Aug 7, 2012

ဒေါ်စု အတွက် မျောက် အုန်းသီးရတဲ့ အကွက်ကြုံပြီ

ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး ၂၁ ရက်မြောက်နေ့တွင် ကော့မှူး မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ မည့် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ တစ်ရပ်ကို အဖွဲ့ဝင် (၁၅) ဦးဖြင့် ဖွဲ့စည်းခဲ့သည်။


 အဆိုပါ ကော်မတီ၏ အဓိကတာဝန်မှာ လွှတ်တော် ကိုယ်စားလှယ်များ၊ တရားရေး အဖွဲ့အစည်းများ၊ အစိုးရ၀န်ထမ်းများ၊ မီဒီယာများကြား တရားဥပဒေနှင့်အညီ ကျင့်သုံးနေထိုင်မှု ရှိမရှိကို ကြပ်မတ် ထိန်းကျောင်း ရမည်ဖြစ်ပြီး ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဌ ဦးနန္ဒကျော်စွာက ပြောကြားခဲ့သည်။

 အဆိုပါ ရေးရာ ကော်မတီတွင် ပါဝင်မည့် လွှတ်တော်ကိုယ်စားလှယ်များမှာ
အုန်းသီးတစ်လုံးရထားသော မျောက်ကလေး
(၁) ဒေါ်အောင်ဆန်းစုကြည် ကော့မှူး မဲဆန္ဒနယ်၊ ဥက္ကဋ္ဌ
 (၂) ဦးမန်းမောင်မောင်ဥာဏ် ပန်းတနော် မဲဆန္ဒနယ်၊
 အဖွဲ့ဝင် (၃) ဦးမင်းဆွေ၊ ဒိုက်ဦးမဲဆန္ဒနယ်၊
အဖွဲ့ဝင် (၄) ဒေါ်ဒွဲဘူ၊ အင်န်ဂျန်းယန် မဲဆန္ဒနယ်၊
အဖွဲ့ဝင် (၅) ဦးစိုင်းထွန်းစိန် မိုင်းပြင်း မဲဆန္ဒနယ်
အဖွဲ့ဝင် (၆) ဒေါက်တာရိုအုပ် မတူပီ၊ မဲဆန္ဒနယ်၊
 အဖွဲ့ဝင် (၇) ဦးခင်မောင်မြင့် ဇီးကုန်းမဲဆန္ဒနယ်၊
 အဖွဲ့ဝင် (၈) ဒေါ်မိယဉ်ချမ်း၊ ကျိုက်မရော မဲဆန္ဒနယ်၊
 အဖွဲ့ဝင် (၉) ဒေါ်လဲ့လဲ့ဝင်းဆွေ၊ တာမွေ၊ မဲဆန္ဒနယ်၊
အဖွဲ့ဝင် (၁၀) ဦးစိုးရယ်၊ ဒီမောဆို၊ မဲဆန္ဒနယ်၊
 အဖွဲ့ဝင် (၁၁) ဒေါ်ခင်စောဝေ၊ ရသေ့တောင် မဲဆန္ဒနယ်၊
အဖွဲ့ဝင် (၁၂) ဦးနယ်လ်ဆင် (ခ) ဦးဆောင်ဆီ ၊ ကျောက်မဲ မဲဆန္ဒနယ်၊
အဖွဲ့ဝင် (၁၃) ဦးသိန်းညွန့်၊ သင်္ဃန်းကျွန်းမဲဆန္ဒနယ်၊ အဖွဲ့ဝင် (၁၄) ဒေါက်တာဇော်မြင့်မောင်၊ ကျောက်ပန်းတောင်းမဲဆန္ဒနယ် အဖွဲ့ဝင်
(၁၅) ဦးဝင်းမြင့်၊ ပုသိမ်မဲဆန္ဒနယ်၊ အတွင်းရေးမှူး

 တို့ဖြင့် ဖွဲ့စည်းခဲ့ပါသည်။
________________________________________________________________________

Print Friendly and PDF

2 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ကဲ ပွဲကတော့ လှပြီဟေ့ စောင့်ကြည့်ကြပေါ့ ဗျာ

Anonymous said...

အစိုး၇ကတော.နေ၇ာပေးလိုက်ပြီ

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ