Aug 10, 2012

Freedom News Group သတင်းအမှားဖြင့် ပြည်သူတွေကို လှည့်ဖြားဖို့ကြံ

သမ္မတ၏ နှုတ်ထွက်ရန် ဖျောင်းဖြမှုကို ဦးကျော်ဆန်း လက်မခံ ဆိုတဲ့ ခေါင်းစဉ်တဲ့ ဒီနေ့မှာ Freedom News Group ၀က်ဘ်ဆိုက်ကနေ တင်လာတဲ့ သတင်းကို Facebook မှာ ဖြန့်နေတာတွေ့ရလို့ အဲဒီ သတင်းဟာ မှန်ကန်မှု မရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ၀န်ထမ်း တစ်ဦး အနေနဲ့ အခုလို ရှင်းလင်း တင်ပြလိုက်တာ ဖြစ်ပါတယ်။

အဲဒီ သတင်းမှာ “အစိုးရ ရုံးစိုက်ရာ နေပြည်တော်မြို့၏ သမ္မတအိမ်တော်တွင် သမ္မတ ဦးသိန်းစိန် က ၀န်ကြီး ဦးကျော်ဆန်းအား ဖိတ်ခေါ်ပြီး နှုတ်ထွက်ပြီး အနားယူရန် တိုက်တွန်း သော်လည်း ဦးကျော်ဆန်း က ငြင်းဆန်ခဲ့သည်” လို့ ဖော်ပြပါရှိပါတယ်။

FNG ရဲ့ သတင်းမှားများ

တကယ်တော့ ကျွန်တော်တို့ဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းဟာ မနက် ၉ နာရီခွဲမှာ ယဉ်ကျေးမှု ၀န်ကြီးဌာနရုံးမှာ ပြုလုပ်တဲ့ ၀ါဆိုသင်္ကန်း ဆက်ကပ်ပွဲကို တက်ရောက်လှူဒါန်းမှုပြုလုပ်ပြီး အဲဒီက ပြန်လာတော့ နေ့လည် ၁၂ နာရီခွဲကနေ ၁နာရီခွဲ အထိ ပြန်ကြားရေးဝန်ကြီးဌာန Call ခန်းမှာ မြောက်ကိုရီးနိုင်ငံ သံအမတ်ကြီးနဲ့တွေ့ဆုံပြီး နှစ်နိုင်ငံ ယဉ်ကျေးမှုနဲ့ မီဒီယာ ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေး မှု ပြုလုပ်ခဲ့ပါတယ်။

 အဲဒီ ဆွေးနွေးပွဲ ပြီးပြီးချင်း ပြည်ထောင်စုဝန်ကြီးဟာ ၀န်ကြီးအားလုံးတက်ရောက်ရတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ (ကတ်ဘိနက်) အစည်းအဝေးကို နေ့လည် ၂ နာရီမှာ တက်ရောက်ခဲ့ပြီး ညနေ ၄ နာရီမှာ အစည်းအဝေးပြီးလို့ ရုံးကို ပြန်လာ၍ ရုံးလုပ်ငန်းတွေကို လုပ်ဆောင်ပါတယ်။ အခု ဒီဖြေရှင်းချက်ကို ရေးနေတဲ့ အချိန်အထိ ကျွန်တော် တို့ရဲ့ ပြည်ထောင်စုဝန်ကြီးဟာ ရုံးမှာ ရှိနေပါသေးတယ်။ ဒါကြောင့် Freedom News Group ၀က်ဘ်ဆိုက်ကနေ တင်တဲ့ သတင်းနဲ့ အခု Facebook မှာ ပြန့်နှံ့နေတဲ့ ဒီနေ့ နေ့လည် ၂ နာရီမှာ သမ္မတကြီးက ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းကို ခေါ်တွေ့ပြီး နှုတ်ထွက်ရန် ဖျောင်းဖြတယ်ဆိုတဲ့ သတင်းဟာ သတင်းမှားကြီး ဖြစ်ပြီး လက်ရှိ နိုင်ငံရေး အခြေအနေတွေနဲ့ အစိုးရအဖွဲ့ အတွင်းမှာ ထင်ယောင်ထင်မှားတွေ ဖြစ်အောင် လုပ်ကြံဖန်တီးတဲ့ သတင်းသာ ဖြစ်ကြောင်း ရှင်းလင်း တင်ပြလိုက်ရပါတယ်။

( ဦးမြင့်ကျော် ဒုတိယညွှန်ကြားရေးမှူး )
_________________________________________________________________________
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

မအေလိုး တွေဝါဒဖြန့် တာမပီပြင်ဘူး လို့ငါပြောခဲ့သေးတယ် သမ္မတ နဲ့ ဦးကျော်ဆန်း ပြောတာကို ဘယ်မအေလိုး က ကြားမှာလဲ လို့လဲ ငါ ဆဲ ခဲ့သေတယ်

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ