Sep 26, 2012

အစိုးရစစ်စခန်းများကို ကေအိုင်အေ စစ်မျက်နှာ နှစ်ဘက်ညှပ်ပြီးထိုးစစ်ဆင်ပြီ

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ဖြစ်သော စက်တင်ဘာလ ၂၁ ရက်နေ့တွင် မြန်မာနိုင်ငံတွင်းရှိ နိုင်ငံရေး သမားများနှင့် တာဝန်မယူရဲသူ တစ်ချို့၏ ဦးဆောင်သွေးထိုးမှူဖြင့် မြန်မာအစိုးရနှင့်နိုင်ငံတော်စစ်
တပ်ကို ဖိအားပေးကာ စစ်ပွဲများရပ်ရန်ဆန္ဒပြနေချိန်ဝယ် ယင်းနေ့ နေ့လည်ပိုင်း ၁၁ နာရီခန့်တွင် ကေအိုင်
အေ အဖွဲ့မှ ဖားကန့်-တာမခန်လမ်းကြောင်းပေါ်ရှိ လှုပ်ရှားသွားလာနေသော နိုင်ငံတော်စစ်တပ်တပ်ဖွဲ့ဝင်
များအား မိုင်းများကြိတင်ထောင်ကာဖောက်ခွဲပြီး မော်တာများဖြင့်တောင်ကုန်းများနောက်ကွယ်မှ ပစ်ခတ်ခဲ့
သဖြင့် အဆိုပါ လမ်းကြောင်းရှိ ကျေးရွှာများမှ ဒေသခံများမှာ ဖားကန့်မြို့ပြင်ရှိ ဆိုင်းတောင်ရွှာ တာမခန်ရွှာ
များထံသို့ ထွက်ပြေးခဲ့ရကြောင်း သတင်းရရှိပါသည် ။

နိုင်ငံတော်စစ်တပ်အနေဖြင့် ထိုးစစ်ကို ရပ်ဆိုင်းကာ ခံစစ်အသွင်လှုပ်ရှားနေပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲရ
လဒ်ကို စောင့်ဆိုင်းနေချိန်ဝယ် ကေအိုင်အေမှ ငြိမ်းချမ်းရေးညှိနှိုင်းမှူကိုလည်း ကန့်လန့်လုပ်ကာ မကြာခဏ
ပွဲဖျက်လေ့ရှိပါသည် ။ထို့အပြင် နိုင်ငံတော်စစ်တပ်ကိုလည်း အကြိမ်ကြိမ် ပစ်ခတ်နှောင့်ယှက်ခဲ့ပါသည် ။
အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ တွင် အစိုးရကို မြေပေါ် အဖွဲ့အစည်းများက သွေးထိုးလှူံဆော်ကာ စစ်ရပ်ရန် ဖိအားပေးပြီး ထိုနေ့တွင်ပင် ကေအိုင်အေက တပ်မတော်စစ်စခန်းများကို စတင်တိုက်ခိုက်ခဲ့
ကြောင်း သတင်းများမှ တဆင့် သိရှိရပါသည် ။



အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ စက်တင်ဘာ ၂၁ တွင်ကေအိုင်အေမှ ဖားကန့်-တာမခန် လမ်းကြောင်း
တစ်ခုလုံးရှိ စစ်သားမှန်သမျှ စစ်တပ်ကို ကူညီသူမှန်သမျှ အကုန်သတ် ဟူသော စစ်ဆင်ရေးနှင့်အတူ
ထိုလမ်းကြောင်းရှိ အစိုးရစခန်းများ ရွှာများ လမ်းသွားလမ်းလာများအား အဝေးထိန်းမိုင်းများ တိုက်မိုင်းများ
အသုံးပြုကာ စတင်တိုက်စစ်ဆင်ခဲ့ပါသည် ။နံနက် ၁၁ နာရီခန့်မှ စတင်ပြီး တောင်များ နောက်မှနေ၍ မော်တာများဖြင့် ထိုလမ်းတလျှောက်အား ပစ်ခတ်ခဲ့ပါသည် ။
ထို့ကြောင့် တပ်မတော်စစ်ကြောင်းများမှ အဆိုပါလမ်းအား အသုံးမပြုရန် ဒေသခံများအား မေတ္တာရပ်ခံထား
ပါသည် ။

စက်တင်ဘာ ၂၂ ရက်နေ့တွင် နံနက် ၁၀ နာရီမှစပြီး ဖားကန့်-တာမခန်လမ်း အလယ်တွင်ရှိသော အစိုးရ
စစ်တပ် ခံစစ်ထိုင်နေသော ကသိုဏ်းတောင်အား လက်နက်ကြီး လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်ခဲ့ရာ
စက်တင်ဘာလ ၂၃ ရက်နေ့ ညပိုင်းအထိ ဆက်တိုက် တစ်ဖွဲ့နား တစ်ဖွဲ့ပစ် စနစ်ဖြင့် ပစ်ခတ်နေခဲ့ကြောင်း
နန့်မှော်ရွှာမှ တိမ်းရှောင်လာသူ ဒေသခံတစ်ဦးမှ ပြောကြားပါသည် ။

ကသိုဏ်းတောင်ရှိ အစိုးရခံစစ်စခန်းအား ကေအိုင်အေမှ စစ်မျက်နှာ ၂ ဘက်ဖွင့်တိုက်ခိုက်နေသော်လည်း
နိုင်ငံတော်စစ်တပ်အနေဖြင့် စခန်းတွင်းမှပင် လက်နက်ငယ်များဖြင့်သာ တုန့်ပြန်ပစ်ခတ်နေကြောင်း နှင့်
စက်တင်ဘာ ၂၄ ရက်နေ့အထိ စခန်းအခြေကို ကေအိုင်အေအနေဖြင့် ကပ်ခွင့်မရသေးပဲ စိန်ပြောင်းများဖြင့်
သာ ပစ်ခတ်နေကြောင်း ဆိုင်းတောင်ရွှာ ဆုတောင်းကုန်း ချက်ကျောင်းတွင် လာရောက်တိမ်းရှောင်နေသော မော်ရကင် ရွှာမှ ဒေသခံတစ်ဦးမှ ပြောကြားပါသည် ။ စက်တင်ဘာ ၂၂ ရက်နေ့က ၄င်းတို့ရွှာနားတွင် ယခင်က အစိုးရစစ်တပ်များ လာလေ့ရှိသော လမ်းကြောင်း
အား ကေအိုင်အေမှ ၂၀ ရက်နေ့မှစတင်ကာ  မိုင်းထောင်ထားရာ စစ်တပ်များ လာရောက်ခြင်းမရှိခဲ့ခြင်း
ကြောင့် စစ်တပ်အား ထိခိုက်မှူမရှိခဲ့ပါ ။သို့သော် တောင်ယာသွားသည့် ဒေသခံ ၃ ဦးမှာ အဆိုပါလမ်းမှ
တောင်ယာသို့သွားမိသဖြင့် မိုင်းနင်းမိကာ ယခု ဖားကန့်ဆေးရုံသို့ တင်ပို့ထားရကြောင်း .မိမိတို့ လည်း
ယခု ဆိုင်းတောင်သို့ ထွက်ပြေးနေရကြောင်း ယခု ဆုတောင်းကုန်း ချက်ကျောင်းတွင် မှော်ရကင် နှင့် နန့်မှော် ရွှာများမှ စုစုပေါင်း လူဦးရေ ၈၀ ခန့် လာရောက်ခိုလှုံနေရကြောင်း ထပ်လောင်းပြောကြားခဲ့ပါသည်။


အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် သွေးထိုးလိုသူ တစ်စုမှ စတင်ကာ လှုပ်ရှားခဲ့သော ထိုးစစ်ရပ် ဆ
န္ဒပြပွဲမှ လူများကလည်း ကေအိုင်အေအား ကချင်ပြည်နယ်ခွဲထွက်ခွင့်ပေးစေလိုကြောင်း ပြောဆိုနေပါသည် ။အဆိုပါ ဆန္ဒပြပွဲမှ လူများမှလည်း ကချင်ပြည်နယ်သာမက အခြားသော ပြည်နယ်များကိုပါ ခွဲထွက်ခွင့်ပေး
လိုက်စေချင်ကြောင်း နောက်ဆန္ဒပြပွဲများတွင် အောက်ပါပုံများကိုင်ဆောင်ကာ ဆန္ဒပြမည်ဖြစ်ကြောင်း ဖွင့်
ဟပြောဆို ကြေငြာလိုက်ပါသည် ။


မိမိတို့မှ ထိုးစစ်ရပ်ရန် ဆန္ဒပြနေသောနေ့တွင် အလိုက်ကန်းဆိုးမသိ ရှေ့ကဖုံး နောက်ကဖော် လိုက်သော
ကေအိုင်အေကြောင့် အရှက်ရနေသော Common Street Punk အဖွဲ့လူငယ်များကလည်း မိမိတို့အနေဖြင့်
စစ်ထဲ ဝင်လိုကြောင်း ပြောဆိုခဲ့ပါသည် ။

(မောင်ကျောက်ခဲ အဖွဲ့ဝိုင်းတော်သားများ)




Print Friendly and PDF

6 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ဗိုလ်ချုပ်အောင်ဆန်းထောင်ခဲ့တဲ့ တပ်မတော်ကို
ဗိုလ်ချုပ်အောင်ဆန်း အဆုံးမသတ်ပဲ ထားခဲ့တဲ့ ပင်လုံနဲ့
ဗိုလ်ချုပ်အောင်ဆန်း သမီးရဲ့ ခလောက်ဆန်မှူတွေ
ဗိုလ်ချုပ်အောင်ဆန်း ကိုလေးစားပါတယ်ဆိုတဲ့ လူတွေရဲ့
ပေါင်းနှိပ်စက်မှူကြောင့် မြန်မာ့တပ်မတော်ကြီး စုပ်လည်းဆူး စားလည်းရူးဘဝ
နဲ့ ဒီမိုကရေစီစနစ်မှာ တပ်မတော်ကြီး ကို ဝိုင်းသတ်နေကြပြီ

Anonymous said...

ထိုးစစ်ရပ် လို့ အော်နေတဲ့ ကောင်တွေ ၊ ပန့်ကေနဲ့ဘာကောင်မှန်း မသိတဲ့ ကောင်တွေက ဘာ ရလို့ ထိုးစစ်ရပ်ခိုင်းတာလဲတော့ မသိ၊ ခုလို တပ်က ခံစစ် အသွင်နေနေယုံနဲ့ နယ်မြေချဲ့လာတဲ့ KIA တွေကြောင့် ဖားကန့်တောင် အေးအေးဆေးဆေး နေလို့ မရတော့ဘူး ။ မန်တလေး အထိရောက်လာမှ အဲဒီကောင်တွေကို KIA ကဘာလုပ်မလဲ ဆိုတာ သိလိမ့်မယ်။ အဲ နယ်မြေ ပြန်သိမ်းဘို့ ကြုံလာမှ စစ်တပ် တာဝန်လို့ လာပြောတဲ့ကောင်ကို ချီးသုတ်တဲ့ ဘိနပ်နဲ့ ပါးရိုက်ပစ် ။ သွေးတွေ ချွေးတွေ ဘယ်လောက်ပေးပြီးထားခဲ့ရသလဲဆိုတာ နားမလည်ပဲ သူများ ရှူး တိုက်တိုင်း လိုက်ဟောင်နေတာတွေ ဆင်ခြင်ကြပါ ။ တိုင်းပြည်ကို မဖျက်ဆီးပါနဲ့လို့ပဲ ပြောပါရစေ။

Unknown said...

မှန်တယ် မအေလိုး ဆန်ကုန်မြေလေးများကkia ကိုတော့ဆန္ဒမပြဘူး လီးလိုကောင်တွေ လီးဘဲ

Anonymous said...

သိရိလကာင်္င်္ဂနဲ. တမီးကျားလို KIAကိုအပြတ်စော်သင်.ကြောင်း

Anonymous said...

a

Anonymous said...

a

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ