..မကြာခင် ပြည်သူအသံက ထိရောက်တော့မှ ပေါ်လာပါတော့တယ် ။ အားပေးသူကြီးများ ပံပိုးသူကြီးများ ဓါတ်ပုံတွေရိုက် မီဒီယာတွေပေါ်ရောက်ကြ..သိပ်ဟုတ်ကြ..။ဒါနဲ့ မေးပါရစေဦး..
ပြည်သူအသံတွေ ထွက်မလာခင်တုန်းက သူလေးတွေ ဘယ်ဂျောင်ရောက်နေလဲ..။
အဲမန္တလေးမှာ ဆန္ဒပြတာ ဘာမှမဖြစ်ဘူးဟေ့ အသံလည်းကြားရော ပြလိုက်တဲ့မြို့တွေ..ပြကြပါ..တောင်းကြပါ..ဒါက ပြည်သူအသံကိုးဗျ။
ဟော..ဖမ်းပြီဟေ့ဆိုရော..ဖမ်းတယ်ဟ..အသံလေးကြားရုံတင်ရှိသေး..။
အားပေးသူ စင်ပေါ်တတ်အားပေးသူများ ပျောက်နေလိုက်တာ တစ်နေ့လုံး..ဘယ်ရောက်သွားပါလိမ့်..။
အစိုးရက အရင်စစ်တပ်စောက်ကျင့်ပဲ..ဘာဖြစ်တယ် ညာဖြစ်တယ်..နဲ့..အိုး..ဆဲလိုက်တာ မိုးမွန်ရော..။
နောက်တော့ ခေါ်မေးခံရသူကိုယ်တိုင် လူကြီးလူကောင်းဆန်စွာ ဆန္ဒပြခြင်းရည်ရွယ်ချက်နဲ့ နောက်လုပ်မဲ့အစီအစဉ်ကိုမေးတာပါ အကြမ်းဖက်ခြင်း ယုတ်မာခြင်း မရှိပါဘူးဆိုတော့ ခွေးသူတောင်းစားများက စောက်သံတွေ ပိတ်ရောဗျ။ဘာမှလည်း ဆက်မပြော ဆက်မရေးကြပါလားနော် ။ဘယ်ပြောမလဲဗျ ။သူတို့မှန်းတာ အမှန်ပြောတာအမှန်ဆိုပြီး ဆရာတတ်လုပ်တာ ဆရာမဟုတ်ပဲ ဆကီ(GAY-ဂျော်ကယ်-အခြောက်)ဖြစ်မှန်းသိတော့ ပတ်တောကို ပိတ်ရောပါလား ။
မန်းမြေကနေ ဆင်းလာလိုက်တာ ရန်ကုန်ရောက်တော့ ပြည်သူအသံကနေ နိုင်ငံရေးနဲ့ စီးပွားရေး ဂွင်ကြီးဖြစ်သွားပါလေရောပါလားဗျ ။
ဆန္ဒပြ ပြည်သူတွေ ကိုင်ဆောင်ထားတာက မီးပေးဖို့ တရုတ်ကို မီးမရောင်းပဲ နိုင်ငံတွင်း ပဲပေးဖို့ တနေ့ ၈ နာရီပေးဖို့ ၁၂ နာရီပေးဖို့ ၂၄ နာရီပေးဖို့ အမျိုးမျိုး မီးနဲ့ပတ်သတ်တာပဲကိုင်ဆောင်ပြတာပါပဲ။
အခုတော့ လူစည်တယ်ဟေ့ ဆိုတာနဲ့ ပေါ်လာတယ် စောက်ကျင့်တွေ...။
ဟိုအမယ်အိုကြီးလေသံအတိုင်းပဲ..ဖွဲ့စည်းပုံပြင်ရန်တဲ့..။နောက်တော့ အားလုံးဝိုင်းအော်ကြတာနဲ့ ခွေးသားလေးတွေ ပျောက်သွားရော..။မရတော့ဘူးမောင်ငယ်။
မြန်မာပြည်သူတွေ စာတတ်နေပြီ။power အဆင့်ဖြစ်နေပြီ.ပွန်းရုပ်မဟုတ်တော့ဘူး..။
ခင်ဗျားတို့ကို မီးပေးတာ လျှပ်စစ်က ဘုရားကပေးတာမဟုတ်ဘူး..ဆန္ဒပြချင်ရင် လျှပ်စစ်ရုံးသွားပြ ဆိုပြီးပြောလိုက်တဲ့ ဦးရဲကြီးတစ်ယောက်ရဲ့ စကားကြတော့ ဆတ်ဆတ်ထိမခံ ဖြစ်ကြပါရောလား..။
![]() |
| ဆွမ်းဆန်ထဲက ကြွက်ချီး |
အဲနောက်တော့ လူအုပ်ကြားဝင် တမျိုးပြတယ်ဗျ..။ ကောင်းကျိုးလိုလားသလို..လူမှန်လိုလိုနဲ့..တကယ်တော့ လမ်းကြောင်းကို လွဲပေးပြီး သူတို့ လိုချင်တဲ့ လမ်းကို ဆွဲခေါ်တာပါပဲ..။အဲဒါကတော့ လျှပ်စစ်ဝန်ကြီးထွက်ပေးရေးဖြစ်ပြန်ရောလား ။
အားလုံးအကြိုက်တော်ကီသုံးပြီး သူတို့ခွင်ထဲဆွဲခေါ်တာပေါ့ဗျာ..။လူထုက မီးရရှိရေးကနေ ဟိုဝန်ကြီးထွက်ပေး ဒီလူကြီးထွက်ပေး နောက်တော့ မရရင် ဆက်စုဝေးကြ ဆက်ပြီး ဆန္ဒပြကြပေါ့ဗျာ.။
မန်းမြေမှာလည်း ပထမတော့ လမ်းလျှောက်ဆန္ဒပြ တိတ်ဆိတ်စွာပြန်ကြ..နောက်နေ့တွေကျတော့ အော်ဟစ်တာ တွေ ကားဘောနက်တွေထုတာတွေပါလာပြီး နည်းနည်းဆူလာပြီ..။စဉ်စား ရွှေမန်းသားတွေ အဲလောက်မရိုင်းဘူးဆိုတာ သိတယ်.။ဘယ်ကောင်တွေ ဝင်ပြီး ဓါးခုတ်နေလဲ..ပွဲလုပ်သူတွေကိုယ်တိုင် လက်လှ်ျိုပြီး အဖြတ်ခံရမှာတော့စိုးရိမ်သဗျ ။
နောက်ဆုံးတော့ လည်း ဖယောင်းတိုင်ဆိုင်တွေ ရောင်းလို့မလောက်ဘူး..။ရက်ရှည်ဆန္ဒပြပါစေတောင် ဆုတောင်းနေကြတာ.အဲလို။
![]() |
| ပြည်သူတွေလိုချင်တာ ဘာလဲ |
ကောင်းပြီ..မီးမရတာ ဘာကြောင့်လဲမေးနေတဲ့လူများ ဒီမီးအားပေးစက်ရုံတွေဆောက်တာကောင်းတယ်လို့ ပြောတာ ဘယ်နှယောက်ပါခဲ့လဲဗျ။
ပညာရှင်တွေ လာပါဆိုတော့ ဘယ်ခွေးသူတောင်းစားမှ ပြန်မလာဘူး..။
ကဲဗျာ..အရိုးဆုံးပြောရရင် တော့ မီးပေးပါ ဆန္ဒပြမဲ့အစား တစ်နိုင်ငံလုံးမီးပေးဖို့ ကျုပ်တို့လုပ်နိုင်တယ်ဆိုပြီး ရင်ကော့ပြီး အာမခံထွက်တဲ့ပညာရှင်လေးတစ်ယောက်လောက်တောင် မပါတာတော့...............။
ဟင်း ဟင်း ဟင်း.......................... သိပ်မဟုတ်ဘူးနော်.။
(မောင်ကျောက်ခဲအဖွဲ့ဝိုင်းတော်သားများ ထောက်ပြဝေဖန်သည်)
__________________________________________________________________________
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
9:07 PM
0
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ပန်ကြားပါရစေ
May 22, 2012
အလှည့်ကျမီးမရပါက တိုင်ကြားနိုင်ရန်ဖုန်းနံပါတ်များ
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
11:00 PM
2
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ဓါတ်ပုံကဏ္ဍ
စကားပြောကောင်းသော တီကောင်တစ်ကောင်
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
8:00 PM
1 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = သရော်စာ
.ဒေါက်တာကြီးသန်းထွဋ်အောင်များ ဖတ်မိရင်လေ
မိန်းမနဲ့မွေ့ယာပေါ်မှာတိုင်ပင်..မနက်ကျရင် ဒီဟာက ဘာဖြစ်တယ်..ညာဖြစ်တယ်..နဲ့ကိုယ်ပိုင်မီဒီယာနဲ့အော်
ခင်ဗျားကြီးရှယ်ယာပါတဲ့ ဟို အထူးကုဆေးရုံနာမည်တတ်ဖို့လည်း ဆေးရုံအချင်းချင်း ဘာဖြစ်တယ်..ညာဖြစ်တယ် ဖွ လိုက်တာ..။
အခုလည်း မီဒီယာတွေ ဖေ့ဘုတ် တွေက ဝိုင်းဆော်တော့ ကြောက်တတ်လိုက်တာ..
ကိုယ့်သတင်းစာကနေပြန်အော်..အရေးယူသင့်ဘာ ညာပေါ့...။
တကယ်တော့ ခင်ဗျားကြီးနဲ့ခင်ဗျားတပည့်တွေလည်း သောက်ကြီးသောက်ကျယ် လူကပ်ပါးတွေမလား..။
NLD နဲ့ သတင်းထောက်တွေတိုက်ပွဲမှာ ပါးစပ်တောင် မဟရဲဘူးနော်.။
စိတ်ချ..ကျူပ်တို့ရဲ့ကန့်လန့်ကောင်စာရင်းထဲမှာ ခင်ဗျား ဝင်လာမှတော့ နောက်ကွယ်သတင်းတွေ ရအောင်ပိတ်ထားတော့ဗျနော်..နောက်မှ တရားစွဲမယ်..ထမအော်နဲ့ဗျို့..ငွေဖြူကနေ ငွေမည်း..ရှောင်တဲ့အခွန်တွေလည်း ရှိသေးသဗျနော်.
______________________________________________________________________
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
3:49 PM
1 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ပန်ကြားပါရစေ, သရော်စာ, ပေးစာကဏ္ဍ
May 20, 2012
မန်း/စည်ပင်အတွင်းရေးမှူးသား ထိုးကြိတ်မှု ဖြစ်ရပ်မှန်
ဖြစ်ပုံကတော့ဒီလိုပါ။ အရိုက်ခံ၊အထိုးခံရတယ်ဆိုတဲ့ မထွယ်အောင် ရဲ့ညီမ မနူးနူးသော်ဆိုတာ မန်းစည်ပင်အတွင်းရေးမှူးရဲ့သား ချိုဌေးမောင်ရဲ့ ရည်းစားပါ။ ၃၁-၃-၂၀၁၂ နေ့ က မထွယ်အောင်နဲ့ညီမဖြစ်သူမနူးနူးသော်တို့စကားများ ကြပါတယ်။
စကားများရင်းကနေလက်ပါ ပါလာကြပြီး မထွယ်အောင်ကနေမနူးနူးသော်ကို ဆံပင်ဆွဲပါးရိုက်ပါတယ်။
အဲတာကိုမနူးနူးသော်ကမကျေနပ်လို့ ရည်းစားဖြစ်သူ ချိုဌေးမောင်ကိုဖုန်းဆက်ပြီးတိုင်ပါတယ်။အဲဒီမှာ ချိုဌေးမောင်က မထွယ်အောင်နဲ့ မနူးနူးသော် တို့ငှားနေတဲ့အိမ်ကိုရောက်လာပြီး မနူးနူးသော်နဲ့တွေ့ပါတယ်။ပြီးတော့အိမ်ထဲကပြန်အထွက် အပေါက်ဝရောက်တဲ့အချိန်မှာ မထွယ်အောင်နဲ့ ချိုဌေးမောင်တို့အပြန်အလှန်စကားများ ဆဲဆိုကြပြီး တစ်ယောက်နဲ့တစ်ယောက် လုံးထွေးသတ်ပုတ်ကြပါတယ်။
ချိုဌေးမောင်ကမထွယ်အောင်ကို လက်သီးနဲ့ထိုးသလို မထွယ်အောင်ကလည်း ချိုဌေးမောင်ရဲ့အင်္ကျီကိုဆွဲပြီး ဖိနပ်နဲ့ပါးရိုက်ပါတယ်။နောက်တော့ဘေးကလူတွေဝင်ဆွဲတာနဲ့ရန်ပွဲပြီးသွားပြီး တစ်ဖက်နဲ့တစ်ဖက် အမှတ်(၉)ရဲစခန်းမှာ အပြန်အလှန် အပြန်အလှန် တရားစွဲကြပါတယ်။ဒီနေရာမှာသိစေချင်တာက ချိုဌေးမောင်ဘက်ကနေ အမှုဖွင့်ရာမှာသက်သေအဖြစ်နဲ့ လိုက်ပါတိုင်ကြားခဲ့တာက မထွယ်အောင်ရဲ့ ညီမ အရင်းဖြစ်တဲ့ မနူးနူးသော်ပါ။
တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်အမှုဖွင့်တဲ့အတွက် နှစ်ဘက်စလုံးတရားလိုနဲ့ တရားခံတွေပါပဲ။အဲတာကြောင့်နှစ်ဖက်စလုံးကို ရဲတွေကအမှုနဲ့စစ်ဆေးပြီးနှစ်ဖက်စလုံးကို အာမခံနဲ့ လွှတ်ပေးပြီး အမှုကိုတရားစွဲတင်ဖို့ဆက်လက်ဆောင်ရွက်နေပါတယ်။သူတို့တွေဖြစ်တဲ့အမှုကလည်း အာမခံပေးရမယ့်အမှုဖြစ်တဲ့အတွက် အမှုအတောအတွင်းမှာ နှစ်ဖက်စလုံးကိုအာမခံနဲ့ လွှတ်ထားတာပါ။
ဒီဖြစ်စဉ်ကိုပြန်ပြီးသုံးသပ်ရမယ်ဆိုရင် ဒီအမှုမှာ လူတင်ပါလို့နွားကျားကိုက်တယ် ဆိုတဲ့စကားပုံလို မနူးနူးသော်က ဖုန်းဆက်ပြီးရည်းစားကိုတိုင်တဲ့အတွက် ချိုဌေးမောင်က ညီအစ်မ နှစ်ယောက်ကြားမှာဝင်ပြီး သူရဲကောင်း လုပ်တာပါ။နှစ်ဖက်စလုံးကလဲ ဒေါသကိုရှေ့ထားပြီးဖြေရှင်းကြတဲ့အတွက် ဒီလိုအမှုအခင်းတွေ ဖြစ်ကုန်တာပါ။မထွယ်အောင်ပြောသလို အကျီရင်ဘတ်ကိုဆွဲပြီး ထိုးကြိတ်ရိုက်နှက်တာမှန်ပေမယ့် ဘာအကြောင်းမှ မရှိဘဲလုပ်တယ် ဆိုတာကတော့ မဖြစ်နိုင်ဘူးဆိုတာ လူတိုင်းလဲတွေးမိမှာပါ။ချိုဌေးမောင်ဘက်က မိန်းကလေးတစ်ဦးကို ရိုင်းစိုင်းစွာ ထိုးကြိတ်ရိုက်နှက်ခဲ့သလို မထွယ်အောင်ကလည်း ပြန်ပြီးလက်တုန့်ပြန်ခဲ့ပါတယ်။
ကျွန်တော့်အမြင်ကတော့ ချိတ် ချိတ်ချင်းမို့ညှိကြတာပါ။မထွယ်အောင်ပြောသလို အကြောင်းမဲ့သက်သက်ဝင်ရိုက်တယ်ဆိုရင်ရပ်ကွက်ကလဲ ဒီအတိုင်းကြည့်နေမှာ မဟုတ်ပါဘူး။ နောက်ပြီး မထွယ်အောင်ပြောသလို အထက်က ဖိအားပေးလို့ အမှုမှန်ပေါ်ရေးအတွက် အနှောက်အယှက် အဟန့်အတားဖြစ်တယ်ဆိုတာ ကလည်း အခြေအမြစ် မရှိဘူးလို့ထင်ပါတယ်။ဒီအမှုဟာ ဆားပုလင်းနှင်းမောင်တို့ ၊ စုံထောက်ကြီးရှားလော့ဟုမ်း တို့ ၀င်စစ်ရလောက်မယ့် လျှို့ဝှက်နက်နဲတဲ့အမှုလည်းမဟုတ်ပါဘူး။ဒီဖြစ်ရပ်ကိုအကုန်မြင်တဲ့ သက်သေတွေလည်း ရှိပါတယ်။
မထွယ်အောင်က ရဲစခန်းကိုသွားမေးတော့ ဘယ်ရဲအရာရှိက အဲလိုပြောလိုက်တာလဲ။ဘယ်နေ့ကပြော လိုက်တာလဲ ။ တကယ်သွားမေးတာရောဟုတ်ရဲ့လား။ကိုယ့်စကားကိုယ် ဘယ်လောက်အထိတာဝန်ယူနိုင်သလဲ။ဒီလိုပြောနေလို့ကျွန်တော့်ကိုလည်း ဓားခုတ်ရာလက်ဝင်လျှိုတယ်မထင်ပါနဲ့။ကျွန်တော်ဘယ်ဘက်နဲ့မှ အမျိုးမ တော်ပါဘူး။
မထွယ်အောင် ထိုးကြိတ်ရိုက်နှက်ခံရတာမှန်ပါတယ်။ဒါပေမယ့် သူပြောသလို အကြောင်းမဲ့တော့မဟုတ်ပါဘူး။ သူပြောသလို ထိရောက်မှန်ကန်စွာအရေးယူပေးရန်နှင့်အများပြည်သူသိစေရန် ဆိုတဲ့နေရာမှာ သူကိုယ်တိုင်ကလည်း အများပြည်သူကို ပွင့်ပွင်းလင်းလင်း ရိုးရိုးသားသား ပြောပြဖို့လိုပါမယ်။ ချိုဌေးမောင်ကို အာမခံနဲ့လွှတ်ထားသလို မထွယ်အောင်ကိုလည်း အာမခံနဲ့ လွှတ်ပေးထားတာပါ။ငါ့စကား နွားရ ဆိုတဲ့ပုံမျိုးနဲ့ ပြည်သူကို အမှန်အတိုင်းမပြောဘဲ ရေးချင်ရာရေးလို့ပြီးရောလား။ဒီအမှုမှာ ချိုဌေးမောင် အပြစ်ရှိသလို မထွယ်အောင်မှာလဲအပြစ်ရှိပါတယ်။မထွယ်အောင်ဘက်ကလည်း ရိုးသားမှုရှိစေချင်ပါတယ်။နှစ်ဦးနှစ်ဖက်စလုံး တရားရုံးမှာဥပဒေအတိုင်း ရင်ဆိုင်ရမှာပါ။တရားကိုနတ်စောင့်ပါတယ်။
အဖြစ်မှန်သိရှိသူတဦး ရေးသားပေးပို့ ထားတာပါ
Myanmar News Now
______________________________________________________________________
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
8:00 PM
0
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ပန်ကြားပါရစေ
ကိုဇာဂနာ အတွက်ကြေငြာတစ်ပုဒ်
ဖောက်သည်တောင်ဖြစ်သွားစေနိုင်ပါတယ် ။
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
6:30 PM
0
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = သရော်စာ
။ရွှေလီ-မန်စံ ဓါတ်အားလိုင်းအား ကေအိုင်အေမှ မိုင်းခွဲဖျက်ဆီးလိုက်ပြန်ပြီ
ကျေးရွှာအနီးရှိ ၂၃၀ ကေဗွီ ရွှေလီ-မန်စံ မဟာဓါတ်အားလိုင်းတာဝါတိုင် အမှတ်(၇၃)သည် ကေအိုင်အေ
၏ ဖောက်ခွဲခြင်းကို ခံလိုက်ရသည်
ဖောက်ခွဲခြင်းခံရသော တာဝါတိုင်များမှာ အောက်ခြေထောက်တိုင်တစ်ချောင်းမှာ အုတ်ခုံအထက် ၃ လက်မ အကွာမှစ၍ နှစ်လက်မခန့် ကျိုးပဲ့ပြတ်တောက်သွားပြီး ကျန်ထောက်တိုင်များ မှာလည်း အုတ်ခုံအထက် ၆လက်မခန့်တွင် ၃ လက်မ အရှည်ခန့် ပေါက်ထွက်ပျက်ဆီးသွားပါသည် ။
အဆိုပါဖြစ်စဉ် ဖြစ်ပွါးပြီး နောက်တရက်တွင်လည်း မေ ၁၉ ရက် နံနက် ၂ နာရီ ၄၇ မိနစ်တွင် အဆိုပါ ဓါတ်
အားလိုင်းရှိ တာဝါတိုင် အမှတ် (၂၀၆ /၂၀၇/ ၂၀၈) သုံးတိုင်အား မိုင်းခွဲဖျက်ဆီးရာ တာဝါ အမှတ် ၂၀၆ နှင့်၂၀၇ နှစ်တိုင်မှာ ထောက်တိုင် လေးချောင်းလုံးပြတ်ထွက်သွားပြီး လဲကျပျက်စီးသွားပါသည် ။တာဝါ (၂၀၈)မှာလည်း ထောက်တိုင် နှစ်တိုင်ပြတ်ထွက်သွားပြီး တစ်စောင်းဖြစ်သွားပါသည် ။ထို့ကြောင့်လျှပ်စစ်ဓါတ်အားသွယ်တန်းရာကြိုးများလည်းပြုတ်ကျပြီး ရှူပ်ထွေးသွားသောကြောင့် ဓါတ်အားစနစ်အတွင်း မဂ္ဂါဝပ် ၂၀၀ တိတိ လျော့နည်းကာ ဓါတ်အားပြတ်တောက်သွားပါသည် ။
ကေအိုင်အေ အနေနှင့် မြေပြင်တိုက်ပွဲများတွင် ရှူံးနိမ့်ခြင်းများဆက်လာပြီး အွန်လိုင်းစာမျက်နှာများတွင်လည်း
သူတို့သာနိုင်ကြောင်း အစိုးရတပ်များ အထိနာနေကြောင်းများရေးသော်လည်း အစိုးရက ဖိတိုက်နေပါပြီ.ဟု
ပြောသော စခန်းများနေရာများကိုကြည့်လိုက်လျှင် လိုင်ဇာအနားသို့ပင်ရောက်နေသော်လည်း ဖင်ထဲဆင်အဝှာဝင်နေသော်လည်း ကြမ်းပိုးဝင်နေပါတယ် ဟူသော အပြောများဖြင့် ဖင်ပိတ်ငြင်းနေပါသည်။
ယခင်နေ့များကလည်း စစ်တပ်က မုဒိန်းကျင့်ပါသည်ဟူသော သတင်းတစ်ပုဒ်ဖတ်လိုက်ရ၍ စုံစမ်းကြည့်ရာ
ဟိုလူပြောသည် ဒီလူပြောသည် နှင့်နောက်ဆုံး အာမခံပြောသည့်လူ မရှိပဲ အကွက်ပျောက်သွားပါသည်။
တနိုင်ငံလုံးရှိလက်နက်ကိုင်များ ငြိမ်းချမ်းရေး အတွက်ဆွေးနွေးနေချိန်ဝယ် ကေအိုင်အေမှ ခေါင်းမာကာ ကချင်ပြည်နယ်အတွက်လည်း မကြည့် အောက်ခြေတပ်သားများအတွက်လည်း မကြည့်ပဲ ခေါင်းမာနေဆဲရှိနေပါသည် ။သမ္မတကြီးအနေဖြင့်လည်း နိုင်ငံရေးအခင်းအကျင်းလှပစေရန်
ရည်ရွှယ်မနေပဲ လိုင်ဇာအထိတပ်မသိမ်းပါဟူသော အပြောကို ကေအိုင်အေမှ လက်စွဲထားကာ တမင်ညစ်နေပြီး နိုင်ငံရေးနည်းနှင့်အချိန်ဆွဲကာ နိုင်ငံရေးသိက္ခာချနေခြင်းသာဖြစ်သည်။စစ်ပွဲကြာလာသည်နှင့်အမျှ နှစ်ဘက်တိုက်နေရသော စစ်သည်များ“
ဘဝနှင့် ရပ်တည်မှူ နောက်ခံမိသားစု အခြေအနေများကို ငဲ့ကြည့်သင့်ပါသည် ။ထိုရဲဘော်များ ပေးဆပ်နေရသော အသက် နှင့် ဘဝတို့မှာ စက်ရုံမှထုတ်လိုက်သော ဂျစ်ကားများမဟုတ်ပါ။စစ်ပွဲကြာလာသည်နှင့်အမျှ နိုင်ငံရှေ့ဆက်သွားရမည့် လမ်းတွင်အတားအဆီးဖြစ်နေပါသည်။ထို့ကြောင့် ကေအိုင်အေ နှင့် အစိုးရတို့ အမြန်ဆုံး ငြိမ်းချမ်းရေးယူလျှင်အမြန်ဆုံးယူပြီး ထိုသို့မဟုတ်ပါကလည်း လိုင်ဇာအား ဒုတိယ မာနယ်ပလောနယ်မြေ ကဲ့သို့အမြန်ဆုံးသိမ်းပိုက်ကာ အမြစ်ဖြတ်သန့်စင်ပေးစေလိုပါတော့သည် ။
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
4:30 PM
0
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ပန်ကြားပါရစေ, သတင်း
ပွင့်သောပန်းတိုင်း လန်းစေလို
လက်ခံကောင်တာရှေ့ ရှိကြွေပြားများကို အ၀တ်တံမြက်စည်းနှင့် မတ်တတ်ရပ်ရင်း ပွတ်တိုက်နေသည့် မအိတာ၏ မြင်ကွင်းထဲသို့ ခြေထောက် ဖောင်းဖောင်းလေး တစုံဝင်လာသည်။ ခြေညှပ်ဖိနပ် ဖြူဖြူလေး စီးထားသည့် ခြေဖမိုးပေါ်မှာ ဘဲခေါင်းစိမ်းရောင် လုံချည် ပျော့လေး ပုံကျနေသည်။ ထိုမှတဆင့် သော့ချိတ်ကလေးများနှင့် အပြာရောင်ကျောပိုးအိတ်လေး။ စာအုပ်တချို့ကိုပိုက်ထား သည့် လက်ကလေးများ။ လက်မောင်းနှင့် ရင်ဘတ်မှာ တံဆိပ်တချို့တပ်ထားသည့် အင်္ကျီဖြူ ။
မအိတာ မလုပ်သင့်တာကို လုပ်လိုက်မိသည်။ ဧည့်သည်မိန်းကလေး၏ မျက်နှာကို ခပ်ရှန်းရှန်းကြည့်လိုက် သည်။ ပုခုံး မရောက် တရောက် ဖြောင့်စင်းစင်း ဆံပင်နက်ကလေး နှင့် မိန်းကလေးမှာ အသက် ဆယ့်ငါးနှစ်ထက် ပိုပုံမရ။ မအိတာသက်ပြင်းချလိုက်ရင်း ကြွေပြားများကိုသာ ခပ်ဖိဖိဆက်ပြီး တိုက်နေလိုက်သည်။
တနာရီခွဲခန့် ကြာသောအခါ ဧည့်သည်များထွက်သွားသည့် အခန်းကို ရှင်းရန် မန်နေဂျာ အစ်မက မအိတာကို ခေါ်ပြောသည်။ အခန်းထဲဝင်လိုက်တော့ ခုတင်ဘေးက စားပွဲပေါ်တွင် ပုံနှိပ်စာအုပ်တချို့ ရှိနေသည်။
၂၀၀၂ ခုနှစ်မှာ ဆယ်တန်းကျပြီး ကျောင်းထွက်ခဲ.ရသည့် မအိတာ Grade 10 ဆိုတာ ဆယ်တန်းလား၊ ကိုးတန်းလား မသိပေမယ့် အထဲက စာနှင့် ပုံများကြောင့် န၀မတန်း ဇီဝဗေဒ ဖတ်စာအုပ်မှန်းတော့ သိပါသည်။ အခန်းရှင်းပြီး ကျန်ခဲ့သည့် စာအုပ်ကို အပ်ရန် ယူလာစဉ် စောစောက အဖြူအစိမ်း ကောင်မလေး ကောင်တာမှာ ရပ်နေသည်ကို တွေ့ရသည်။
“သြော် အဲဒါ သမီးစာအုပ်တွေ မကြီး။ ရှင် ဟုတ်ကဲ့။ လေးအုပ်ပါ။ ယူသွားမယ်နော်။ ကျေးဇူးတင်ပါတယ် မကြီး။ ဘယ်လိုမှသဘော မထားပါနဲ့နော်။ သမီးလက်ဆောင်ပေးတာပါ”ဟု ဆိုပြီး မအိတာ လက်ထဲကို ကျပ် ၁၀၀၀ တန် တရွက် အတင်းထိုးထည့်ရင်း ပြော ပြောဆိုဆိုနှင့် ခပ်သုတ်သုတ် ပြန်ထွက် သွားသည်။
ဟိုတယ်နှင့် တည်းခိုခန်းများသို့ အချိန်ပိုင်းလာရောက်ကြသော စုံတွဲများတွင် အမျိုးသမီးငယ်များ၏ အသက်သည် ဆယ်ကျော်သက် ၀န်းကျင်များဖြစ်လာကြသည်ဟု သိရသည်။ သမီးရည်းစား အနေနှင့် လာသောစုံတွဲများဖြစ်စေ၊ အခကြေးငွေနှင့် ခေါ်လာ သော စုံတွဲများဖြစ်စေ မိန်းကလေးများသည် ခပ်ငယ်ငယ်သာ များသည်။
သမီးရည်းစားအနေနှင့် လာသည့် စုံတွဲများတွင်ပင် ယောက်ျားလေးက မိန်းကလေးထက် အတန်ငယ်အသက်ကြီးပုံရပြီး တခြား စုံ တွဲများသည်ကြည့်ရုံနှင့်ပင်
ဟိုတယ်သို့ တဦးတည်း ပုံမှန်လာသော အမျိုးသားများအတွက် အဖော်ရှာပေးရသော ဟိုတယ်ဝန်ထမ်း အမျိုးသားတဦးက“ကျနော် တို့နဲ့ ချိတ်ထားတဲ့ အထဲမှာ ခပ်ငယ်ငယ်လေးတွေတော့ ရှိပါတယ်။ ၁၆နှစ်ကတော့ အငယ်ဆုံးပဲ။သူတို့ဘာသာ ခေါ်လာတာ လေး တွေက ပိုတောင်ငယ်သေးတယ်။ အခုခေတ်က အသက်၂၀ကျော်ရင် အွတ်ပြီလေ(အရွယ်ဟိုင်းသွာြး
လိင်အလုပ်သမ အဖြစ် လုပ်ကိုင်ကြသည့် အမျိုးသမီးငယ်အများစုသည် ဘီယာဆိုင်တွင် သီချင်းဆိုရင်း၊ ဆေးလိပ်နှင့် အရက် အရောင်းမြှင့်တင်ရေး ၀န်ထမ်းအဖြစ် လုပ်ကိုင်ရင်း၊ ကေတီဗီနှင့် အနှိပ်ခန်း စသည့် ယောက်ျားများနှင့် လက်ပွန်းတတီး ထိတွေ့ ဆက်ဆံရသည့် လုပ်ငန်းခွင်များမှတဆင့် ထိုလမ်းကြောင်းပေါ်သို့ အလွယ်တကူရောက်လာကြသည်ဟု ကာယကံရှင်နှင့် နီးစပ် သည့် အသိုင်းအ၀ိုင်း၏ ပြောပြချက်များအရ သိရသည်။
မိသားစု စီးပွားရေး အဆင်မပြေမှုကို မနိုင်ဝန်ထမ်းရခြင်းနှင့် အများနည်းတူ သုံးစွဲဝတ်စားချင်သည့် စိတ်ဆန္ဒတို့ သည် မိန်းကလေး ငယ် များအား ထိုလမ်းကြောင်းပေါ်ရောက်စေသည
“သမီးက အရင်က မာဆတ်မှာ လုပ်တာ။ တနေ့လုံး ညောင်းချိထူပူနေအောင် နှိပ်မှ ကော်မရှင်က ဘယ်လောက်မှ ရတာ မဟုတ် ဘူး။ လုပ်ခါစကတော့ တော်တော်ရှက်တာ။ ဒါပေမယ့် ဧည့်သည်က အအေးထဲမှာ ဘာထည့်တိုက်လိုက်လဲ မသိဘူး။ အဲဒီတော့မှစိတ်ထဲမှာ ရဲသွားတာ။ မာဆတ်က မဟုတ်ဘဲ ပလိန်းကြီးလိုင်းဝင်သွားတဲ့
ပုံပန်းမကျသည့် ဆံပင်ကျဲကျဲ၊ ငယ်နုသည့်မျက်နှာနှင့် ဘာမှပြင်ဆင်ခြယ်သ ထားခြင်းမရှိသည့် မိညိုက စကပ်တိုတိုနှင့် ကားမှတ် တိုင်မှာ ထိုင်နေသည်။ တရပ်ကွက်တည်းနေ အမျိုးသမီးကြီးက သူ့အကြောင်းကို ဖောက်သည်ချသည်။
“ကလေးမလေးက သိပ်ကျပ်မပြည့်ဘူး။ သူ့အမေအသုံးမကျလို့ ဖြစ်ရတာ။ ရူးတူးပေါတောနဲ့ သူ့အကြောင်းတွေမေးရင် အကုန်ပြော တာ။ နိုင်ငံခြားသားကြီးက ချမ်းချမ်းစီးစီးကြီးမှာ ရေချိုးခိုင်းတာ။ ချမ်းလည်း ချိုးရတယ်တဲ့။ သူ့ ရွံလို့ နေမှာပေါ့။ ဖွံ့ဖွံ့ထွားထွားလည်း မဟုတ်ပါဘူး။ ငယ်ဂုဏ်လေးရှိလို့ ခေါ်ကြတာ”ဟု မိညို မကြားနိုင်လောက်သော်လည်း အမျိုးသမီးကြီးက အသံကို နှိမ့်ပြီး အနားကပ် ပြောသည်။
“အဘောရှင်းလည်း နှစ်ခါဖြစ်ဖူးတယ် လေ။ အဲဒါတောင် ကြာကြာ မနားလိုက်ရပါဘူး။ ပိုက်ဆံပြန်ရှာရတာပဲ။ သနားဖို့လည်း ကောင်း ပါတယ်”ဟု အမျိုးသမီးကြီးက ဆက်ပြောပြသည်။
လိင်အလုပ်သမ အဖြစ် အမြဲတစေ အသက်မွေးရန် မရည်ရွယ်ဘဲ တကြိမ် အစပြုလိုက်ရာမှ အစရှိနောင်နောင် ဆိုသကဲ့သို့ မထူးဇာတ် ခင်းကြရသည့် မိန်းကလေးငယ်တချို့လည်း ရှိသည်။
ထို မိန်းကလေးများသည် အကင်ရောင်းသည်။ တချို့က ဂေါက်ကွင်းတွင် ကယ်ရီလိုက်သည်။ တချို့က အရောင်းဝန်ထမ်း။ အရောင်းအ၀ယ်ပါးပြီး အကင်များ မကုန်သည့် ရက်များ ဆက်လာသောအခါ၊ ဂေါက်ကွင်း လူမလာ၍ လက်ဗလာနှင့် အိမ်ပြန်ရ သော အခါများတွင် သူတို့ အိမ်ပြန် နောက်ကျကြလေသည်။
သို့သော် အတန်အသင့် ပြည့်ဖောင်းသော ပိုက်ဆံအိတ်ငယ် ကိုယ်စီနှင့် ဖြစ်သည်။ ထိုငွေသည် သုံးလေးရက်စာ အိမ် အသုံး စရိတ် ပြေလည်စေပြီး ရံဖန်ရံခါ သဘောကျသည့် အ၀တ်ဆန်းကလေးများ ၀ယ်ရသည်ထက်တော့ ဘာမှ မပိုခဲ့ပါ။
“တညလုံး ရှာလာတဲ့ ပိုက်ဆံကို မနက်ကျတော့ အဆောင်မှာအတူတူနေတဲ့ ကောင်မလေးတွေနဲ့ ဖဲရှုံးသွားတဲ့ ရက်တွေလည်းရှိဖူး တယ်”ဟု လူသိများသည့် နာမည်ကြီး တံဆိပ် ဘီယာ အရောင်းမြှင့်တင်ရေး ၀န်ထမ်း ကောင်မလေး၏ ပြောစကားဖြစ်သည်။
အဌမတန်း အရွယ်မှာ အိမ်ထောင်ကျပြီး အလုပ်လက်မဲ့ ခင်ပွန်းဖြစ်သူနှင့် ပေါင်းသင်းနေသူ ချစ်ယု(အမည် အပြည့်အစုံမဟုတ်)၏ လက်ရှိ အလုပ်ခွင်က အနှိပ်ခန်းတခုတွင် ဖြစ်သည်။ အိမ်ထောင်သက် ၂ နှစ် ရှိပြီဖြစ်သည့် သူမကတော့ အလုပ်သွားတိုင်း လိုက်ပို့ လိုက်ကြို ပေးသော သူ့ထက် ၅ နှစ်ကြီးသည့် သူမ၏ အိမ်ဦးနတ်ကို ချစ်သည်ဟု ဆိုပါသည်။
အဆောင်ငှားခ ပေးရန် ပိုက်ဆံပြတ်လပ်ခိုက် သူငယ်ချင်းတယောက် အဆက်အသွယ်ဖြင့် ပထမဆုံး အတွေ့အကြုံကို ငွေကျပ် နှစ် သိန်း နှင့် လဲလှယ်ခဲ့သော တက္ကသိုလ် ဒုတိယနှစ် ကျောင်းသူတဦးလည်း ရှိကြောင်း ချစ်ယု၏ သူငယ်ချင်းကတဆင့် သိရသည်။
နယ်မှရန်ကုန်သို့ လာရောက်နေထိုင်အလုပ်လုပ်သူ မိန်းကလေးများသည် သာမာန်အသုံးစရိတ်အပြင် အဆောင်ငှားခနှင့် စားစရိတ် ပါ ပိုမိုကုန်ကျလေသည်။ ထို့သို့သော အထည်ချုပ် စက်ရုံ ၀န်ထမ်း မိန်းကလေးတချို့နှင့် လခစားဝန်ထမ်း မိန်းကလေးတချို့သည် အဖိုးနည်း ၀န်ပါ စပွန်ဆာပေးသူများနှင့် ပတ်သက်ရလေသည်။
အိမ်တဆောင် မီးတပြောင်မဟုတ်သော်လည်း အဆောင်ငှားခနှင့် စက်ရုံမှ တလစာနီးပါး ပိုက်ဆံတို့သည် အမြဲတမ်း မဟုတ်သည့် ရံဖန်ရံခါ လိုက်လျောမှုများနှင့် ထိုက်တန်ပါသည်ဟု ချုပ်ထည်ပါးလို့ ညည်းညူနေသည့် မိန်းကလေးငယ်တချို့က ခပ်ဆိုင်းဆိုင်းဖြေ သည်။
ဟိုတယ်သို့ လာသော ကောင်မလေးငယ်ငယ်လေးများကို တွေ့ရဖန် များလာသောအခါ အလုပ်ထွက်ချင်စိတ်ပင် ပေါက်သည်ဟု မအိတာက ပြောသည်။
ဧည့်သည် အ၀င်များလျှင် မုန့်ဖိုးပိုရသည်မှန်သော်လည
မအိတာက သူတို့ ဟိုတယ်အနောက် အပြင်ဘက်က ခုံတန်းမှာထိုင်ရင်း၊ တထောင် တန် အသစ်ကလေးကို ထုတ်ပြရင်း“ကျမ အိမ်မှာ မဟာစည် သာသနာ့ရိပ်သာ အတွက် ရည်စူးပြီး တနှစ်စာထည့်ရတဲ စုဘူး ရှိတယ်။ သူတို့ပေးတဲ့ မုန့်ဖိုး ရလာတိုင်း မသုံးဘူး။ စုဘူးထဲ ထည့်တယ်။ သူတို့ကတော့ ဒီဘ၀က ကျွတ်ချင်လား မကျွတ်ချင်လား မသိဘူး။ ကျမကတော့ ထည့်တိုင်း အသံ ထွက်ပြီး ဆုတောင်းတယ်။ နောင်ဘ၀မှာတောင် မဟုတ်ပါဘူး။ အခုဘ၀မှာတင် ဒီလိုမလုပ်စားရဘဲ အဆင်ပြေပါစေ။ ထီရင်လည်း ပေါက်ကြပါစေ။ ဘ၀ဆက်တိုင်း ဒီလိုအဖြစ်မျိုးနဲ့ ဝေးပါစေလို့”ဟု ပြောပြသွားပါသည်။ ။
Sa Maung
_____________________________________________________________________________
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
11:50 AM
1 ယောက် ဆွေးနွေးခဲ့တယ်
May 17, 2012
အလှူငွေတွေကို အလွှဲသုံးစားလုပ်နေတဲ့ ၈၈ မျိုးဆက်သရဲခေါင်းကျောင်းသားများ
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
7:00 PM
0
ယောက် ဆွေးနွေးခဲ့တယ်
May 16, 2012
မြန်အောင်မြို့ဗုံးခွဲ ခဲ့သူအား ဖမ်းမိ
ဖြစ်စဉ်တစ်ရပ်ဖြစ်ပွားခဲ့ရာ
ပြည်သူများပူးပေါင်းကာ လိုက်လံစုံစမ်းဖော်ထုတ်ခဲ့ရ
အသက် ၂၂နှစ် အား ဖမ်းမိခဲ့ပါသည်။
ဗုံးကွဲမှူဖြစ်စဉ်များမှာ ကြံ့ခိုင်ေ၇းရုံး ဗုံးမပေါက်ခင် ၁၀ ၇က်လောက်ကလည်းေ၇နံ ထည့်တဲ့ သံကန်ကြီးတွေနားမှာ ဗုံးပေါက်ခဲ့ပါတယ်..ေ၇နံသံကန်တွေမှာေ၇နံမရှိတဲ့အတွက် ဆိုးဆိုးဝါးဝါး
ထိခိုက်ခြင်းမရှိခဲ့ပါဘူး ။
မြန်အောင်မြို့ ကြံ့ခိုင်ရေးရုံး ဗုံးခွဲ ခဲ့သူမှာ ဟသာင်္တခရိုင်အုပ်ချုပ်ရေးမှုး
ဗုံးခွဲခဲ့သူနှင့်အတူတူပင်ြ
ခဲ့ပါသည်။
Myanmar News Now
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
2:30 AM
0
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = သတင်း
အငိုကောင်းလို့ ထောင်းထောင်းကျေ
တစ်နေ့တော့ သူတို့ လင်မယားခြင်း ရန်ဖြစ်လို့ ယောက်ျားဖြစ်သူက ရိုက်နှက်တာကြောင့် ရှင်ဘို့မယ်ရဲ့ သမီးက သူ့မယ်တော်ဆီ ငိုယိုပြီး စာရေးတိုင်သတဲ့ ။
ဒီတော့ ရှင်ဘို့မယ်က ဒေါသထွက်ပြီး သူ့ယောက်ျားကို ဟံသာဝတီကို စစ်ချီဖို့ ပြောသတဲ့ ။ ဘုရင်မင်းခေါင်က လူအေးဆိုတော့ တော်ရုံနဲ့ ဒေါသထွက်ပုံ မရဘူး “ ကလေးတွေခြင်း မလိမ္မာလို့ ရန်ဖြစ်ယုံနဲ့ လူကြီးတွေ တုတ်တပျက် ဓါးတပျက် ဖြစ်ရမယ်ဆိုတာ မဟုတ်သေးပါဘူး ” ဆိုပြီးငြင်းတယ် ။
ဒီတော့ မင်းလိုလိုက် မင်းကြိုက်ဆောင်တဲ့ အမတ်တွေကလည်း မြှောက်ပေးတယ်။
“ မှန်လှပါ ခွေးကို ခဲနဲ့ ထုခြင်းဟာ ခွေးကိုစော်ကားတာထက် ခွေးသခင်ကိုပါ မထီမဲ့မြင်ပြုခြင်း သဘောပိုသက်ရောက်ပါတယ် ဘုရာ့ ဒါ့ကြောင့် ခုကိစ္စမှာ မနှေးအမြန် စစ်ချီသင့်ကြောင်းပါ့ ဘုရာ့ ”
“ ဟယ် တိတ်စမ်း ... တိုင်းပြည် နှစ်ပြည်စစ်ဖြစ်တယ်ဆိုတာ ဥသျှစ်သီး နှစ်လုံးယှဉ်ထုသလို နှစ်ဘက်စလုံး အထိနာတယ်ဆိုတာ မင်းတို့ မသိဘူးလား ကလေးတွေခြင်းဖြစ်တာ လူကြီးတွေလုံးဝ ပါစရာ မလိုဘူး ”
ဆိုပြီး ဗီတိုအာဏာနဲ့ ပယ်ချတယ် ။ ဤထိတော့ အင်းဝ ဘုရင် ဟုတ်သေး၏ ။ ဒါပေမယ့် ရှင်ဘို့မယ်က ခုလို ထငိုခြင်းချတယ် ...
“ အမလေးဟဲ့ အဖကောင်းသမီး ဖြစ်ရပါလျှက်နဲ့ လင်ကောင်းမယား မဖြစ်ရလေခြင်း ”
ဒီလို ထ ငိုလိုက်တော့ ဘုရင် မင်းခေါင် တုန်သွားတယ် ယောက်ျားတို့ရဲ့ မာနကို ထိပါးလာပြီ သူ့ကို စစ်မတိုက်ရဲတဲ့ လင်ကောင်းတစ်ယောက် မဟုတ်ဘူးလို့ ဆိုသကိုး ။ ယောက်ျားမာန ထိပါးလာပြီဆိုတော့လည်း ဘာမှ စဉ်းစားမနေတော့ဘူး မိုးကြိုးပစ်သလို တစ်ချက်လွှတ် အမိန့်ပေးလိုက်တယ်
“ တိုက် "
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
12:30 AM
0
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = သရော်စာ
သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ
| ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ | ကြိုဆိုသူများနဲ့ အင်တာဗျူး |
| တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ | ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ |
| အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ | မြန်မာ့သိုင်းအစွမ်း |
Latest Videos
| 88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် | ပြောင်ကြီးဘာလို့ထောင်ကျ |













