Sep 25, 2012

အငြင်းပွါးကျွန်းနေရာတွင် ဂျပန်နဲ့တရုတ်ရေတပ်တို့ ရေအမြောက်များဖြင့် ထိုးပက်ပြီး ပဋိပက္ခစတင်ပြီ

အငြင်းပွားမှုများ ဖြစ်ပေါ်နေရာ ရေပြင်သို့ ထိုင်ဝမ်လှေများ အုံနှင့်ကျင်းနှင့် ဝင်ရောက် လာပြီးနောက် ဂျပန်ကမ်းခြေစောင့် တပ်ဖွဲ့နှင့် အပြန်အလှန် ရေအမြောက်များဖြင့် ပစ်ခဲ့ကြောင်း သိရသည်။

 ထိုင်ဝမ်ငါးဖမ်းလှေ (၄၀)ဝန်းကျင်သည် ကမ်းခြေစောင့်လှေများ ခြံရံကာ ဆန်ကာကူ ကျွန်းစုအနီးသို့ အင်္ဂါနေ့ နံနက်ပိုင်းက ဝင်ရောက်လာခဲ့သည်။ ဂျပန်တို့က မိမိတို့ ထိန်းချုပ်ထားသော ရေပိုင်နက်သို့ ဝင်ရောက်လာသည်ဟု အကြောင်းပြကာ ကမ်းခြေစောင့်လှေမှ ရေပက်သည့် အမြောက်များဖြင့် ငါးဖမ်းလှေများထံလှမ်း၍ပက်ဖြန်းပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။



 ထို့ကြောင့် ထိုင်ဝမ် ကမ်းခြေစောင့် တပ်များကလည်း ဖိအားမြင့်သည့် ရေပန်းများဖြင့် ဂျပန်တို့အား တုံ့ပြန် ပစ်ခတ်ခဲ့သည်။ ယခုကျွန်းပိုင်ဆိုင်မှု အငြင်းပွားခြင်းသည် ဂျပန်အတွက် ဒုတိယကမ္ဘာစစ် နောက်ပိုင်း အခက်ခဲဆုံး နိုင်ငံတကာ ပြဿနာတစ်ခုဖြစ်လာပြီး ထိုင်ဝမ်အပြင် တရုတ်နှင့်ပါ ရင်ဆိုင်နေရသည်။

________________________________________________________________

Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ